Author Posts

ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ အင်္ဂလန်သားတွေ အနိုင်ရရှိ

နိုဝင်ဘာလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲမှာ အင်္ဂလန်သားတွေ အနိုင်ရရှိသွားတယ်လို့ သတင်းရပါတယ်။ ဂျပန်၊ အမေရိကန်၊ သြစတြေးလျနဲ့ ပြင်သစ်စတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ပါဝင်သူများက မိနစ် ၉၀ အတွင်း အမှိုက်အများဆုံး ကောက်ယူခြင်းဖြင့် ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ ‘Spogomi World Cup’ ပြိုင်ပွဲ ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အသိပညာများ မြှင့်တင်ရန်နဲ့ အထူးသဖြင့် သမုဒ္ဒရာထဲသို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန် ဖြစ်ပါတယ် ။ ကမ္ဘာကြီးက ၁၉၅၀ လောက်ကတည်းက ပလတ်စတစ်တန်ချိန် ၈.၃ ဘီလီယံကျော်ကို ထုတ်လုပ်ခဲ့ပြီး အများစုမှာ မိုက်ခရို နဲ့ နာနို ပလက်စတစ် များအဖြစ်သိုပြောင်းသွားကာ ရေစီးကြောင်းများ၊ […]

အစ္စရေး- ဟားမတ်စစ်ပွဲ နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု

အောက်တိုဘာလထဲမှာ အစ္စရေးစစ်တပ်က ဂါဇာရှိ Jabaliya ဒုက္ခသည်စခန်းကို ပေါင် ၂၀၀၀ ဗုံး တွေနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်လိုက်ပါတယ် ။ The New York Times ၏ စုံစမ်းစစ်ဆေးမှုအရ အဲ့ဒိဗုံးတွေက အစ္စရေးနိုင်ငံရဲ့ လက်နက်တိုက်ထဲမှာ ဒုတိယအကြီးဆုံးနဲ့ ဖျက်ဆီးမှု အပြင်းဆုံး ဗုံးများဖြစ်တဲ့အတွက်ကြောင့် ဗုံးတစ်လုံးကျတိုင်း ပေ ၄၀လောက်ကျယ်သော ဂလိုဏ်တွေ ဖြစ်ပြီး မြေပြင်ပေါ်မှာ ကျောက်ပေါက်ရာတွေလို အပေါက်တွေ ထားခဲ့ကာ ရာနှင့်ချီတဲ့ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ် ။ အစ္စရေး-ဟားမတ်စ် ပဋိပက္ခ စတင်ပြီး နှစ်လနီးပါးအတွင်း အစ္စရေးက ဒုံးကျည်များသာမက အဖြူရောင် ဖော့စဖရပ်စ်ကို အသုံးပြုကာ ဂါဇာကမ်းမြောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Human Rights Watch က ဆိုပါတယ် ။ […]

ရာသီဥတုပြောင်းလဲမှုအရေး ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအရေး နှင့်ပတ်သက်ပြီး ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေ မနည်းပါလားဆိုတာ ၂၀၂၃ ခုနစ်အတွက် BBC ကထုတ်ပြန်တဲ့ ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ စာရင်းကိုကြည့်မိတော့ သိရတယ်။ ထူးချွန်ထင်ရှား အမျိုးသမီးတရာထဲမှာ ရာသီဥတိုပြောင်းလဲမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နေတဲ့ အမျိုးသမီး ၂၈ ဦးတောင်ပါဝင်တာတွေ့ရတယ်။ ဒီဆောင်းပါးမှာတော့ သူတို့ထဲက သုံးဦးအကြောင်းကို ဖောက်သယ်ချသွားမှာ ဖြစ်ပါတယ်။ ဝမ်ဂျီရာ မက်သိုင်း ဝန်ဂျီရာမက်သိုင်းဟာ ကင်ညာနိုင်ငံက ၂၀၀၄ ခုနှစ် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဝမ်ဂါရီမက်သိုင်းရဲ့ သမီးဖြစ်ပါတယ်။ သူ့အမေဟာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုနဲ့ နိုဗယ်ဆုရခဲ့တာပါ။ ဝန်ဂျီရာ မက်သိုင်းဟာလည်း သူ့အမေခြေရာနင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမျိုးသမီးတွေ သစ်ပင်စိုက်ပျိုးမှု မြှင့်တင်ရေးတွေကို ဦးဆောင်နေသူပါ။ သူ့အမေတည်ထောင်ခဲ့တဲ့ Green Belt လှုပ်ရှားမှုကို ဆက်လက်ဦးဆောင်နေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရင်းမြစ်များ […]

