Author Posts

ပင်လယ်ကြီးသာ စကားပြောတတ်မည်ဆိုလျှင်

(၁) ရွှေလက်က မြစ်ဝကျွန်းပေါ်ဒေသမြစ်၊ချောင်းများကြားတွင် တည်ရှိသည့် ကျေးရွာကလေးတစ်ရွာ၌ မွေးဖွားခဲ့သော်လည်းပင်လယ်နှင့် အနေမနီးခဲ့ပေ။ လပွတ္တာမြို့နယ်အတွင်းရှိပင် လယ်နှင့်နီးသောကျေးရွာများတွင် ဆွေမျိုးများရှိသော်လည်းတစ်ခါမှ မရောက်ခဲ့ဖူးပေ။ ထိုဒေသမှ ဆွေမျိုးများရွှေလက်တို့ ရွာသို့ အလည်လာပြီးအပြန်တွင် ပင်လယ်ဘက်သို့ အလည်လိုက်ခဲ့ ရန် ခေါ်ကြပါသည်။ သို့သော် မိခင်ကြီး၏ စိုးရိမ်ပူပန်မှုကြောင့် ပင်လယ်သို့ လိုက်ခွင့်မသာခဲ့ချေ။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ က တပ်မတော်(ရေ) ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက် ပြီးသတင်းယူရန်အတွက် ကိုကိုး ကျွန်းသို့ သွားရောက်ခဲ့ရသည်။ ထိုအခါမှ ရွှေလက်တစ်ယောက် ပထမဆုံးအကြိမ် ပင်လယ်ကို မြင်ခွင့်ရခဲ့သည်။ ကိုကိုးကျွန်းသို့ ရောက်ရန် ပင်လယ်ပြင်ကိုလေယာဉ်ဖြင့် ဖြတ်ခဲ့ရသည်။ ကိုကိုး ကျွန်းပေါ်တွင် ပင်လယ်လှိုင်းရိုက် သံများကိုနားဆင်ကာတစ်ညအိပ်ခဲ့ရသည်။ ကိုကိုးကျွန်းမှတစ် ဆင့် တပ်မတော်စစ်ရေယာဉ်များ ဖြင့် ပင်လယ်ကိုဖြတ်ကာစစ်ရေးလေ့ကျင့်မှုကိုဓာတ်ပုံရိုက် သတင်းယူခဲ့ရသည်။ ရွှေလက်သည် […]

သမုဒ္ဒရာ အောက်ကြမ်းပြင်က သန္တာကျောက်တန်းတွေအကြောင်း

သန္တာကျောက်တန်းတွေက မြောက်လတ္တီကျူ၃၀°နဲ့ တောင်လတ္တီကျူ၃၀°ကြား အပူပိုင်း ပင်လယ်တွေမှာ တည်ဆောက်ကြတယ်… ဘာကြောင့်လဲဆိုရင် သန္တာကောင်တွေက ပူနွေးကြည်လင်တဲ့ ရေတိမ်မှာ ကောင်းစွာ ရှင်သန်နိုင်ကြတယ်…. သို့သော် သဘာဝဖြစ်‌စဉ်အရ ကမ်းနီး ကမ်းဝေးနဲ့  ပုံဏ္ဌာန်အမျိုးမျိုး အမျိုးအစားခွဲထားတယ်… 🏝️🏝️🏝️🏝️ (၁)ကမ်းနီးသန္တာကျောက်တန်း(Fringing Reef) 🏝️🏝️🏝️ ဒီသန္တာကျောက်တန်းက သန္တာကောင်နဲ့ မသက်ဆိုင်တဲ့ ကမ်းခြေ၊ ကျွန်းအနီးတွေမှာ တွေ့ရတယ်… (သနွာကျောက်တန်းနဲ့ မဆိုင်တဲ့ ကျွန်းဆိုတာ မြိတ်ကလို ကုန်းမြေက ကွဲထွက်သွားတဲ့ ကျွန်းတွေ၊ ဟာဝိုင်အီကျွန်းစုလို မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ ကျွန်းတွေ) 🏝️🏝️🏝️🏝️ (၂)ကမ်းကွာ သန္တာကျောက်တန်း(Barrier Reef)🏝️🏝️🏝️🏝️ ကမ်းကွာသန္တာကျောက်တန်းက ကမ်းခြေ(ကုန်းမြေ)နဲ့ အနည်းငယ်ကွာဝေးတယ်.. ယင်းနဲ့ ကုန်းမြေကြား ရေလက်ကြား(သို့မဟုတ်) ပင်လယ်ထံုးအိုင်တွေ ရှိတက်တယ်.. ကမ်းကွာသန္တာကျောက်တန်းတွေက အနည်း နဲ့ အများ ဝိုင်းစက်ကြတယ် […]

