Author Posts

အံ့သြဖွယ်ရာ သစ်ပင်များ

သစ်ပင်သည် သက်ရှိတစ်မျိုးဖြစ်သည်။ အကြောင်း မူကား သစ်ပင်သည် အစာစားသည်။ တစ်နေ့တစ်ခြား ထွားကြိုင်းကြီးမားသည်။ မျိုးဆက် ပျောက်ကွယ်မ သွားစေရန် ပေါက်ပွားပေးသည်။ အစေ့များမှ အပင် ဖြစ်လာပြီးနောက်တွင် သစ်ပင်တစ်ပင် ရှင်သန်ကြီး ထွားရန်အတွက် လိုအပ်သောအချက်များရှိပါသည်။ ယင်းအချက်များနှင့် ပြည့်စုံနိုင်အောင် အပင်အစိတ် အပိုင်းများက တာဝန်အသီးသီးယူကာ ဆောင်ရွက် ကြရသည်။ လူနှင့်တိရစ္ဆာန်တို့သည် အစာအဟာရ မှီဝဲရမှ ကြီးထွားနိုင်သကဲ့သို့ သစ်ပင်များသည်လည်း မြေသြဇာကို စားသုံးရမှ ရှင်သန်နိုင်ကြရာ မြေသြ ဇာလိုအပ်ခြင်းသည် ပထမအချက်ဖြစ်သည်။ ဒုတိ ယလိုအပ်သောအချက်သည် ရေဖြစ်ရာ လူ တိရစ္ဆန် စသည့် သက်ရှိသတ္တဝါတို့သည် ရေမသောက်ရလျှင် အသက်သေနိုင်ကြသကဲ့သို့ သစ်ပင်များလည်း ရေ မသောက်ရလျှင် အသက်သေနိုင်သည်။ လေသည် သစ်ပင်များ ရှင်သန်ကြီးထွားရန် တတိယလိုအပ် သော […]

ကျွန်းနိုင်ငံငယ်တွေ သမိုင်းဝင်အောင်မြင်မူရခဲ့တဲ့ ကုလညီလာခံ

“ပင်လယ်ပြင်ဥပဒေဆိုင်ရာခုံရုံးက ကာဗွန် ထုတ်လွှတ်မူဟာ ပင်လယ်ရေတွေကို ညစ်ညမ်းစေနိုင်တယ်လို့ အကြမ်းဖျင်း သဘောတူညီမူထုတ်ပြန်ခဲ့ပါတယ်။” ပင်လယ်ပြင်ဥပဒေဆိုင်ရာနိုင်ငံတကာခုံရုံး (ITLOS) က ကုလသမဂ္ဂ ရေကြောင်းဥပဒေဆိုင်ရာ တရားရုံးတစ်ခုဖြစ်ပါတယ်။ မနေ့ကလုပ်တဲ့ ညီလာခံမှာ လူသားတွေထုတ်လွှတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေက ပင်လယ်ရေကို ညစ်ညမ်းစေတယ်လို့ ယူဆနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ သမုဒ္ဒရာတွေပေါ်ကို သက်ရောက်စေတဲ့ ညစ်ညမ်းမူကို လျော့ပါးအောင်လုပ်ဖို့ အစီအမံတွေကို အကောင်အထည်ဖော်ရန် တာဝန်ရှိကြောင်းဆိုပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး စတောင်းဆိုခဲ့တာက ပစိဖိတ်နဲ့ ကာရစ်ဘီယံရှိကျွန်းနိုင်ငံ ၉ နိုင်ငံက (ITLOS) မှာကျွမ်းကျင်သူတွေရဲ့ ထင်မြင်ချက်ကို မနှစ်ကစက်တင်ဘာလထဲမှာတောင်းဆိုခဲ့တာပါ။ ရာသီဥတုပြောင်းလဲမူနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင်က ကျွန်းနိုင်ငံများကိုယ်စားစုံစမ်းစစ်ဆေးမူ လုပ်ခဲ့ပါတယ်။ အဲ့ဒိအဖွဲ့ရဲ့အဆိုအရဒီကနေဆုံးဖြတ်ချက်ကျွန်းနိုင်ငံငယ်လေးများအတွက် သမိုင်းဝင်အောင်မြင်မူကိုပေးလိုက်တာပဲလို့ ကော်မရှင်တာဝန်ရှိသူကဆိုပါတယ်။ ကျွန်းနိုင်ငံငယ်လေးတွေက COP လို ရာသီဥတုဆိုင်ရာကမ္ဘာ့ညီလာခံတွေချောင်ထိုးခံရစမြဲဖြစ်နေပါတယ်။ နိုင်ငံတကာဥပဒေတွေကလည်း သူတို့ကိုအကာအကွယ်မပေးနိုင်ဘူးဖြစ်နေရာက ဒီကနေ့ရလဒ်ကသူတို့အတွက် အဖိုးတန်ဖြစ်ခဲ့ပါတယ်။ သမုဒ္ဒရာပိုင်းဆိုင်ရာ သဘောတူညီချက်၏ […]

ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာနှင့် ရေစီးရေလာကောင်းမွန်စေရန် သိကောင်းစရာများ

ကျွန်ုပ်တို့ရဲ့ ဥယျာဉ်စိုက်ခင်းမြေဆီလွှာဟာ တစ်ချိန်လုံး ရေဝပ်ပြီးစိုစွတ်နေတာမျိုး သို့မဟုတ် ခြောက်သွေ့နေတာမျိုး တွေ့ရှိဖူးတယ်ဆိုရင် အဆိုပါအ​ခြေအနေဟာ မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုကို မြှင့်တင်ဖို့ရာ လုပ်ဆောင်ပေးရမဲ့ အနေအထားဖြစ်ပါတယ်။ အပင်တွေစိုက်ပျိုးတဲ့အခါ အများစုဟာ ရေစီးရေလာကောင်းမွန်ပြီး ရေစိမ့်ဝင်နိုင်မှုမြင့်မားသော မြေဆီလွှာမှာ အကောင်းဆုံးရှင်သန်ဖြစ်ထွန်းနိုင်တယ်ဆိုတာကို သတိပြုမိကြမှာပါ။ ဒါဆိုရင် မိမိရဲ့ မြေဆီလွှာဟာ ရေစိမ့်နိုင်မှုကောင်းသလားဆိုတာကို ဘယ်လိုပြောနိုင်ပါသလဲ။ အပင်ရဲ့ အမြစ်များဆီသို့ လေနဲ့ ရေကို အချိုးညီညီ ထောက်ပံ့ပေးနိုင်တဲ့ မြေဆီလွှာကို အပင်စိုက်ပျိုးသူတိုင်း လိုအပ်ကြတာ ဖြစ်ပါတယ်။ မိမိရဲ့ စိုက်ခင်းမြေဟာ သဲဆန်တဲ့မြေဖြစ်ပါက ရေများ လျင်မြန်စွာ စိမ့်ဝင်စီးဆင်းသွားတာကို သတိပြုမိနိုင်ပြီး အပင်များ ခြောက်သွေ့ပြီး မြန်မြန်ရင့်ရော်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ထို့နည်းတူ မြေဆီလွှာဟာ ရွှံ့စေးဆန်တဲ့မြေ ဖြစ်နေမယ်ဆိုရင် ရေဝပ်နေပြီး လေဝင်လေထွက်မရှိခြင်းကြောင့် အမြစ်များပုပ်နိုင်တဲ့ ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။ […]

