Author Posts

တမာရိပ်လေညင်း

( တစ် ) တမာရိပ်ကိုလွန်ပြီး စိမ်းစိမ်းမှိုင်းမှိုင်း ပုပ်ပါးတောငျကို ဟိုးခပ်ဝေးဝေးက လှမ်းမြင်လိုက်ကတည်းက အေးစက်တဲ့ တောရိပ်တောင်ရိပ်ဟာ ကျွန်တော်တို့ကိုယ်ပေါ် ပြိုအိကျလာခဲ့ပြီ။ ပုပ်ပါးကတော့ မြူတွေကြားမှာ ဒဏ္ဍာရီဆန်ဆန် လွင့်တက်နေတဲ့ တောင်ပြာတစ်လုံး။ ဥတုရာသီအပေါ် တည်မှီပြီး စိမ်းလိုက် ညိုလိုက် ဝါလိုက် ပြာလိုက်နှင့်။ အခုပဲ ကျွန်တော်တို့ လှမ်းမြင်နေရတဲ့ ပုပ်ပါးဟာ အမြင်အာရုံထဲမှာ ဖျပ်ခနဲ ပေါ်လာလိုက်..ပျောက်ကွယ်သွားလိုက်နှင့် ညနေမှောင်ရီထဲမှာ ကျွန်တော်တို့ကို မြှူနေ…ညှို့နေသလိုလို။ မြို့ပြထဲမှာ မွန်းကျပ်ပူလောင်နေတဲ့ကျွန်တော်တို့ဟာ ပုပ်ပါးရဲ့ အငွေ့အသက်ကိုရလိုက်တယ်ဆိုရင်ပဲ ကိုယ်ထဲမှာ ငြိကပ်တိုးဝင်နေတဲ့ အပူငွေ့မျှင်တွေဟာ ပါးလျားသွားခဲ့။ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်မီးလျှံနဲ့ကိုယ် ပူလောင်ဝင်းပနေခဲ့တာ ကြာမြင့်ခဲ့ပြီ။ အဲဒီ တငွေ့ ငွေ့ မီးလျှံတွေနဲ့ ပူလောင်လေးလံနေတဲ့ ကျွန်တော်တို့ဟာ ပုပ်ပါးဝန်းကျင်ကို ရောက်သွားတယ်ဆိုရင်ပဲ တစ်စုံတစ်ခုခုက စုပ်ယူဆွဲချသွားသလို […]

မြန်မာနိုင်ငံတွင်းက သဘာဝအလှတရားများ(ခူးပရာတောင်(ခေါ်) ရွှေတောင်တန်း)

ခူးပရာတောင်သည် လွိုင်ကော်မြို့မှ မိုင် ၅၀ ခန့် အကွာတွင် တည်ရှိကာ တောင်တက်လမ်း ခရီး တစ်လျှောက်တွင် စိတ်ဝင်စားဖွယ် တောတောင်သဘာဝ ရှုခင်းများ၊ စိမ်းစိုလှပသော လှေကားထစ် စိုက်ခင်းများ၊ တောင်ထိပ်တွင် သဘာဝဆန်ဆန် ဆောက်လုပ်ထားသော သစ်သားအိမ်နှင့် ဘန်ဂလို လေးများကို တွေ့မြင်ရမည် ဖြစ်သည့်အပြင် သဘာဝတောတောင် အလှရှုခင်းများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။ Photo:Original Photographers

မာန်

အပွင့်ကိုခူး အဖူး ငါ့မှာ ကျန်သေးတယ် အဖူးကို ဖျက် အခက် ငါ့မှာကျန်သေးတယ် အခက္ကို ချိုး အရိုး ငါ့မှာ ကျန်သေးတယ် အရိုးကို နှုတ် အငုတ် ငါ့မှာကျန်သေးတယ် အငုတ်ကိုပယ်ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် မနက်ဖြန်ဆို ငါပင်ပျိုသည် ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ မြေကမ်ဘာမှာ သာယာဝင့်လန်း မေတ္တာဖျန်းပြီး ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။ #ဒေါင်းနွယ်ဆွေ

ကမ္ဘာကြီးပူနွေးလာမှုက မုန်တိုင်းတွေ မိုးခေါင်ရေရှားတွေ ဖြစ်ရုံမကတော့ဘူး ၊ အအေးလှိုင်း ပါဖြတ်နိုင်တယ်လို့ ပညာရှင်တွေသတိပေး

