Author Posts

စပိန်မှာ ရေဘယ်လောက်တောင်ခမ်းလည်းဆိုတော့ ရေမြုပ်နေတဲ့ ဘုရားကျောင်းတောင် ပေါ်

စပိန်မှာမိုးခေါင်ရေရှားဖြစ်ရပ် ဖြစ်ပေါ်ခဲ့တဲ့အတွက်ကြောင့် လွန်ခဲ့တဲ့ နှစ်၆၀ က ရေကာတာတစ်ခုထဲမှာ မြုပ်သွားတဲ့ ၁၁ ရာစုနှစ်က တည်ဆောက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းတစ်ကျောင်းက ကုန်ပေါ်မှာ အထင်အရှားကို တွေ့လာရလို့ ခရီးသွားတွေအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်၆၀က ဘာစီလိုနာမြို့ကို သောက်သုံးရေထောက်ပံ့ရန် အတွက် Sant Romà de Sau ရွာနားမှာ Sau ရေကာတာ တစ်ခုကိုတည်ဆောက်ခဲ့ပါတယ် ။ ရေလှောင်ကန်ကြောင့် အထပ် ၃ ထပ်နဲ့ မျှော်စင်တစ်ခုပါတဲ့ ဘုရားကျောင်း တစ်ခုက ရေအောက်ကို နှစ်မြုပ်သွားပါတယ် ။ ဆည်ထဲမှာ ရေအပြည့်ရှိတဲ့အချိန်မှာ အဲ့ဒိ ဘုရားကျောင်းရဲ့ မျှော်စင်ထိပ်ကိုတောင် မမြင်ရပါဘူး ။ အခုတော့ ဘုရားကျောင်းက ခြောက်သွေ့နေတဲ့ မြေပြင်ပေါ်မှာ အခိုင်အမာရပ်တည်နေပြီး ခရီးသွားတွေ လာလည်လို့ရအောင် […]

ဥတုရာသီတည်ငြိမ်ရေး

ဒီစာအုပ်ကတော့ တက္ကသိုလ် တင်လကျာ် ရေးသားထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ခြင်းဆိုင်ရာ အကြောင်းအရာတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ဖတ်ရှုသင့်ပြီး ဗဟုသုတများစွာ ရရှိစေမှာဖြစ်ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ချင်တယ်ဆိုရင် မိမိကိုယ်တိုင်လည်း ပါဝင် ဆောင်ရွက် ဖို့လိုကြောင်း အသိပေးထားပါတယ်။ သစ်တောပညာရှင် ကမ္ဘာမြေချစ်သူ ဦးအုန်းအပါအဝင် သစ်တောပညာရှင်တွေက အမှာစာ ရေးပေးထားပါတယ်။ ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၁၄၈ ပါဝင်ပါတယ်။ စာအုပ်ကတော့ စာအုပ်အဟောင်းဆိုင်တွေမှာ တခါတရံတွေ့ရတတ်ပါသေးတယ်။

ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရင် အခွန် တစ်ဝက်လျှော့ပေးမယ်လို့ အီဂျစ်ပါလီမန် ဆုံးဖြတ်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအစီအစဉ်တစ်ရပ်အနေနဲ့ မနေ့ ( အင်္ဂါနေ့ )က အီဂျစ်ပါလီမန်မှာ လွှတ်တော် အမတ်တွေက သန့်စင်တဲ့ အစိမ်းရောင်စွမ်အင်တစ်မျိုးဖြစ်တဲ့ ဟိုက်ဒရိုဂျင်စွမ်အင်ကိုသုံးတဲ့ ကုမ္ပဏီတွေကို အခွန် တစ်ဝက်ကျော် လျှော့ပေါ့ကောက်ခံမယ့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီး သဘောတူ ထောက်ခံလိုက်ကြ ပါတယ်။ အဲ့ဒိဥပဒေကြမ်းကို သမ္မတ ကနေ သဘောတူလက်မှတ်ထိုးပေးလိုက်ပါက အတည်ဖြစ်သွားမှာပါ ။ ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီများအနေနဲ့ ရုပ်ကြွင်းလောင်စာအစား ဟိုက်ဒရိုဂျင်စွမ်းအင်ပြောင်းလဲသုံးနိုင်ရန်အတွက် နောက်ထပ်ရင်းနှီးမြုတ်နှံမှုများ ပြုလုပ်ရန် လိုသည့်အတွက် အစိုးရအနေနဲ့ အခွန်လျှော့ပေါ့ကောက်ခံပြီး လုပ်ငန်းများကို အကာအကွယ်ပေးတာပဲ ဖြစ်ပါတယ် ။ ပြီးခဲ့သည့်မေလကတည်းက ကဲဘိနတ်က အဲ့ဒိဥပဒေကြမ်းကို အတည်ပြုပေးခဲ့ပါတယ်။ အောက်လွှတ်တော်မှာ ထပ်မံစီစစ်ပြီး အတည်ပြုလိုက်တာပါ ။ ကုမ္ပဏီတွေအနေနဲ့ စီမံကိန်း တစ်ခုချင်းစီအလိုက် ဟိုက်ဒရိုဂျင် စွမ်းအင်သုံးစွဲပါက ၃၅ % […]

ဖေဖော်ဝါရီနဲ့ မတ်လမှာ အားအကောင်းဆုံးဖြစ်လာနိုင်တဲ့ ၂၀၂၄ အယ်လ်နီညို

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အယ်လ်နီညိုသည် အားအကောင်းဆုံးအခြေအနေသို့ရောက်ရှိနေကြောင်း၊ အယ်လ်နီညိုဖြစ်ပေါ်မှုအားဆန့်ကျင်သည့် အိန္ဒိယသမုဒ္ဒရာမှ အိုင်အိုဒီဖြစ်စဉ်သည် အားလျော့လာနေပြီး ဖေဖော်ဝါရီလအတွင်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနိုင်မည်လို့ ကြိုတင်ခန့်မှန်းရေး model များ၊ အမေရိကန်အခြေစိုက်-အမျိုးသားမိုးလေဝသဌာန(NOAA – National Weather Service)နဲ့ ဩစတေးလျမိုးလေဝသဌာနထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ အယ်လ်နီညိုက ဘယ်အချိန်ကာလအထိ ဆက်ဖြစ်နိုင်မလဲ? လက်ရှိအချိန်မှာ Madden -Jullian Oscillation(MJO)က ဆက်လက်အသက်ဝင်နေကာ၊ အိန္ဒိယသမုဒ္ဒရာရဲ့ အိုင်အိုဒီ(Positive Indian Ocean Dipole) ကလည်း ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရဲ့ အထက်လေထုလွှာများအတွင်း အနောက်လေစီးကြောင်းတိုက်ခတ်တဲ့ ဧရိယာသည် ကျယ်ပြန့်အားကောင်းနေပါတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမှာတော့ အထက်လေထုလွှာများအတွင်းက အရှေ့လေစီးကြောင်းအားကောင်းလာပြီး ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ မုတ်သုံကာလ-မုန်တိုင်းရာသီစတင်ဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာတော့ နောက်လာမဲ့ ရက်ပေါင်း ၄၀ ကျော်(ဖေဖော်ဝါရီလအကုန်-မတ်လအတွင်း)နေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာတော့မှာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အယ်လ်နီညိုက ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ […]

