Author Posts

အပူချိန် အပေါင်း ၆၀ နဲ့ အနှုတ် ၄၀ ဒီကရီ ဆဲစီးယက်သို့ ရုတ်တရက်ပြောင်းလဲသွားရင် ကျနော်တို့ အသက်ရှင်နိုင်ပါ့မလား

အီတလီသိပ္ပံပညာရှင်တွေက အစွန်းရောက်ရာသီပြောင်းလဲမှုဖြစ်တဲ့ ပူလွန်း အေးလွန်း ကြားထဲမှာ သက်ရှိတွေနဲ့ အရာဝတ္ထုတွေ ဘယ်လောက်ခံနိုင်ရည်ရှိမလဲဆိုတဲ့ စမ်းသက်မှုတစ်ခုကို မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ကမ္ဘာကြီးက ရာသီဥတုဖောက်ပြန်မှုဖြစ်နေပါတယ်။ ရုတ်တရက် အပူလွန်ခြင်း နဲ့ အအေးလွန်ခြင်းက ဆဲစီးယက်တန်ဖိုး -၄၀ ဒီကရီနဲ့ + ၆၀ ဒီကရီကြား ဖြစ်နိုင်တဲ့အတွက်ကြောင့် သက်ရှိတွေအဲ့ဒိပြောင်းလဲမှု ဒဏ်ကို ခံနိုင်ပါမလားဆိုတာကို လေ့လာတာပါ။ လေ့လာမှု ကို တောင်တက်ပြီးတော့ ပြုလုပ်တာပါ။ တောင်တက်တဲ့အခါမှာ ရာသီဥတုပြောင်းလဲမှုကို လက်တွေ့ကျကျခံစားရတာပါ။ အရင်တုန်းက တောင်တက်သမားတွေက ကိုယ်ခန္တာအပူချိန်ထိန်းညှိမှုကို လုပ်ပြီး တက်ကြတဲ့ အတွက်ကြောင့် ဘေးကင်ပါတယ်။ ဒါပေမဲ့ ရာသီဥတုကို မထိန်းချုပ်နိုင်လို့ ရုတ်ချည်း ပြောင်းလဲမှု ဖြစ်ခဲ့ရင် ဘယ်လို ထိန်းမလဲ ဆိုတာကို တွက်ချက်ကြည့်မလို့ပဲ ဖြစ်ပါတယ်။ လေတိုက်မယ် […]

သင်္ဘောအောက်နဲ့ တိရိစ္ဆာန်တွေအောက်ကနေ ကားမောင်းခြင်း

လှရုံတင်မက စိတ်ဝင်စားဖို့ကောင်းလို့ပါ… ကုန်းလမ်းကိုဖြတ်ပြီး ရေကြောင်းသွားလာလုပ်လို့ရအောင် ကွန်ကရစ်သုံးလုပ်ထားတဲ့ တူးမြောင်းတွေကို Aquaduct လို့ခေါ်တယ်။ အလွန်တိုးတက် ယဉ်ကျေးမှုမြင့်မားခဲ့တဲ့ ရောမလူမျိုးတွေက စခဲ့တာပါ။ ရေချောင်း တူးမြောင်းများလှတဲ့ နယ်သာလန်မှာ Aquaduct အခု ၃၀ လောက်ရှိသတဲ့။ ရောက်ခါစ ကားဦးတည်ရာ မျက်နှာချင်းဆိုင် အဝေးက မြင်နေရတဲ့ ကန့်လန့်ဖြတ်သင်္ဘောကြီး ဆီကို တဖြေးဖြေး နီးလာပြီး နောက်ဆုံး သူ့အောက် လှိုဏ်ခေါင်းကနေ ဝင်သွားရတဲ့အခါ feeling က ကလေးဘဝ ပွဲစျေးလည်ရသလိုပဲ။ တိရိစ္ဆာန်တွေ တောအုပ်တစ်ဖက်ကနေ တစ်ဖက်ကို ကားလမ်းဖြတ်ကူးတဲ့အခါ အသေအပျောက်များတဲ့ အတွက် တစ်နေရာကနေတစ်နေရာကူးဖို့ လုပ်ထားတဲ့ မြေပေါ်တံတား မြေအောက် လှိုဏ်ခေါင်း တွေကို တော့Ecoduct လို့ခေါ်တယ်။ ခုချိန်မှာ တစ်နိုင်ငံလုံး Ecoduct တံတားပေါင်း အခု […]

