Author Posts

ပြောင်းလဲနေသော ရာသီဥတု

ဒီစာအုပ်ကတော့ ဆရာ မောင်တင်ဦး (ရုက္ခ) ဘာသာပြန်ဆိုထားတဲ့ ရာသီဥတုပြောင်းလဲ ခြင်းဆိုတာဘာလဲ ၊ ရာသီဥတုပြောင်းလဲ လာစေတဲ့ အကြောင်း အရင်းတွေ၊ ကိုယ်တိုင်ဖြေရှင်းနိုင်မယ့် အရာတွေ ၊ ရာသီဥတုပြောင်းလဲ မှုအပေါ် အစိုးရတွေရဲ့ ဖြေရှင်းချက် တွေနဲ့ ရာသီဥတု ပြောင်းလဲလာခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း ကို စုံစုံလင်လင် ဖတ်ရှုရမယ့် ဗဟုသုတများစွာရရှိစေမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၁၈ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ကတော့ ရှာလို့ရမရ မသိပါဘူး။ လေ့လာလိုသူ‌တွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့တော့ အကြံပြုချင်ပါတယ်။

အိမ်မွေးကြက်ဥတွေ မစားဖို့အတွက် ပြင်သစ်အစိုးရ သတိပေးပြီ

ပြင်သစ်နိုင်ငံမှာ လူနေထူထပ်တဲ့ ဒေသကြီး ၁၈ ခုရှိပါတယ်။ အဲ့ဒိဒေသကလူတွေကို အိမ်မွေးကြက်ဥတွေ မစားဖို့ အတွက် ပြင်သစ်အစိုးရ ကျန်းမာရေးအာဏါပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ် ။ အကြောင်းကတော့ အဲ့ဒိဒေသတွေက မြေကြီးတွေမှာ ထာဝရဓာတုပစ္စည်းတွေ အများကြီးဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ ။ ထာဝရဓာတုပစ္စည်းဆိုတာ အစာချေလမ်းကြောင်းမှာ မကျေပျက်ဘဲ သွေးကြောထဲအထိရောက်သွားနိုင်တဲ့ ဓာတုပစ္စည်တွေလို့ အကြမ်းဖျဉ်း ခေါ်ကြတာပါ ။ လေ့လာမှုအသစ်တစ်ခုက မြေကြီးများနဲ့ကြက်ဥ ၊ဘဲဥ များတွင် ထာဝရဓာတုပစ္စည်းများနှင့် အဆိပ် အတောက် များ ညစ်ညမ်းနေကြောင်း အတည်ပြုပြီးနောက် အဲ့ဒိသတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒေသအချို့ အတွက် ကြိုတင်ကာကွယ်မှုသတိပေးချက်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံးထွက်ပေါ် လာခဲ့သည်။ ပဏာမစုံစမ်းစစ်ဆေးပြီးနောက် ၎င်းကို ၂၀၂၃ မေလတွင် ဒေသတစ်ခုလုံးသို့ တိုးချဲ့ပြီးသတိပေချက်ထုတ်ပြန် ခဲ့ပါတယ်။အဆိုပါလေ့လာမှု၏ရလဒ်များကို အတည်ပြုပြီး […]

ကမ္ဘာ့ကာဗွန်တွေ စုပ်ယူပေးတဲ့ ဆိုက်ဘေးရီးယား နွံတောကြီး

ရုရှားနိုင်ငံမှာရှိတဲ့ Great Vasyugan ရွှံ့နွံတောကြီးဟာ ဆွစ်ဇာလန်နိုင်ငံထက် အရွယ်အစား ပိုကြီးပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ မျှမျှတတဖြစ်အောင် ထိန်းညှိပေးတဲ့နေရာမှာ သစ်တောကြီးတွေလိုပဲ နွံတောတွေရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါလှပါတယ်။ ခုတော့ တောမီးတွေ ပိုပြီး လောင်ကျွမ်းလာတာကြောင့်ရော လူ့လုပ်ရပ်ကြောင့် ကမ္ဘာကြီး ပိုပြီးပူနွေးလာတဲ့ အခြားအချက်တွေကြောင့်ပါ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ သိုလှောင်ပေးထားတဲ့ နွံတောတွေ ပျက်စီးမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ အေပီသတင်းကို အခြေခံပြီး နန်းလောင်ဝ် တင်ပြထားပါတယ်။ ကမ္ဘာ့မြောက်ခြမ်းဒေသမှာ အရွယ်အစား အကြီးဆုံးဖြစ်တဲ့ The Great Vasyugan နွံတောကြီးဟာ မိုင်ပေါင်း ၃၂,၉၃၂ မိုင် ပတ်လည်အကျယ်ရှိပြီး ဆွစ်ဇာလန်နိုင်ငံထက်တောင် ပိုကြီးပါတယ်။ Siberia ဒေသ အနောက်ပိုင်းနယ်မြေ ၄၀ ရာခိုင်နှုန်းလောက်ကို နေရာယူထားတဲ့ ဒီလို […]

