Author Posts

ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေကို သတိထားပါ

စာရေးသူ နေ့စဉ်ပြုလုပ်နေကျအတိုင်း ဒီမနက်မှာလည်း စာကြည့်စားပွဲထိုင်ပြီး အင်တာနက်ကြည့်တယ်။ စာအုပ်တွေ မွှေနှောက်ပြီး ဟိုဖတ်ဒီဖတ်လုပ်တယ်။ ပြီးတော့ စာရေးသူရဲ့လက်တော့ပ်ထဲက ဖွင့်မကြည့်ဖြစ်တာ ကြာနေတဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမှတ်တမ်းဖိုင်ကို ဖွင့်လိုက်တယ်။ အဲဒီမှာ တွေ့လိုက်ရတာက “မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအခြေအနေ အစီရင်ခံစာ”တဲ့။ အဲဒီအစီရင်ခံစာကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မိုးလေဝသစခန်း ၁၉ ခုမှ နှစ်ရှည် စုဆောင်းရရှိသည့် အချက်အလက်များကို အခြေခံပြီး မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ WWF၊ MCCAနှင့် ကိုလံဘီယာတက္ကသိုလ်၏ ရာသီဥတုစနစ်များဆိုင်ရာ သုတေသနစင်တာတို့ ပူးပေါင်းမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် ပြုစုခဲ့တာပါ။ စာရေးသူလည်း သေသေချာချာ မဖတ်ရသေးတဲ့အတွက် အစီရင်ခံစာကို ဖွင့်လိုက်မိတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလို မြေနိမ့်ပိုင်းဧရိယာတွေ ဟာ လက်ရှိကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ […]

ကမ္ဘာကြီးမှာ ဆင်းရဲသားတွေ စိုက်စားဖို့ မြေတွေနည်းလာပြီ

စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းတွေ နဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု တွေကြောင့် ဆင်းရဲသားတွေက မြေယာ ပိုင်ဆိုင်မှု မညီမမျှဖြစ်ကာ စိုက်စားဖို့အတွက် အခက်အခဲတွေဖြစ်လာပါတယ်။ နိုင်ငံတကာမြေယာ ညွှန့်ပေါင်းအဖွဲ့ ( ILC ) နဲ့ အောက်စ်ဖမ်းအဖွဲ့ တို ပူးပေါင်း ပြုလုပ်တဲ့ စာရင်းဇယားများ အရ လယ်ယာစိုက်ပျိုးနေရဲ့ လူဦးရေ သန်း၂၅၀၀ က မြေယာပိုင်ဆိုင်မှု မညီမမျှဖြစ်ပြီး လက်တစ်ဆုတ်စာ လူနည်းစုတွေက သာ မြေယာတွေကိုစီမံခန့်ခွဲ နေကြတယ်လို့ ဆိုပါတယ်။ အဲ့ဒိပြဿနာက ဌာနေတိုင်းရင်းသားတွေနဲ့ ဒေသခံ စိုက်ပျိုးရေး လူ့အဖွဲ့အစည်းကို တိုက်ရိုက် သက်ရောက် လာပါတယ်။ ‘ ဆင်းရဲတဲ့နိုင်ငံတွေမှာဆိုရင် မြေယာပိုင်ဆိုင်မှု မညီမမျှဖြစ်တဲ့ ပြဿနာတွေက အများကြီး တက်နေပါတယ်။ ဆင်းရဲရပါတယ်ဆိုတဲ့ အကြောင်းတရားတွေမှာ အဲ့ဒိအချက်ကလည်း တစ်ချက်ဖြစ်နေပါတယ်။ ဂွာတီမာလာလို နိုင်ငံမျိုးမှာ […]

ကျနော်တို့ တောင်တက်နေရသလိုပါပဲဗျာလို့ COP26 ပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌငြီးတွား

လက်ရှိကျင်းပနေတဲ့ ကမ္ဘာရာသီဥတုဖောက်ပြန်မှု ညီလာခံ အဆောက်အအုံ ရဲ့ နံရံထက် နာရီက တစ်ချက်ချက် နဲ့ လည်နေပါတယ်။ တစ်နေ့ပြီး တစ်နေ့ အချိန်တွေ ကုန်သွားပါတယ်။ ညီလာခံပြီးဆုံးမယ့် ရက်ကလည်း အနည်းငယ်သာကျန်ပါတော့တယ်။ ကမ္ဘာကြီး ၁.၅ ဒီကရီ ပိုပူလာတာကို လျှော့ချပေးဖို့အတွက် တိကျရေရာတဲ့ သဘောတူညီမှုတွေကလည်း ကောင်းကောင်း မရသေးပါဘူး ။ ညီလာခံ ကျင်းပရေး လုပ်ငန်းကောင်စီဥက္ကဋ္ဌ အာလော့ ရှာမာ က “ ကျနော်တို့တွေ တောက်တက်နေရသလိုပါပဲဗျာ။ ခက်ခဲလိုက်တာ။ သဘောတူညီချက် အသေးလေး တစ်ခုရဖို့တောင် အတော်ကြီးကိုပြောယူနေရတယ်” လို့ ဆိုလာပါပြီ။ ဒီနေ့ကတော့ ညီလာခံကျင်းပတာ ၉ ရက်မြောက်နေ့ပါပဲ ။ ဘာတွေ လုပ်နေတယ်ဆိုတာကို နည်းနည်းပြောပြပါမယ်။ – ရာသီဥတုဖောက်ပြန်မှုကြောင့် ရွှေ့ပြောင်းနေထိုင်နေရတဲ့ အထဲမှာ […]

စားရဲရင်စားကြ ၊ အင်းဆက်တွေက အသားတွေထက်ပို အားရှိတယ်

ပုရစ်ကိုကြိုက်လား ။ အဲ့လိုမေးရင်ကိုယ့်ကို လူထူးလူဆန်းလို ကြည့်ကြမယ်။ အဲ့တာထက်ပိုဆိုးတာက အင်းဆက်တွေ ကို စားရတာကြိုက်လားလို့ မေးရင် ပိုပြီး အံ့အားတကြီးနဲ့ ကြည့်ဦးမယ်။ ဒါပေမဲ့ ဒေါက်တာချက်တဂျီကတော့ လူတွေစားတဲ့ အစားအစာထဲကို အင်ဆက်တွေ ပိုထည့်ပြီး စားသင့်တယ်လို့ ပြောလာတယ်။ သူကိုယ်တိုင်ကလည်း အင်းဆက်တွေကို စားလားတာ ၇ နှစ်ကျော်လာပြီလို့ ဆိုပါတယ်။ အောက်စ်ဖို့ဒ်က ကုန်သွယ်မှုနဲ့ စားသုံးသူစိတ်ပညာ ဆိုင်ရာ ဒေါက်တာဘွဲ့ရ ချက်တဂျီ အင်းဆက်တွေ ကို အရသာရှိအောင် လုပ်ပြီး စားရင် ပိုအားရှိတာပေါ့ဗျာ လို့ ဆိုလိုက်ပါတယ်။ အင်ဆက်ပညာရှင်တွေကတော့ ကမ္ဘာပေါ်မှာ အင်ဆက်စားတဲ့ လူဦးရေက သန်း ၂၀၀၀ နီးပါးလောက်ရှိပါတယ်လို့ ပြောပါတယ်။ အင်းဆက်ကိုအဓိက အစာအဖြစ်ပဲ စားစား ၊ မုန့်ပဲသရေစာအဖြစ် စားစား […]

ငှက်ကလေးတွေ

မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလဲ(လည်း) ငါ့ရှာ ငါလဲ(လည်း)မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ…   မောင်စိန်ဝင်း(ပုတီးကုန်း)

သဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုတွေကြောင့် မျက်ခုံးလှုပ်နေရတဲ့ပုပ္ပား

