Author Posts

အချိုရည်နဲ့ အရက်တွေ ကို အခွန်တိုးကောက်ဖို့အတွက် WHO တောင်းဆိုပြီ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အရက်နှင့် သကြားပါသော အချိုရည်များ (SSBs) ကဲ့သို့သော ကျန်းမာရေးနှင့် မညီညွတ်သော ထုတ်ကုန်များအတွက် ကမ္ဘာလုံးဆိုင်ရာအခွန်နှုန်းထား နိမ့်ကျနေကြောင်း ဖော်ပြသည့် ဒေတာအသစ်ကို ယနေ့ ထုတ်ပြန်လိုက်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များကို လှုံ့ဆော်ရန် နိုင်ငံအများစုသည် အခွန်များကို မသုံးကြကြောင်း တွေ့ရှိချက်က မီးမောင်းထိုးပြသည်။ နိုင်ငံများကို ပံ့ပိုးကူညီရန်အတွက် WHO သည် အရက်ခွန်မူဝါဒနှင့် စီမံခန့်ခွဲရေးဆိုင်ရာ နည်းပညာလက်စွဲစာအုပ်ကိုလည်း ထုတ်ပြန်ထားသည်။ တစ်ကမ္ဘာလုံးတွင် နှစ်စဉ် အရက်သောက်ခြင်းကြောင့် လူပေါင်း ၂.၆ သန်း နှင့် ကျန်းမာရေး မညီညွတ်သော အစားအသောက်များကြောင့် ၈ သန်းကျော် သေဆုံးကြပြီး အရက်နှင့် SSBs များအပေါ် အခွန်ကို တိုးမြင့်ကောက်ခံခြင်းဖြင့် အဆိုပါ သေဆုံးမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ […]

မကြာမီ ကြုံလာနိုင်သည့် ရေရှားပါမှုပြဿနာ

မိကျောင်းမုန်တိုင်းရှိလို့ နိုင်ငံတချို့နေရာတွေမှာ မိုးတွေရွာနေသည်။ ကျွန်တော်နေထိုင်ရာ မြို့ကလေးတွင်လည်း မိုးသည် အုံ့ဆိုင်းလျက်။ သဲသဲမဲမဲရွာသွန်းခြင်းမဟုတ်ဘဲ တဖွဲဖွဲရွာလျက်ရှိသည်။ မိုးစက်တွေကို ငေးကြည့်ရင်း ကျွန်တော်သည် မကြာမီရင်ဆိုင်ရတော့မည့် ရေရှားပါးမှုပြသနာကိုတွေးမိ၊ ရင်လေးနေမိပါသည်။ ပြီးခဲ့သည့်နွေရာသီက မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားပါးသည့် ဒေသတချို့မှာ လူတွေ ရေရဖို့လေးငါးမိုင်လောက်သွားပြီး လှည်းတွေနဲ့ခပ်ကြရကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်နေသူတစ်ဦးကပြောသည်။ အရင်ကစ ရေရှားပါးခဲ့သည့်ဒေသတွေကို ထားပါဦး။ ရေရှားပါးမူမဖြစ်ပေါ်ခဲ့ဖူးသည့် ဒေသတွေမှာပါ ၂၀၁၅ ခုနှစ်နောက်ပိုင်း သိသိသာသာရေရှားပါးလာသည်ကို ကြုံတွေ့ကြရသည်။ ” အရင်တုန်းက မိုးကုန်ပြီးလို့ စိမ့်စမ်းရေဆိုတာ မခမ်းဘူးဗျ။ ခပ်လို့ရတယ်။ ခုနောက်ပိုင်းက စိမ့်စမ်းရေဆိုတာမျိုးမဟုတ်တော့ဘူး။ တူးလိုက်ရင် မြေအောက်မှာ မိုးတွင်းတုန်းက ကျန်ခဲ့တဲ့လက်ကျန်ရေသဘောလောက်ရှိတာ။ အဲ့ဒီတော့ ခန်းသွားတာပဲ” လို့ မကွေးတိုင်းထဲက ပုဂ္ဂိုလ်တစ်ဦးကပြောသည်။ ကျွန်တော်နေသော တောင်ခြေမြို့ကလေးသည်ပင် ရေရှားပါးမူနှင့်ကြုံနေရသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိပါပြီ။ အဓိကအားဖြင့် […]

