ဖုန်းဆိုး၀န်းကျင်
မော့ကြည့်မိလိုက်သော ကောင်းကင်သည် ခါတိုင်းလို အပြာရောင် မဟုတ်ချေ။ နီညိုရောင် လွှမ်းနေသည့် ကောင်းကင်ကို အံ့သြစွာ တွေ့လိုက်ရသည်။ ဘယ်လိုဖြစ်တာပါလိမ့်။ ထို့အပြင် ကောင်းကင်ကို ကြည့်ရသည်မှာ ခါတိုင်းကဲ့သို့ ကြည်လင် လွတ်လပ်မှုကို မခံစားရပါ။ ကောင်းကင်ဟူသည် လွတ်လပ်မှု၏ သေင်္ကတ မဟုတ်လား။ အခုတော့ ကောင်းကင်ကို ကြည့်ရသည်မှာ မွန်းကျပ် ပိတ်လှောင်နေသကဲ့သို့ပင်။ ကြည့်ရင်း ကြည့်ရင်း အသတ်ရှူပင် မ၀သလို ခံစားနေရသည်။ ထိုအချိန်မျိုးမှာ လေပြည်လေညင်းကို တောင့်တမိသည်။ သို့သော် လေပြည် လေညင်းအစား စိမ်းရွှေရွှေ အနံ့ပါသည့် လေကိုသာ ရှူရှိုက်လိုက်ရသည်။ အားပါးပါး ဆိုးရွားလိုက်တဲ့ အနံ့ပါလား။ ယခင်ကဆိုလျှင် ကောင်းကင်ကို ငေးကြည့်လေတိုင်း ငှက်တစ်အုပ် ဖြစ်ဖြစ် ငှက်တစ်ကောင်တလေ ဖြစ်ဖြစ် အတောင်ဖြန့်ကာ အသာအယာ ပျံသန်းသွားသည်ကို […]