Author Posts

ငယ်ငယ်က အော်ဂင်းနစ်သီးနှံတွေကိုသာ လွမ်း

ကျနော်ငယ်ငယ်က ကျနော်တို့ဒေသအခေါ် အင်ဒိုင်းတောထဲမှာ ကျနော့်အဒေါ်ကြီးနဲ့အတူ ခရမ်းချဥ်ခင်းလေး စိုက်ပျိုးခဲ့ဖူးတာကို ခုထိ အမှတ်ရနေတယ်။ ခရမ်းချဥ်ခင်လေးက ပေနှစ်ဆယ်၊ ပေလေးဆယ်လောက်တော့ရှိမှာပါ။ ဒီခင်ရမ်းချဥ်ခင်းလေးစိုက်စဥ်က ကျနော်ဆယ်နှစ်သားပဲရှိသေးတယ်။ အခင်းလေးကို အရိပ်တကြည့်ကြည့်ပေါ့။ ခရမ်းချဥ်ပင်ကနေ သီးကင်းတွေထွက်လာတော့ ပျော်လိုက်တာ။ ဒီအခင်းလေးထဲကို ကျနော်တို့ ဓာတ်မြေသြဇာမပြောနဲ့ ရိုးရိုးနွားချီးတောင် မထည့်ခဲ့ပါဘူး။ ပြောသာပြောရ အဲ့ဒီအချိန်တုန်းက မြေဆီလွှာပျက်စီးမှုဆိုတာ ကြားတောင်မကြားဖူးသေးပါ။ အခင်းကိုပေါင်းထိုးပေးရတာကလွဲရင် ဘာမှလုပ်စရာမလိုပါ။ ခရမ်းချဥ်သီးတွေကြီးလာတော့ နေ့တိုင်းသွားသွားကိုင်ကြည့်ပါတယ်။ စားလို့ရပြီလားပေါ့။ တစ်ရက်တော့ သုပ်စားလို့ရလောက်မယ့် ခရမ်းချဥ်သီးဆယ်လုံးနီးပါး အခင်းထဲကနေရှာလို့ရပါတယ်။ ညနေအိမ်ရောက်ရောက်ချင်းသုပ်ပြီး ညစာစားကြပါတယ်။ ဒီခရမ်းချဥ်သီးသုပ်ရဲ့အရသာကို ကျတော် အခုထိမမေ့နိုင်ပါ။ နှစ်ပေါင်းသုံးဆယ်ကြာတဲ့အထိပါပဲ။ ဒီနှစ်ခရမ်းချဥ်သီးတွေပေါ်တော့ ဒီလိုအရသာမျိုး နည်းနည်းမှရရဆိုပြီး ပေါ်ဦးပေါ်ဖျား စျေးကိုခဏခဏသွားရှာဝယ်သုပ်စားဖြစ်တယ်။ ဘယ်ကလာရပါတော့မလဲ။ ပြီးခဲ့တဲ့အပတ်က ကျတော်ဝမ်းချုပ်တော့ အမေက သင်္ဘောသီးစားလိုက်ဆိုပြီးပြောပါတယ်။ သင်္ဘောသီးက အမေစျေးကဝယ်လာတဲ့ ထိုင်ဝမ်သီးလို့ခေါ်ကြတဲ့ […]

အစိမ်းရောင်စီးပွားရေး ကြားကာလကို မပြောင်းနိုင်ရင် တောင်ကိုရီးယား စီးပွား‌ရေးပြိုလဲသွားလိမ့်မယ်

တောင်ကိုရီးယားမှာက ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ သိပ်မရှိဘူး ဖြစ်နေပါတယ် ။ လူသားတွေရင်ဆိုင်နေရတဲ့ ရာသီဥတုပြဿနာက အရေးပေါ် ငွေကုန်ခံပြီး လုပ်စရာမလိုသေးဘူးလို့လည်း ထင်မြင်ယူဆ နေကြဆဲ ဖြစ်ပါတယ် ။ တောင်ကိုရီးယားမှာက အလုပ်လက်မဲ့နဲ့ မွေးနှုန်းကျဆင်နေတာကိုပဲ အရေးပေါ်ပြဿနာလို့ ထင်နေကြပါတယ် ။ Seoul National University’s Graduate School of Environmental Studies မှ ပါမောက္ခ Hong Jong-ho က ရာသီဥတုပြောင်းလဲမှုက စီးပွားရေးအကျပ်အတည်း ကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကိုရီယန်တိုင်းမ် သတင်းစာ နဲ့ အင်တာဗျူးမှာ အခိုင်အမာပြောသွားပါတယ် ။ The Korea Times ။ ။ ကဲ ၊ ခေါင်းစဉ်နဲ့ လိုက်ဖက်မယ့် အကြောင်းအရာလေးနဲ့ […]

