Author Posts

နှလုံးသားအဖော်နဲ့ အပြုံးမြို့တော်ဆီသို့

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ နိုင်ငံခြားသား အများစု ငယ်ရွယ်တဲ့အချိန်မှာ ပညာပြည့်စုံအောင် ဆည်းပူးတယ်။ အလုပ်လုပ်ရမယ့် အရွယ် ရောက်လာရင်လည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အလုပ်ကို ပရော်ဖက်ရှင်နယ်ပီပီ သေချာတာဝန်ကျေအောင် ကြိုးစားလုပ်ဆောင်တတ်တယ်လို့ ဖတ်ခဲ့ဖူးတယ်။ မြန်မာအခေါ် တတိယ အရွယ်ပေါ့၊ အလုပ်က အနားယူတဲ့ အချိန်၊ သူတို့ စိတ်နဲ့ အလျဉ်းသင့်သလို သက်သောင့်သက်သာ နေနိုင်အောင် စီမံထားတတ်တယ်။ ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ဖိအားတွေကို လုံးဝလွှတ်ချထားပြီး အနားယူလေ့ ရှိတာကိုး။ အနောက်နိုင်ငံသား အများစုရဲ့ ရဝ ရာခိုင်နှုန်းဟာ ခရီးသွားပြီး အတွေ့အကြုံသစ်တွေဖွေရှာရတာ စိတ်အဝင်အစားဆုံးလို့ မှတ်သားခဲ့ဖူးတယ်။ သူတို့တစ်တွေဟာ ရည်မှန်းထားသလိုမျိုး ခရီးသွားနိုင်အောင်လည်း ကျန်းမာရေးကို အထူးဂရုစိုက်လေ့ရှိတယ်။ ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ပြောဖူးတယ်၊ ဘဝမှာ အတွေးအမြင်သစ်တွေရချင်ရင် စာအုပ်စာပေဖတ်ပါ၊ ပြီးရင် နိုင်သလောက် ခရီးသွားပေးပါတဲ့။ […]

မလေးရှား ရေလွှမ်းမှုက အမှိုက်မဆင်မခြင် ပစ်လို့ ဆိုပြီး အစိုးရပိုင်းကပြော

ဒီဇင်ဘာ ၁၈ ရက်နေ့ က ဆလင်ဂါမှာ မိုးအကြီးအကျယ်ရွာ သွန်းခဲ့ပါတယ်။ မိုးကဘယ်လောက်တောင် ရွာလဲဆိုတော့ နှစ်၁၀၀ အတွင်းမှာ အကြီးဆုံး မိုးပဲလို့တောင် ပြောရမယ့်အနေအထားပါ။ မိုးရွာမှု နောက်မှာတွဲပြီးလိုက်လာတာကတော့ ရေလွှမ်းမိုးမှုပါပဲ ။ ရေလွှမ်းမိုးရတာနဲ့ ပတ်သက်ပြီး မလေးရှားစည်ပင်နဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ဘာထုတ်ပြန်သလဲ ဆိုတော့ အခုလိုရေလွှမ်းမိုးမှုက မလိုအပ်ဘဲ ဖြစ်သွားတာက အမှိုက်တွေ မဆင်မခြင် ပစ်လို့ဆိုပြီးပြောလာပါတယ်။ အဲ့ဒိဌာနတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာလဲ ရေကျပြီးနောက် ကျန်ခဲ့တဲ့ အမှိုက်တွေရဲ့ ဓာတ်ပုံတွေကို တင်ပြီး ပြောဆိုမှုတွေလုပ်လာပါတယ်။ “ အခုဖြစ်တဲ့ ရေလွှမ်းမိုးမှုရဲ့ အချက်တစ်ချက်ကတော့ ရေမြောင်းတွေထဲကို အမှိုက်တွေစွန့်ပစ်တဲ့အချက် တစ်ချက်လဲ ပါပါတယ်။ ကျနော်တို့ ရေဆိုးထုတ်တဲ့ မြောင်းတွေ လုပ်ထားတယ် ။ ရေကြီးလာရင် တားဖို့ ရေထွက်ပေါက်မြောင်းတွေ […]

