Author Posts

အပူဆုံးအချိန်တွေမှာ သတိနဲ့ဆင်ခြင်ကြစေချင်

ယခုနွေရာသီ အပူဒဏ်ကိုခံရတာကတော့ ကမ္ဘာကြီးမီးလောင်နေပြီလားလို့ အောက်မေ့ရပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေရတဲ့အထဲမှာမှ ဟိုနေရာ၊ သည်နေရာတွေမှာ ရှိူ့မီးကြောင့် လောင်ကျွမ်းတဲ့မီး၊ မတော်တဆကြောင့် လောင်ကျွမ်းတဲ့ မီးတွေအကြောင်းလည်း လူမှုကွန်ရက်ပေါ်ကနေ မြင်ကြားနေရပါတယ်။ လူရော၊စိတ်ရောပူလောင်နွမ်းလျကြရပါတယ်။ ယခုနှစ်နွေရာသီ ကမ္ဘာ့အပူဆုံး မြို့၁၅ မြို့မှာ မြန်မာနိုင်ငံက မြို့ ၆ မြို့ပါဝင်တယ်လို့ဆိုပါတယ်။ ချောက်မြို့က ကမ္ဘာ့အပူဆုံးမြို့ အဆင့် (၁) ၊ မကွေးမြို့က အဆင့် (၅) ၊ မင်းဘူးမြို့က အဆင့် (၈) ၊ ညောင်ဦးမြို့က အဆင့်( ၉)၊ တောင်ငူမြို့က အဆင့် (၁၀) နှင့် ပြည်မြို့ အဆင့် (၁၄) တို့ ဖြစ်တယ်လို့သိရပါတယ်။ ပူလောင်မူကိုခံစားရနေစဥ်မှာ လျပ်စက်မီးမမှန်တာကလည်း အခြေအနေကိုပိုဆိုးစေပါတယ်။ လျပ်စက်မီးမမှန်တဲ့အတွက် အစားအသောက်တွေ လတ်ဆတ်မှု […]

ကမ္ဘာကျော်ဘောလုံးသမားမက်ဆီကတော့ ပလက်စတစ်တွေရှင်းဖို့အတွက် လူစုနေပြီ

လူသားတွေနဲ့ ကမ္ဘာဂြိုဟ်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ နဲ့ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် လုပ်ငန်းများလုပ်ဆောင်နိုင်ဖို့အတွက် ကမ္ဘာကျော် ဘောလုံးသမား အာဂျင်တီးနားသား လိုင်ယွန်နယ်မက်ဆီက Join The Planet အဖွဲ့ ပေါင်းပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ စတင်လုပ်ကိုင်နေပါပြီ ။ သူ အဓိကလုပ်မှာကတော့ ငါးဖမ်းပိုက်တွေလို နိုင်လွန် နဲ့ပတ်သက်တဲ့နေရာတွေ ၊ ကြိုးအဖြစ်သုံးတဲ့ ပိုလီပရိုပိုင်လင်းနဲ့ ပတ်သက်တဲ့နေရာတွေ ၊ ဖိုင်ဘာခွက်တွေလို ရေရှည်ခံပစ္စည်းတွေ နေရာတွေမှာ အစားထိုးဖို့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမဲ့ အထူးပစ္စည်း တစ်မျိုးကို ထုတ်လုပ်မှာပဲ ဖြစ်ပါတယ် ။ Join The Planet ၏ ပထမဆုံး သံတမန် လီယွန်နယ်မက်ဆီက သဘာဝပတ်ဝန်းကျင် စောင့်ရှောက်မှုနှင့် လူမှုပေါင်းစည်းမှုဆိုင်ရာ အမှတ်တံဆိပ်ရဲ့ ကတိကဝတ်ကို ချဲ့ထွင်ဖို့အတွက် […]

ရုပ်ကြွင်းလောင်စာစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အကူအပြောင်းကာလမှ အာဆီယံနိုင်ငံတွေ ဘာလဲ ဘယ်လဲ

