Author Posts

ချောင်းဖြစ်လာတဲ့မြစ်တွေ

” မြစ်ကမ်းပါးတွေကလည်း ပြိုတယ်ဟေ့ ဒီနှစ်လည်း။ မြစ်က ကောနေပါပြီကွာ။ ရာသီဥတု မမှန်တာကိုး” လို့ မြစ်သာ မြစ်ကမ်းပါးဘေးမှာနေတဲ့ ကျွန်တော့်အစ်ကိုဝမ်းကွဲက ဖုန်းထဲကနေ ညည်းပါတယ်။ မြစ်သာမြစ်ဟာ မကွေးတိုင်း၊ ယောဒေသကနေ စစ်ကိုင်းတိုင်းထဲက ချင်းတွင်းမြစ်ကို စီးဝင်တဲ့မြစ်တစ်စင်းဖြစ်ပါတယ်။ ကျနော်တို့ငယ်ငယ်က အမြဲတမ်းကူးခတ်ဆော့ကစားခဲ့ရတဲ့ မြစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဥ်ကတော့ မြစ်သာမြစ်ဟာ နွေရာသီမှာတောင် ရေတော်တော်နက်တဲ့နေရာတွေရှိပါတယ်။ ခုချိန်မှာတော့ မြစ်ဟာ လူတရပ် မြုပ်လောက်တဲ့နေရာတောင် တော်တော်ရှားလာပြီဖြစ်ပါတယ်။ ကျနော်တို့်ငယ်စဥ် မြစ်ဟာ ရေကြောင်းပြောင်းလဲတာမျိုးသိပ်မရှိလှ။ ခုနောက်ပိုင်းအချိန်တွေမှာတော့ မြစ်ရေကြောင်းဟာ တစ်နှစ်တစ်ခါဆိုသလို ပြောင်းလဲနေတာပါ။ အချို့နေရာတွေမှာ ဆို မြစ်ဟာ မြစ်အသွင်ပျောက်ပြီး ချောင်းကလေးလို စီးဆင်းနေတတ်ပါတယ်။ မြစ်သာမြစ်ထဲကိုစီးဝင်နေကြတဲ့ မဏိပူရ်မြစ်နှင့် နေဉ္ဇရာမြစ်တွေကတော့ နွေရာသီမှာ တကယ့်ချောင်းအဖြစ်ကို ရောက်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ” မဏိပူရ်မြစ်ကမှ […]

သဲမုန်တိုင်းတွေကြောင့် ကမ္ဘာ့စိုက်ပျိုးမြေ စတုရန်းကီလိုမီတာ ၁သန်းလောက် နှစ်စဉ်ဆုံးရှုံးနေ

သဲနှင့် ဖုန်မုန်တိုင်းများကြောင့် ကမ္ဘာကြီးမှာ တစ်နှစ်လျှင် စိုက်ပျိုးမြေ စတုရန်းကီလိုမီတာ ၁ သန်းခန့် ဆုံးရှုံးနေရတယ်လို့ ကန္တာရတိုက်ဖျက်ရေး တာဝန်ခံ ကုလသမဂ္ဂ အဖွဲ့ကြီးက ယနေ့ သတိပေးလိုက်ပါတယ်။ သဲမုန်းတိုင်းတွေ မကြာခဏ သိသိသာသာ ဖြစ်နေရတာ ကမ္ဘာ့ နေရာအချို့ကလူသားတွေရဲ့ လုပ်ဆောင်မှု ကြောင့်လို့ အဲ့ဒိအစီရင်ခံစာမှာ ဆိုထားပါတယ်။ ကမ္ဘာ့လေထုထဲကို နှစ်စဉ်နှစ်တိုင်း သဲနှင့်ဖုန်မှုန့် တန်ချိန် ၂ ဘီလီယံခန့် ဝင်ရောက်လာနေပါတယ်။ အဲ့ဒိပမာဏက Giza ပိရမစ်ကြီး ၃၅၀ ရဲ့ အလေးချိန် နဲ့အတူတူပါပဲ။ ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCCD) မှ ကျွမ်းကျင်သူများက “သဲမုန်တိုင်းဆိုတာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အန္တရာယ်ပါ ၊ သက်‌ရောက်မှုက အဝေးကြီးကို ရောက်သွားနိုင်တယ်၊ အရွယ်အစားနဲ့ အရှည်အတက်အကျ ကပြင်းထန်လာနိုင်ပါတယ်” […]