(၁) ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပုပ္ပားဒေသမှာ မိုးသည်းထန်စွာပြီး မြေကျွံကျမှုတွေဖြစ်ပွားခဲ့တယ်။ လမ်းတွေ အက်ကွဲတယ်။ ကျွံကျတယ်။ အဆောက်အအုံတွေ အက်ကွဲတယ်။ ပုပ္ပားတောင်ကလပ်ကိုသွားတဲ့ လမ်းတစ်လျှောက်က လူတွေကို ရွှေ့ပြောင်းခဲ့ရတယ်။ ကားသွားလာမှု ပိတ်ခဲ့ရတယ်။ ဒေသခံတွေ ထိတ်ထိတ် ပြာပြာ ဖြစ်ခဲ့ရတယ်။ လူမှုကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ ပုပ္ပားမီးတောင် ပြန်လည်အသက်ဝင်လှုပ်ရှားလာပြီလို့ ရေးတဲ့သူကရေး၊ ပုပ္ပားတောင်ကလပ် စောင်းသွားတယ်လို့ ဖွတဲ့သူကဖွနဲ့ တော်တော်လေးပွဲဆူခဲ့တယ်။ ပုပ္ပားနဲ့ ဝေးတဲ့ဒေသက ပြည်သူတွေတောင် ထိတ်လန့်ကုန်ကြတာဆိုတော့ ဒေသခံပြည်သူတွေအတွက် ဆိုဖွယ်ရာ မရှိတော့။ ဒါကြောင့် ဘူမိဗေဒပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက အလျင်အမြန်ကွင်းဆင်းစစ်ဆေးခဲ့ကြတယ်။ စစ်ဆေးတွေ့ရှိချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းအသိပေး ရှင်းလင်းတင်ပြခဲ့တာတွေ့ရတယ်။ ကနေဒါနိုင်ငံဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာနဲ့ မြေပြိုကျခြင်းဆိုင်ရာကို အထူးပြုလေ့လာခဲ့တဲ့ ကျွမ်းကျင် ပညာရှင် ဒေါက်တာစိုးမိုးကျော်ဝင်းက “ပုပ္ပားဒေသရဲ့မြေအနေအထားအရ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဖြစ်ပေမယ့် တောင်ကလပ်ဒေသရှိ […]

-ပျောက်ဆုံးသွားသော ပန်းချီကားတစ်ချပ်-

အကွေ့အကောက် အဝေ့အဝိုက် ဟော… နောက်တစ်နေရာ ဖြောင့်ဖြောင့်စင်းစင်း ဖြာစီးဆင်း မြစ်မင်းဧရာ… ဗေဒါ မစီနိုင်အဖြစ် ရေဇလာ မကြည်နိုင်သနစ် တို့ ဧရာ၀တီမြစ် ရေမနစ်နိုင်တော့ ရေမှမရှိတော့တာ ဘယ်ရေနစ်နိုင်တော့မလဲ ဒီကြားထဲ သောင်ထွန်း ကမ်းပြို အို… မြစ်ကောကြီးလို။ လက်ပံတောင်းတောင် ကြေးနီတောင် တောင်.. တောင်..တောင်.. မိုးထိုးမြင့်မား အမောက်ကြီးများ တလူလူထောင် ဘယ်လောက်များ လှလိုက်သလဲ ဘယ်လောက်များ ဝံ့ကြွားစရာလဲ အထင်အရှား လက်ညှိုးထိုးပြနိုင်ခဲ့ ဟော… အဲဒီအလှတရားက ခုတော့လေ အလကား တောင်တွေ ဖြိုချခံလိုက်တာ လွင်ပြင်ကြီးလို။ ကျွန်း ပျဉ်းကတိုး ပျဉ်းမ သစ်ရာ ပိတောက် နေတစ်ပြောက်တိုးဝင်မရ ကန္တာရမဖြစ်ခင်ကပေါ့… ခုတော့လည်း အဲဒီသစ်တော ဘယ်ဆီမှာမှ ရှာမရ ပျောက်ပျောက်သွားလိုက်တာ တောပြုန်းလို့ တောင်ပျက်သုဉ်းဆိုသလို။ […]

cop 26 မှာ ဆန္ဒပြကြသူတွေရဲ့ ပါဖောင်မန့် တင်ဆက်ကြတဲ့ မြင်ကွင်း

ဗြိတိန်ဝန်ကြီးချုပ် အမေရိကန်သမ္မတဘိုင်ဒန် ၊ ပြင်သစ်သမ္မတ မာခွန်တို့လို ကမ္ဘ့ာစက်မှုထိပ်သီးနိုင်ငံခေါင်းဆောင်တွေ ညီလာခံမှာ အယောင်ပြ မလုပ်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဂလက်စကိုရဲ့ လမတွေပေါ်မှာ ပါဖောင်မန့်တွေနဲ့ ဆန္ဒပြတာကို တင်ပြလိုက်ပါတယ်။ ဘယ်လိုတွေ လုပ်ကြတာလဲ.. ကြည့်လိုက်ပါဦး ခင်ဗျာ၊   ဘာသာပြန်ဆိုသူ- မောင်ယဿ