ကိုလိုနီခေတ် သစ်တောထဲက သစ်ပင်တစ်ပင်ခုတ် ခွင့်

သစ်တောထဲက သစ်ပင်တစ်ပင်ကို ခုတ်ခွင့်ဘယ်သူ့ခွင့်ပြုချက်လိုပါသလဲ။ သစ်ပင်တစ်ပင်ခုတ်လို့ရပြီလို့ ဘယ်သူက သတ်မှတ်ပေးပါသလဲ။ ခုခေတ်တော့ ဘယ်လိုလုပ်ကြသလဲမသိပါ။ ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင်တော့ ကိုလိုနီခေတ် သစ်ပင်ခုတ်ယူ ခွင့်သတ်မှတ်ပုံကို စိတ်ဝင်စားဖွယ်တွေ့ရပါသည်။ ဆရာကြီးသည် ၁၉၁၇ ခုနှစ်ကျော်လောက်က ထီးချိုင့်မြို့နယ်၊ မြတောင်ရွာမှာ သစ်တောအကောက်ဝန်ထောက်လုပ်နေသည့် သူ့သူငယ်ချင်း ကိုဝင့်မော်ထံအလည်အပတ်သွားခဲ့ပါသည်။ ထိုသို့အလည်အပတ်သွားရင်း သူ့သူငယ်ချင်း ကိုဝင့်မော်နှင့်အတူ သစ်တောကြီးထဲ သစ်သင်းလိုက်သွားခဲ့သည်။ သစ်သင်းသည်ဆိုသည်မှာ ကျွန်းပင်ကြီးများကို အပင်လုံးပတ် ပတ်ခြာလှည့် ခွန်နဲ့ခုတ်ပြီး အပင်ကို သင်းသတ်ပေးရခြင်း ဖြစ်သည်။ တောထဲရှိကျွန်းပင်များအနက်မှ ဥပဒေစည်းကမ်းနဲ့ညီသော ကျွန်းပင်များကို ဝန်ထောက်ကိုဝင့်မော်နှင့် တောအုပ်၊တောခေါင်းများက သတ်မှတ် ပေးကြရသည်။ ပထမဦးစွာ ဥပဒေစည်းကမ်းနဲ့ညီသော အပင်များကို တောအုပ်၊တောခေါင်းများက ရွေးချယ်ပြီး အကောက်ဝန်ထောက် ကိုဝင့်မော်ကို ခေါ်ပြရသည်။ ဝန်ထောက်ကိုဝင့်မော်ကဥပဒေစည်းကမ်းနဲ့ညီသည်ဟု သတ်မှတ်ကာ လက်မှတ်ထိုးပြီးမှ ထိုအပင်ကို […]