ကမ္ဘာကြီးပူနွေး လာမှုကြောင့် ကမ္ဘာကြီးပေါ်မှာ မုန်တိုင်းတွေဖြစ်ပေါ်လာပြီး မိုးကြီး ကာ ရေလွှမ်းမိုးမှုတွေကို လူသားတွေ ကြုံတွေ့နေရတဲ့အပြင် အချို့နေရာတွေမှာလည်း အလွန်အကျူး မိုးခေါင် ရေရှားဖြစ်ပြီး ဒုက္ခတွေ့နေရပါတယ်။ သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဆိုးဝါလာခြင်း ဆက်စပ် ပုံကို ဖော်ထုတ်ပြခဲ့တဲ့အပြင် ဟာရီကိန်းလောက် ၊ အပူလှိုင်းလောက် မိုးခေါင်ခြင်း လောက်နဲ့တင်မကတော့ဘူး နောက်ထပ်ဆိုဝါးတဲ့ ဖွဈစဉျတှေေ ဖြစ်လာနိုင်စရာရှိတယ်လို့ ခန့်မှန်းထားကြပါပြီ။ အာတိတ်စက်ပိုင်းမှာ အပူချိန်မြင့်လာလို့ အဲ့ဒိအကျိုးဆက်ကြောင့် ဆောင်းရာသီမှာ အအေးလွန်ကဲပြီး မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဆိုးဝါးတဲ့ ဆောင်းရာသီကို ခံစားရနိုင်ချေ ရှိတယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ထုတ် Journal of science မှာ ဆိုထားပါတယ်။ လက်ရှိအနေအထားက ကမ္ဘာလေထုရဲ့ စထရာတို စဖီးယား အလွှာမှာ ကြပ်တည်းတဲ့ စက်ဝိုင်းပုံ ပတ်လမ်းကြောင်းတစ်ခု […]

ဘာလင်မြို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ် မီးထွန်းပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ထအော်ရပြီ

စက်တင်ဘာ ၂ ရက်နေ့နေပြီး စပြီး စက်တင်ဘာ ၁၂ရက်နေ့အထိ ရောင်စုံထွန်းထားတဲ့ ဘာလင်မြို့ မီးထွန်းပွဲတော်နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက အလင်းညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့ အတွက် ရက်ရှည်ကြီး မလုပ်ဖို့ အတွက် တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ ဘာလင်မြို့ရဲ့ ၁၇ ကြီမ်မြောက် မီးထွန်းပွဲတော်ကို ၁၀ရက်တိတိ ညစဉ်ညတိုင်း ၈ နာရီကနေ မနက်အထိ မြို့ ရဲ့ အထင်ကရ အဆောက်အအုံတွေမှာ ရောင်စုံ ထွန်းထားကြမှာဖြစ်ပါတယ်။ အရင်နှစ်တွေက ဘရန်ဒန်ဘာဂ် ဂိတ် ၊ ဘာလင် တီဗီ မျှော်စင် နဲ့ ဘုရားရှိခိုးကျောင်းတွေမှာ ဝေဝေဆာဆာ မီးထွန်းခဲ့ကြပေမဲ့ ဒီနှစ်တော့ မီးရထားဘူတာတွေ ၊ ကားဂိတ်တွေ ၊ အစိုးရ ဝန်ကြီးဌာနတွေ နဲ့ သံရုံးတွေပါ ရောင်စုံနီယွန်မီးတွေနဲ့ […]

ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင်

ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် ခေါင်ရည်အ၀သောက်မယ် ချယ်ရီပန်းတွေခူးမယ် သစ်ခွတွေရှာမယ် ဓာတ်ပုံတွေ အ၀ရိုက်မယ် အမြင့်ဆုံးတောင်ထွဋ်တစ်နေရာကနေ ကမ်ဘာကြီးကိုခူးဆွတ်မယ် လက်ဖက်ခင်းထဲ ဖျာကြမ်းခင်းပြီး ဖက်နဲ့ထမင်းစားမယ် တောင်ပေါ်သံ၀ဲ၀ဲနဲ့ စကားပြောမယ် ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် နှင်းတွေ တစ်ကိုယ်လုံးရွှဲရွှဲစိုအောင် နေပစ်မယ် တောင်ဇလပ်န်းနီလေးကို တဝကြီးငေးမယ် တောင်ရိုးတွေပေါ်တက်မယ် လိပ်ပြာလေးတွေဖမ်းမယ် ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် ကိုယ် အတ္တမကြီးတော့ဘူး စမ်းချောင်းထဲ ဖိနပ်စီးပြီးမဆင်းတော့ဘူး အချစ်ကိုလည်း မခြောက်သွေ့စေတော့ဘူး အဲဒါတွေအစား တံမြက်စည်းပင်ခုတ်တဲ့ကလေးတွေကို ပုံပြင်တွေပြောပြမယ် တဲအိုလေးထဲကနေ ရွာဝင်လမ်းကိုငေးမယ် ကဗျာတွေရေးမယ် လရောင်စိုနေတဲ့တောင်ပေါ်ညတွေကိုဖွင့်ဆိုမယ် ဘုရားသခင်ဆီသွားရာလမ်းမှာ အနိုင်ကျင့်ခံရပြီး အလောင်းဖျောက်ခံလိုက်ရတဲ့ကောင်မလေးကို အမ်ွဝေမယ် ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် စီးကရက်မဖွာတော့ဘူး အရင့်အရင် တောင်ပေါ်ရောက်ဖြစ်တုန်းကအကြောင်းတွေ မေ့ထားမယ် ဒီတစ်ခါတောင်ပေါ်တက်ဖြစ်ရင် ပြောပါတယ် ။ ။ #ခိုင်သွေးကို အောင်ပင်လယ်မဂ္ဂဇင်း အတြဲ ၃၀၊ အမှတ် ၄၆ မတ်-ဧပြီ […]