ညဦးလရောင်အောက်က မောင်းထောင်းသံ

“ညဦးလရောင်အောက်တွင်ရွာကလေးကို ထုပ်ချင်းခတ်မြည်ဟိန်းသွားသောမုန့်ဆန်းထောင်းလက်ဆုံသည် အိုးစည်နှင့်သမီးမောင်နှံပမာဘုရားသွား၊ ကျောင်းတက်အတူထွက်ပေါ်လာလေ၏။” တန်ဆောင်မုန်းလဆန်းရက်မို့ ပျိုဖြန်းလေတစ်ယောက်အသွင် ကိုယ်ယောင်ပြနေတဲ့လရေးရေးကိုကြည့်ပြီး ကျွန်မ ဆရာကြီးမင်းသုဝဏ်၏” အိုးစည်သံ “ရသစာတမ်းလေးကိုလွမ်းဆွတ်မိသွား၏။ခတ်ရေစီးကြောင်းထဲမျောပါသွားသော ကျေးလက်အလေ့အထများကို တမ်းတမိသည်။ ရေစီးကြောင်း၏ရွေ့လျားမှုကြောင့်တိုးတက်ပြောင်းလဲခြင်းကိုမျက်နှာမူထားကြရသည့် ကျွန်မတို့သည်် ကျောနောက်ဘက်မှဆုံးရှုံးမှုများအား သတိမမူမိကြချေ။ ဖြူစင်သည့်ဆုံးရှုံးမှုကိုအရင်းအနှီးပြု၍ကောင်းမွန်သည့်တိုးတက်ပြောင်းလဲလာမှုဖြစ်လာစေရန် ညစ်ထေးထေးအရာများ ပါဝင်မှုမရှိအောင် အဆင့်ဆင့်ဆန်ကာချယူနေရခြင်း၊ရေစီးကြောင်း၌အလိုက်သင့်ကူးခတ်နေခြင်း၊ပျော်မွေ့ကြည်သာနေကြခြင်းကြောင့်မေ့လျော့နေကြသည်ဟု ထင်မိသည်။ “ခက်ရင်းစွယ်စုံ စိန်တောင်ကြီးနှင့် ငါးစီးဆင်ပြောင့် အားပေကို။ ကိုးပိဿာစီး ဓားမကြီး ရန်မီးသတ္တရုငေါက်လျှင် ပြို” ဖိုးသူတော်ဦးမင်း၏ ကဗျာပါ လယ်သမားကြီးများ ကျွန်မတို့အထက်တန်းသင်ရိုးညွှန်းတမ်းတွင် ကျန်ခဲ့လေပြီ။စိန်တောင်ကဲ့သိုချွန်ထက်သောခက်ရင်းအစွယ်၊အလေးချိန်ခြောက်ပိဿာစီးသော ဓားမတို့ကိုကိုင်ကာ ငါးစီးဆင်ပြောင်အားနှင့် လယ်သမားကြီးတို့သရုပ် မှေးမိန်လာချေပြီ။ဖေ့သားကြီး၊ညိုကြီး၊နီမ၊ကြာညိုဟူ၍ ရင်ဝယ်သားသို့ ချစ်စနိုးအမည်ပေးသည့် နွားကြီးတို့မရှိကြကုန်ပြီ။ “နီမ …ဟေ့။ပေကပ်ကပ်နဲ့။ဟင်း…နော်….ဟင်း… ညိုကြီးရေ ရုန်းထားစမ်းပါ…ဖေ့သားကြီးရဲ့” နွားကြီးအမည်များခေါ်ပြီး မိုးရေထဲစုပ်သပ်ချော့မြူတတ်သော၊လယ်သမားကြီးတို့ ၏ နွားချော့ငေါက်သံတို့ ဆိတ်သုဥ်းပြီး လယ်ထွန်စက်သံတို့မင်းမူကုန်ကြ၏။”လက်မှု့လယ်ယာမှ စက်မှု့လယ်ယာသို့ “ချီတက်သွားကြသည့်အခါ လယ်သမား၊ကောက်စိုက်သမားတို့၏ပင်ပန်းချိန်ကိုဖွင့်ဟအပန်းဖြေသည့် […]

