Author Posts

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ (၁၁)

#ယန်ဇီမြစ် (Yangtze River) ယန်ဇီမြစ် (Yangtzi) သည် အာရှတိုက်တွင် အရှည်ဆုံးမြစ်ဖြစ်ပြီး ကမ္ဘာတွင် တတိယမြောက် အရှည်ဆုံးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွင်း လုံးလုံးလျားလျားစီးဆင်းသည့် ကမ္ဘာ့အရှည်ဆုံးမြစ်လည်း ဖြစ်သည်။ တရုတ်နိုင်ငံသမိုင်းတစ်လျှောက် အရေးပါလှသော ထိုမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်တွေထဲ မြစ်တစ်စင်းဖြစ်နေသည်ကတော့ တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများအတွက်သာမက ကမ္ဘာမြေကြီးနှင့် ကမ္ဘာသူ ကမ္ဘာသားများအတွက် စိတ်မကောင်းစရာ အခြေအနေတစ်ခု ဖြစ်သည်။ သမုဒ္ဒရာအတွင်းသို့ မြစ်များမှတစ်ဆင့် ဝင်ရောက်လာသော ပလပ်စတစ် စွန့်ပစ်အမှိုက်များတွင် ယန်ဇီမြစ်မှ စီးဝင်လာသော ပလပ်စတစ် စွန့်ပစ်အမှိုက်များက အများဆုံးဖြစ်သည်။ မြစ်များမှတစ်ဆင့် သမုဒ္ဒရာအတွင်းသို့ နှစ်စဉ်ဝင်ရောင်လျက်ရှိသည့် စွန့်ပစ်ပလပ်စတစ် မက်ထရစ်တန်ချိန် ၂.၇၅ သန်းထဲတွင် ၁.၅ သန်းခန့်မှာ ယန်ဇီမြစ်မှ စီးဝင်လာခြင်း ဖြစ်သည်။ ထိုအခ်က္က သမုဒ္ဒရာတွင်းရှိ စွန့်ပစ်ပလပ်စတစ် ၅၅ ရာခိုင်းမှာ […]

သစ်တော ပြန်လည်ထူထောင်ဖို့ဆိုရင် ဒရုန်းအစေ့ချ လုပ်ငန်းက အရေးပါ

သစ်တောပြုန်းတီးမှု ရဲ့ အဓိကကျတဲ့ ကိစ္စနှစ်ရပ်ကတော့ သစ်ထုတ်လုပ်ငန်းတွေကြောင့် နဲ့ တောမီးလောင်ခြင်း ကြောင့် ဆိုပြီ ဖြစ်ပါတယ်။ လူသားကြောင့် ဖြစ်တဲ့ သစ်တောပြန်ုန်းတီးမှု နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တဲ့ သစ်တောပြုန်းတီမှုဆိုပြီး ပြောလိုရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သစ်တောတွေ နည်းလာရင် ကမ္ဘာ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ စုပုံလာမယ် ။ ကာဗွန်တွေက အပူစုတ်ထားမယ်။ အပူချိန်တက် လာတဲ့ ကမ္ဘာကြီးမှာ ရာသီဥတုဖောက်ပြန်မှု တွေဖြစ် လာမယ်။ ရာသီဥတုဖောက်ပြန်မှု က သဘာ၀ ဘေးအန္တရာယ်တွေကို ဖြစ်ပေါ်လာစေပြီး လူသားတွေကို ဒုက္ခရောက်စေမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သစ်တောတွေကို ပြန်လည်ပြုစုပျိုးထောင်တဲ့ လုပ်ငန်းက ကမ္ဘာကြီး ကို ကယ်တင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ပြီးတော့ ဟန်ချက်ပျက်သွားပြီဖြစ်တဲ့ ဂေဟစနစ်ကို […]

မြစ် ချောင်းများ အသက်ရှည် ကျန်းမာကြပါစေ

အခုတလော ကျွန်တော့် ခေါင်းထဲ မြစ် ချောင်းများအကြောင်းက မင်းမူနေခဲ့သည်။ မြစ် ချောင်းများ အကြောင်း တွေးနေမိသည်။ “မြစ် ချောင်းများ ကျန်းမာပါစေ” ဟုလည်း မကြာခဏ ဆုတောင်းနေမိသည်။ ကျွန်တော် ထိုသို့ ခံစားနေရသည်မှာ ရက်သတ္တပတ်အနည်းငယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ ခံစားနေရသလဲဆိုလျှင် ကျွန်တော့် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာထဲသို့ ရောက်လာသော ဓာတ်ပုံတစ်ပုံ ကြောင့်ပင် ဖြစ်သည်။ ယင်းဓာတ်ပုံမှာ အခြားမဟုတ်။ ကျွန်တော့် မွေးရပ်မြေမှ ချောင်းကလေး၏ ဓာတ်ပုံ ဖြစ်သည်။ ထိုချောင်းကလေးသည် ကျေးရွာ အုပ်စုကြီးနှစ်ခု၊ ကျေးရွာ ၁၀ ရွာကျော်၏ အသက်သွေးကြော ဖြစ် သည်။ ကူးသန်းရောင်းဝယ်ရေး၊ သွားလာရေးအတွက် အချက်အချာ ဖြစ်ခဲ့သည်။ ဟိုးအရင်က အကျယ်ပေ ၃၀၀၊ […]