ကဲ! COP 28 ကတော့စပြီ ဘာတွေ ဖြစ်လာမှာလဲ

နိုဝင်ဘာ ၃၀ ရက်နေ့မှာ COP 28 ကို ဒူဘိုင်းမှာ စပြီးကျင်းပပါတယ် ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံခေါင်းဆောင်တော်တော်များများနဲ့ အသင်းအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက် ကြပါတယ် ။ အဲ့ဒိ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံကြီးမှာ ဘာတွေ ဆွေးနွေး ကြမလဲဆိုတာကိုတော့ တင်ဆက်ပေးသွားမှာဖြစ်ပေမဲ့ လက်ရှိကမာ္ဘကြီးရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုပြေလျှော့သွားနိုင်မလား ဆိုတာကို စာဖတ်သူတွေကြိုတင်စဉ်စားနိုင်ဖို့ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ Global Methane Pledge ( ကမ္ဘာလုံးဆိုင်ရာ မီသိန်းထုတ်လွှတ်မှု ) ကို ၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ကတည်းက၊ လက်မှတ်ရေးထိုးတဲ့ နိုင်ငံအများအပြားမှ ထုတ်လွှတ်သော မီသိန်းပမာဏကို အလုံးစုံ လျှော့ချနိုင် ခြင်း မရှိသေးပေ။ ရာသီဥတုနည်းပညာကုမ္ပဏီ Kayrros က နိုင်ငံများသည် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၃၀ […]

သဘာဝပတ်ဝန်းကျင် ဆယ်လီ အလိုရှိသည်

ဆိုရှယ်မီဒီယာတွေ ထွန်းကားလာပြီး နောက်ပိုင်း celebrity လို့ ခေါ်တဲ့ လူသိများထင်ရှားသူတွေလည်း မှိုလိုပေါက်လာခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဆယ်လီတွေများစွာရှိကြပါတယ်။ ဂီတ၊ ရုပ်ရှင်ဘက်တွင်သာမက Tik Tok ဆယ်လီတွေလည်း အများကြီးရှိနေပါတယ်။ သူ့နေရာနယ်ပယ်လိုက် ဆယ်လီတွေ အားလုံးကိုပင် မသိနိုင်အောင်ထိ များပြားတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် ကျနော်တို့ဆီမှာ မရှိတာက သဘာပတ်ဝန်းကျင်နှင့်ပတ်သက်တဲ့ ဆယ်လီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို စွမ်းစွမ်းတမံ လှုံဆော် ဆောင်ရွက်မယ့် ဆယ်လီဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ ဒေယွန်းလီဆိုတဲ့အမျိုးသမီးဟာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုတိုက်ဖျက်ရေးမှာ ဦးဆောင်သူပါ။ သဘာဝပတ်ဝန်းကျင် ဆယ်လီတစ်ဦးပါ။သူမဟာ ကမ္ဘာတလွှားက K pop ဖန်တွေကိုစုစည်းထားတဲ့ K pop 4 planet ဆိုတဲ့ အဖွဲ့အစည်းကို ဦးဆောင်ပြီး သဘာပတ်ဝန်းကျင် အသိပညာပေးမှုတွေလုပ်ဆောင်နေသူဖြစ်ပါတယ်။ […]