သြစတေးလျမှာ ဂတ်စ်ပြတ်တော့မယ်လို့ထုတ်လုပ်သူများအသင်းကသတိပေး

ဒီဆယ်စုနှစ်နောင်းပိုင်း ၂၀၃၀ မဝင်ခင်မှာသြစတေးလျေမှာ သဘာဝဓာတ်ငွေ့ (ဂတ်စ်) မလုံလောက်မူတွေဖြစ်ပေါ်လာနိုင်စရာရှိတယ်လို့ သြစတေးလျစွမ်းအင်ထုတ်လုပ်သူများအသင်းက သတိပေးပြောဆိုမူလုပ်လာပါတယ်။ ပြည်တွင်းလိုအပ်ချက်တွေ ဖြည့်မိအောင် မရောင်းချပေးနိုင်တော့ဘူးလို့လည်းဆိုပါတယ်။“ပြည်နယ်အစိုးရက အနာဂတ်ဓာတ်ငွေ့ မဟာဗျုဟာကိုရေးဆွဲတယ်။ ၂၀၂၈ မှာ အရှေ့ဖက်ကမ်းဒေသတွေနဲ့ ၂၀၃၀ မှာ အနောက်ဖက်ကမ်းဒေသတွေကို ဂတ်စ်သုံးစွဲမူရပ်တန့်တော့မယ်လို့လုပ်တယ်။ အခုတော့ ဂတ်စ်တွေ ဈေးတက်သွားတာပဲအဖတ်တင်တယ်။” လို့ အဲ့ဒိအသင်းရဲ့ ဥက္ကဋ္ဌ မက်အိုနေးက ဆိုပါတယ်။သြစတေးလျအစိုးရက ၂၀၅၀မှာ ကာဗွန်ထုတ်လွှတ်မူအသားတင် သုညစီမံကိန်းကိုရေးထားပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ လကအစိုးရပိုင်းကနေ ဂတ်စ်တွေတိုးထုတ်ဖို့အကြောင်းအသံထွက်လာပါတယ်။ သြစတေးလျအနေနဲ့ မတာမိတ်နိုင်ငံတွေဆီကနေ စွမ်းအင်တွေရရှိဖို့အတွက် အားကိုရတဲ့ ရင်းမြစ်တွေတွေ့ထားပြီလို့လည်း ကြေညာပါတယ်။ နောက်ပြီးဆိုလာပါဝါလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်လည်း ကန်ဒေါ်လာ ၁၅ဘီလီယံကျော်သုံးဖို့လည်း ရည်မှန်းထားပါတယ်လို့ဆိုပါတယ်။သဘာဝဓာတ်ငွေ့သုံးလုပ်ငန်းတွေကို ရပ်တန့်ဖို့လုပ်လိုက်တာနဲ့ သြစတေးလျရဲ့ ထုတ်ကုန်တွေလျှော့ကျသွားမှာပဲ၊ ငဘာဝဓာတ်ငွေ့တွေကို ဆက်ပြီးရောင်းပေးဖို့လိုနေပါသေးတယ်လို့ ၎င်းကဆိုပါတယ်။ “ဂတ်စ်မရှိဘဲနဲ့ အနာဂတ်ထုတ်လုပ်မူလုပ်ငန်းစဥ်မှာ စွမ်းအင်ပြောင်းသုံးဖို့ဆိုတာက မဖြစ်နိုင်သေးပါဘူး။ […]

ပေါ်တူဂီကလျှပ်စစ်ကိုပြန်လည်ပြည့်ဖြိုးမြဲ ကနေ ၉၅ %အထိ ရရှိနေပြီ

ပေါ်တူဂီတစ်နိုင်ငံလုံးသုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားပမာဏရဲ့ ၂၇ ရာခိုင်နှုန်းကို ၂၀၀၅ခုနှစ်က ပြန်လည်ပြည့်ဖြိုးမြဲကရရှိခဲ့ပါတယ်။ ၂၀၁၇ မှာ ၅၄ ရာခိုင်နှုန်းအထိ တိုးထုတ်ယူနိုင်ခဲ့ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကွန်ယက် (REN) ရဲ့ ဧပြီလထုတ်ပြန်ချက်အရပေါ်တူဂီနိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမူပမာဏ ၉၅ ရာခိုင်နှုန်းက ပြန်လည်ပြည့်ဖြိုးမြဲကထုတ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ တစ်နိုင်ငံလုံးလျှပ်စစ်စွမ်းအင်လိုအပ်ချက် ၉၁ ရာခိုင်နှုန်းကပြီးခဲ့တဲ့ ၄ လအတွင်းကထုတ်လုပ်နိုင်ခဲ့ပါတယ်။ Clean Think Tankအဖွဲ့ ရဲ့ထုတ်ပြန်ချက်အရ ပြန်လည်ပြည့်ဖြိုးကနေ တစ်ကမ္ဘာလုံးအသုံး ၃၀ ရာခိုင်နှုန်းကိုလုပ်နိုင်ပြီသိရပါတယ်။ အဲ့ဒိအထဲမှာ ဆိုလာကရတာ အများဆုံးလို့ဆိုရပါတယ်။ ပေါ်တူဂီမှာကတော့ ရေအားလျှပ်စစ်ကနေ ၄၈ ရာခိုင်နှုန်း၊ လေအားလျှပ်စစ်အား ၃၀ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ အရောတွေက ၇ ရာခိုင်နှုန်းရရှိပါတယ်။ ဆိုလာကနေ ၁၀.၅ ရာခိုင်နှုန်းရတဲ့ အထိ တိုးတက်တပ်ဆင်နေကြပါတယ်။ ရုပ်ကြွင်းလောင်စာသဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်ထုတ်ယူတာ မနှစ်ကနဲ့ […]