ဘယ်တော့မှ လက်လျှော့လို့မရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ကမ္ဘာ့အပူအချိန် တဖြည်းဖြည်းမြင့်တက်နေသည်။ ကမ္ဘာ့လေထုလည်း ညစ်ညမ်းနေသည်။ သစ်တောတွေလည်း ပြုန်းတီးနေဆဲဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာနေသည်။ စိုက်ပျိုးရေးတွေမှာ မြေဆီလွှာနှင့် ကျန်းမာရေးကို ဒုက္ခပေးသည့် ပိုးသတ်ဆေး၊ မြေသြဇာတွေ သုံးနေကြဆဲဖြစ်သည်။ ပလစ်စတစ်ကိုလည်း လွယ်လွယ်သုံးလွယ်လွင့်ပစ်နေကြသည်။ မြစ်တွေချောင်းတွေ ညစ်ညမ်းပြီး ကောကုန်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေက ပြောလို့ပင်ကုန်နိုင်ဖွယ်မရှိပါ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကိုကြည့်ပြီး ထိန်းသိမ်းနိုင်ပါ့မလား ဟု တွေးထင်စရာဖြစ်ပါသည်။ ထို့နောက် ငါတစ်ယောက်ထဲ ထိန်းသိမ်းနေရုံနဲ့ရော ထူးပါ့မလားဟု နောက်ဆက်တွဲ အတွေးဝင်နိုင်ပါသည်။ ထိုကဲ့သို့အတွေး ဝင်လာလျှင် ဖျောက်ဖျက်ပစ်လိုက်ပြီး ကိုယ်တတ်နိုင်သလောက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါသည်။ မိုးရေတစ်ပေါက်ခြင်းစုဆောင်းရာကနေ ရေကန်တွေဖြစ်လာသလို ၊ မြက်ပင်တစ်ပင်ခြင်းစုပေါင်းရာကနေ မြက်ခင်းတွေဖြစ်လာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း တစ်ဦးချင်းထိန်းသိမ်းသူတွေများလာလျှင် မုချအောင်မြင်ရမည်ဖြစ်သည်။ မအောင်မြင်လို့လည်းမရ။ သဘာဝပတ်ဝန်းကျင် လုံးဝပျက်စီးသွားလျှင် လူအပါအဝင် သတ္တဝါတွေ အသက်မရှင်နိုင်ပါ။ […]

ဆင်ဝန်ထမ်း လက်စွဲ

ဒီစာအုပ်ကတော့ ဆရာ ဦးစိုင်းအိုက်စံ ရေးသားထားတဲ့ မြန်မာဆင်တွေအကြောင်း ၊ ဆင်၊မြင်း၊နွားတို့ရဲ့ အစာလမ်းကြောင်း အစာချက်ပုံနဲ့ လူ့အစာလမ်းကြောင်းအစာ​ကြေ ချက်ပုံ ကွာခြားပုံတွေ ကို ဖတ်ရှု ရမှာဖြစ်ပြီး ဆင်နဲ့ပတ်​သတ်ပြီး တွေ့ရတတ်သောရောဂါ များ၊ ခန္ဓာကိုယ် အကြောင်း ၊ နို့သီးမမှီ သော ဆင်ပေါက်လေးများ ပြုစုနညိး၊ မျိုး ပွားအဂ်ါများ အကြောင်း စတဲ့ ဆက်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်း အရာအစုံ အလင်ကို အသေးစိတ်ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပြီး ဗဟုသုတ တွေများစွာ ပေးစွမ်း နိုင်မယ့် စာအုပ်တစ်အုပ်လို့လဲ ပြောလို့ရပါတယ် ။ ၁၉၉၄ ခုနှစ်တွင်ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။ ဆင်တွေအကြောင်းလေ့လာသူများ၊ သိလိုသူများ ဖတ်ရှုလေ့လာသင့်ပါတယ်။