COP 28 ကတော့ ပြီးသွားပြီ ၊ ဘာတွေထူးခြားသွားလဲ

၂၀၂၃ ကတော့ အပူဆုံးနှစ်တစ်နှစ်အဖြစ်နဲ့ အဆုံးသတ်တော့မှာဖြစ်သလို ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကို တာဆီးဖို့ အဖြေရှာကြတဲ့ COP 28 ရာသီဥတုဆိုင်ရာ ညီလာခံကြီးကလည်း ပြီးသွားပါပြီ ။ ဘာတွေ ထူးခြားသလဲ ဆိုတာကတော့ လက်လှမ်းမီသလောက် ဖော်ပြလိုက်ပါတယ်။ ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေကြောင့် မွန်းကျပ်နေတာကို ဖြေရှင်းဖို့အတွက် ဒူဘိုင်းမှာ လာရောက် စည်းဝေးနေစဉ်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒူဘိုင်းနဲ့ ကီလိုမီတာ ၁၅၀ လောက်ပဲ ဝေးတဲ့ အဘူဒါဘီမြို့ကို ရုရှားရေနံတွေ အရောင်းအဝယ်လုပ်ဖို့အတွက် အာရပ်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ဗုဒ္ဓဟူးနေ့က ရောက်နေပါတယ်။ ပြီးတော့ ဆော်ဒီက ရီယက်မြို့ကို သွားပြီ အိမ်ရှေ့မင်းသားနဲ့ တွေပြီး စီးပွားရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကွန်ကရစ်နှင့် ဘိလပ်မြေ ကုမ္ပဏီ ၁၀ ခုက ၎င်းတို့ရဲ့ […]

မလာကြပါနဲ့ကြောက်လို့ပါ

အမေရိကန်နိုင်ငံ တက္ကသိုလ်တစ်ခုရဲ့သုတေသနပြုချက်အရမြန်မာနိုင်ငံအနေနဲ့ကမ္ဘာပေါ်မှာရာသီဥတုအဆိုးဝါးဆုံးနိုင်ငံစာရင်းဝင်ဖြစ်နေတဲ့အပြင်ရာသီဥတုဘေးအန္တရာယ်အတွက် ပြင်ဆင်မှု အနည်းဆုံး ၁၀နိုင်ငံမှာလည်း ပါဝင်နေသတဲ့။သည်အတိုင်းဆိုရင် ၂၀၁၇ ဒီဇင်ဘာကစပြီး ၂၀၁၈ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လအထိ မြန်မာနိုင်ငံမှာ လာနီညာရာသီဥတုဖြစ်မယ်လို့ ကြိုသိထားရတော့ စိုးရိမ်ထိတ်လန့် မိတယ်။ စာရေးသူ သိမှတ်ထားတာကို အကြမ်းဖျင်းပြောရရင် အယ်လ်နီညီု ဖြစ်မယ်ဆိုရင် မတရားပူမယ်၊ လာနီညာဖြစ်ရင် အေးမယ်၊ အအေးကြာရှည်တယ်ဆိုတာပါပဲ။ ကိုယ့်နိုင်ငံရဲ့ ရာသီဥတုကလည်း အတော်ဆိုးဝါးပေတာပဲ၊ လွန်ခဲ့တဲ့ ၁၀နှစ် ၂၀၀၈လောက်က နာဂစ်ဖြစ်လိုက်တော့မှ ရာသီဥတုဆိုးမှန်း သိသိသာသာဖြစ်လာတာ။ ၂၀၀၈ မေလက နာဂစ်ဖြစ်လိုက်တယ်လေ၊ လူပေါင်းသိန်းချီသေသွားရတယ်။ ကျောချမှ ဓားပြမှန်းသိ ဆိုသလိုပဲ။ ၂၀၀၅-၂၀၀၆ လောက်ကတည်းက ရာသီဥတု ဆိုးဝါးစပြုနေပေမဲ့ အမှုမဲ့ အမှတ်မဲ့ပဲ ပိုတူလာတယ်ဆိုတာ လောက်ပဲ သိထားကြတယ်။ ၂၀၀၈ ကျတော့ အစွမ်းကုန်ဆိုးဝါးတဲ့ ရာသီဥတုက […]