မြန်မာနိုင်ငံတွင်းက သဘာဝအလှတရားများ (ဒုဋ္ဌဝတီမြစ် (ခေါ်) မြစ်ငယ်မြစ်)

မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌဝတီမြစ်သည်ဧရာဝတီမြစ်၏ အရေးကြီးသော မြစ်လက်တက်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး မိုင်ပေါင်း ၁၃၁ မိုင်ခန့်ရှည်လျားပါတယ်။ရှမ်းမြောက် သိန္နီအရှေ့ဖက် ၂၅ မိုင်အကွာ သံလွင် မြစ်အနီး တောင်ကုန်းများတွင် မြစ်ဖျားခံစီးဆင်းပါတယ်။ တံတားဦးနယ် အင်းဝနှင့် မန္တလေးအမရပူရတို့တွင် ဧရာတီနဲ့ ပေါင်းစည်းပါတယ်။ Photo: #Original Photographers

ထိန်းသိမ်းရမယ့် သဘာဝ ယဥ်ကျေးမှုအမွေ

ပုဂံကို ရောက်ရင် အိုးဖုတ်တန်းကိုလည်း သွားကြမယ်။ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်ကနေရလာတဲ့ ယဥ်ကျေးမှုအမွေအနှစ်လက်ရာတွေပါ။ မကွယ်ပျောက်အောင် ထိန်းသိမ်းသင့်ပါတယ်။

ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ် ပြောင်းလဲထုတ်လုပ်ရာ တစ်နှစ်လျှင် ပိဿာချိန် ၂၅ သိန်းခန့်ထုတ်လုပ်ရောင်းချရ

ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ်ပြောင်းလဲထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစားတစ်ခုမှာ ၂၀၁၄ ခုနှစ်ကစ၍ စစ်တွေမြို့တွင် တည် ရှိနေခြင်းဖြစ်ပြီး တစ်နှစ်လျှင်ပိဿာချိန် ၂၅ သိန်းခန့် ထုတ်လုပ်ရောင်းချနေရကြောင်း မီးသွေးချောင်းထုတ်လုပ်သည့် ကုမ္ပဏီမှပြောသည်။ မြို့ပေါ်အချို့နှင့် ကျေးလက်ဒေသအများဆုံးအသုံးပြုလေ့ရှိသည့်ထင်းမီးသွေးက ၁ ပိဿာလျှင် ၇၀၀ကျပ်လောက်ရှိပြီး မီးသွေးလောင်စာမှာ ၁ ပိဿာလျှင်၂၅၀ လောကျသာရှိနေသည်။ ယင်းကြောင်း အဆိုပါမီးသွေးလောင်စာကို ဒုက္ခသည်စခန်းကူညီကယ်ဆယ်ရေးလုပ်သူများက အများဆုံးဝယ်ယူကြပြီး ထင်းမီးသွေးထက် ၂ ဆ ကျော်ခန့်လျော့ကျသော ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း ရွှေပြည့်ဖြိုး လုပ်ငန်းတည် ထောင်သူ ကိုကျော်သန်းဝင်းကပြောသည်။ ” တစ်နှစ်ကို မီးသွေးပိဿာချိန် ၂၄ သိန်း၊၂၅ သိန်းလောက် ထုတ်လုပ်ပြီးရောင်းချရတယ်။ ဝယ်တာကတော့ လျှပ်စစ်မီးမရတဲ့နယ်ဖက်တွေ ပြီးတော့ ဒုက္ခသည်စခန်းတွေမှာ သုံးကြတယ်။ ဒုက္ခသည်ကူညီရေးအဖွဲ့တွေက ကျနော့်ဆီကဝယ်ကြတာပေါ့ ဟုပြောသည်။ ရခိုင်တွင် စပါးခွံကို မီးသွေးအဖြစ်ပြောင်းလဲထုတ်လုပ်သည့်မှာပြီးခဲ့သည့်၂၀၁၄ […]

တမာနုချိန်စစ်တမ်း

အညာသားဖြစ်၍လား မသိ။ ကျွန်တော်သည် နွေဆန်းလျှင် အညာကို လွမ်းတတ်လေသည်။ အညာကို အလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ ” ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝိုးဝါးထှေးလကြျ” နေသော စပ်ကူးမပ်ကူး အချိန်ကလေး။ ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှမ်းချိန်။ ကျေးငှက်ကိုယ်စားလှယ် အဆင်ဆင်တို့၏ နှစ်ပတ်လည် ကွန်ဖရင့်။ ဂီတမိခင်က ဥသြငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။ ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲ ဆောက်နေဆဲ။ ထန်းဆော်လေက ထန်းပင်များကြားတွင် လက်ညိုညိုများကို ရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။ ရုက္ခဗေဒက ကလေးတို့ကို ဇီးသီးဝေချိန်။ […]