ရန်ကုန်ဆောင်း

ညတုန်းက လျှော်ပြီး လှမ်းထားတဲ့ အဝတ်ဟာ မနက်ကျတော့ ခြောက်နေပြီ။ မနက်ခင်းကိုယ်တိုင်က အိုက်လွန်းလို့ဆိုပြီး ကိုယ်တုံးလုံးကြီး ချွတ်လို့။ နှင်းကို မမြင်ဖူးတဲ့ မုန်ညင်းပင်လေးတွေဟာ စျေးကနေ အိမ်ရောက်ရင် ညှုိးဖို့ပဲ သိတယ်။ ဆောင်းအကြောင်း စာစီစာကုံး ရေးတတ်ဖို့ သားကို ရေခဲသေတ္တာထဲ ဝင်ထိုင်ခိုင်းရမလို ဖြစ်နေပြီ။ အရင်တုန်းက နှင်းပဲ ပျောက်တာ အခုတော့ ဆောင်းပါ ပျောက်သွားပြီ။ ။ စိုးနောင်(မုံရွာ)

တောင်ထိပ်ပေါ်က လက်ဆေးကန်

ကန်နာမည်က လက်ဆေးကန်တဲ့။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာရှိတာပါ။ ကလေးခရိုင်နှင့် မောလိုက်ခရိုင် နယ်နိမိတ်အစပ်မှာ တည်ရှိပါတယ်။ ကလေး – တမူး ကားလမ်းမကြီးကနေ ချိုးသွားပြီး ဆယ်မိုင်ကျော်က အမြင့်ပေ သုံးထောင်ကျော် တောင်ထိပ်က ရေကန်တစ်ခု။ လက်ဆေးကန်တဲ့။ မြတ်စွာဘုရားရှင်သက် တော်ထင်ရှားကြွလာစဥ်က ဆွမ်းဘုန်းပေးပြီး လက်ဆေးခဲ့တဲ့ ကန်မို့ လက်ဆေးကန်တဲ့။ မြတ်စွာဘုရား မြန်မာနိုင်ငံကို ကြွဖူးတဲ့ ကျမ်းဂန်အထောက်အထားမရှိဘူးလို့ ဆရာတော်ကြီးတွေ မိန့်ကြားဖူးပေမယ့် ဒေသခံတွေက ဒီလိုယုံကြည်ကြပါတယ်။ မြတ်စွာ ဘုရားတကယ် ကြွခဲ့၊ မကြွခဲ့ ပြောဖို့ခက် တာမို့ ရှေးအတိတ်ကိုထားပြီး လွန်ခဲ့တဲ့ ဆယ်နှစ်က လက်ဆေးကန်ကိုပဲ သွားကြပါစို့။ လက်ဆေးကန်ကိုရောက်ဖို့ တောင်ပေါ်ကိုတက်ရတယ်။ ကျနော်တို့တွေ လက်ဆေးကန်ကိုသွားတုန်းက ကားလမ်းဟာ မြေသားလမ်းဖြစ်ပါတယ်။ မြေသားကားလမ်းအတိုင်း ကျနော်တို့ဟာ အဖွဲ့လိုက် ခြေလျင်တက်ကြပါတယ်။ လမ်းတလျောက်မှာ […]

နတ်သမီးပုံပြင်ထဲက ရေညှိအိုင် ( သို့မဟုတ်) ရိုမေးနီးယားက ရတနာတစ်ပါး

ရိုမေးနီးယားနိုင်ငံက ရေညှိအိုင် လို့ခေါ်တဲ့ တောအုပ်ထဲကိုရောက်သွားရင် ထူးဆန်းပြီးလှို့ဝှက်ဆန်းကျယ်တဲ့ နေရာကို ရောက်သွားသလိုခံစားလိုက်ရပါမယ် ။ စိမ့်တောထဲမှာ ရှိတဲ့ ရေအိုင်တွေက အချို့ဆိုရင် ပေ ၃၀ ကျော်နက်တဲ့အထိ ရှိနေပါတယ် ။ အပင်တွေသိပ်သည်းစွာပေါက်ရောက်နေပါတယ် ။ တောထဲကမြေပြင်တွေ ကျောက်ဆောက်တွေ အားလုံးနီးပါး ရေညှိပင်တွေ ထူထူထဲထဲ ပေါက်ရောက်နေတယ်။ အဲ့လိုပဲ သစ်ပင်ကြီးတွေ အားလုံးလည်းရေညှိပင်တွေ ပေါက်ပြီး တစ်တောလုံး စိမ်းနေပါတယ် ။ အဲ့လို စိမ်းနေတာကိုက ထူးဆန်း အံ့အားသင့်စရာတွေ ဖြစ်လာပါတယ် ။ နတ်သမီးပုံပြင်တွေထဲက တောတွေနဲ့သွားတူနေပါတယ်။ သဘာဝက ဖန်တီးပေးထားတဲ့ လှို့ဝှက်ဆန်ကြယ်မှုဖြစ်နေပါတယ် ။ ရေချိုစိမ့်တောတွေက တစ်နှစ်ပတ်လုံး ရေချိုတွေပြည့်နေတဲ့ ရတနာတစ်ပါးပါပဲ ။ အဲ့ဒိ သစ်တောများကို အဓိကအားဖြင့် ရာသီဥတုအမျိုးအစားအလိုက် ကျယ်ပြန့်သော ဒေသများစွာရှိ […]