ဒီကနေ့ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်‌ငွေ့တွေကို စွန့်လွှတ်ပြီးတော့ သန့်စင်ပြီး ပြန်ပြည့်မြဲစွမ်အင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို လူမှုဘဝလုံခြုံရေးအတွက် သုံးစွဲရန် ကြိုးစားနေတဲ့ အကူးအပြောင်းကာလထဲကို ရောက်နေပါတယ်။ အဲ့ဒိလို အကူးအပြောင်းကာလမှ အာဆီယံနိုင်ငံတွေအနေနဲ့ အနာဂတ်မှာသုံးစွဲမယ့် စွမ်းအင် ဘေးကင်လုံခြုံရေးကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာ ကမ္ဘာ့ကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီအထိ လျှော့ချရန်နဲ့ ၂၀၅၀ မှာ ကမ္ဘာ့လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု သုည အခြေအနေထိ ရောက်အောင် ကြိုးစားကြဖို့အတွက် နိုင်ငံတကာက ကြိုးစားချိန်မှာ လက်ရှိသုံးနေတဲ့ ရုပ်ကြွင်းလောင်စာကနေ ရယူတဲ့ စွမ်းအင်တွေကို အပြီးတိုင် အစားထိုးနိုင်ဖို့က အရေးကြီးနေပါတယ်။ အစားမထိုးနိုင်ဘူးဆိုရင်တော့ စွမ်းအင်ပြဿနာတွေက ဒေသတွင်း ပဋိပက္ခ တစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် […]

ရေ၏ ခေါ်သံ

ကျွန်တော်တို့အုပ်စုသည် မြေသားလှေကားထစ်အတိုင်း အောက်သို့ဆင်းလာခဲ့ကြသည်။ အောက်သို့ဆင်းလေလေ ရေစီးသံတဝေါဝေါကို ပို၍ ကြားလေလေပင်။ ရေစီးသံက ကျွန်တော်တို့ကို လက်ယက်ခေါ်နေသလိုခံစားရသည်။ အောက်သို့ရောက်သောအခါ ဝါးတဲလေးနှစ်လုံးကို ဘွားခနဲတွေ့လိုက်ရသည်။ အတော်ပါပဲ။ ထိုဝါးတဲနှစ်လုံးမှ လူမရှိသောဝါးတဲလေးပေါ်သို့ ကျွန်တော်တို့ လှမ်းတက်လိုက်ကြသည်။ မိန်းကလေးသုံးယောက်ကတော့ ထူးထူးထွေထွေ အဝတ်အစားမလဲကြပါ။ ကျွန်တော်တို့ ယောက်ျားလေး သုံးယောက်သာလျှင် အပေါ်အင်္ကျီတွေ ချွတ် ပုဆိုးတွေလဲကာ ရေထဲဆင်းဖို့ပြင်ဆင်ကြပါသည်။ ညီမလေး ကေသရီဦး မြင့်မြတ်သိင်္ဂီနှင့် မီမီခိုင်ထွန်း တို့ကတော့ ချက်ချင်းဆင်းကြမည့်ပုံ မပေါ်သေး။ တဝေါဝေါရေစီးသန်နေသည့် ရေတံခွန်အလှကိုသာ တအံ့တသြငေးမော၍ ကောင်းနေကြဆဲ။ ထိုစဉ် ကျွန်တော် ဆရာချစ်နှင့် ကွီးဖြိုးကတော့ ကျောက်တုံးတွေပေါ် လမ်းလျှောက်ကာ တဝေါဝေါရေစီးသံရှိရာသို့ ခပ်သွက်သွက် လှမ်းနေကြလေပြီ။ နေမွန်းတည့်ချိန်ဖြစ်သောကြောင့် ရေမထိသော ကျောက်တုံးများပေါ်လျှောက်ရသည်မှာ ပူလှသည်။ ထို့ကြောင့် အပူဒဏ်ကို ခုန်ဆွခုန်ဆွခုခံရင်း […]

အပူဒဏ်ကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ်သူတွေ ရှိလာ

မြန်မာနိုင်ငံက ဒေသတချို့မှာ အခု ဧပြီလဆန်းပိုင်းကစလို့ အပူချိန်တွေ ပိုမို မြင့်တက်လာတာကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ် မေ့မျောသူတွေ ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ နေ့အပူချိန်တွေ မြင့်တက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က မန္တလေးမြို့၊ ၂၆×၉၂ လမ်းရှိ သင်္ဂဇာချောင်း အရှေ့ဘက်လမ်းမှာ အသက် ၈၀ ဝန်းကျင်ခန့် အမျိုးသားကြီးတယောက် ရုတ်တရက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ နိဗ္ဗာန်သုခအသင်း (မန္တလေး) မှ သိရပါတယ်။ “ချောင်းဘေးမှာ အပေါ့သွားနေတုန်း ရုတ်တရက် ချောင်းထဲ ခေါင်းထိုးစိုက်ကျပြီး သေဆုံးခဲ့တာပါ။ ရာသီဥတု အပူချိန်လွန်ကဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သက်ကြီးရွယ်အို ကလေးငယ်တွေအတွက် အထူးဂရုစိုက်ပေးကြပါ” လို့ အဲဒီအသင်းက ပြောကြားထားပါတယ်။ ဧပြီ ၃ ရက်ကလည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ […]