အငှားကားကုမ္ပဏီတွေလည်း EV ကားတွေကို သိန်းနဲ့ ချီပြီး မှာနေ

အမေရိကားက အကြီးဆုံး ကားငှားတဲ့ ကုမ္ပဏီဖြစ်တဲ့ ဟာ့တ်ဇ် က ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ခရီးသွား လာမှု ပိတ်ပင်ထားတဲ့အတွက်ကြောင့် ကားငှားတဲ့ လုပ်ငန်းက ရပ်လုနီးပါးဖြစ်သွားပါတယ်။ အခု ကိုဗစ်သက် မှတ်မှုတွေ လျှော့ပေးလာပြီဖြစ်လို့ ကားအငှားလိုက်လာပြီ ဖြစ်ရာ လုပ်ငန်းတွေကို ပြန်လည်အစပျိုးဖို့အတွက် နဲ့ နောက်ပိုင်း ဆက်လက်လည်ပတ်ဖို့ ကို (EV)လို့ ခေါ်တဲ့ လျှပ်စစ်ကားတွေကို မှာယူနေပါတယ်။ ဟာ့တ်ဇ် က အနာဂတ် ကားအငှားလုပ်ငန်းမှာ အားဖြည့်ဖို့ရာအတွက် ကမ္ဘာ့သူဌေးကြီး အီလွန်မက်ရဲ့ တက်စလာကုမ္ပဏီကနေ ကားအစီးရော ၁သိန်းကျော်မှာ ယူထားပါတယ်။ “ ကျနော်တို့ ဒီလထဲမှာပဲ လျှပ်စစ်ကားတွေကို လုပ်ငန်းထဲမှာ ထည့်ပြီး လည်ပတ်ခိုင်းတော့မှာပါ။ တက်စလာရဲ့ မော်ဒယ် ၃ ကားတွေကို ဖောက်သည်တွေ သုံးခွင့်ရတော့မှာပါ။ အခုဆိုရင် […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၁၀)

#ယမုံနာမြစ်(Yamuna River) ဤမြစ်သည် ဂင်္ဂါမြစ်ပြီးလျှင် အိန္ဒိယ၏ ဒုတိယအညစ်ညမ်းဆုံးမြစ်ဖြစ်သည်။ ဟိမဝန္တာတောင်တန်းဒေသကို မြစ်ဖျားခံစီးဆင်းလာသောကြောင့် ဂုဏ်ယူဝင့်ကြွားစရာကောင်းသော်လည်း ဟိမန္တာနှင့် ဝေးကွာလာသည်နှင့်အမျှ မြစ်ရေသည်လည်း တစတစ ညစ်ညမ်းလာသည်။ အမ်ားစု ထောက်ပြကြသည်ကတော့ မြစ်ရေညစ်ညမ်းရခြင်းမှာ အိန္ဒိယအစိုးရ၏ မိလ္လာထုတ်စနစ် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု ဆိုသည်။ နယူးဒေလီလို လူဦးရေထူထပ်လွန်းသော မြို့ကြီးတွင် စနစ်တကျလည်ပတ်နေသော မိလ္လာစက်ရုံမှာ အနည်းငယ်သာရှိသည့်အတွက် အစိုးရကို ဝေဖန်သူများအား လွန်သည်ဟု မဆိုသာပေ။ ထို့အပြင် ယမုံနာမြစ် ညစ်ညမ်းရခြင်းမှာ စိုက်ပျိုးရေး ဘေးထွက်ဆိုးကျိုးများနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကလည်း အခန်းကဏ္႑တစ်ခုမှ ပါဝင်သည်။ လေ့လာမှုအသစ်တစ်ခုအရ ဒေလီရှိ ယမုံနာမြစ်သည် ‘သေဆုံးလုနီးပါး’ အခြေအနေသို့ ရောက်ရှိနေပြီး ပြန်လည်ပြုပြင်မှုများ ပြုလုပ်သည့်တိုင် မြစ်ရေသည် အဆိပ်အတောက်များ ပါဝင်နေဆဲဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်နှင့်မျှ အသုံးပြုရန် မသင့်လျော်ကြောင်း […]

အချုပ်တန်းဆရာဖေ၏ #ဆောင်းဘွဲ့

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လဲ ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။ ။ မျက်တခတ် ပြက်လျှပ်ကယ် တဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လဲ ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့ သွေးလန့်လို့ ခုန်။ ။ ယမ်းယောင်ကာ တ,လျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗ်ာဆုံတဲ့ ရာသီပဲ။ ။ ငွေနှင်းငယ်မှုန် လေညှင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ်ဘာကို ဗြဟ္မာတို့ပြုခဲ့တယ် ဆောင်းရတုပွဲ။ ။

ကမ္ဘာ့ထင်ရှားသောကျွန်းများ(ခရီးတီးကျွန်း(Crete Island))

