Author Posts

ပုပ္ပားတောင်ကို သျှောင်ထုံးခဲ့ပေမယ့် တောင်ကတုံးပြန်ဖြစ်တော့မည်လား – ဦးအုန်း

ပုပ္ပားတောင်တော်မြတ်သည် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသ(Dryzone Ecosystem) ဂေဟစနစ်တွင် စိမ်းလန်းလှပသော အချက်အချာကျသော ဒေသတွင်ရှိ၍ အလွန်မှ အရေးကြီးလှပေသည်။ ပုပ္ပားတောင်၏ ဂေဟစနစ် ပျက်ပြယ်သွားလျင် အပူပိုင်းဒေသတစ်ခုလုံးသည် ကန္တာရအသွင် ပြောင်းသွားပါလိမ့်မည်။ ပုပ္ပားတောင်၏ မီးတောင်ချိုင့်ဝှမ်းသည် အာကာသတစ်ခွင်မှ အအေးဓာတ်(ဆီးနှင်း၊ မိုးရေမိုးပေါက်)များကို တစ်နှစ်ပတ်လုံး ဖမ်းယူ၍ တောင်တစ်ခုလုံးသို့ စိမ့်ဝင်ဖြန့်ဖြူးပေးပြီး အအေးဓာတ်ကို ပေးလျက်ရှိသည်။ ဥပမာ ရေငယ်စခန်း ညအိပ်ဖူးသူတိုင်း အအေးဓာတ်(Air Condition) ပေးသကဲ့သို့ အလွန်းအေးစက်စွာ အိပ်စက်ရ၍ နံနက် အိပ်ယာထလျင် အအေးမိမည်ကို ပူပင်ကြရ၏။ ပုပ္ပားတစ်ဝိုက်ရှိ စမ်းရေအားလုံးသည် စမ်းရေအားလုံးသည် မြေအောက်ရေ မဟုတ်ပါ။ တောင်မကြီး၏ မီးတောင်ချိုင့်ဝှမ်းကပေးသော Cloud Forest ခေါ် ဆီးနှင်းတိမ်တိုက် များက ပေးသောရေ ဖြစ်ပါသည်။ ၄င်းဆီးနှင်းတိမ်တိုက်မှ ရလာသောရေဖြင့် […]

ဦးအုန်း (သို့မဟုတ်) အစိမ်းရောင်မုခ်ဦးပိုင်ရှင်

သမိုင်းတန်ဖိုး စာရေးသူက ပုဂံ-ညောင်ဦး၊ ပုပ္ပားကို မကြာခဏဆိုသလို ရောက်ဖြစ်သည်။ တစ်ခါတလေ တစ်နှစ် နှစ်ခေါက်သုံးခေါက်။ ထိုသို့ရောက်ဖြစ်ခြင်းမှာ တခြားမဟုတ်၊ စာရေးချင်လို့ ဖြစ်သည်။ သို့သော် လူရှုပ်သည့် အခါကြီးရက်ကြီးမှာ မသွား။ မျက်စိရှုပ် နားရှုပ်တာမကြိုက်။ ပုဂံ- ညောင်ဦး ဘုရားတွေဖူးတိုင်း နောက်ကပါလာသည့် တပည့်တွေ(ဝါသနာပါလောက်သူ)ကို ဘုရားသမိုင်းနောက်ခံတွေ ပြောပြရသည်။ ခရီးသွားခြင်း၏ အနှစ်သာရ စသည်များ။ ပုပ္ပားရောက်လျှင်လည်း ပုပ္ပားတောင်သမိုင်းနှင့် တောင်ကတုံးဖြစ်တော့မည့်ဆဲဆဲ သစ်ပင်တွေ စိုက် ပျိုးသွားသည့် ဆရာအုန်းအကြောင်းပါ ပြောဖြစ်သည်။ သို့မှသာ သူတို့လေးတွေ ဦးအုန်းကျေးဇူးကို သိရှိပြီး သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမွေဆက်ခံလိုစိတ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ တာဝန်သိမှ တာဝန်ရှိမည်။ တန်ဖိုးသိမှ တန်းဖိုးရှိမည် မဟုတ်ပါလား။ ဦးအုန်း ဘ၀အစ စစ်ကိုင်းမြို့နယ် မကျည်းစင် တင်းတိမ်ရွာကလေးတွင် […]

အင်းဝမြို့ဟောင်းအတွင်းကဂူပျက်ကြီး ( သို့ ) ဂူတော်သစ်စေတီ

အင်းဝမြို့ဟောင်းက ကျွန်တော်မရောက်ဖြစ်သေးတဲ့အထင်ကရနေရာတစ်ခုဆီကို တနေ့ကပဲရောက်ဖြစ်ခဲ့ပါတယ် ။ ဂူတော်သစ်စေတီနဲ့အနီးနားဝန်းကျင်ကိုပါ။ ဂူတော်သစ်ဆီကို ဒီထက်စောပြီးရောက်ဖူးထားသင့်ပေမယ့် အခုမှပဲရောက်ဖြစ်ခဲ့ပါတယ် ။ ပင်းယမြို့တည်နန်းတည်မင်း တစ်စီးရှင်သီဟသူ ( အေဒီ ၁၃၁၂ – ၁၃၂၂ ) ဟာ ပင်းယမြို့မတည်ခင်မှာပဲ နောင် အင်းဝမြို့ဖြစ်လာမယ့်နေရာမှာ ဂူဘုရား ( ဂူတော်သစ်စေတီ ) တစ်ဆူကို ( အေဒီ ၁၃၀၉ ) ခုနှစ်လောက်မှာတည်ခဲ့ပါတယ်တဲ့ ။ အမှန်က အခုလက်ရှိအင်းဝမြို့တည်ရှိနေတဲ့နေရာကို မြို့သစ်တည်ဖို့မျက်စိကျပြီး မြေစမ်းခရမ်းပျိုးအနေနဲ့ မြို့အင်္ဂါရပ် ၇ ပါးထဲက ဂူဘုရားတစ်ဆူကိုအရင်ဆုံးတည်ခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်စီးရှင်သီဟသူဟာ အဲဒီနေရာမှာမြို့မတည်ဖြစ်ခဲ့ပါဘူး ။ တောင်ဘက်သုံးမိုင်လောက်အကွာကနေရာတစ်ခုမှာပဲ ပင်းယမြို့သစ်ကို ခရစ်နှစ် ၁၃၁၂ ခုနှစ်မှာတည်ဖြစ်ခဲ့တာပါ ။ ပင်းယမြို့မတည်ခင်မှာ တစ်စီးရှင်သီဟသူတည်ထားကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဂူတော်သစ်စေတီကိုတော့ […]

မလိုချင်တဲ့ကမ္ဘာ

ရောဂါဘယတွေ ပွေလီနေတဲ့ ကမ္ဘာ အကြမ်းဖက်မှုတွေ တောထနေတဲ့ ကမ္ဘာ တောရိုင်းဥပဒေတွေ မျိုးပွားနေတဲ့ ကမ္ဘာ ဂေဟစနစ်တွေ ပျက်ယွင်းနေတဲ့ ကမ္ဘာ စစ်မီးလျံတွေ တောက်လောင်နေတဲ့ ကမ္ဘာ ကဗ်ာဆရာ တန်ခိုးရှင်သာဆို အဲဒီကမ္ဘာကို စကြာဝဠာအပြင်ရောက်အောင် ကိုင်ပေါက် လွှင့်ပစ်လိုက်ချင်တာ…။ မောင်ခင်မှိုင်း(ချောက်)

စက်ဘီးမြို့တော်ဖြစ်အောင် ယူရိုသန်း၂၅၀ကို ပါရီ ရင်းနှီးမြှုပ်နှံ

ဥရောပမှာ စက်ဘီးအများဆုံးမြို့ဖြစ်ချင်တဲ့ ပြင်သစ်နိုင်ငံမြို့တော် ပါရီက ၂၀၂၆မှာစက်ဘီးမြို့တော ်ဖြစ်ဖို့အတွက် ရင်းနှီးမြှုပ်နှုံမှုတွေ လုပ်နေပါတယ်။ ပြင်သစ်မြို့တော်က စက်ဘီးမြို့တော်ဖြစ်လာအောင် အခြေခံအဆောက်အအုံတွေနဲ့ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေအတွက် လာမယ့်၄နှစ်အတွင်း အပြီးလုပ်နိုင်အောင် ယူရိုသန်း၂၅၀ကို သုံးစွဲလိုက်ပါတယ်။ စက်ဘီးထားစရာနေရာ တောင်နဲ့ချီပြီးဖန်တီးလိုက်ပါတယ်။ ပြီးတော့ စက်ဘီးစီးလမ်းတွေကိုလည်း ဘေးကင်းလုံခြုံအောင်ဖန်တီးနေပါတယ်။ အဲ့ဒီစီမံကိန်းကို ( Plan velo: act 2 ) လို့ခေါ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ပါရီက ဘေးကင်းလုံခြုံတဲ့စက်ဘီးလမ်း ကီလို၁ထောင်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကပ်ရောဂါကာလအတွင်းမှာ ၅၂ကီလိုစလုပ်နိုင်ခဲ့တယ်။ အဲ့ဒိလမ်းရဲ့နောက်ဆက်တွဲအဖြစ် ကီလို၁၀၀၀ကိုဆက်လုပ်နိုင်ခဲ့တာပါ။ စက်ဘီးလမ်းတွေ တိုးလုပ်ပြီး ပြည်သူတွေကို စက်ဘီးစီးဖို့ လှုံဆော်တိုက်တွန်းနိုင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ဗျာ ပါရီမြို့ကို ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်ထိစက်ဘီးကိုဘေးကင်းစွာ စီးလို့ရအောင် အကောင်အထည်ဖော်လိုက်တာပါ လို့ပါရီမြို့တော်ဝန်ကဆိုတယ်။ ပါရီမြို့တော် အရာရှိတွေကလည်း စက်ဘီးကို အလွယ်တကူစီးလို့ရအောင် […]