လောကကြီးကို အလှဆင်ပါ

သစ်ပင်တို့သည် လောကကြီးကို အလှဆင်ကြသည့် သဘာဝအဆင်တန်ဆာဖြစ်သလို လူသားနှင့် တကွသော သတ္တလောကကြီး တခုလုံးတို့၏ မှီခိုအားထားရာလည်း ဖြစ်ပါသည်။ သာမာန်အားဖြင့် ကြည့်လျှင် သစ်ပင်တို့၏ အကျိုးပြုမှုသည် မထင်ရှားသော်လည်း အမှန်စင်စစ် သစ်ပင်သည် တစ်ဦးတစ်ယောက်အတွက် သာမက ပတ်ဝန်းကျင် လောကကြီးတခုလုံး အတွက်ပါ အကျိုးများစွာ ပြုနေသည်ကို တွေ့ရပေလိမ့်မည်။ သတ္တဝါတို့၏ ရှင်သန်မှုသည် သစ်ပင်တောတောင်တို့နှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ သစ်ပင်သည် လောကကြီးကို များစွာ အကျိုးပြုသည်ဖြစ်၍ အများ၏ အားကိုးအားထားရာ ဖြစ်သောကြောင့် “သစ်တစ်ပင်ကောင်း ငှက်တသောင်းတောင် နားလို့ရသည်”ဟုပင် ပြောစမှတ်ပြုကြပါသည်။ လူတို့၏ စားစာရာ၊ နေစရာ၊ ထိုင်စရာ ဝတ်စရာတို့မှ စ၍ အသုံးအဆောင် အားလုံးနီးပါးသည် သစ်ပင်တို့မှ ထုတ်လုပ်၊ ရရှိသော ထုတ်ကုန်များဖြစ်ပါသည်။ လူသားတို့သည် ဆေးဝါးအတွက်လည်း […]

လာမယ့် ၁၅ နှစ်အတွင်း ဘက်ထရီတွေက အလကားနီးပါးလောက်ကို ရနိုင်မယ်လို့ IEA ဆို

‘၂၀၃၀ စွမ်းအင်ရည်မှန်းချက်ပြည့်စုံဖို့ လက်ရှိလုပ်နေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မူတွေကို ၆ ဆ လောက်ပိုလုပ်ရပါလိမ့်မယ်။ အဲ့ဒါမှ ယန္တရားကြီးတွေလည်ပတ်နိုင်ပါလိမ့်မယ်” IEA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အစီရင်ခံစာတစ်ခုမှာလာမယ့် ၁၅ နှစ်အတွက် လျှပ်စစ်သိုလှောင်ထားတဲ့ ဘက်ထရီတွေရဲ့ တန်ဖိုးက ၉၀% လောက်ထိကို ကျဆင်းသွားနိုငိတယ်လို့ပါရှိပါတယ်။ သန့်စင်တဲ့စွမ်းအင်နည်းပညာတွေက ဘက်ထရီတွေကို ဈေးနှုန်းကျဆင်းသွားအောင် လုပ်ပေးမှာပါ။ လက်ရှိသုံးနေတဲ့ လစ်သီယံအိုင်းယွန်းဘက်ထရီတွေ နေရာမှာအခြားပိုကောင်းတဲ့ ဓာတ်ပေါင်းတွေဝင်လာပြီး သေးသေးလေးနဲ့ အများကြီးသုံးလို့ရနိုင်တဲ့ ဘက်ထရီတွေကို ထုတ်လုပ်နိုင်တော့မှာပါ။ ၂၀၂၀ တုန်းက လျှပ်စစ်ကားအစီးရေ ၃ သန်းကျော်ပဲရောင်းချခဲ့ရ နေရာက ၂၀၂၃ မှာ လျှပ်စစ်ကားအစီးရေ ၁၄ သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအရပြောရရင် ၁၃၀ ရာခိုင်နှုန်းတက်လာတာဖြစ်ပြီး လျှပ်စစ်ကားတွေအတွက် သုံးတဲ့ ဘက်ထရီတွေချေးကြောင့် ဝယ်လိုအားမြင့်တက် လာတာပဲဖြစ်ပါတယ်။ […]