စက်ဘီး မစီးရင် စပိန်သားတွေ ပိုက်ဆံပြန်လျော် ဆိုပြီး အီးယူ ခိုင်း

Ref: EURONEWSစပိန်နိုင်ငံက မြို့ငယ်တွေနဲ့ မြို့ကြီးတော်တော်များများက အုပ်ချုပ်ရေးအဖွဲ့တွေက မြို့တွင်းမှာ စက်ဘီးလမ်းတွေ လုပ် ပြီး စက်ဘီးစီးကြဖို့အတွက် အားသုံး လုပ်ဆောင်နေပါတယ်။ ဒီနှစ်ထဲမှာစက်ဘီးလမ်းတွေ လူသွားလမ်းတွေကို အပြီး မလုပ်နိုင်ပါ ၂၀၂၄ အီးယူ ထောက်ပံ့ကြေး ဆုံးရှုံးရနိုင်ဖွယ်ရာ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက EU သည် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင်နှင့် ရေရှည်တည်တံ့သော တိုးတက်မှုအတွက် အဖွဲ့ဝင်နိုင်ငံများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ လူသွားလူလာများသောနေရာများ၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသောဇုန်များနှင့် စက်ဘီးလမ်းများ ဖန်တီးခြင်းကဲ့သို့သော အစိမ်းရောင် ရွေ့လျားသွားလာမှုတွင် ယူရိုသန်းပေါင်းများစွာကို မြှုပ်နှံထားပါတယ်။ သို့သော် စပိန်ရှိ မြို့တော်ကောင်စီအများအပြားသည် ရေရှည်တည်တံ့သော အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် နှေးကွေးနေခဲ့ပါတယ်။ ဒီနှစ်တော့ EU ပြန်လည်ထူထောင်ရေး၊ အသွင်ပြောင်းရေးနှင့် ခံနိုင်ရည်ရှိရေး ရန်ပုံငွေများ လက်ခံရရှိထားသော […]

သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေး ပညာပေးဆိုတာ ဘာလဲ

သဘာဝပတ်၀န်းကျင်ထိန်းသိမ်းရေး ပညာပေး သည် လူတစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စူးစမ်းလေ့လာရန်၊ ပြဿနာဖြေရှင်းခြင်းတွင် ပါဝင်လုပ်ဆောင်ရန်နှင့် ပတ်ဝန်းကျင်တိုးတက် ကောင်းမွန်လာ စေရန် လုပ်ဆောင်နိုင်စေမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ရလဒ်အနေဖြင့် တစ်ဦးချင်းစီသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ နားလည် သဘောပေါက်လာပြီး အသိဥာဏ်နှင့် တာဝန်ယူမှုရှိသော ဆုံးဖြတ်ချက်များချနိုင်သည့် အရည်အချင်းများ ပိုင်ဆိုင်လာမည်ဖြစ်သည်။ ပတ်ဝန်းကျင်ပညာရေး၏ အစိတ်အပိုင်းများမှာ- ပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို သိရှိနားလည်မှုနှင့် အာရုံခံစားနိုင်မှု ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အသိပညာနှင့် နားလည်ခြင်း။ ပတ်ဝန်းကျင်ကို အလေးထားသော သဘောထားများနှင့် ပတ်ဝန်းကျင် အရည်အသွေးကို မြှင့်တင်ရန် သို့မဟုတ် ထိန်းသိမ်းရန် လှုံ့ဆော်မှု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖော်ထုတ်ကူညီဖြေရှင်းရန် ကျွမ်းကျင်မှုများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် ဦးတည်သော […]

၂၀၂၃ မှာ အပင်နဲ့ အကောင် မျိုးစိတ်သစ် ထောင်နဲ့ချီပြီး တွေ့ရှိခဲ့

သိပ္ပံပညာရှင်တွေက အပင်နဲ့ အကောင် မျိုးစိတ်သစ်တွေကို ဆက်လက်ရှာဖွေနေရာ ၂၀၂၃ တုန်းက မျိုးစိတ်သစ် ထောင်နဲ့ချီပြီး တွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒိအထဲမှာ အချို့သော မျိုးစိတ်တွေက လူတွေမသိလိုက်ရဘဲနဲ့ မျိုးသုဉ်းပျောက်ကွယ်သွားတာတွေလည်း ရှိနေပါတယ် ။ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဇီဝမျိုးကွဲများစွာက အကျပ်အတည်းနဲ့ရင်ဆိုင်နေရပေမဲ့ ၂၀၂၃ မှာတော့ ဗြိတိန်သဘာဝသမိုင်းပြတိုက်က မျိုးစိတ်သစ် ၈၁၅ မျိုး စံချိန်တင် စုဆောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်ုပ်တို့မသိသေးတဲ့ အရာကို ကာကွယ်နိုင်စွမ်းမရှိသည့်အပြင် မျိုးစိတ်သစ်များကို ဖော်ပြခြင်းသည် သဘာဝကမ္ဘာအနှံ့ရှိ ဇီဝမျိုးစုံမျိုးကွဲများ ကျဆင်းလာမှုကို ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြောင်းပြန်လှန်ခြင်း တွင် အလုပ်များစွာကို အထောက်အပံဖြစ်စေသည့် အဓိကကျသော ရှုထောင့်တစ်ရပ်ဖြစ်သည်” ဟု ပြတိုက်က ရေးသားထားပါတယ်။ ဗြိတိန်သဘာဝသမိုင်းပြတိုက်အဆိုအရ ၂၀၂၃ ခုနှစ်က နကျယ်ကောင်နှစ်လို့ပြောရမှာဖြစ်ပြီး နကျယ်မျိုးစိတ် ၆၁၉ […]