အလည်ရောက်လာတဲ့ဆောင်း

” ဒါမျိုးအေးတာများ အေးစမ်းပါစေ” လို့ ဆရာကြီးတစ်ဦးကဆိုပါတယ်။ ကျနော်တို့လို တောင်တန်းတွေဝိုင်းနေတဲ့ လွင်ပြင်ကလေးဟာ ဒီဇင်ဘာလကုန်ပိုင်းလောက်မှစပြီး အအေးစဝင်တာပါ။ ခုဇန်နဝါရီလထဲကြမှ သိသိသာသာအေးလာတာ။ ဆောင်းနဲ့တူအောင်အေးလာတာပါ။ ဒီလိုအေးလာတာဟာ အအေးလှိုင်းဖြတ်လို့မို့ ဆိုပြီး မိုးလေဝသဌာနတွေကို ကိုးကားပြီး လူတွေကပြောကြတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ အအေးပိုမယ်လို့ မိုးလေဝသထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။ ဒါဟာတကယ်တော့ ကျနော်တို့ ငယ်ငယ်က ပုံမှန်အေးနေကြဆောင်းအအေးဓာတ်လောက်သာရှိတာပါရယ်။ ဒါပေမယ့် ဆောင်းရာသီအအေးဓာတ်နဲ့မတွေ့ရတာကြတဲ့ လူတွေဟာ အပူကန်ပြီးလည်ချောင်းနာတဲ့သူတွေကနာကြ။ တချို့ကလေးတွေကတော့ တစ်ရက်ကို ထမင်းငါးခါစားတာမဝနိုင်ဘူးဆိုလို့ ပြုံးရသေးတယ်။ ရာသီဥတုကအေးတော့ ခန္ဓာကိုယ်ကအပူဓာတ်ထုတ်ရတဲ့အခါ အစာချေအားကောင်းတာကိုး။ ချင်းတောင်ပေါ်မှာတော့ နှင်းဖွေးဖွေးတွေ တွေ့နေရပြီလို့ ပြောပါတယ်။ဆောင်းရာသီချင်းတောင်ပေါ်ကိုသွားရင် ထမင်းသိပ်စားနိုင်ကြတာပါ။ မြေပြန့်မှာ တစ်ပန်းကန်ကုန်အောင်စားတဲ့သူက တောင်ပေါ်ရောက်ရင် နှစ်ပန်းကန်ကုန်ပါတယ်။ ဟင်းဆိုးဆိုး၊ကောင်းကောင်း ဘာဟင်းနဲ့ဖြစ်ဖြစ် တောင်ပေါ်မှာဆို သိပ်စားလို့ကောင်းပါတယ်။ အစာမကျေတာဆိုတာမျိုးလည်းမရှိ။ […]

ရေသန့်ဘူးတွေထဲမှာ ပလက်စတစ်အမှုန်တွေ အများကြီးပါဝင်နေတယ်ဆိုပဲ

အမေရိကားက သိပ္ပံပညာရှင်တွေက သူတို့လေ့လာမှုအရ အမေရိကားမှာရောင်းချနေတဲ့ တစ်လီတာ‌ရေသန့်ဘူး တွေမှာ ပလက်စတစ်အမှုန်တွေ ရာနဲ့ချီပြီး ပါဝင်နေတာရယ် ၊ အဲ့ဒိထဲက ၉၀ ရာခိုင်နှုန်းက လူသားတွေရဲ့ သွေးကြောထဲကို ဝင်ရောက်သွားတယ်ဆိုတာကို တွေ့ရှိခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။ အဲ့တော့ ပလက်စတစ်ဘူးတွေ ၊ ပလက်စတစ်အိတ်တွေနဲ့ စားသောက်ကုန်တွေကို ထုတ်ပိုးပြီး စားသောက် နေရင်တော့ အနာဂတ်ကျန်းမာရေးမှာ စိုးရိမ်စရာတွေ ဖြစ်လာနိုင်တော့မှာပါ။ ပုံမှန်တစ်လီတာ (၃၃ အောင်စ) ရေဘူးတစ်ဘူးတွင် ပလတ်စတစ်အပိုင်းအစ ၂၄၀,၀၀၀ ခန့်ပါဝင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။ အဆိုပါ အပိုင်းအစများထဲမှ အများအပြားက ရောဂါသမိုင်းကြောင်း ကို ရှာလို့မရတဲ့ ပလတ်စတစ်ညစ်ညမ်းမှုနှင့် ဆက်နွှယ်နေပါတယ်။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ မဖော်ထုတ် နိုင်လောက်တဲ့ ရောဂါတွေရဲ့ ကနဦးအစပဲလို့ သိပ္ပံပညာရှင်တွေက အတည်ပြုလိုက်ပါတယ် ။ […]

