Author Posts

လူသားတိုင်း ထမ်းရွက်ရမယ့် တာဝန်

“ရာသီဥတုတွေ ပြောင်းလဲနေတယ်။ ရာသီဥတုတွေ ဖောက်ပြန်နေတယ်။ ဒါကို ထိန်းသိမ်းကာကွယ်ဖို့ တိုက်ဖျက်ဖို့ လိုတယ်” လို့ သိပ္ပံပညာရှင်တွေက ပြောတယ်။ ကမ္ဘာနိုင်ငံအသီးသီးကလည်း လက်ခံခဲ့ကြတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ အကြီးအကဲတွေ၊ အလွှာပေါင်းစုံက လူပုဂ္ဂိုလ်တွေ စုပေါင်းတွေ့ဆုံပြီး ဆွေနွေးပွဲတွေ၊ ညီလာတွေ၊ လက်မှတ် ရေးထိုးပွဲတွေ စသဖြင့် ရာသီဥတုနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ၊ သဘာဝ ပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြတယ်။ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒါပေမယ့် တစ်နှစ် ထက်တစ်နှစ် ကမ္ဘာကြီးမှာ သဘာဝ ပတ်ဝန်းကျင်တွေ ပိုမိုပျက်စီးလာတယ်။ ရာသီဥတုတွေ ပိုမိုပြောင်းလဲလာ တယ်။ ဒါ ဘာကြောင့်လဲ။ ရှင်းရှင်းလေးပါ။ ပါးစပ်နဲ့ ပြောပြီး လက်တွေ့ […]

* နွေတကျော့ *

သစ်ရွက်ဝါတဲ့ရာသီ အမျှော်စိုက်နေပုံများ လည်ပင်းညောင်ရေအိုးဖြစ် သပြေပင်လေးတောင်တော်တော်ကြီးလာပြီ.. အချိန်မှန်ရောက်လာတဲ့ ဥဩငှက်အသံမာထန်ထန်နဲ့ လမ်းဘေးမကျီးပင်ရိပ်က ရေချမ်းစင်မှာရေတွေဖြည့်ကြ… လက်ပံတွေတောင်ဖူးပြီလေ အနီရောင်တွေကြဲချမလို့တဲ့..။ #ကိုစိမ်းလန်း 19.1.2022,am

မြန်မာပြည်အောက်ဘက်နားက ရေအောက်မီးတောင်ရှင်

ကပ္ပလီပင်လယ်ထဲရှိ ဘားရင်ကျွန်း(Barren Island )သည် ရိုးရိုးကျွန်းမဟုတ်ဘဲ ရေအောက် မီးတောင်ရှင် တစ္လုံး၏ ရေပေါ် ပေါ်နေသောအပိုင်း ဖြစ်သည်။ မီတာ ၂၀၀၀ ကျော်နက်သော ပင်လယ်ကြမ်းပြင်ပေါ်တွင် အခြေပြုသည့် ယင်းမီးတောင်၏ ထိပ်ပိုင်းသည် မီတာ ၃၀၀ ကျော်မျှ ရေပေါ်သို့ ထိုးထွက်တည်ရှိနေသည်။ ကျွန်းသည် သုံးကီလိုမီတာကျယ်ပြီး မီးတောင်ထိပ်ဝ(caldera)သည် နှစ်ကီလိုမီတာ ကျယ်သည်။ ဘားရင်မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ ဆူမာထရာကျွန်းနှင့် မြန်မာနိုင်ငံအကြား ကွေးညွှတ် တည်ရှိသော ပြတ်ရွေ့တလျှောက်ရှိ တစ်ခုတည်းသော မီးတောင်ရှင် ဖြစ်သည်။ ယင်းမီးတောင်သည် ၁၇၈၇ ခုနှစ်နှင့် ၁၈၃၂ ခုနှစ်ကြားတွင် ပေါက်ကွဲမှုအများအပြား ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကြာကျော် ငြိမ်သက်နေရာမှ ၁၉၉၁ ခုနှစ်တွင် ပြန်လည်လှုပ်ရှားလာကာ ပေါက်ကွဲခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း အကြိမ်များစွာ […]

ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ သမုဒ္ဒရာအပူရှိန် စံချိန်တင်ခဲ့သော ၂၀၂၁