အိမ်သာသုံးတဲ့ ရေတစ်ဝက်လောက်နဲ့ ကိုယ့်အိမ်ကို တစ်နေကုန် မီးပေးလို့ ရနေပါပြီ

ဂျာမဏီအခြေစိုက် အီနပ်တာ ( Enapter ) ဆိုတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓာတ်အားပေးစက်တွေကို တီထွင်ဖို့ ကြိုးစားခဲ့တဲ့ သူက ပစ္စိဖိတ်တောင်ပိုင်းက ကျွန်းလေးတစ်ခုမှာ မွေးဖွားခဲ့တဲ့ ဗိုက်တီယာကိုဝမ် ဆိုတဲ့ အမျိုးသမီးတစ်ဦးပါ။ သူမက ဘေးဖြစ်စေတတ်တဲ့ ဓာတ်ငွေ့တွေကို ထုတ်လုပ်တဲ့ ( ဓာတ်ဆီ ၊ ဒီဇယ် ၊ကျောက်မီးသွေး တို့လို ) ရုပ်ကြွင်းလောင်စာသုံး ဓာတ်အားပေး စက်တွေနေရာမှာ အစားထိုးဖို့ သက်ရှိတွေကို ဘေးမဖြစ်စေတတ်တဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်တွေကို ထုတ်လုပ် နေတာပါ။ ပြီးခဲ့တဲ့ လက ဗြိတိန်နန်းမွေခံမင်းသား ဝီလျှံ က သူမရဲ့ လုပ်ငန်းအတွက် Earthshot ဆု ကို “ၤFix our planet” အစီအစဉ် နဲ့ ဒေါ်လာသန်းချီ […]

သဘာဝအရင်းအမြစ်ဖွံ့ရေးဆိုင်ရာစီမံခန့်ခွဲမှုကျင့်ဝတ်စည်းကမ်းများ

ပြီးခဲ့သည့်ရက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းမှ ရေဆိုးများစွန့်ထုတ်မှုကြောင့် ဆည်တည်းရွာဟောင်းနှင့် ကျောက်ဖြူတိုင်ကျေးရွာရှိ ချောင်းအတွင်း ငါးကောင်ရေများစွာ သေဆုံးခဲ့ကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုရက်ပိုင်းက မိုးများလွန်းခဲ့ပြီး လက်ပံတောင်းကြေးနီစီမံကိန်းမှ ဒုတ္ထာနှင့် အက်စစ်ကန်ထဲမှရေများကို ပြွန်ပေါက်မှတစ်ဆင့် ဆည်တည်းရွာဟောင်းနှင့် ကျောက်ဖြူတိုင်ရွာတွင် စီးဆင်း နေသည့်ချောင်းထဲကို စွန့်ထုတ်ခဲ့သည်ဟု ယူဆကြောင်း၊ ထိုရေများကြောင့် ငါးများသေဆုံးခဲ့ရသည့်အပြင် ရေကိုသောက်သုံးမည့် အခြားသောသတ္တဝါများကိုပါ ထိခိုက်သေဆုံးစေနိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့ သည်။ ထိုပြဿနာသည် လက်ပံတောင်းတွင် ယခုမှဖြစ်ပေါ်ခြင်း မဟုတ်ပေ။ ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လ အတွင်းကလည်း ယင်းကြေးနီစီမံကိန်းအတွင်းမှ အက်စစ်ဓာတ်များ ပါဝင်သည့် ရေဆိုးများ စွန့်ထုတ်လုပ်သည့် အတွက် စီမံကိန်း၏အရှေ့ဘက် ရွှေတံတားအနီးတွင် ငါးကြီးငါးသေးပါမကျန် သေဆုံးမှုမကြာခဏ ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရကြောင်းသတင်းများတွင် ဖော်ပြထားသည်။ […]