Crete ကျွန်းသည် ဂရိနိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်ပြီး လွပေသာ ကမ်းခြေများ၊ ရင်သပ်ရှုမောဖွယ် ရှုခင်းများဖြင့် ဝန်းရံထားသော ကျွန်းတစ်ခု ဖြစ်ကာ ကမ်ဘာလှည့်ခရီးသွားများကြားတွင် ကြော်ကြားပြီး ဆြဲဆောင်မှုအပြည့်ရှိသည်။ အကယ်၍ သင်သည် ဂရိဒဏ္႑ာရီပုံပြင်များကို နှစ်သက်သဘောကျသူဖြစ်ပါက ကျွန်း၏ အမြင့်ဆုံးတောင်ဖြစ်သော Ida တောင်ကို စိတ်ဝင်စားမည်မှာ အမှန်ပင်။ Ida တောင်တွင် ဂရိနတ္ဘုရား Zeus ကို မွေးဖွားရာ လှိုဏ်ဂူရှိသည်။ ထို့အပြင် ခရီးတီးဒေသခံတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကလည်း စိတ်ဝင်စားစရာဖြစ်သည်။ Crete ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာသမဂ္ဂမှ အသိအမှတ်ပြုထားပြီး Global Center of Plant Diversity အဖြစ်သတ်မှတ်ထားကာ ကျွန်းပေါ်တွင် အပင်မျိုးစိတ်ပေါင်း ၁၈၀၀ ခန့်ရှိပြီး ယူနက်စ်ကို၏ Global Geos […]

မြန်မာ့ရေမြေထဲက ငှက်ကလေးတွေ…တဲ့

ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်မိတ်ဆက် ————————————- ရေသားပြုစုသူ.. လင်းအောင်ပြည့် ၂၀၂၁ ခုနှစ် နှစ်ဦးမှာ ဦးဦးဖျားဖျား ထူးထူးခြားခြား ထွက်ရှိလာတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ၊ စာအုပ်ထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် သိပ်ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ချိနိုင်ခဲ့ပါဘူး။ မြန်မာပြည်အတွက် တကယ်လိုတဲ့၊ တကယ်လည်း ကောင်းမွန်တဲ့စာအုပ်လေးမို့ ရောင်ခြည်သစ်စာပေကနေ ရောင်းချပေးဖို့ စီစဥ်ခဲ့တာဖြစ်ပါတယ်။ အုပ်ရေ အတော်များများမှာယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ရေမြေထဲက ငှက်အမျိုးပေါင်း ၆၀ ကျော်ကို လွန်ခဲ့ ၆ နှစ် ၇ နှစ်လောက်ကတည်းက ကိုယ်တိုင်မှတ်တမ်းတင်၊ ငှက်တွေရဲ့ ဓလေ့စရိုက်သဘာဝကို ကိုယ်တိုင်လေ့လာပြီး စာအုပ်တစ်အုပ်လုံးကို art paper တွေန့ချည်း သပ်သပ်ရပ်ရပ်လှလှပပ ဝေဝေဆာဆာ ထုတ်ဝေလိုက်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ ငှက်ဓာတ်ပုံတွေနဲ့ ငှက်တွေရဲ့ဓလေ့စရိုက် သဘာဝတွေကို ယှဥ်တွဲ ဖော်ပြထားပြီး […]

နယူဂျာဆီမှာ ပလက်စတစ်ကို စပြီး ဂျောဖြတ်ဖို့ လုပ်နေပြီ

အမေရိကန်အစိုးရက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက် ပလက်စတစ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး လျှော့ချဖို့အတွက် ညွှန်ကြားချက်တွေပေး တော့ နယူးဂျာဆီပြည်နယ်က ပထမဦး ဆုံး အနေနဲ့ ပလက်စတစ်မသုံးစွဲရေး လှုတ်ရှားမှုအဖြစ် အအေးပိုက်တွေ ကို ပိတ်သိမ်းဖို့ စတင်ခဲ့ပါတယ်။ စားသောက်ဆိုင်တွေ ၊ ကော်ဖီဆိုင်တွေ နဲ့ စားသောက်ကုန် လုပ်ငန်းတိုင်း နဲ့ စတိုး ဆိုင်တွေမှာ စားသောက်သူက အရေးပေါ် မတောင်းဆိုမချင်း ပလက်စတစ်အအေးပိုက်တွေကို မထုတ်ပေးရဘူးလို့ ပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။ ပလက်စတစ် အအေးပိုက်တွေနေရာမှာ အစားထိုးတဲ့ လုပ်ငန်းတွေ တွင်ကျယ်လာပြီး ဆိုရင် ပလက်စတစ် ကုန်ပစ္စည်းတွေကို တစ်မျိုးချင်း အလိုက် ပိတ်သိမ်းမှုတွေ လုပ်သွားမယ်လိုကလည်း ပြည်နယ်အစိုးရ က ဆိုပါတယ်။ ၂၀၂၂ မေလကို နောက်ဆုံးထားပြီး အရေးမကြီးတဲ့ ပလက်စတစ်အိပ် […]