ကမ္ဘာကျော်ပေမယ့် မြန်မာ မကျော်တဲ့ မြန်မာ့သိပ္ပံပညာရှင် ဆရာကြီး ဦးဘမော်

ဆရာဦးဘမော်ဟာ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှာ တာ၀န်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ပုံတောင်ဂျီဟားလို့ ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း၄၀က လူသားရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း မေးရိုးကို စတင် ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှု အပါအ၀င် ဆရာ့ရဲ့ အခြားသော ရှာဖွေတွေ့ရှိမှုတွေကလည်း အနောက်တိုင်းသား ပညာရှင်များရဲ့ သီအိုရီအချို့မှာ ပြတ်နေတဲ့ ကွင်းဆက်တွေကို ဖြည့်ပေးနိုင်ခဲ့တာကို ရှိသလို အချို့သီအိုရီတွေကိုတော့ ပြောင်းပြန် လှန်ပစ်နိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဆရာဦးဘမော် မုံရွာခရိုင်၊ ကြာပိုင်ရွာမှာ ကိုလိုနီ-ဂျပန်ခေတ်များအတွင်း လယ်သမားမိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး မုံရွာမြို့မှာ အထက်တန်းပညာ သင်ကြားပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက် မန္တလေးတက္ကသိုလ်မှာ နှစ်နှစ်ပညာသင်ပြီးတဲ့နောက် ဘူမိဗေဒပညာရပ်ကို သင်ကြားပေးမယ့်သူ မရှိတာမို့ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့ပညာသင်ကြားခဲ့ပါတယ်။ ၁၉၆၀ခုနှစ်မှာ B.Sc. ဘွဲ့ရခဲ့ပြီး ၁၉၆၈ခုနှစ်မှာ M.Sc. ဘွဲ့ […]

ချောင်းနံဘေးက ရွာကလေး

ဤ ရွာကလေးကို အပေါ်စီးမှ ကြည့်လျှင် ကျောက်ပျဉ်တစ်ချပ်လို မြင်ရမည်မှာမလွဲပါ။အနောက်ရိုးမ တောင်တန်းပေါ်မှာ တည်ထားသော ဤရွာကလေးကို ဥက္ကံချောင်းက မြွေတစ်ကောင်လို ရစ်ခွေစီးဆင်းကာ ပတ်ခွေထားသည်။ဤ ရွာကလေးနှင့်အခြားရွာကလေးသို့ ကြိုးတံတား တစ်ခုနှင့်ဆက်သွယ်ထားသည်။ထိုကြိုးတံတားသည် အကာအရံမရှိ။ဆိုင်ကယ်တစ်စီး သွားသာရုံ အကျယ်အဝန်းသာရှိသည်။ကြိုးတံတား တည်ဆောက်ထားသည်က မကြာသေး။ကြိုးတံတား မတည်ဆောက်ခင်တုန်းက ဝါးဖောင်ဖြင့် သာ ဖြတ်ကူးကြရသည်။ရေစီးအင်မတန် သန်သဖြင့် ဟိုဘက်ကမ်း ဒီဘက်ကမ်းကို သွယ်ထားသော ကြိုးကို ဝါးဖောင်ပေါ်မှဆွဲကာ ဖြတ်ကူးကြရသည်။ကြိုးဆွဲမတက်လျှင် ဝါးဖောင်မှ တစောင်းဖြစ်ကာ တိမ်းမှောက်သွားတတ်သည်။ ကျွန်တော် ကျောင်းဆရာ တာဝန်ဖြင့် ဤရွာကလေးကို စကျတော့ ကြိုးတံတား ကို ဖြတ်ရင်း ကျွန်တော်တွေးမိသည်။ကျွန်တော်တို့ နဝမတန်းတုန်းက မြန်မာစာမှာ သင်ခဲ့ရသည့် ဆရာဘုတလင်ချစ်‌လေးရဲ့ ချောင်းကလေး ကဗျာကို သတိရနေမိခဲ့သည်။ဤရွာကလေးမှ ရွာသူရွာသားများကလည်း ဆရာ့ ကဗျာထဲကလို သည်ချောင်းက […]

အင်္ဂလန်မှာ လူကို ကူးနိုင်တဲ့ ဝက်တုတ်ကွေး မျိုးသစ်ပေါ်နေ

အင်္ဂလန်ကျန်းမာရေးလုံခြုံမှု အေဂျင်စီရဲ့ အဆိုအရ အင်္ဂလိပ် အမျိုးသားတစ်ယောက် အဖျားကြီးလို့ ဆေးရုံလာတင်ရာက သွေးစစ်ကြည့်တဲ့နေရာမှာ လူကိုကူးနိုင်တဲ့ ဝက်တုတ်ကွေး အမျိုးသစ်တစ်ခုကို တွေ့ခဲ့ရပါတယ်လို့ သိလိုက်ရပါတယ်။ Influenza A (H1N2)v သည် UK ရှိ ဝက်များတွင် လက်ရှိပျံ့နှံ့နေသော ဗိုင်းရပ်စ်များနှင့် ဆင်တူသော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ဗိုင်းရပ်စ်ပိုးနှင့် ကွဲပြားနေပါတယ်။ ဒီတုပ်ကွေးရောဂါရှိသူဟာ အပျော့စားဖျားနာမှုကို ခံစားရပြီးနောက်မှာတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း UK Health Security Agency (UKHSA) မှ ပြောကြားခဲ့ပါတယ်။ အဲ့ဒိအမှုပတ်သက်ပြီး ပုံမှန်တုပ်ကွေးစောင့်ကြည့်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တွေ့ရှိခဲ့ရပေမဲ့ ကူးစက်မှု၏ ရင်းမြစ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ် ။ Influenza အမျိုးအစား A ဗိုင်းရပ်စ်များသည် တိရစ္ဆာန် မျိုးစိတ် များစွာတွင် တွေ့ရှိရသလို […]

ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ မုန်တိုင်းဝင်ရောက်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိလာ

နိုဝင်ဘာလ ၂၆ ရက် ညနေ ၄ နာရီခွဲမှာ၊ GFS နဲ့ ECMWF (ENSEMBLE TRACKS – model အုပ်စုတူအတွင်းမှ ဖြစ်နိုင်ချေအများဆုံးခန့်မှန်းလမ်းကြောင်း)တွေ တူလာတာတွေ့ရပါတယ်။ ECMWF က ၂၄ နာရီ မှ ၄၈ နာရီခန့် နောက်ကျနေတာတခုပဲ ရှိပါတယ်။ MIDHILI တုန်းကလဲ ECMWF ကုန်းတွင်းဝင်ချိန်နဲ့ လမ်းကြောင်းခန့်မှန်းချက်က အခုလိုပဲ နောက်ကျပါတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ – မုန်တိုင်းဖြစ်နိုင်ချေ၊ ခန့်မှန်းလမ်းကြောင်းအတိုင်းရွေ့လျားနိုင်ချေတွေက ၈၀% လောက်အထိ သေချာမှုရှိလာတာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မုန်တိုင်းဝင်နိုင်ချေ ၈၀% အထိ ရှိလာပြီလို့ ပြောချင်တာပါ။ ========== နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန်းမှန်းတင်ပြထားတာ […]

၂၀၂၁ တုန်းက လေထုညစ်ညမ်းမှုကြောင့် ဥရောပမှာ လူ ၂သိန်းခွဲကျော် သေခဲ့ရတယ်လို့ ဆို

ဥရောပ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ ( EEA ) ရဲ့ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ၂၀၂၁ တုန်းက ဥရောပမှာ လေထုညစ်ညမ်းမှုကြောင့် သေဆုံးခဲ့ရတယ် လူ ၂သိန်းခွဲ ကျော်တယ်လို့ သိရပါတယ်။ ကားအိတ်ဇောတွေနဲ့ ကျောက်မီးသွေးသုံး ဓာတ်အား‌‌ပေးစက်ရုံတွေကနေ ထွက်လာတဲ့ အမှုန်တွေက လေထုတွေထဲကို အများအပြားရောက်လာရင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေဖြစ်တတ်ပါတယ်။ အဲ့ဒိအမှုန်တွေ လေထုထဲမှာ ဘယ်လောက်ရှိတယ်ဆိုတာကို PM လို့ခေါ်တဲ့ ယူနစ်နဲ့ တိုင်းတာပါတယ်။ PM ၂.၅ ကိုရောက်သွားပြီဆိုရင် လေထုက မသန့်စင်တော့ပါဘူး ။ အဲ့ဒိပမာဏအထက်မှာ ရှိတဲ့ လေထုက လူတွေကို လေပြွန်ယောင်ရောဂါ ၊ ရင်ကျပ်ရောဂါနဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။ “နောက်ဆုံး EEA ခန့်မှန်းချက်အရ၊ ၂၀၂၁ ခုနှစ်က […]

သီရီလင်္ကာ သြ ဂဲနစ်စိုက်ပျိုးရေးနောက်ကွယ်က ရှုပ်ထွေး သော အကြာင်း တရားများ

Time မဂ္ဂဇင်း ဆောင်းပါးရှင် CHAD DE GUZMAN ၏( The Crisis in Sri Lanka Rekindles Debate Over Organic Farming) ဆောင်းပါး ( July 13, 2022) မှ သူ၏ အာ ဘော်ကို ကိုးကားရေးသားပါသည်.။… သီရိလင်္ကာ မှာ လယ်ယာသုံး ဓာတ်မြေသြဇာ များနဲ့ သွင်းကုန် ပိတ်ပင်မှု တွေကြောင့် စီးပွါးရေးအကျပ်အတည်း ဖြစ်ခဲ့ပါတယ် ။ ဒါကိုဆန့်ကျင်သည့် လယ်သမားများက ကန့်ကွက်ဆန္ဒပြကြသော်လည်း သြဂဲနစ် စိုက်ပျိုး ရေး ကြောင့်ရယ်လို့တော့ လက်ညိုးမထိုးခဲ့ကြပါ..။ သီရီလင်္ကာ မှာ ပြည်သူများက သြဂဲနစ် စိုက်ပျိုးရေး ကိုအမြဲတစေ ထောက်ခံ မှု ရှိခဲ့ကြပါတယ်..။ […]

ရွှေဘတောင်

ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင် နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင် ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ ရွှေဘတောင် နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထားရမယ့် ရွှေဘတောင် မုံရွာတစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်း ဖိုဝင်တောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေး တော်တော်သွားရတယ်။ အံသြရပါပေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့ အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်း ဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။ ရှေးဟောင်းကျောက်ထွင်း […]