”ချောင်းလေးမှာမျက်ရည်စတွေနဲ့”

ဇူလိုင်လ ၏ တနင်္ဂနွေနံနက်ခင်း ကမိုးလေးဖွဲဖွဲကျ နေသည် ။ နံနက်ခင်းမှ စ၍ ရွာသည့်မိုးဖွဲ ‌လေးများမဟုတ်။ ညကတည်းက ရွာ နေသော စွေမိုး ကလေးဖြစ်သည်။ ရွှံထူထူ လမ်းမများသည်ပျစ်ချွဲ၍နေပေတော့မည်။ အလားတူ ကျွန်ုပ်၏က လေး လေးများလည်း စောင်ခြုံထဲ ကွေးနေ ရော့မည်ထင်၏။ ကျွန်ုပ်တို့‌ရွာကလေး‌‌တွင် တနင်္ဂနွေနေ့တိုင်း ကျေးရွာသန့်ရှင်းရေးအတွက် ပလတ်စတစ်များ ကောက်ကြသည် ။ ပြီးလျှင်မီးရှို့ကြသည်။ထိုအလုပ်ကို လုပ်ကိုင်ကြသူများမှာ အသက်ဆယ်နှစ်နှင့် ဆယ်နှစ်အောက် ကျွန်တော့်ကလေးလေးများဖြစ်ပါသည်။ အပတ်စဉ်တနင်္ဂနွေတိုင်း ပြုမြဲဝတ်တစ်ခုနှယ်ဖြစ်‌နေ‌သော်လည်း သည်တနင်္ဂနွေကိုမူ သူတို့လာမည်မထင် ။ မိုးသည် စွေလွန်း နေသည်ကို ။ ကျွန် တော့်အတွေးမဆုံးလိုက်ပေ။ အိမ်ရှေ့လမ်းမထက်မှ ဆူဆူညံညံအသံများ ၊ကလေးတို့ဘာသာဘာဝ စိတ်ကူးတွေ့ရာဆိုလာ သော ကဗျာများ ၊သီချင်းသံများကိုကြားရတော့၏။ လာကြပေပြီ။ ထီးကလေးများဆောင်းသူဆောင်း၊မိုးကာတွေ […]

လူတွေလုပ်လို့ မျိုးသုဉ်းသွားတဲ့ ငှက်မျိုးစိတ် ၁၄၀၀ ရှိသွားပြီလို့ ဆို

ယူကေဂေဟဗေဒနှင့် ဇလဗေဒဗဟိုဌာန (UKCEH) ရဲ့အဆိုအရ လူသားတွေလုပ်လို့ မျိုးသုဉ်းသွားတဲ့ ငှက်မျိုးစိတ်က ၁၄၀၀ ရှိတယ်လို့သိရပါတယ်။ အဲ့ဒိပမာဏက ငှက်လောက တစ်ခုလုံး ရဲ့ ၁၂ % ရှိပါတယ်။ သိပ္ပံပညာရှင်တွေအရင်က ထင်ထားခဲ့တာ မျိုးစိတ် ၅၀၀ ကျော်လောက်ပဲလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း သုတေသနလုပ်တော့ ထောင်နဲ့ ချီနေတာကို တွေ့ခဲ့ရပါတယ်။ ပျောက်ဆုံးသွားတာကလည်း အရင်တုန်းက ပျောက်တာက ၃ % လောက်ပဲ ရှိပြီး ခေတ်သစ်လူ့သမိုင်းမှာတော့ ကျန်တဲ့ ၉% လောက်မျိုး ပျောက်သွားတာပါ ။ အဓိကကတော့ တောပြုန်းခြင်းကြောင့်ဖြစ်ပြီး အမဲလိုက််ခြင်း နဲ့ ကျူးကျော်မျိုးစိတ်များကြောင့် ပျောက်ဆုံးသွားရတာလည်းပါပါတယ် ။ နောက်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ရွှေ့ပြောင်းနေထိုင်ရင်းကနေ အုပ်လိုက်ပျောက်ဆုံးပြီး မျိုးသုဉ်းသွားတာလည်း ပါပါတယ် ။ ပြဿနာက […]