ကျွန်တော်တို့ဆီကနေ တဖြည်းဖြည်းဆုတ်ခွာနေတဲ့ ဆောင်းရာသီ

” ၁၉၅၁ ခုနှစ်၌ နွေရာသီ နံနက်စောစောတွင် ပြင်ဦးလွင်သည် မန္တလေးမြို့ ပြသိုလလောက်ပင် အေးချမ်းသည်ဖြစ်၍ လောင်းကုတ်များ ဝတ်ကြရပါသေးသည်။ ၁၉၆၁ ခုနှစ် နွေရာသီ၌ ပြင်ဦးလွင်တွင် ကျွန်ုပ်တစ်ယောက်တည်း လမ်းလျှောက်သည့်အခါ ဟာဝေယံ ရှပ်အင်္ကျီမျှနှင့် ထွက်လာနိုင်သည်ဖြစ်၍ ဆယ်နှစ်မျှသော အချိန်အကွာအခြားတွင် ပြင်ဦးလွင်သည် ဤမျှလောက် အချမ်းပေါ့သွားခြင်းကို တွေ့ရ၍ အံ့ဩမိသည်။” အထက်ပါစာပုဒ်သည် ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ် အတ္ထုပ္ပတိစာအုပ်ကြီးထဲမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ ထိုစာပုဒ်ထဲတွင် လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဆယ်က ဆယ်နှစ်တာအတွင်း ကျွန်တော်တို့နိုင်ငံ၏ ရာသီဥတုအပြောင်းအလဲကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ရာသီဥတု တဖြည်းဖြည်း ပူလာသည့် သက်သေဖြစ်ပါသည်။ ” အရင်ကတော့ ဆောင်းရာသီဆိုရင် မနက်ဟာ နှင်းတွေပိတ်လို့။ အေးလည်းအေးတယ်။ နှင်းပေါက်ကျသံဆိုတာ နောက်ပိုင်းဆောင်းတွေမှာ မကြားရသလောက်ပဲ” လို့ ကျွန်တော်တို့ […]

ပင်လယ်ရေမြင့်တက်လာလို့ တူဗာလူကျွန်းမြုပ်သွားရင် ကျွန်းနိုင်ငံသားတွေ ဘယ်မှာနေခွင့်ရမလဲ

တူဗာလူကျွန်းဆိုတာက သြစတေးလျရဲ့ အရှေ့ဖက် ပစ္စိဖိတ်သမုဒ္ဒရာ ကြီးထဲက ကျွန်းခွေလေးတစ်ခုဖြစ်ပါတယ်။ အဲ့ဒိကျွန်းခွေမှာ အကျယ်ဆုံးကုန်းမြေက ပေ ၁၅၀၀ ထက်မပိုပါဘူး ။ ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေ မြှင့်တက်လာတာရယ် ၊ မုန်းတိုင်းတွေ အဆက်မပြတ် ဖြစ်ပေါ်လာတယ်ဆိုရင် တူဗာလူ ကျွန်းလို ပစ္စိဖိတ် သမုဒ္ဒရာထဲမှာ လူနေတဲ့ ကျွန်းထောင်နဲ့ချီပြီး ရေမြုပ်သွားနိုင်ပါတယ်။ နိုဝင်ဘာလ ၁၀ ရက် သောကြာနေ့က Cook ကျွန်းစုရှိ ပစိဖိတ်ခေါင်းဆောင်များ အစည်းအဝေးတွင် သြစတြေးလျ ၀န်ကြီးချုပ် Anthony Albanese က တစ်နှစ်လျှင် တူဗာလူကျွန်းသား ၃၀၀ အထိ သြစတြေးလျသို့ လာခွင့်ပြုမည့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ တူဗာလူမှာက လူဦးရေ ၁၁၀၀၀ ရှိပါတယ်။ “ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုတွေ ပိုဆိုးလာတဲ့အတွက် Tuvalu […]

ကီအာလီယာ ရေကန်ကြီးပန်း‌ရောင်ပြောင်းသွားတာ မိုးခေါင်ခြင်းကြောင့်လား အဖြေရှာနေရပြီ

ပစ္စိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ ဟာဝိုင်ရီကျွန်းစုထဲက ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟာလီရာကာလာကျွန်းမှာ ဧက ၇၀၀ လောက်ကျယ်တဲ့ ကီအာလီယာ ရေကန်ကြီးရှိပါတယ်။ ပင်လယ်ဘေးက ရေကန်ဖြစ်လို့ ဆားငန်ရေပေါက်နေတဲ့ ရေကန်ဖြစ်ပေမဲ့ မိုးရွာတဲ့ ရာသီမှာဆိုရင် မာဝီမြစ်ထဲကရေတွေစီးဝင်လို့ ကန်ရဲ့ ၄ပုံ ၃ပုံက ရေချိုတွေဖြစ်ပါတယ်။ ဒါပေမဲ့ အောက်တိုဘာလကုန်လောက်က စပြီး အဲ့ဒိရေကန်ကြီးက တဖြည်းဖြည်း ပန်းရောင်ဖြစ်လာပါတယ်။ ခရီးသွားတွေက ကန်ဘေးပတ်လည်မှာရှိတဲ့ လမ်းပေါ်မှာ လမ်းလျှောက်နေစဉ်မှာ ရေကန်အလယ်ကနေ ပန်းရောင် ပုံစံ ဖြစ်လာပါတယ်။ ကြည့်နေရင်နဲ့ ရေကန်ကြီးက အရောင်ပြောင်းလာလို့ ရေကန်နားမှာရှိတဲ့ အမျိုးသား တောရိုင်းထိန်းသိမ်းရေးအဖွဲ့ ကို သွားရောက်ပြောပြကြပါတယ်။ တာဝန်ရှိသူတွေလာရောက် ကြည့်ရှု့ ပြီးတဲ့ နောက်မှာတော့ ရေကန်ထဲကို ရေဆင်းချိုးတာတွေ ၊ ငါးဖမ်းတာတွေ နဲ့ ရေထဲကို မဆင်းဖို့အတွက် တားမြစ်ချက် ထုတ်ပြန်လိုက်ပါတယ်။ […]