၂၀၂၁ တောရိုင်းဟာသ ပြိုင်ပွဲဝင်ဆုရဓာတ်ပုံများ

နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ တောရိုင်း ဟာသ ဓာတ်ပုံ ပြိုင်ပွဲရဲ့ ဆုရ ဓာတ်ပုံ စာရင်း ထွက်ပေါ်လာပါပြီ ။ ဒီနှစ်မှာ ကမ္ဘာအနှံ့က ပြိုင်ပွဲဝင် ဓာတ်ပုံ ၇၀၀၀ ရခဲ့ပါတယ်။ ဓာတ်ပုံနဲ့ ပုံစာတပ်ပေးလိုက်တာတွေက ကတယ်ပဲ ရီစရာကောင်းပါတယ်။ အဲ့ဒိအထဲက ဆုရဓာတ်ပုံ အချို့ ကို ဖော်ပြလိုက်ပါတယ်။ ပထမဆု ကန်ဂျန်ဆန် ဆိုတဲ့ ဓာတ်ပုံ ဆရာက တရုတ်နိုင်ငံ က လောင်ရှန်ဂျော့ တိရစ္ဆာန် ဥယျာဉ်ထဲမှာ ကြိုးတန်းပေါ်ကို ပြုတ်ကျတဲ့ မျောက်တစ်ကောင်ရဲ့ ပုံ ကို အမိအရ ရိုက်ယူပြီး “ အောင်မလေးဗျ” ဆိုပြီးပုံစာထိုးခဲ့ပါတယ်။ မောင်ယဿ – ရေးသည်၊ ဒုတိယ အန်ဒရူး ပါကင်ဆန်ဆိုတဲ့ သူက ကမ်ချက်ကာ ဝက်ဝံပေါက် […]

ရွက်သင်္ဘောခေတ်ကို ပြန်သွားဖို့ လုပ်နေကြပြီ

ရေကြောင်းသဘောၤလုပ်ငန်း ဆိုတာ ကမ္ဘာကုန်စည် ၈၀ % လောက်ကို သယ်ယူပို့ဆောင်ပေးနေတဲ့ လုပ်ငန်းပါပဲ ။ စတစ္စတာ ဆိုတဲ့ စာရင်းအင်း ကုမ္ပစီရဲ့ မှတ်တမ်းများအရ ၂၀၂၀ ခုနှစ် ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု ၁၁ % ကအဲ့ဒိကုန်တင်သဘောၤတွေ ကနေ လာတာပါ။ တိတိကျကျပြောရရင် ကမ္ဘာ့လေထုထဲကို ကာဗွန် တန်ချိန် သန်း၁၄၀ ကျော် ကို သဘောၤတွေက ထည့်ပေးနေတာပါ။ အဲ့ဒါကြောင့် ပြင်သစ် သင်္ဘောကုမ္ပဏီတစ်ခုက သူတို့ရဲ့ ကုန်တင်သင်္ဘောတွေကို ဆီစားသက်သာအောင် စွန်ကြီးတွေလုပ်ပြီး သင်္ဘောကိုဆွဲခိုင်းဖို့ စတင်စမ်းသက်နေပါတယ်။ အဲယားဘတ်စ် လေယာဉ်ကုမ္ပဏီက အင်ဂျင်နီးယာတွေကိုခေါ်ပြီး ကုန်တင်သင်္ဘောကြီး တစ်စင်းလုံး ကို ဆွဲနိုင်တဲ့ စွန်တစ်ခုက ဘယ်လောက်ပမာဏ ရှိရမလဲဆိုတာကို အရင်ဆုံးစမ်းသက်ခဲ့ပါတယ်။ စမ်းသက်ချက်အရ စတုရန်းမီတာ ၁၀၀၀ရှိတဲ့ […]

အလွမ်းကုထုံး

နှင်းတောတိုးတဲ့လရောင် အလင်းက ပုလင်းခွံထဲကမြို့ပြ ဆောင်းတွင်းကြီး ရေငတ်တယ် လပြည့်ညမှည့်မှည့်ကြီး လရောင်ကဘယ်ကိုမှမစီးဘူး ဘုရားရင်ပြင်တော်မှာနှင်းတွေ။   တိုးနှောင်မိုး ၁၈.၁၂.၂၀၂၁ နတ္တော်လပြည့်ည photo- crd

ဘော်နီယိုတောတွင်းသားခေါင်းဆောင်က မလေးရှား ပြည်နယ်အစိုးရ ကို တရားစွဲ

သစ်တောများမှထွက်ရှိသော သဘာဝအရင်းအနှီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုထံ ငွေပေးချေရန် သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ဘော်နီယိုကျွန်းရှိ ဌာနေတိုင်းရင်းသား ခေါင်းဆောင်တစ်ဦး က မလေးရှား ဆာဘာ ပြည်နယ် ကို တရားစွဲလိုက်တယ်လို့ သိရပါတယ်။ ဘောနီယိုကျွန်းဆိုတာ နိုင်ငံ ၃ နိုင်ငံ ပိုင်တဲ့ ကျွန်းကြီး တစ်ကျွန်း ဖြစ်ပါတယ်။ မလေးရှားရဲ့ ဆာဘာ နဲ့ ဆရာဝက်ပြည်နယ် ၂ခု ၊ အင်ဒိုနီးရှားရဲ့ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ကလီမန်တန် ပြည်နယ် ၄ ခုနဲ့ ဘရူနိုင်း နိုင်ငံတို့ပါဝင်ပါတယ်။ ကျွန်မကြီးရဲ့ မြေက်ဖက်အစွန်မှာရှိတဲ့ ဆာဘာပြည်နယ်က ဖွံ့ဖြိုးမှု ပိုရှိပြီး သဘာဝသယံဇာတတွေကို အများဆုံး ထုတ်ယူသုံးစွဲ တဲ့ နေရာဖြစ်ပါတယ်။ […]