ချောကလက်နဲ့ ကလေးလုပ်သားပြဿနာ ဘယ်လိုရှင်းကြမှာလဲ

ကမ္ဘာကျော် ချောကလက်ဘရန်းတွေဖြစ်တဲ့ Mars ၊ Nestle ၊ Ferrero ၊ Mondelez တို့လို ချောကလက်ချောင်းတွေကို အင်္ဂလန်အခြေစိုက် Cadbury အများပိုင်ကုမ္ပဏီ ကနေထုတ်လုပ်နေတာပါ ။ အဲ့ဒိ ကုမ္ပဏီကထုတ်တဲ့ ချောကလက်ရဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ကိုကာတွေကိုတော့ အနောက်အာဖရိကနိုင်ငံတွေကနေရတာပါ ။ မနေ့က ကုလသမဂ္ဂကိုတင်တဲ့ အစီရင်ခံစာသစ်တစ်ခုမှာ အနောက်အာဖရိကနိုင်ငံတွေက ကိုကာ စိုက်ခင်းတွေမှာ ကလေးသူငယ်တွေကို အဓမ္မခိုင်းစေနေတယ်ဆိုတာပါရှိပါတယ် ။ ကမ္ဘာ့နာမည်ကြီး ချောကလက်ဘရန်း ၈၂ ခုမှာ ၁၇ ခုက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မောက်မှားတွေ ရှိနေတယ်လို့လည်း အဲ့ဒိအစီရင်ခံစာက စွတ်စွဲထားပါတယ်။ ကိုကာစိုက်ခင်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အဓမ္မခိုင်းစေနေတာက လူအခွင့်ရေး ဆိုင်ရာ ကြီးမားတဲ့ ဖောက်ပြန်မှုကြီးဖြစ်ပါတယ်။ အဲ့ဒါကို အား‌ပေးအားမြှောက်ပြုနေတဲ့ အရင်းရှင်နိုင်ငံတွေကို ကုလသမဂ္ဂ […]

ရန်ကုန်မှာ ဆောင်းပျောက်ပြီလား

အခု ဒီဇင်ဘာ ၆ ရက် ရောက်ခဲ့ပြီ။ ဆောင်းလား မိုးလား နွေလား မသဲကွဲသေး။ ပူချင်ရင် အပူကြီး ပူပြီး မိုးရိပ် မိုးငွေ့ကလည်း ရနေတတ်သေးတယ်။ ဆောင်းလို့ ပြောနိုင်တဲ့ သက်ေတက ဘယ်မလဲ။ နှင်းလား…၊ နှင်းကော ရှိသေးရဲ့လားလို့ မေးရတော့မယ်။ နှင်းပျောက်ပြီလား၊ ဆောင်းပျောက်ပြီလား၊ အထက်ပိုင်းဒေသက သူငယ်ချင်းတွေကတော့ ပြောရှာပါတယ်။ ” ငါတို့ဆီမှာတော့ နည်းနည်း အေးပြီ” တဲ့။ ကျနော့်မှာတော့ ရန်ကုန်မှာ နေနေရတော့ အေးတယ်ဆိုတာ ဘာမှန်းမသိတော့။ အရင်ကဆိုရင် နိုဝင်ဘာဆို စအေးပါပြီ။ အနွေးထည်အသစ်လေးနဲ့ မ‌နက်စောစော လမ်းထလျှောက်ရပြီ။ ဒီဇင်ဘာဆိုရင် ဆောင်းသရုပ်က ပိုပီပြင်လာပေါ့။ ‌နေ့လယ်ခင်း ပူမယ်ဆိုရင်တောင် မနက်ပိုင်းနဲ့ ညပိုင်းဟာ ဆောင်းပီသခဲ့ပါတယ်။ ကျနော် ဒီစာကို ရေးနေချိန်မှာ […]