အမေရိကန်တွေရဲ့ဘတ်ထရီ ထုတ်လုပ်မှုက မြင့်သထက်မြင့်လာနေပါတယ်

လစ်သီယမ်သံဖော့စဖိတ် (LFP) ဘက်ထရီဆဲလ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်သူဖြစ်သည့် American Battery Factory သည် Arizona၊ Tucson ရှိ ABF ၏ ပထမဆုံး gigafactory တွင် အသုံးပြုမည့် စိတ်ကြိုက် အလိုအလျောက် စက်ကိရိယာများနှင့် စက်ပစ္စည်းများကို လုံခြုံစေရန်အတွက် Lead Intelligent Equipment (LEAD) နှင့် ပူးပေါင်းထားကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ် ။ ABF သည် ၎င်း၏ US လုပ် LFP ဘက်ထရီဆဲလ်များကို ဘက်ထရီထုပ်ပိုးပေါင်းစည်းသူများနှင့် စွမ်းအင်သို လှောင်မှု ဖြေရှင်းချက်ပေးသူများမှ ဖြန့်ကျက်ရန် ဒီဇိုင်းထုတ်ထားကြောင်း၊ စျေးကွက်အများအပြား တွင် အသုံးအဆောင်များ၊ ဒေတာစင်တာများ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ စီးပွားဖြစ်/စိုက်ပျိုးရေး ကိရိယာများ၊ ပါဝါကိရိယာများ၊ အထူးပြုစျေးကွက်များနှင့် နိုင်ငံတော်ကာကွယ်ရေးအပါအဝင် […]

ပြင်သစ်အိုလံပစ်ပွဲကို အပူလှိုင်းက အနှောက်အယှက်ပေးသွားနိုင်

ဥရောပမှာကတော့ ဇူလိုင် ၊ ဩဂုတ် ဆိုတာ နွေရာသီထဲကို ကျရောက်နေတဲ့ အချိန်အခါပဲဖြစ်ပါတယ် ။ ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ် ။ အားကစားသမားပေါင်း ၁၀၅၀၀ က အားကစားနည်း ၃၂ မျိုးအတွက် ပြိုင်ပွဲပေါင်း ၃၂၉ ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ ။ ပြင်သစ်နိုင်ငံ မြို့တော် ပါရီက အားကစားရုံတွေမှာ ကစားပွဲမှ ပွင့်လင်းမြင်သာမှုဆီသို့ ဆိုတဲ့ ဆောင်ပုဒ်တွေကို ကပ်ထားပြီးနှင့်ကြပါပြီ ။ ပါရီမြို့တော်ဝန် အန်နီဟီဒယ်ဂိုက ပါရီအိုလံပစ်ကို အတတ်နိုင်ဆုံး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီ( အစိမ်းရောင်) ဖြစ်ဖို့အတွက် အားထုတ်ထားပါတယ် ။ ၂၀၁၂ တုန်းက လန်ဒန်အိုလံပစ် ၊ ၂၀၁၆ တုန်းက ရီယို […]