၂၀၂၁ သည် ၂၀၂၀ ထက် ပိုမိုပူပြင်းသော နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်လေးခုတွင် တစ်နှစ်တစ်နှစ် ကမ္ဘာကြီး၏အပူချိန် တိုးမြင့်လာသည်မှာ အပြောင်းအလဲမရှိဘဲ တည်ငြိမ်သောလမ်းကြောင်းအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် ထိုအခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း အစိုးရသိပ္ပံအေဂျင်စီများက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပြီး ကမ်ဘာကြီး၏အပူချိန် တိုးလာသည်နှင့်အတူ ၂၀၂၁ ခုနှစ်သည် သမုဒ္ဒရာ၏ အပူချိန်မှာလည်း စံချိန်တင်ခဲ့သည်ဟု ဆိုသည်။ NASA နှင့် National Oceanic and Atmospheric Administration မွ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် ကမ်ဘာ့ပျမ်းမျှမျက်နှာပြင်အပူချိန်သည် ကမ်ဘာ့အပူချိန်မှတ်တမ်းတွင် ဆဋ္ဌမမြောက်အမြင့်ဆုံးဖြစ်ပြီး ၂၀ ရာစုနှစ်များ၏ ပျမ်းမျှအပူချိန်ထက် ၁.၅၁ ဒီဂရီဖာရင်ဟိုက် ပိုမိုပူနွေးလာသည်ဟု ဆိုသည်။ အသစ်ကြေငြာထားသော ကိန်းဂဏန်းတိုင်းထွာချက်များသည် အေဂျင်စီနှစ်ခုလုံးမှ နှစ်စဉ်ပြုလုပ်သော သီးခြားခွဲခြမ်းစိတ်ဖြာမှုများအပေါ် အခြေခံထားပြီး […]

ငှက်ကလေးတွေ

မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလည်း ငါ့ရှာ ငါလည်း မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ… မောင်စိန်ဝင်း(ပုတီးကုန်း)

မီးတောင်ပေါက်မှုနှင့် ကမ္ဘာ့ရာသီဥတု

မီးတောင်ပေါက်မှု အငယ်စားများသည် ရာသီဥတုကို သိသာစြာ ပြောင်းလဲရန် မတတ်နိုင်သော်လည်း ပေါက်ကွဲမှု အကြီးစားများကြောင့် ထွက်ပေါ်လာသော ပြာမှုန်များနှင့် ဓာတ်ငွေ့အချို့တို့ကြောင့် ရာသီဥတုပြောင်းလဲတတ်သည်။ မီးတောင်များမှ ထွက်ပေါ်လာသည့် ပြာမှုန်ငယ်များသည် နေရောင်ကို မြေပြင်ပေါ် မရောက်အောင် တားဆီးတတ်ပြီး ကမ်ဘာ့အပူချိန်ကို လျော့နည်း ကျဆင်းစေသည်။ ပြာမှုန်များ၏အရွယ်အစား ကြီးလျှင်မူ မြေပြင်မှ ပြန်ကန် ထွက်လာသော အပူကို အာကာသထဲ ပြန်ထွက်ခွင့်မပေးဘဲ တားဆီးလိုက်၍ ရာသီဥတု ပူနွေးလာတတ်သည်။ မီးတောင်အကြီးစားပေါက်ကွဲမှုများမှ ထွက်လာသော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ များပြားလွန်းပါက ကမ်ဘာ့အပူချိန်ကို မြင့်မားစေတတ်သည်။ မီးတောင်မှ ထွက်ပေါ်သည့် ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည်မူ လေထုတွင်းရှိ ရေငွေ့တို့နှင့် ပေါင်းမိကြပြီး အက်ဆစ်မှုန်များဘဝသို့ ပြောင်းသွားကာ နေရောင်ကို တားဆီးလိုက်သဖြင့် ရာသီဥတု အေးမြလာသည်။ ၁၈၁၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ […]

ဘော်နီယို

ဘော်နီယိုသည် ဧရိယာ ၇၄၃,၃၃၀ စတုရန်းကီလိုမီတာ ၂၈၇,၀၀၀ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ်ဘာ့တတိယအကြီးဆုံး ကျွန်းဖြစ်ကာ ဂျာမနီနိုင်ငံ၏ အရွယ်အစားထက် နှစ်ဆပိုသည်။ ကျွန်းကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့ကြား ပိုင်းခြားထားသည်။ ကျွန်း၏ ဧရယာအများစုသည် အင်ဒိုနီးရှား၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ကာလီမန်တန်ဟု ခေါ်ကြသည်။ ဘော်နီယိုကျွန်း သစ်တောများသည် ကမ်ဘာပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲများစွာ စုံလင်လှပြီး နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၂၃၀ ကျော်၊ ဌာနေငှက် ၄၂၀၊ ကုန်းနေရေနေသတ္တဝါ ၁၀၀၊ ငါး ၃၉၄ (၁၉ မျိုးကွဲ) ရှိပြီး ၁၀ ဟက္တာ မြေကွက်တွင် သစ်ပင်မျိုးစိတ် ၇၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာ ကိန်းဂဏန်းသည် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့ ပေါင်းစပ်ထားသော သစ်ပင်စုစုပေါင်းအရေအတွက်နှင့် ညီမျှသည်ဟု ဆိုသည်။ ကမ္ဘာ့တတိယအကြီးဆုံးကျွန်းဖြစ်သည့် […]