အနူမြူဗဟုသုတ

ဒီစာအုပ်ကတော့ ဆရာ ဦးခင်လေး ဘာသာပြန်ဆိုထားတဲ့ အနုမြူ အခြေ ခံသဘောတရား ၊ ဖြစ်တည်မှု ၊ ပေါက်ကွဲ ခြင်း ၊ သေးငယ်သော အနုမြူမှ ကြီးသော အနုမြူ သို့ပြောင်းလဲ ပုံနဲ့ လူအများအတွက် ပို၍ လျှပ်စစ်ဓာတ်အားအသုံးချနိုင်ရေးအတွက် အနုမြူစွမ်းဆောင်ချက်တွေကို အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် အကြောင်း စိတ်ဝင်စားသူတွေအနေနဲ့ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၆၅ ခုနှစ် တွင် ဒုတိယအကြိမ် အဖြစ် ထုတ်ဝေခဲ့ ပြီး စာမျက်နှာ ၃၂၀ ပါဝင်ပါတယ်။ စာအုပ်သက်တမ်းကကြာနေပြီဖြစ်လို့ ဝယ်ယူရရှိနိုင်ဖို့တော့ မသေချာပါဘူး။

ဆောင်းရာသီမှာ အမေးများလာသော အအေးလှိုင်း အကြောင်း

အအေးလှိုင်းဆိုတာဘာလဲ? အအေးလှိုင်းတစ်ခု သို့မဟုတ် နက်နဲသောအေးခဲမှု ဟုလူသိများသော အအေးလှိုင်းသည် ကြီးမားသော ဧရိယာတစ်ဝိုက်တွင် လေအေးများ သို့မဟုတ် အလွန်အေးသောလေများ ကျူးကျော်ဝင်ရောက်ခြင်းပါ၀င်သည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းကို ဒေသတစ်ခု၏ ပျမ်းမျှအောက် ကျဆင်းသွားသောအပူချိန်ဖြင့် မှတ်သားထားသည်။ ၂၄ နာရီကာလအတွင်း အပူချိန် လျင်မြန်စွာကျဆင်းသွားခြင်း အအေးဓာတ်ကို တစ်နိုင်ငံလုံး ပျမ်းမျှအပူချိန် 20F (7C) အောက်တွင် ကျဆင်းနေခြင်းဟု သတ်မှတ်သည်။ သီအိုရီ မသိသူများနှင့်မိုးလေဝသအခြေခံပညာရပ် များ သင်ယူထားခြင်းမရှိသူများသည် ပုံမှန်ဆောင်း ရာသီ အေးခြင်းကိုပင်အအေးလှိုင်းဟု ထင်မှတ် နိုင်ပါသည်။ အအေးလှိုင်းသည် လေအေးဖြင့် ခွဲခြားထားသည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်သည်။ အထူးသဖြင့် အမေရိကန်သည် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေးလုပ်ငန်းများ တွင် သိသိသာသာ တိုးမြှင့်ကာကွယ်မှုများ ပြုလုပ် တတ်ကြသည် ။ […]

