တိရစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်တဲ့ အလေ့အကျင့်
ကျွန်တော်တို့ရပ်ကွက်ထဲမှာ အိမ်တစ်အိမ်ရှိသည်။ တစ်နေ့လုပ်တစ်နေ့စား လက်လုပ်လုပ်စား မိသားစုနေထိုင်သည့် သုံးပင်အိမ်ကလေးဖြစ်သည်။ ထိုအိမ်ကလေးမှာ လေးထောင့်သစ်သားပုံးလေးတွေရှိသည်။ သစ်သားပုံးလေးတွေက အရှည်ရှစ်လက်မ၊ အနံခြောက်လက်မလောက်ဆီရှိသည်။ ထိုသစ်သားပုံးလေးတွေထဲမှာ ကောင်ရိုးမျှင်တွေရှိသည်။ မျက်နှစ်စာတစ်ဖက် အပေါ်ပိုင်းအပွင့် လုပ်ထားသော သစ်သားပုံးကလေးတွေသည် စာငှက်ကလေးတွေအတွက် အိမ်ဖြစ်သည်။ ” သူတို့နေစရာရတာပေါ့။ ဒီလိုလုပ်ပေးလို့ဘာမှကုန်တာမဟုတ်ဘူး။ သစ်သားအတိုအပြတ်လေးတွေရှာရိုက်ထားတာ” လို့ အိမ်ရှင်ဦးလေးကြီးကပြောသည်။ လူကမချမ်းသာသော်လည်း ၊ အိမ်မှာ မကောင်းသော်လည်း တိရစ္ဆာန်ငှက်ကလေးတွေအပေါ်မှာ ထားသော သူ့စေတနာမှာကောင်းလှပါသည်။ တကယ်တော့ ကျွန်တော်တို့တွေသည် ကိုယ့်အတွက်သာ စဥ်းစားကြပြီး ကိုယ့်လိုပဲ အသက်ရှိသောတိရိစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်သော စိတ်နည်းပါးကြပါသည်။ သစ်တစ်ပင်ခုတ်ပြီး သစ်သားရဖို့သာစဥ်းစားသည်။ ထိုအပင်ကိုလာနေကြ ငှက်တွေအတွက် မစဥ်းစားကြပါ။ စားကျက်မြေကို လယ်လုပ်ဖို့သာစဥ်းစားပြီး နွားတွေအတွက် ထည့်သွင်းစဥ်းစားခြင်း မရှိပါ။ နောက်ဆုံး တောတစ်တောကိုရှင်းပစ်ဖို့၊ တောင်တစ်တောင်ကိုဖြိုပစ်ဖို့ ကိစ္စတွေမှာတောင် တိရိစ္ဆာန်တွေအတွက် […]