“သစ်တောပြုန်းတီးခြင်းအတွက် အလားအလာကောင်း(သို့မဟုတ်) ရေရှည်ထိန်းသိမ်းနိုင်တဲ့ သစ်ပင်တွေဆီမှ သစ်သား”

တစ်နှစ်မှာ ၁၅ ဘီလီယံသော အပင်တွေက ခုတ်လှဲခံနေရပါတယ်။ ကမ္ဘာ အနှံ့အပြားမှာ သစ်တော ပမာဏ နည်းလာပြီး သစ်တောပြုန်းတီးမှုဟာ ဂေဟစနစ်ကို ထိခိုက်စေ နိုင်တာပဲ ဖြစ်ပါတယ်။မိုးသစ်တော၊မုတ်သုံတောလို သစ်တောတွေ သာမက ဒီရေတော ပြုန်းတီးမှု ကလည်း အာရုံစိုက်သင့်တဲ့ ပြဿနာတစ်ခု ဖြစ်လို့ နေပါတယ်။ လူ့အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ စားပွဲ၊ထိုင်ခုံ၊ ကုတင် ၊မှန်တင်ခုံ စတာတွေသာမက ဂျပန်နိုင်ငံမှာဆိုရင် ရိုးရာ အိမ်တွေကို သစ်သားနဲ့ ဆောက်လုပ် ကြတာကြောင့် သစ်ထုတ်လုပ်မှု ပမာဏတွေ မြင့်တက်ခဲ့သလို သစ်ဈေးကွက် ကလည်း တန်ဖိုးကြီးမြင့်တဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ပါတယ်။ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးဖို့ကိုပဲ ပညာရှင်အားလုံးက အကြံပြုခဲ့ပါတယ်။ ဒီလိုပဲ ခေတ်စနစ်ရဲ့ သုတေသနတွေနဲ့ အားလုံးရဲ့ အလိုရမ္မက်တွေကို ဖြည့်ဆည်းပေး နိုင်မယ့် […]

ဘလာ ဘလာ တွေ အော်နေရုံနဲ့ ကမ္ဘာကြီး ကိုယ်ပူမကျနိုင်ဘူး

ကုလသမဂ္ဂကိုတင်တဲ့ အရေးကြီးအစီရင်ခံစာတစ်ခုမှာ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက စသိခဲ့တဲ့ ကမ္ဘာကြီးက စက်မှုခေတ်မတိုင်ခင်က အခြေအနေထက် ၁.၅ ဒီကရီစင်တီဂရိတ် ပိုပူနေတယ် ဆိုတဲ့အခြေအနေက ပြောင်းလဲမှုမရှိခဲ့ပါဘူး လို့ ဖော်ပြပါရှိပါတယ်။ ကမ္ဘာကြီးက အပူချိန်တက်နေတယ် ၊ အဲ့ဒါကို ကျဆင်းသွားအောင် ဝိုင်လုပ်ကြပါစို့ဆိုပြီး နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက သဘောတူညီမှုတွေလုပ် ၊ စာချုပ်တွေချုပ်နေကြပေမဲ့ ပြောတဲ့စကား၊ ပေးတဲ့ကတိတွေက လေထဲမှာ ပျောက်သွားသလို ၊ စာချုပ်တွေပေါ်မှာ ရေးထိုးတဲ့ စာသားတွေကလည်း စာရွက်ထဲကနေ အပြင်ကို ထွက်မလာဘူး ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလေ ဂီတာသွန်းဘာ့ဂ်ရဲ့ စကားနဲ့ပြောရရင်တော့ လူကြီးတွေက ဘလာ ဘလာတွေပဲ ပြောနေတာပါတဲ့ ။ ရေနံ၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုသည် ယခုနှစ်တွင် တစ်ဖန် မြင့်တက်လာခဲ့ပြီး […]