ပြည့်ဖြိုးမြဲ စွမ်းအင် နောက်မလိုက်ရင် အရှေ့တောင်အာရှနိုင်ငံတွေ ဂိသွားနိုင်လား

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အားမကိုးဘဲ ရုပ်ကြွင်းလောင်စာတွေကိုသာ ဆက်သုံးနေမယ်ဆိုရင် အရှေ့တောင်အာရှ နိုင်ငံတွေ ရေရှည်မှာ ဂိသွားဖို့အလားအလာရှိနေပါတယ် ။ ဘာလို့လဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုကို ရပ်တန့်အောင်လုပ်ဖို့အတွက် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက စိတ်အားထက်သန်မှု အားနည်းနေတာ ကြောင့်ပါပဲ။ ရှည်လျားလွန်းတဲ့ ကမ်းရိုးတန်းတွေရှိနေတာတွေနဲ့ မြစ်ဝကျွန်းပေါ်မြေနိမ့်ပိုင်းဒေသတွေ များတာက ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေမြင့်တက်လာမယ်ဆိုရင်တော့ ထိခိုက်မှု အဆိုးဝါးဆုံး ဒဏ်ကိုခံရနိုင်တော့မှာ ဖြစ်ပါတယ် ။ လူဦးရေ သန်း၆၀၀ ကျော်ကို ဦးတည်လာတဲ့ သဘာဝဘေးအန္တရာယ်ကို တားဆီးဖို့က ရုပ်ကြွင်းလောင်စာကို ဖြတ်နိုင်မှ ဖြစ်မှာပါ ။ ရုပ်ကြွင်းလောင်စာ သုံးလို့ ကမ္ဘာကြီးပူနွေးလာချိန်မှာ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မဟာဗျူဟာကျကျ ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဖို့အတွက် လိုအပ်နေပါပြီ ။ ကမာ္ဘကြီးပူနွေးလာမှုကို ရပ်တန့်နိုင်မယ်ဆိုရင်တောင် ဒီရာစုနှစ်အကုန်မှာ အရှေ့တောင်အာရှနိုင်ငံတွေက နှစ်စဉ် ဂျီဒီပီ ၁၁ […]

လေရဟတ်တွေကို သစ်သားနဲ့ စမ်းလုပ်နေပြီ

လေရဟတ် တာဘိုင်တွေက အစိမ်းရောင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဖို့အတွက် အရမ်းကို အားကိုးရတဲ့ လုပ်ငန်းစည်တစ်ခုဖြစ်ပါတယ် ။ လေတိုက်နှုန်းပုံမှန်နီးပါးရှိတဲ့ ဒေသတွေမှာ လေရဟတ်တွေထက်ပိုကောင်းတဲ့ လျှပ်စစ်ထုတ်ယူနိုင်တဲ့ ပစ္စည်း မရှိသေးပါဘူး ။ ဒါပေမဲ့ လေရဟတ်တွေလုပ်ဖို့အတွက် အကြီးစားသံမဏိလုပ်ငန်းတွေက ကာဗွန်ထုတ်လုပ်မှု များနေတဲ့အတွက် လေအားလျှပ်စစ် လုပ်ငန်းက ကာဗွန်မထွက်ဘူး ဆိုတဲ့ အစိမ်းရောင်ထိန်းသိမ်းရေး လုပ်ငန်းနဲ့ လားလား ဆန့်ကျင်နေပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ ဆွီဒင်နိုင်ငံက ပညာရှင်တွေက သစ်သားနဲ့လေရဟတ်တာဘိုင်တွေလုပ်ဖို့အတွက် တီထွင်မှုက စလုပ်နေပါတယ် ။ ကာဗွန်လုံးဝမထွက်တဲ့ လေအားလျှပ်စစ်စီမံကိန်းကို စပြီး တပ်ဆင်ဖို့လုပ်နေပါတယ် ။ ဆွီဒင်နိုင်ငံအနောက်တောင်ပိုင်း ဂိုသမ်ဘာဂ်မြို့နားမှာ အဲ့ဒိသစ်သားလေရဟတ်ကို စတင်စမ်းသက် တပ်ဆင်နေပါတယ် ။ မီတာ ၁၅၀ မြင့်တဲ့ အဲ့ဒိလေရဟတ်ကို ပြီးခဲ့တဲ့ အပတ်က တပ်ဆင်ပြီးသွားလို့ စမ်းသက်လည်ပတ်စေရာ ၂ မီဂါဝပ်ထွက်ပြီး […]