ပိုးသတ်ဆေးတွေမှာ ထာဝရဓာတုပစ္စည်းတွေတွေ့လို့ အီးယူတိုင်ပတ်နေပြီ

ထာဝရ ဓာတုပစ္စည်းဆိုတာ PFAS (Per- and polyfluorinated alkyl substances) ဆိုတဲ့ ဓာတုပစ္စည်းဖြစ်ပြီး သဘာဝမှာမတွေ့ရဘဲ လူလုပ်ဓာတုပစ္စည်းဖြစ်ပါတယ်။ အဲ့ဒါတွေက ပျက်စီးမလွယ်ဘဲ ပျက်စီးဖို့ဆိုရင် နှစ်ကို ထောင်နဲ့ချီပြီး စောင့်ရပါတယ်။ အစားအသောက်ထဲကနေ လူရဲ့ခန္တာကိုယ်ထဲကိုရောက်သွားပြီး စုပုံလာမယ် ဆိုရင်တော့ အသည်းပျက်စီးမယ်၊ သိုင်းရွိုက်ဂလင်းပျက်စီးမယ်၊ အဝလွန် ၊ မျိုးမအောင်တာနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ NGOs Générations Futures and Pesticide Action Network (PAN) Europe အဖွဲ့က ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ပိုးသတ်ဆေးများတွင်ပါရှိတဲ့ ထာဝရဓာတုပစ္စည်းများ၏ ‘အရေးတကြီး’ ခြိမ်းခြောက်မှု ကိုစုံစမ်း ဖော်ထုတ်ဖို့ လိုလာပြီလို့ ဖော်ပြထားပါတယ်။ ဥရောပစိုက်ခင်းတွေမှာအသုံးပြုနေတဲ့ ပိုးသတ်ဆေးများတွင် ဒါဇင်ပေါင်းများစွာသော ဓာတုပစ္စည်းများသည် ‘ထာဝရဓာတုပစ္စည်း’ […]

ပုပ္ပါးမျောက်မြီးရှည် ထိန်းသိမ်းရေးနေ့ (၁၁.၁၁.၂၀၂၃) Popa Langur’s Day 2023 (11.11.2023)

ပုပ္ပါးလူငယ်စာကြည့်တိုက်မှ ဒေသခံလူငယ်များနဲ့ မဟာဂီရီ တောင်တက်အဖွဲ့တို့ ပူးပေါင်းပြီး ယခင်နှစ် (၁၁.၁၁.၂၀၂၂) မှစတင်ကာ နှစ်စဉ် နိုဝင်ဘာလ (၁၁) ရက်နေ့တိုင်းကို ပုပ္ပါးမျောက်မြီးရှည် ထိန်းသိမ်းရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ နိုဝင်ဘာလ (၁၁) ရက်နေ့ဖြစ်တဲ့ ယနေ့ကလည်း ပုပ္ပါးမျောက်မြီးရှည်ထိန်းသိမ်းရေးနေ့ ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာဆိုရင် မြန်မာနိုင်ငံမှာပဲ တွေ့ရှိရနိုင်တဲ့ ဌာနေရင်းမျိုးစိတ်ဖြစ်တဲ့ ပုပ္ပါးမျောက်မြီးရှည်လေး တွေဟာ မျိုးသုဉ်းလုနီးပါးအဆင့်ရှိမျိုးစိတ် (Critically Endangered Species) အဖြစ်သတ်မှတ်ခံထားရပြီး လက်ရှိစစ်တမ်းကောက်ယူမှုတွေအရ အကောင်ရေ (၃၀၀) ဝန်းကျင်သာကျန်ရှိတော့တယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ “ပုပ္ပါးတောင်ဥယျာဉ်၊ ပဲခူးရိုးမ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ကရင်ပြည်နယ် ရသေ့ပျံဂူ”တို့မှာ တွေ့ရှိထားပြီး လူသားတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးတာ၊ စားသုံးဖို့နဲ့ […]