အအေးပို‌နေတဲ့ ဥရောပက နော့ဒစ်နိုင်ငံတွေ

လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်းများထူထပ်စွာ တိုက်ခတ်မှုကြောင့် နော်ဒစ်နိုင်ငံများတွင် ကြာသပတေးနေ့က လူထောင်ပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ယာဉ်မောင်းအများအပြားမှာ အန္တရာယ်ရှိသော အဝေးပြေး လမ်းမကြီးများပေါ်တွင် ပိတ်မိနေခဲ့သည်။ ဖင်လန်နှင့် ဆွီဒင်တို့သည် ယခုသီတင်းပတ်အစောပိုင်းတွင် အပူချိန် -၄၀ ဒီဂရီစင်တီဂရိတ်အောက်တွင် စံချိန်တင်ခဲ့ပြီး အအေးဆုံး ဆောင်းရာသီ ဖြစ်ခဲ့ပြီး ကျောင်းများပိတ်ခဲ့ရကာ ခရီးသွားလာမှု အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အာတိတ်ဒေသအတွင်း ကျရောက်နေသော ဆွီဒင်နိုင်ငံ၏ အချို့ဒေသများတွင် အပူချိန် -၃၈ ဒီဂရီစင်တီဂရိတ် အထိ ကျဆင်းသွားသည့်အတွက် ကြာသပတေးနေ့တွင် အိမ်ခြေ ၄ထောင် ခန့် အမှောင်ထဲတွင် နေခဲ့ရကြောင်း ဆွီဒင် အများပြည်သူ ရေဒီယိုမှ ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နေ့က အပူချိန် သည် -၄၃.၆ ဒီဂရီစင်တီဂရိတ်သို့ကျဆင်းသွားခဲ့ပြီး ဆွီဒင်တွင် ၂၅ နှစ်အတွင်း အနိမ့်ဆုံး ဇန်နဝါရီအပူချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ […]

ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၂)

(၃ ) ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ရာသီဥတု ဖောက်ပြန်မှုက ဖိအားတစ်ရပ်ဖြစ်ပေါ်နေ ပါရီသဘောတူညီချက် မတိုင်မီက ရာသီဥတုပြောင်းလဲမှုသည် ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ ကြားတွင် အရေးပါသောအကြောင်းအရာတစ်ခုမဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ ယခုအခါတွင်တော့ အဲ့ဒါက ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပါပြီ ။ ယခုအခါ ကော်ပိုရေးရှင်းများစွာသည် ၎င်းတို့၏ ရာသီဥတုဆိုင်ရာ အကျိုးသက်ရောက်မှုများကို အစီရင်ခံတင်ပြရကြပြီး၊ အချို့မှာမူ ထိုသို့လုပ်ဆောင်ရန် တရားဝင်ပင် တာဝန်ရှိလာနေပြီဖြစ်ပါတယ် ။ စီးပွာရေးလုပ်ငန်းတွေက ရာသီဥတုဖောက်ပြန်မှုကို ကာကွယ်တဲ့ အစီအမံတွေ မလုပ်ဘူး ဆိုရင် လူကြိုက်နည်းလာပါတယ်။ အစိမ်းရောင်စီးပွားရေးဖြစ်ဖို့အတွက် ဆန်းသစ် တီထွင်မှုတွေက သမားရိုးကျ စီးပွားရေးလုပ်ငန်းတွေ ထက်ပိုးပြီး လူကြိုက်များလာတာကို တွေ့လာရပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများ အတွက်ဆိုရင် ရာသီဥတုဆိုင်ရာ အစီအမံတွေက အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်နေပါတယ် ။ […]