ရာသီဥတုအထောက်အကူပြု ဝက်သားဆိုပြီးလိမ်ရောင်းတဲ့ ဝက်မွေးလုပ်ငန်းကို တရားစွဲနိုင်ခဲ့ပြီ

ပြီးခဲ့တဲ့လက ဒိန်းမတ်မှာ “ခင်ဗျားတို့တွေးထားတာထက် ပိုပြီးတော့ရာသီဥတုကို အထောက်အကူဖြစ်စေတဲ့ ၀က်သား”ဆိုပြီး စာတမ်းကပ်ထားတဲ့ ဝက်သားပါကင်ထုတ်တွေ ထုတ်ရောင်းတဲ့ နာမည်ကြီးဝက်သားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို အန်ဂျီအိုအဖွဲ့တွေ တရားစွဲနိုင်ခဲ့ပါတယ်။ ဒန်းနစ်ကရောင်းတဲ့ဝက်သားထုတ်လုပ်ရေးကုမ္ပဏီက ဒိန်းမတ်နိုင်ငံက လယ်သမားအများစုပိုင်တဲ့ နာမည်ကြီးဝက်သားကုမ္ပဏီပါ။ မနေ့ကတော့ ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ သူတို့တွေလိမ်လည်ပြီး ကြော်ညာမိကြောင်းနဲ့ ဈေးကွက်ဥပဒေကိုချိုးဖောက်မိကြောင်း လူသိရှင်ကြား ကြေညာချက်ထုတ်ခဲ့ရပါတယ်။ အဲ့ဒိကုမ္ပဏီကိုတရားစွဲတဲ့ အန်ဂျီအိုအဖွဲ့ ၂ ဖွဲ့ကတော့ ဒိန်းမတ်သက်သက်လွတ်အဖွဲ့အစည်းနဲ့ ရာသီဥတုလှုပ်ရှားမှုအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့က မတ်လ ၁ ရက်နေ့ကစတင်တရားစွဲခဲ့တာပါ။ ‘Climate contorlled pig’ဆိုတဲ့ စာတန်းကို ဝက်သားထုတ်တွေများကပ်ပြီး ရောင်းခဲ့တာနဲ့ ပတ်သက်ပြီး တရားရုံးကမှားယွင်းတဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချပေးခဲ့ပါတယ်။ ဒိန်းမတ်မှာ လူဦးရေထက် ဝက်ကောင်ရေကပိုများပါတယ်။ အဲ့ဒိကသားသတ်သမားတွေက တစ်နှစ်ကို ဝက်​ကောင်ရေ သန်း၄၊ ၅ဆယ် ပေါ်ပြီး နိုင်ငံခြားပို့နေကြပါတယ်။ ဒိန်းမတ်တွေရဲ့ […]