“”အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါး/ပုစွန်မွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်နိုင်မှုများကို ကြိုတင်ကာကွယ်ခြင်း”

EL Nino- Southern Oscillation(ENSO)အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် အီကွေတာရပ်ဝန်း ပစိဖိတ်သမုဒ္ဒရာရှိပင်လယ်ရေပြင်အပူရှိန်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ယင်းနှင့် ဆက်စပ်နေသော လေထုနှင့် ရေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ်သမုဒ္ဒရာဝန်းကျင် ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသော ဒေသများ၏ မိုးလေဝသအခြေအနေ သက်ရောက်သည့်ဖြစ်စဥ်ကို ခေါ်သည်။ ၂၀၂၃ ခုနှစ် နွေရာသီကို အပူဆုံးနှစ်အဖြစ် နာဆာမှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များက မှတ်တမ်းတင်ထားကြောင်း သိရသည်။နာဆာအဖွဲ့မှ လာမည့်နွေရာသီတွင် အခြားသောနှစ်များထက် ၀.၄၁° F ထက် ပိုပူမည်ဖြစ် ကြောင်းနှင့် ၁၉၅၁ ခုနှစ်၊ ၁၉၈၀ ခုနှစ် နွေရာသီ ပျှမ်းမျှအပူချိန်ထက် ၂.၁ °F ပိုပူမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။လက်ရှိတွင် ကနေဒါနှင့် ဟာဝိုင်ရီ တို့၌ ပြင်းထန်သည့် တောမီးလောင်ကျွမ်းမှုနှင့် ကမ္ဘာတစ်ဝန်းအပူချိန်မြင့်မားမှုတို့ ဖြစ်ပေါ်နေသည့်အပေါ်မူတည်၍ […]

ရေကြီးရေလျှံမှုကြုံရာကနေ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆောင်ရွက်သူ အာရှသူနှစ်ဦး

  ဒီကနေ့မှာတော့ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုတိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အာရှသူနှစ်ဦးအကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးဟာ BBC ရဲ့ ၂၀၂၃ ခုနှစ်အတွက် ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ ထဲမှာပါဝင်ပြီး ရေကြီးရေလျှံမှုကြုံတွေ့ရချိန်နှင့်ကြုံတွေ့ပြီးနောက်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွေကို ဆောင်ရွက်နေသူနှစ်ဦးဖြစ်ပါတယ်။ နီဟာ မန်ခါနီဟာ ပါကစ္စတန်နိုင်ငံက သားဖွားဆရာမတစ်ဦးပါ။ ပြီးခဲ့တဲ့နှစ် ပါကစ္စတန်ရေကြီးရေလျှံမှုဖြစ်တော့ သူဟာ ရေဘေးသင့်တဲ့ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး သားဖွားမှုနှင့် ကျန်းမာရေးဆိုင်ရာ စောင့်လျောက်မှုတွေပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ပါကစ္စတန်ရေကြီးမှုဟာ ကြောက်စရာကောင်းလောက်အောင်ဖြစ်ပွားခဲ့တာပါ။ ရေကြီးမှုကြောင့် နိုင်ငံရဲ့သုံးပုံတစ်ပုံထိ ရေလွှမ်းခံရပြီး အိမ်ပေါင်း နှစ်သန်းကျော်ပျက်စီး ၊ လူသန်းသုံးဆယ်ကျော် ဒုက္ခရောက်ခဲ့ကြရတာဖြစ်ပါတယ်။ ရေဘေးသင့်နေရာတွေကို နီဟာ မန်ခါနီရဲ့ Mama Baby Fund ကနေ အသက်ကယ်ပစ္စည်းတွေနှင့် သားဖွားစောင့်ရှောက်မှုဆိုင်ရာပစ္စည်း ၁၅၀၀၀ ကိုပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ခုချိန်မှာတော့ […]