ဖက်ယဉ်ကျေးမှုကို ပြန်သွားကြရအောင် (လူထုစိန်ဝင်း)

ဖိုင်တွဲထဲက လိုချင်တာတစ်ခုရှားရင်းနဲ့ ၁၉၉၉ ခုနှစ်က သတင်းစာဖြတ်ပိုင်းလေးတစ်ခုတွေ့တာနဲ့ အမှတ်မထင် ဖတ်ကြည့်လိုက်မိတယ်။ အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်နယ်ကြီးနှစ်ခုက အကြီးအကဲတွေ စကားစစ်ထိုးနေကြတဲ့ သတင်းဖြစ်နေတာကြောင့် စိတ်ဝင်စားပြီး ဆက်ဖတ်ကြည့်လိုက်မိပါတယ်။ စကားစစ်ထိုးကြတာက နယူးယောက်မြို့တော်ဝန်နဲ့ ဗားဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးတို့ ဖြစ်ပါတယ်။ ဗာဂျီးနီးယားပြည်နယ်အတွင်းကို နယူးယောက်မြို့တော်က အမှိုက်တွေ လာပစ်တာကို ကန့်သတ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စကားစစ်ထိုးပွဲကြီး ပေါ်ပေါက်လာခဲ့တာပါ။ နယူးယောက်မြို့တော်က နေ့စဉ်ထွက်နေတဲ့အမှိုက်ဟာ တန်ချိန် ၇၇၀၀ ရှိပါတယ်။ အဲဒါတွေကို ဗာဂျီးနီးယားပြည်နယ်အတွင်းရှိ လွင်ပြင်အမှိုက်ပုံတွေမှာ လာပြီး စွန့်ပစ်ပါတယ်။ ဒီလို အမှိုက်ပုံကြီးတွေ ဗာဂျီးနီးယားပြည်နယ်မှာ ၇ ခုရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ပင်ဆယ်ဗားနီးယားပြည်နယ်ပြီးရင် ဗာဂျီးနီးယားဟာ ဒုတိယပကြီးမားဆုံး အမှိုက်လက်ခံတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ဒီလိုအမှိုက်လက်ခံတဲ့အတွက် ဗားဂျီးနီးယားပြည်နယ်က နေ့စဉ် အခွန်ငွေ ဒေါ်လာသန်း ၅၅၀ ရရှိပြီး လူပေါင်း […]

၂၀၆၀မှာ ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်အောင်လုပ်မယ်လို့ ဆော်ဒီ ကတိပြု

ရေနံစိမ်း ထုတ်လုပ်တင်ပို့ရောင်းချတဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံရဲ့ နန်းမွေခံမင်းသား က ၂၀၆၀ ခုနှစ်မှာ တိုင်းပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ၊ စားဖိုဆောင် နဲ့ ခရီးသွားလုပ်ငန်းတွေကနေထွက်ရှိတဲ့ ကာဗွန်ထုတ်လုပ်မှုတွေကို သုညအဆင့်ဖြစ်တဲ့ အထိ လျှော့ချသွားမယ်လို့ အောက်တိုဘာ ၂၃ရက် ကဆိုလိုက်ပါတယ်။ မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ရာသီပြောင်းလဲမှုကို တားဆီးဖို့ နှစ်ရှည်စီမံကိန်း နဲ့ရည်မှန်းချက်ထားထားတယ်လို့ ကြေညာလိုက်ပါတယ်။ ဆော်ဒီဂေးဇတ်ကဖော်ပြချက်အရ မင်းသားကရုပ်ကြွင်းလောင်စာသုံး လုပ်ငန်းတွေ အားလုံးနီးပါးရပ်တန်ကသွားအောင် လုပ်မယ် ပြီးရင် အစိမ်းရောင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြန်လည်ထူထောင်မယ်လို့ ဆိုကြောင်း ဖော်ပြထားပါတယ်။ မင်းသားက အစိမ်းရောင်ဖိုရမ်မှာ ကျနော် ဒီဖိုရမ်ကနေ ကြေညာချင်တာကတော့ ဆော်ဒီအာရေဗီးယားက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ ရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ဖို့အတွက် လမ်းပြမြေပုံကို ရေးဆွဲထားပြီးပါပြီ ။ ဒီဖိုရမ်ကို နှစ်စဉ် ကျင်းပပြီး ကျနော်တို့ ရဲ့ […]