မြန်မာနိုင်ငံအတွင်းမှမြစ်များ (ငေါ့ချမ်းခမြစ်)

ငေါ့ချမ်းခ မြစ်ဝှမ်းဒေသမှာ ကချင်ပြည်နယ် အရှေ့ဖက်ခြမ်းတွင်ရှိပြီး တရုတ်ပြည် နယ်နိမိတ်နှင့် ထိစပ် နေသည်။ အရှေ့ဖျား ဟိမဝန္တာဒေသတွင်ပါရှိသော အဆိုပါ အရှေ့မြောက်ဖက်ရှိ တောင်တန်းများမှာ ပေပေါင်း ၁၀၀၀ မွ ၁၆၀၀၀ အမြင့်ရှိသည်။ ငေါ့ချမ်းခ မြစ်သည် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဖီမော် တောင်တန်းများဆီမှ မြစ်ဖျားခံ စီးဆင်းနေသည်။ အဆိုပါ နယ်စပ်ဒေသရှိ ပေ ၁၂၀၀၀ ကျော်ခန့် မြင့်သည့် ရေခဲဖုံးလွှမ်းနေသည့် ကာအိုလီကွန် တောင်တန်းကြီးမှ စီးဆင်းလာသည့် ချောင်းနှစ်သွယ်သည် တောင်ခြေတွင် ပေါင်းဆုံပြီး ငေါ့ချမ်းခမြစ် ဖြစ်တည်လာခဲ့သည်။ စတင် မြစ်ဖျားခံရာဒေသတွင် မြောက်မှ တောင်သို့ ဒေါင်လိုက် စီးဆင်းပြီး မြစ်အလယ်ပိုင်းတလျှောက် အရှေ့မှ အနောက်သို့ အလျားလိုက် စီးဆင်းကာ၊ မြစ်အောက်ပိုင်းတွင် တောင်မှမြောက် (အထက်အရပ်) […]

ဂျာဘူတီကဘာ(Jabuticaba) (ဘရာဇီးစပျစ်သီး)

ဘရာဇီးနိုင်ငံ Minas Gerais, Gois နှင့် So Paulo ပြည်နယ်များမှ ဆင်းသက်လာသော Myrtaceae(မက်တေဆီး) မိသားစုဝင် မျိုးစိတ်ဖြစ်သည်။ ၎င်းမျိုးစိတ်များကိုဘရာဇီး၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ပီရူးနှင့်ဘိုလီးဗီးယားတို့တွင်တွေ့ရသည်။ အသီးပုံစံမှာ စပ်စ္သီး(grape) နှင့် ခပ်ဆင်ဆင်တူသော်လည်း အပင်မှာမူ သိသာစြာ ကွဲပြားသည်။ Jabuticaba ကို Jaboticaba ဟုလည်း ခေါ်ကြသည်။ ရင်းမြစ်ဇာတိမှာ ဘရာဇီးမှဖြစ်သည့်အတွက် ဘရာဇီးစပ်စ္သီးဟုခေါ်သော ဂျာဘူတီကဘာအပင်မှာ စပျစ်ပင်များကဲ့သို့ နွယ်ပင်များမဟုတ်ဘဲ ပင်စည်တုတ်ခိုင်သန်မာသော အပင်ကြီးမျိုးဖြစ်သည်။ ၎င်းအပင်များကို ၁၉၀၄ ခုနှစ်ဝန်းကျင်က Santa Barbara, California သို့ သယ်ဆောင်ကာ ပထမ ဦးဆုံးစတင် စိုက်ပျိုးခဲ့သည်။ ယနေ့ Jaboticaba သစ်ပင်များကို ကယ္လီဖိုးနီးယားတောင်ပိုင်းနှင့် ဆန်ဖရန်စစ္စကို၊ ဆန်ဟိုဆေး မြောက်ပိုင်းတို့တွင်လည်း တွေ့ရသည်။ […]