မှို ကွန်ယက်မြေပုံဆွဲဖို့ သိပ္ပံပညာရှင်တွေ တောင်းဆို

ကျနော်တို့ သိထားတဲ့ မှို တွေကို သိပ္ပံပညာရှင်တွေက မှိုဆိုတာ တစ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဘတ်ဂျက်ကို စီမံခန့်ခွဲဖို့ ၊ ပျက်စီးနေတဲ့ ဂေဟစနစ်ကို ပြန်လည် ထူထောင်ဖို့ ၊ ညစ်ညမ်းနေတဲ့ မြေဆီလွှာတွေကို ပြန်လည်ပြုပြင်ဖို့ နဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ကူးပြောင်းမှုကို အရှိန်မြှင့်ပေးနိုင်တဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အဖိုးတန်ရတနာတွေလို့ ရှုမြင်ကြပါတယ်။ သူတို့ က ပဏမ ခြေလှမ်းတစ်ရပ်အဖြစ်နဲ့ DNA နဲ့ ယန္တယားလေ့လာမှု နည်းစနစ်ကို အသုံးပြုပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ မှိုကျွင်းတွေကို မှတ်တမ်းပြုပြီး ကွန်ယက်ကိုလေ့လာဖို့ ကြိုးပမ်းအားထုတ်မှုကို စတင်လိုက်ပြီဖြစ်ပါတယ်။ နောက်ပြီးသူတို့က မှို ဇီဝမျိုးကွဲများနဲ့ မှိုကျွင်းတွေကို မှတ်တမ်းလုပ်ပြီး ကွန်ယက်ဖွဲ့စည်းမှု ပုံစံကိုဖော်နေပါပြီ။ မှို ပညာရှင်တွေကတော့ မှိုတွေကိုထိန်းသိမ်းတာက မြေအောက်မှာရှိတဲ့ မြေဆီအရည်အသွေးကို ကို […]

သစ်ပုပ်ပင်ကြီး အသက်ကြီးပြီ

မနှစ်က သတင်းစာတစ်စောင်မှာ ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကြီးနဲ့ ပတ်သက်တဲ့ သတင်း တစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ အဲဒါကတော့ ရန်ကုန်တက္ကသိုလ်ရဲ့အထင်ကရ အမှတ်အသား တစ်ခုဖြစ်တဲ့ သစ်ပုပ်ပင်ကြီးကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်တဲ့ သတင်းပဲဖြစ်တယ်။ ရန်ကုန် မြို့ပြ အမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြားကို ၂၀၁၄ ခုနှစ်ကစတင်ပြီး မြို့တော်ခန်းမကို စတင် တပ်ဆင်ခဲ့တယ်။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ကူညီအားပေးမှု၊ အလှူရှင်တွေရဲ့ ငွေကြေးမတည်မှုတို့နဲ့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့( YHT )က တာဝန်ယူဆောင်ရွက်တာ ဖြစ်တယ်။ ၃၂ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ၆.၉.၂၀၁၉ နေ့က ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သိပ္ပံဆောင်အနီးမှာရှိတဲ့ သစ်ပုပ်ပင်ကြီးကို တပ်ဆင်ခဲ့တယ်လို့ သိရတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့တာဆိုတော့ […]

ရာသီပြောင်းလဲမှု တိုက်ဖျက်ရေး ဘတ်ဂျတ်တော့ ကျလာပြီ ၊ ဘယ်နေရာမှာ ဘယ်လိုသုံးကြမလဲ

နိုဝင်ဘာလ ၂၆ ရက်နေ့ က ကျင်းပခဲ့တဲ့ COP၂၆ ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ဝင်ငွေမြင့်တဲ့ နိုင်ငံတွေ စုပေါင်းပြီး ရာသီပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်မယ်ဆိုတာ စတင် အကောင်အထည်ပေါ်လာပါပြီ။ ပထမအဆင့်အနေနဲ့ ၂၀၂၃ အတွက် ဘတ်ဂျက်စီမံခန့်ခွဲမှုကို စတင်ရေးနေပါပြီ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကတော့ ညီလာခံ ဆုံးဖြတ်ချက်ချထားတဲ့ ကန်ဒေါ်လာ သန်းထောင်ပေါင်း ၁ သိန်း( ၁၀၀ ဘီလီယံ ) ကိုဘယ်လို ခွဲမယ်ဆိုတာကို စိတ်ဝင်စားနေကြပါတယ်။ ဂလက်စကို ညီလာခံ ရဲ့ ပွဲစီစဉ်သူ ယူကေက ရီရှီဆူနက်ကတော့ “ ကျနော်တို့ ဆီကို ရန်ပုံငွေတွေ စတင် ဝင်နေပါပြီ ။ ကျနော်တို့ အဲ့ဒိပိုက်ဆံတွေကို သုံးဖို့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက […]