Author Posts

မြန်မာနိုင်ငံရှိ အထင်ကရချောင်းများ (မုန်းချောင်း)

                မုန်းချောင်းသည် ချောင်းဟုခေါ်သော်လည်း အမှန်မှာ မြစ်ကလေးဖြစ်၏။ ၁၉၆ မိုင်ရှည်လျားသည်။ ဧရာဝတီမြစ်၏ လက်တက်ဖြစ်၍ ဧရာဝတီမြစ်အတွင်းသို့ လက်ျာ ဖက်ကမ်းမှ စီးဝင် ပေါင်းဆုံသည်။ မုန်းချောင်းသည် တောင်ပိုင်း ချင်းတောင်ခရိုင်ရှိ ဝိတိုရိယတောင်၊ ခေါနုဇုမ်၊ နတ်မတောင်ထိပ်၏ အနောက်ဖက်နှင့် မြောက်ဖက်ရှိ တောင်များတွင် မြစ်ဖျားခံသည်။ အစသော် တောင်ဖက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင် အတွင်းသို့ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဖက်မှ စီးဝင်သည်။ စေတုတ္တရာ မြို့နယ်ကို မြောက်မှ တောင်သို့ နှစ်ပိုင်းအတိမျှ ပိုင်း၍ စီးသည်။ ထိုနောက် ပွင့်ဖြူမြို့နယ်တွင်းသို့ ဖြတ်သန်း စီးဆင်းသည်။ မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။     […]

စီးပွားရေးဆောင်းပါးရှင် ဦးအောင်ချိန်ဘွားနှင့် တွေ့ဆုံမေးမြန်းခြင်း

                 ကမ္ဘာကြီးပူနွေးလာတာက ဒီတိုင်း ပစ်ထားရင် စီးပွား ရေးတိုးတက်တာနဲ့ ထိခိုက်တာမှာ ထိခိုက်တာ များလာ မယ်။ တိုင်ပြည်ရဲ့ခေါင်းဆောင်တွေက ပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်ရေးကို ပေါ့ပေါ့လေးလို့ မထင် ပါနဲ့။    မေး .  ကမ္ဘာကြီး ပူနွေးလာမှုနဲံပတ်သက်ပြီး မိတ်ဆက်သဘော ရှင်းပြပေးပါ ဆရာရှင့်။ ဖြေ . ကမ္ဘာကြီးပူနွေးတယ်ဆိုတာက အခုမှဖြစ်တာမဟုတ်ဘူး။ ဟိုးအရင်ကတည်းက ကြီးကြီးကျယ်ကျယ်        ထင်ထင်ရှားရှား ဖြစ်ဖူးတာနှစ်ကြိမ်ရှိတယ်။ ကမ္ဘာ့သက်တမ်းက သန်းပေါင်း လေးထောင့်ခြောက်ရာလောက် ရှိတယ်လို့ ဆိုတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းသုံးထောင်နဲ့ နှစ်ထောင်ကြားမှာ ကမ္ဘာကြီးက တစ်ကြိမ် ပူနွေးခဲ့တယ်။ ဒီအရင် ကမ္ဘာဆိုတာ စပေါ်လာတော့ ice […]

ရာသီဥတုဖောက်ပြန်မှု ကာကွယ်ဖို့ အသားလျှော့စားကြစို့

               ဂျွန်ဟောပ်ကင်း နဲ့ ဟားဗတ် တက္ကသိုလ်တို့ ပူးပေါင်းပြီးပြုလုပ်တဲ့ သုတေသနရလဒ်တစ်ခုအရ အသား လျှော့စားနိုင်ရင် ရာသီဥတုဖောက်ပြန်မှုကို အထိုက်အလျောက် ကာကွယ်သွားနိုင်တယ်လို့ သိရပါတယ် ။ ရာသီဥတုပြန်လည်ကောင်းမွန်လာစေရန် လိုက်ဖက်တဲ့ အစားအသောက်နဲ့ စားသောက်ပုံ ပြောင်းလဲလိုက်ပါက အဆင်ပြေသွားနိုင်တယ်လို့ ဆိုပါတယ် ။ ဧပြီလတုန်းက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းအဖွဲ့ (IPCC) အစီရင်ခံစာတွင် ကာဗွန်ဓာတ်နည်းသော အစားအစာများ ရွေးချယ်စားသုံးရန် နိုင်ငံခေါင်းဆောင်များက ပြည်သူများအား တိုက်တွန်းခဲ့ပြီးနောက် ၄င်း သုတေသနစာတမ်း ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အထူးသဖြင့် အမဲသားနှင့် ဝက်သားကဲ့သို့ အနီရောင်အသားစားသုံးမှုအပေါ် အထူးအလေးပေးထားပါတယ်။                ဂရင်းပိစ် […]

အန္တာတိကတိုက် လေ့လာရေးကို ထိုင်းနိုင်ငံက လုပ်နိုင်ပါပြီ

ရေခဲပြင်တွေဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက် သုတေသန စူးစမ်းလေ့လာရေး ခရီးစဉ်တွင် ပါဝင်ရန် ထိုင်းနိုင်ငံမှ သိပ္ပံပညာရှင်များကို ၂၀၁၆ ခုနှစ်ကတည်းက တရုတ်အမျိုးသား သုတေသန အဖွဲ့များ နှင့် တွဲဖက်ပြီး စေလွှတ်ခဲ့ရာ ယခုအခါ အန္တာတိကရှိ တရုတ်-ထိုင်း သုတေသန အခြေစိုက်စခန်းကို တရုတ်နိုင်ငံ၏ Great Wall Station တွင် တည်ထောင်လိုက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ၁၉၅၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သော အန္တာတိက စာချုပ်တွင် ထိုင်းနိုင်ငံက အဖွဲ့ဝင်နိုင်ငံ မဟုတ်သောကြောင့် အန္တာတိကကို တစ်နိုင်ငံတည်း သီးခြား သွားခွင့်မရှိပါဘူး ။ အာရှမှ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယတို့က စာချုပ်အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်လို့ အဲ့ဒိနိုင်ငံတွေနဲ့ တွဲဖက်ပြီးမှ သွားခွင့်ရတာပါ။ အဲ့ဒိသုတေသန ခရီးစဉ်နဲ့ […]

သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်ဥပဒေကို ပြဌန်းရန် အီးယူ သဘောတူ

                ဥရောပ ပါလီမန်က ဥရေပသမဂ္ဂ ( အီးယူ ) အစိုးရများအပေါ် သက်ရောက်မှုရှိမယ့် သစ်တောပြုန်တီးမှုကင်း သော ထုတ်ကုန်ဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ပြဌန်းရန် မနေ့က မနက်ပိုင်းမှာ သဘောတူလိုက်တယ်လို့ သိရပါတယ် ။ အဲ့ဒိဥပဒေမှာ ကော်ဖီ ၊ ကိုကိုး နဲ့ ဆီအုန်တို့လို စျေးကွက်ဝင်သီးနှံတွေ ကို စိုက်ပျိုး ထုတ်လုပ်တဲ့ အခါမှာ သစ်တောပြုန်းတီးမှု သစ်တောယိုယွင်းမှုမရှိကြောင်း အာမခံချက် တစ်စုံတစ်ရာရှိမှာသာ ဥရောပ စျေးကွက် အတွင်းသို့ တင်သွင်းခွင့်ပြုမယ်ဆိုတာ ပါလာပါတယ် ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ စီးပွားဖြစ် သီးနှံစိုက်ပျိုးတဲ့ သူတွေအပေါ် ၂၀၂၀ ဒီဇင်ဘာလကနေ စပြီး ဥပဒေက […]

သဘာဝတရားမရှိရင် လူဆိုတာ ရှိမလာနိုင်ပါဘူးလို့ COP 15 မှာ ကုလ အတွင်းရေးမှူးချုပ်ဆို

              ကုလသမဂ္ဂဦးစီးပြီး ကျင်းပတဲ့ ဇီဝမျိုးကွဲညီလာခံ COP 15 ကို ကနေဒါနိုင်ငံ မွန်ထရီရာယ်မြို့မှာ၂၀၂၂ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပနေပါတယ် ။ နိုင်ငံပေါင်း ၂၀၀ နီးပါးလောက် တက်ရောက် တဲ့ အဲ့ဒိညီလာခံ အဖွင့်မိန့်ခွန်းမှာ ကုသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရေ့စ် က သဘာဝတရားသာ မရှိရင် လူဆိုတာ ရှိလာနိုင်စရာ မရှိဘူးလို့ ပြောသွားပါတယ် ။ နိုင်ငံပေါင်း ၂၀၀ နီးပါးမှ သိပ္ပံပညာရှင်များ၊ ဇီဝမျိုးကွဲ ဆိုင်ရာ ပညာရှင်များနှင့် ကိုယ်စားလှယ်များသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများထဲမှ တစ်ခုဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့် ၎င်းကို […]

ကာဗွန်ဖမ်းစက်ရုံစီမံကိန်း ခွင့်ပြုချက်ကျပြီ

               ဗြိတိန်အစိုးရက လေထဲမှာရှိတဲ့ ကာဗွန်ကိုဖမ်းယူတဲ့ စက်ရုံစီမံကိန်းကို ပထမဦးဆုံးအနေနဲ့ ခွင့်ပြုချက်ပေး လိုက်ပါတယ်။ တစ်နှစ်ကို ကာဗွန်တန်ချိန် ၁သန်းခွဲကျော် ဖမ်းယူနိုင်တဲ့ အဲ့ဒိကြီးမားတဲ့ စက်ရုံတည်ဆောက်ရေး စီမံကိန်းကို လင်ကွန်ရှိုင်းယားမှာ တည်ဆောက်မှာဖြစ်ပြီး စက်ရုံ ၃ ရုံပါဝင်မှာဖြစ်ပါတယ် ။ အဲ့ဒိသတင်းက ဗြိတိန်ဆောက်လုပ်ရေးဝန်ကြီး မိုက်ကယ်ဂိုဗီက အင်္ဂလန်ကျွန်းမှာ ကျောက်မီးသွေးတွင်းအသစ် တစ်ခုကို ခွင့်ပြုချက်ပေးလိုက်ပြီး နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ သတင်းပဲဖြစ်ပါတယ် ။ အဲ့ဒိ ကျောက်မီးသွေး တွင်း က တစ်နှစ်ကို ကာဗွန်တန်ချိန် ၄ သိန်း ထုတ်လွှတ်မှာဖြစ်ပါတယ် ။ အဲ့ဒိပမာဏက လမ်းပေါ်မှာမောင်းနှင် နေတဲ့ ကားအစီးရေ ၂သိန်းက ထုတ်လွှတ်တဲ့ ကာဗွန်ပမာဏနဲ့ […]

အောင်မြင်သွားအိန္ဒိယမှာတဲ့ ကန္တာရတော်လှန်ရေ

               ကျနော်တို့ ဒီကိုရောက်တဲ့အချိန်မှာ မြေကြီးက အုတ်ခဲတွေအလား အောင့်မေ့ရတယ် ။ မာတောင်နေတာပဲ ။ ကျနော်တို့ရဲ့ ၇နှဈတာကွိုးစားအားထုတျမှုမှာ မြေကြီးက ရေမြုပ်လိုပျော့ပျောင်းသွားပါပြီ ။ ဘာအပင်မဆို စိုက်လို့ ရနေပါပြီ ရာမီးရှက် ဟာနူမီရာ ( ကန္တရတော်လှန်ရေး လယ်သမား ) ရာမီးရှက် ဟာနူမီရာက နီညိုရောင်ရှိတဲ့ မြေကြီးကို တစ်တောင်လောက်တူးလိုက်တယ် ။ ပြီးတော့ မြေကြီးထဲမှာ တီကောင်တွေ ပိုးကောင်တွေ လုံးထွေးနေတဲ့ မြေကို အနံ့ခံကြည့်တယ် ။ စစ်ဆေးတယ် ။ ပြီးမှ သဘောကျစွာပြုံး လိုက်ပါတယ် ။ အိန္ဒိယ နိုင်ငံတောင်ပိုင်းက အန်ဒဟာရာပြည်နယ် က ခရိုင်တစ်ခုဖြစ်တဲ့ အာနန်တပူရ […]