ဆောင်းကိုမြင်ရ ထူးလေစွ

ဆောင်းရာသီပီပီပြင်ပြင်ဖြစ်လို့မှ ရက်ပိုင်းပဲရှိသေးတယ်၊ မိကျောင်းဆိုတဲ့ မုန်တိုင်းကြောင့် ဆောင်းရာသီဥတုဟာ ပျက်ပြားသွားရပြန်ပကောလို့ လှမ်းထားတဲ့စပါးတွေကို အမြန်သိမ်းနေကြတဲ့ တောင်သူတွေကို ကြည့်ပြီးတွေးမိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း မုန်တိုင်းကြောင့် မိုးတွေကျလာလို့ တောင်သူတချို့ စပါးတွေမိုးမိကြပါတယ်။ ဆောင်းရာသီမှာ ရွာတဲ့မိုးမို့ သဲသဲမဲမဲမဟုတ်ပေမယ့် အလုပ်ရှုပ်ကြရပါတယ်။ ရာသီဥတုဖောက်ပြန်တာဆိုတာ ဒါပါလားလို့ လက်တွေ့သိရပါတယ်။ ရာသီဥတုဖောက်ပြန်တာမှာ လူတွေကို ကာယပိုင်းသာအလုပ်ရှုပ်စေတာမဟုတ်ပါဘူး။ စိတ်ခံစားမူတွေကိုပါ ကသောင်းကနင်းဖြစ်စေတာပါ။ ” ရာသီဥတုကြီးကလည်း ဘယ်လိုကြီးမှန်း မသိဘူး။ နေရတာ တမျိုးကြီး” လို့ လူတွေက ဆိုတတ်ကြပါတယ်။ ဒါဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုဖြစ်ပါတယ်။ လူတွေဟာ ရာသီဥတုအပေါ်မှာ မူတည်ပြီး စိတ်ခံစားမူတွေ ဖြစ်ပေါ်တတ်ကြပါတယ်။ သူ့ရာသီနှင့်သူ ပူတဲ့အချိန်ပူ၊ အေးတဲ့အချိန်အေး၊ မိုးရွာတဲ့အချိန် မိုးရွာနေရာကနေ ဖောက်ပြားမှုတွေကြုံ ကြရတဲ့အခါ […]

မုန်တိုင်းကြွင်းကျန်တိမ်တိုက်များကြောင့် သီးနှံဖျက်မိုးများ ရွာသွန်းလာနိုင်

မုန်တိုင်းမှ ပြတ်ထွက်လာသောတိမ်တိုက်များကြောင့် ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးအောက်ပိုင်း၊ နေပြည်တော်၊ရှမ်းပြည်နယ်မြောက် ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ နောက်၂၄ နာရီအတွင်း နေရာကွက်ကျားမှ နေရာကျဲကျဲမိုးအနည်းငယ် ဖျက်မိုးများစတင်ရွာသွန်းလာနိုင်ကြောင်း ဆရာဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)က သူ့ရဲ့ လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာကနေ အသိပေးထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ် အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးအထက်ပိုင်း၊နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့မှာ နောက်နှစ်ရက်အတွင်း နေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းလာနိုင်ကြောင်း၊ ရိမ်သိမ်းချွေလှေ့ပြုလုပ်ကြမည့် တောင်သူကြီးများအနေနဲ့ ကြိုတင်ကာကွယ် သတိထားဆောင်ရွက်ဖို့လို‌ကြောင်း သိရပါတယ်။