ချမ်ဘိုရာဇို မီးတောင်ပေါ်မှ ဆီးနှင်းရေခဲတုံးများ ပြိုကျမှုကြောင့် ၄ ဦးသေဆုံး

အီကွေဒေါနိုင်ငံ အလယ်ပိုင်းတွင်တည်ရှိသည့် ချမ်ဘိုရာဇို (Chimborazo) မီးတောင်ပေါ်မှ ဆီးနှင်းရေခဲတုံးများ ပြိုကျလိမ့်ဆင်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၄ (စနေနေ့) က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆,၁၀၀ မီတာကျော်ရှိသော ချမ်ဘိုရာဇို မီးတောင်အား တက်ရောက်နေသည့် လူ ၁၂ ဦးပါသော တောင်တက်အဖွဲ့တစ်ခုသည် ဆီးနှင်းရေခဲတုံးများ ပြိုကျလာမှုနှင့်ကြုံတွေ့ခဲ့ရသည်ဟု အီကွေဒေါ ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး တောင်တက်သမားများမှာ မည်သည့်နိုင်ငံသားများ ဖြစ်သည်ကို မသိရသေးဟု ဆိုသည်။ ချမ်ဘိုရာဇို မီးတောင်သည် အီကွေဒေါနိုင်ငံတွင် အမြင့်ဆုံးတောင်များထဲမှ တစ်လုံးဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆,၂၆၃ မီတာ အမြင့်ရှိသည်။ ယင်းတောင်ထိပ်သည် ဆီးနှင်းများဖြင့်ဖုံးလွှမ်းနေရာ ပြည်တွင်းပြည်ပ ခရီးသြားများအား အထူးစွဲဆောင်ထားသည့် ခရီးသွားနေရာတစ်ခုဖြစ်သည်။ […]

အပန်းဖြေခရီးထွက်ရင်း အမှိုက်ကောက်ကြသူများ

ပေါဂျီလို့ အများကခေါ်တဲ့ ဟာဖီဇီက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့သူပါ။ သူက အားလပ်ချိန် ရောက်ပြီဆိုတာနဲ့ သဘာဝလမ်းလျှောက်ဥယျာဉ်လို့ခေါ်တဲ့ တောတောင်တွေထဲကို သူငယ်ချင်းတွေနဲ့ သွားလေ့သွားထရှိပါတယ်။ အခုလည်း သူတို့ အဖွဲ့က သစ်တောတွေထဲကိုလျှောက်သွားဖို့ လူစုပြီး ခရီးထွက်ခဲ့ကြပါတယ်။ သူတို့တောစပ်ကိုရောက်တော့ စခန်းမှာ ကားကိုထားခဲ့ပြီး အတူတူတောထဲကိုဝင်ခဲ့ကြပါတယ်။ သူတို့လို တောထဲကို အပျော်ခရီးထွက်တဲ့သူတွေမနည်းပါဘူး ။ စခန်းက ကားတွေကိုကြည့်ရင် အနည်းဆုံးမိသားစု ၅၀ မက တောထဲကို ဝင်ပြီး လမ်းလျှောက်တောင်တက် ခရီးထွက်ကြတယ်ဆိုတာကို စခန်းက ကားတွေကို ကြည့်တာနဲ့ သိပါတယ်။ ပေါဂျီလမ်းလျှောက်ရင်း သတိထားမိလိုက်တာက တောထဲမှာ မြို့ပြက အမှိုက်တွေ ရောက်နေတာပါပဲ။ ပလက်စတစ်တွေနဲ့ ဖော့ဘူးတွေ အစားအသောက် အကြွင်းအကျန် စက္ကူဘူးတွေကို တွေ့လိုက်ရတော့ သူငယ်ချင်းတွေကို သွားနှင့်၊ လိုက်ခဲ့မယ်လို့ ပြောပြီး […]