ရာသီဥတုဖောက်ပြန်တော့ တိရိစ္ဆာန်တွေလည်း ကြောင်တောင်တောင်ဖြစ်ကုန်ပြီ

                အီဂျစ်နိုင်ငံမှာကျင်းပခဲ့တဲ့ ကုသမဂ္ဂ ဦးစီးတဲ့ ကမ္ဘာရာသီဥတုညီလာခံ COP27 မှာ ယူဂန်ဒါနိုင်ငံက တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်း များအဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ နာဘွာမီက သူမရဲ့အလှည့် ဆွေးနွေးပွဲမှာ ရာသီဥတုဖောက်ပြန်လို့ တိရိစ္ဆာန်တွေတောင် ကြောင်တောင်တောင် ဖြစ်ကုန်ပြီလို့ ပြောသွားပါတယ် ။ ကျမတို့လို နိုင်ငံတွေက လယ်သမားတွေက ရာသီဥတုနဲ့ ပတ်သက်လာရင် တိရိစ္ဆာန်တွေရဲ့ အပြုအမှုကို ကြည့်ပြီး လယ်ယာလုပ်ခွင်မှာ ပြင်ဆင်သင့်တဲ့ အလုပ်တွေကို လုပ်ကြရတာပါ။ ဥပမာပြောရရင် ပုရွက်ဆိတ်တွေရဲ့ လမ်းကြောင်း ဘယ်ဖက်ကို ဦးတည်နေသလဲ ။ မနက်စောစောမှာ လင်နို့တွေ ဘယ်လိုအသံပေးသလဲ ။ ပင်ကူတို့လို့ အစားအစာစုတတ်တဲ့ အကောင်တွေက အစာဘယ်လောက်စုနေလဲ […]

ရေခဲတွေအရည်ပျော်ခြင်းက မုန်တိုင်းတွေကို အားကောင်းစေပြီ အာတိတ်သမုဒ္ဒရာကို အက်ဆစ်ဓာတ် ပိုလာစေတယ်

                 မကြာသေးမီက ထုတ်ဝေခဲ့တဲ့ SCIENCE ဂျာနယ်မှာ ပါတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ဖော်ပြချက်အရ မြောက်ဝင်ရိုးစွန်း က ရေခဲတွေ အရည်ပျော်လာမှုက အာတိတ်သမုဒ္ဒရာထဲမှာ အက်ဆစ်ဓာတ် ပိုမိုမြင့်မားလာ စေတဲ့အတွက် အစာကွင်းဆက်ဆိုင်ရာ ပြဿနာများကို ပိုမိုဖြစ်ပေါ်နေပါတယ် လို့ ပါရှိပါတယ် ။ အဓိက အကြောင်းရင်းက ဂေဟစနစ်ကို ထိခိုက်လာတာကြောင့်ဖြစ်ပါတယ် ။ အက်ဆစ်ဓာတ်မြင့်တက်လာတဲ့အခါမှာ ဓာတုဖွဲ့စည်းမှုပြောင်းလဲသွားပြီး အစားအစာကွန်ယက်တစ်ခုလုံး ကို ထိခိုက်ကာ အာတိတ်ရေခဲပြင်နေ သတ္တဝါများကို ထိခိုက်မှု ဖြစ်လာစေပါတယ် ။ University of Delaware မှ သိပ္ပံပညာရှင်များ ဦးဆောင်သော နိုင်ငံတကာအဖွဲ့တစ်ခုက အာတိတ်သမုဒ္ဒရာသည် ၁၉၉၆ ခုနှစ်မှ ၂၀၂၀ […]