ရေအောက်ကြမ်းပြင်ထိရောက်အောင်ဆွဲတဲ့ ငါးဖမ်းပိုက်ကြီးတွေကို စ,တားပြီ

မနေ့က အေသင်မြို့မှာ ပြုလုပ်ခဲ့တဲ့ Our ocean conference အစည်းအဝေးမှာ ဂရိ၀န်ကြီးချုပ် ကိုင်ရီယာကောစ့် မစ်ဆိုတာကစ် က လာမယ့် ၂၀၃၀ကနေစပြီး ဂရိနိုင်ငံရဲ့ အဏ္ဏဝါဘေးမဲ့ဒေသတွေမှာ ငါးဖမ်းပိုက်ကြီးတွေနဲ့ ပင်လယ်ရေအောက်မှာရှိတဲ့ သက်ရှိတွေကိုဆွဲယူဖမ်းဆီတာတွေ ဥပဒေနဲ့တားမြစ်တော့မယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒိလိုတရား၀င်ပြောကြားပြီး ဥပဒေနဲ့သတ်မှတ်မယ်ဆိုတာက ဥရောပမှာပထမဆုံးသမိုင်းဝင်ခြေလှမ်းဖြစ်လညပါတော့မယ်။ ဥရောပက အ​ခြားနိုင်ငံတွေမှာ အဲ့ဒိလိုမျိုး ဥပဒေတွေ ထုတ်ပြန်ထားပြီးတားဆီးထားတာမရှိပေမဲ့ ကန့်သတ်ချက်အချို့လုပ်ပြီး တားဆီးမှုတော့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ ဂရိနိုင်ငံက လုပ်သလိုမျိုး တင်းတင်းကြပ်ကြပ် တားဆီးမှုတွေတော့မရှိသေးပါဘူး။ ဂရိအစိုးရက ပထမအဆင့်အနေနဲ့ အမျိုးသား အဏ္ဏဝါဥယျာဥ် ၃ ခုမှာ တားဆီးမှုတွေကိုစတင်လုပ်မှာပါ။ အဲ့ဒိထဲကတစ်ခုက မြေထဲပင်လယ်ဒေသ အရှေ့ဘက်ပိုင်းမှာရှိပြီး ၂၀၂၆ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ဒေသတွေကိုတော့ ၂၀၃၀ အကုန်အတွင်းအပြီး တားဆီးမှုတွေကိုလုပ်မှာပါ။ ရေအောက်ကြမ်းပြင်ထိချပြီး […]

စတုတ္ထကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သန္တာကျောက်တန်းများပျက်ဆီးမှုဖြစ်ပေါ်

ကမ္ဘာ့ရာသီပြောင်းလဲမှုက ယခု ၁၀ စုနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ သန္တာကျောက်တန်းများအရောင်ကျွတ်မှု ဖြစ်ပေါ်နေတယ်လို့ သိပ္ပံပညာရှင်များကိုဆိုလိုက်ပါတယ်။ ကမ္ဘာအနှံ့အပြားရှိသန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ် ယခုအကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်ရှိသွားပါပြီ။ အဓိကအကြောင်းအရငမးကတော့ သမုဒ္ဒရာရေအပူချိန်မြှင့်တက်လာမှုကြောင့် ဖြစ်ပါတယ်။ ၂၀၂၃ ဖေဖော်ဝါရီလကတည်းကနေ ဒီနေ့အထိ တိုင်းတာချက်အရ အနည်းဆုံးနိုင်ငံ ၅၀ ကျော်ရဲ့ ကမ်းခြေများမှ သန္တာကျောက်တန်း အရောင်ကျွတ်ခြင်းဖြစ်စဥ် ဖြစ်ပေါ်ခဲ့ပါတယ်။ သန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ်က ဆိုးရွားလာပြီး ကြာရှာခဲ့ပါက သန္တာကောင်များသေဆုံးကာ ရေနေသတ္တဝါများအတွက် အခက်အခဲအများအပြားကြုံရနိုင်ဖွယ် ရှိပါတယ်။ သန္တာကျောက်တန်းများက ရေအောက်ဂေဟစနစ်အတွက် အလွန်အရေးကြီးသောအစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်။ တိုက်စားမှုကိုလျှော့ချပေးခြင်း၊ ဇီဝမျိုးကွဲများကိုကာကွယ်ပေးခြင်း၊ ရေနေသတ္တဝါကိုဖန်တီးပေးတဲ့အပြင် ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် ခရီးသွားလုပ်ငန်းကို တိုးတက်စေပါတယ်။ သန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ်က မကြာခဏဖြစ်လေ့ရှိပေမဲ့ အခုလိုကမ္ဘာလုံးဆိုင်ရာ အရောင်ကျွတ်ခြင်းကတော့ ဖြစ်လေ့ဖြစ်ထနည်းပါတယ်။ သြစတေးလျက ကမ္ဘာ့အကြီးဆုံးဂရိတ်ဘယ်ရီယာက […]