အပူလောင်ဆုံးနေ့များကို ဖြတ်သန်းခြင်း

ထိသမျှအရာတိုင်း၊ မြင်သမျှအရာတိုင်းပူနေသည်ဟု ခံစားနေရသည်။ ထိုင်နေတဲ့ ထိုင်ခုံကလည်းပူသည်။ မြင်နေရတဲ့ မြင်ကွင်းတွေကလည်း ပူသည်။ ကြားရတဲ့ အသံတွေတောင် ပူနေသလား ထင်ရပါသည်။ ရှေးလူကြီးတွေဆိုခဲ့သည့် ပူတယ်လေ ဆယ်နွေကဲ ဆိုတာ ဒါပဲဖြစ်ရမည်။ မိုးလေဝါသပညာရှင်တွေက ယခုဧပြီလဆန်းကစ အယ်နီညိုအပူလှိုင်းဖြတ်သည်။ သင်္ကြန်ကျပြီးသည့်ချိန်မှ အပူချိန်အနည်းငယ်ကျမည်ဟုဆိုသည်။ ယခုအချိန် ဘာမှပျော်ရွှင်စရာမရှိသော သင်္ကြန်ကို အမြန်ရောက်ပါစေ ဆုတောင်းရမလိုဖြစ်နေသည်။ ယခုအပူက အိုက်စပ်သောအပူမဟုတ်။ လောင်သောအပူဖြစ်သည်။ နေပူထဲခဏထွက်လိုက်လျှင် အသားတွေအပူလောင်နေသလားထင်ရအောင်ပူသည်မှာ တော့တော်အချိန်ကြာသည်။ အပူလွန်ကဲတော့ အစားစားချင်စိတ်တွေလည်းမရှိ။ ရေကိုသာတွင်တွင်သောက်နေရသည်။ သောက်ရေတွေကလည်း အေးသလားဆိုတော့ ထင်သလောက်မအေး။ သောက်ရေတွေကိုအေးအောင်နည်းလမ်းအမျိုးမျိူးနဲ့ထားတော့လည်း ထူးမအေးပါ။ အားလုံးကပူနေသည်ကိုး။ရေခဲရေကျပြန်တော့လည်း လူနဲ့မတည့်။ ဆရာဝန်တွေကလည်း အပူလှိုင်းဖြတ်တဲ့အချိန်မှာ ရေခဲရေတွေမသောက်ဖို့၊ ဖြစ်နိုင်လျှင် ရေနွေးသောက်ဖို့ အကြံပေးထားကြသည်။ ပူလောင်လွန်းသဖြင့်အစားနည်းသည့်ကြားက ဝမ်းချုပ်တတ်တာကလည်း ပြသနာတစ်ခုဖြစ်သည်။ ဝမ်းနုတ်ဆေးကိုလည်း ဇွတ်စားလို့မဖြစ်။ ရှေးလူကြီးတွေက […]

ရေကို စုဆောင်း သိုလှောင် ချွေတာကြမှသာလျှင်

(၁) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ရေကြည်၊ ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာပေါင်း ၉၀ ကျော်၌ ရေရှားပါးမှု ဖြစ်ပေါ်နိုင်ကြောင်း ဧပြီ ၁၀ ရက်က သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ယင်းဒေသများသည် ကန်ရေကို အဓိထား သုံးစွဲနေရသည့် ဒေသများ ဖြစ် သည်။ ထိုဒေသများတွင် ယခင်နှစ်မိုးရာသီက မိုးရေချိန်နည်းပါးခဲ့ခြင်းနှင့် ယခုနှစ်တွင် နေပူချိန်မြင့်တက်ခြင်းတို့ ကြောင့် ရေခန်းခြောက်မှု ဖြစ်ပေါ်နိုင်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူတို့က အသိပေး ပြောကြားခဲ့ခြင်းဖြစ် သည်။ ဧရာဝတိတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၉၇ ရွာ၌ တွင်းတိမ် တွင်းနက်နှင့် မြေသားရေကန်များ တူးဖော်ခြင်း စိမ့်စမ်းများမှ ရေသွယ်ခြင်းကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် က […]

ရာသီဥတုပြောင်းလဲမှုမှာ အပူလှိုင်းကျချိန် ပိုကြာတာလည်း ပါနေတယ်လို့ဆို

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်နေတဲ့အထဲမှာ အပူလှိုင်းကျရောက်မှု အချိန်တွေ က ပိုပိုပြီးကြာလာတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုလာပါတယ် ။ ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ဧရာမအပူလှိုင်းများ ရွေ့လျားမှုနှေးကွေးသွားစေပြီး ကြီးမားသော ဧရိယာများထက် အပူချိန်ပိုမိုမြင့်မားလာကာ လူများကို အချိန်ပိုကြာအောင် မီးဖုတ်ပေးနေသလို ဖြစ်နေကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။ ၁၉၇၉ ကတည်းက ကမ္ဘာလုံးဆိုင်ရာ အပူလှိုင်းများရဲ့ ရွှေ့လျားမှုက ၂၀ ရာခိုင်နှုန်း ပိုမိုနှေးကွေးလာပြီး လူများ အပူကို ပိုမိုကြာရှည်စွာ ခံစားရလေ့ရှိလာပါတယ်။ အဲ့ဒါက ၆၇ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလေ့ရှိကြောင်း Friday’s Science Advances ရဲ့ လေ့လာမှုအရ သိရပါတယ် ။ အပူလှိုင်းများတွင် အမြင့်ဆုံးအပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကထက် ပိုမိုပူနွေးလာပြီး အပူအမိုးခုံးအောက်ရှိ ဧရိယာသည် […]