ပိုးသတ်ဆေးနဲ့ ပတ်ဝန်းကျင်ပြဿနာ

ဂေဟစနစ်အတွက် အန္တရာယ်ကြီးမှန်း မသိတဲ့အခါ မြစ်ထဲကို စုပ်ခွက်ငါးတွေ လွှတ်လိုက်တယ်တဲ့..။ ကျွန်တော်လည်း ယခင်က အဲဒီငါး အန္တရာယ်ရှိမှန်း မသိ။ ဒီမနက် ငါးခူတစ်သောင်းဖိုးဝယ်ပြီး ချောင်းထဲကို ကုသိုလ်ဖြစ် သွားလွှတ်ရင်း စိမ်းစိမ်းစိုစို ပဲခင်းတွေထဲမှာ လယ်သမားတွေ ဆေးဖျန်းနေတာကို ကြည့်ရင်း “နောက်ထပ် မသိခြင်း အကြောင်းတစ်ခု..”ကိုပါ ဆက်စပ်တွေးမိလို့ မချိပြုံး ပြုံးမိပါတယ်။ မတ်ပဲ ၊ ပဲတီစိမ်းတွေ သီးပွင့်တဲ့ ဒီလိုလမျိုးမှာ ထိုင်းနိုင်ငံဘက်ကနေ ပိုးသတ်ဆေးမျိုးစုံ တင်လာကြတဲ့ ကားကြီး ကားငယ်တွေဟာ မြန်မာပြည်ထဲကို အတားအဆီးမရှိ ဝင်လာကြပါတယ်။ အဲဒီပိုးသတ်ဆေးတွေဟာ သူတို့နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်လို့ လုံးဝပိတ်ထားကြပြီး နိုင်ငံတကာမှာပါ ထိပ်တန်းအန္တရာယ်အဖြစ် Black List ထားတဲ့ ပိုးသတ်ဆေးတွေပါ..။ ကမ်ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးလို့ […]

နာမည်ကြီး သစ်ကုမ္ပဏီတွေက သစ်တောပြုန်းတီးတာတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်

Forest 500 အမည်ရတဲ့ တကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့ သြဇာတိက္ကမ ကြီးမားတဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီ တွေက သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်လာရင် အရေးယူဆောင်ရွက်ခြင်း သိပ်မရှိလှဘူး လို့ ဖော်ပြပါရှိပါတယ်။ အဲ့ဒိအဖွဲ့စာရင်းပြုစုထားတဲ့ ကမ္ဘာ့ သြဇာတိက္ကမကြီးဆုံး ကုမ္ပဏီ ၃၅၀ မှာ သုံးပုံတစ်ပုံကျော်မှာ သစ်တောပြုန်းတီးမှုနဲ့ ဘယ်လိုကာကွယ်ကြမယ်ဆိုတဲ့ အစီအစဉ် တွေမရှိသလောက်ပါပဲ လို့ ဆိုပါတယ်။ သူတို့ရဲ့ ထုတ်ကုန်တွေ နဲ့ ပတ်သက်ပြီး သစ်တောပြုန်တီးမှု မရှိပါဘူးလို့ အာမခံချက်လုံး၀ မရှိပါဘူး ။ ကျမတို့ ၂၀၁၄ ကတည်းက ဒီစာရင်း ကို ပြုစုနေတာပါ။ ကံမကောင်းချင် တော့ ကျမတို့ ရလိုက်တဲ့ ရလဒ်ကို တော်တော်စိတ်ပျက်ခဲ့ရပါတယ်။ ဒီနေ့အထိလည်း […]

ရမ်ဆာဒေသအဖြစ် သတ်မှတ်ထားသော အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့် ရေများ ဝင်ရောက်မှု များပြားလာ

နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေ သ အထူးသဖြင့် ရေပျော်ငှက်များကျက်စားရာ ဒေသအဖြစ် (ရမ်ဆာဒေသ- Ramsar Site အဖြစ် ) ထည့်သွင်းသတ်မှတ်ထားသော အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့်ရေများ ဝင်ရောက်မှုများပြားလာ ကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် အင်းတော်ကြီးကန်အ နီးရွိ ကျေးရွာများဖြစ်သည့် မိုင်းနောင်ကျေးရွာ နှင့် မန်မုံကိုင်ကျေးရွာအနီးရှိ ရွှေတူးဖော်ထုတ် လုပ်သည့်လုပ်ငန်းများမှ စွန့်ပစ်မြေနှင့် ရေ များသည် အင်းတော်ကြီးကန်အတွင်းသို့ တိုက် ရိုက်စီးဝင်နေပြီး ဝင်ရောက်သည့်ပမာဏ သိသာစြာ များပြားလာခြင်းဖြစ်ကြောင်း သိရ သည်။ မိုင်းနောင်ရွာနဲ့ မန်မံကိုင်ရွာနားမှာ မျော တွေလုပ်တော့ (ရွှေတူးဖော် ) မျောမြီးရေတွေ၊ နွံတွေက ( ရွှေတူးဖော်သည့်စွန့်ပစ်မြေစာများ) မိုင်းနောင်ချောင်းနဲ့ မန်မုံကိုင်ရွာနားမှာရှိတဲ့ ချောင်းထဲကတစ်ဆင့် အင်းထဲကို ရောက်ကုန် တာ။ […]