အပင်များဖြင့်ငွေရှာခြင်း၊ (Green Tourism)

တချို့နိုင်ငံတွေဟာ ကျွန်းနိုင်ငံမလို့ ဘာစိုက်စိုက်မဖြစ်ထွန်းဘူး သို့သော်…….. တချို့နိုင်ငံတွေမှာ သဲကန္တာရတွေ အပြည့်မလို့ ဘာစိုက်စိုက်မဖြစ်ထွန်းဘူး သို့သော်……… တချို့နိုင်ငံတွေမှာ ရာသီဥတု ဆိုးလွန်းလို့ ဘာစိုက်စိုက်လွယ်လွယ်နဲ့မဖြစ်ထွန်းဘူး သို့သော်……… သူတို့နိုင်ငံတွေကို တကူးတက သွားလည်ပြီး ဓာတ်ပုံတွေရိုက်ကြ။ ကမ္ဘာသိအောင် ကြေငြာကြပြီး ကိုယ်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေတွေရကြတယ်။ Australiaနိုင်ငံမှာ စိန်ပန်းပြာပွင့်ချိန်ကို တခန်းတနားကျင်းပပြီး တကမ္ဘာလုံးကို ကြေငြာပြီး စိန်ပန်းပြာရောင် ဝတ်စုံတွေဝတ်ပြီးပွဲတော်လုပ်ကြတယ်။ Japanမှာတော့ ချယ်ရီပွဲတော်၊ ကြာပန်းပွဲတော်၊ ဘိန်းပန်းပွဲတော်၊ Fujiပန်းပွဲတော်၊ ဒေလီယာပန်းပွဲတော်၊ cosmosပန်းပွဲတော်၊ ပန်းအမျိုးတိုင်းအတွက်တန်ဖိုးထားပြီး ပွဲတော်လုပ်ကာ tour attraction လုပ်ကြပါတယ်။ Africaက ကင်ညာ မှာ သဲကန္တာရမှာအလေ့ကျပေါက်တဲ့ပန်းကို ထိန်းသိမ်းပြီး tourတွေကို ဆွဲဆောင်ပါတယ်။ Vietnamနိုင်ငံမှာတော့ ရေထဲမှာ ကန္ဒမာ ပန်းတွေစိုက်ပြီး ပန်းလဲရောင်း နိုင်ငံခြားသားကိုလဲဆွဲဆောင်တဲ့ အလုပ်ကို […]

မြေတိုက်စားမှု – အသံတိတ် သဘာဝပတ်ဝန်းကျင် ကပ်ဘေးအတွင်းက မြန်မာနိုင်ငံ Erosion: Myanmar in a Silent Environmental Crisis

သိန်းမော် (ဒီဇင်္ဘာ ၂၆ ရက်၊ ၂ဝ၂ဝ ခုနှစ်) … သစ်ပင်သစ်တောများ ပြုန်းတီးလာသည့်အခါ မိုးရေကို မထိန်းချုပ်နိုင်တော့။ ရွာချလိုက်သည့် မိုးရေကိုစုပ်ယူရန်နှင့် ရေစီးကိုနှေးစေသည့် သစ်ပင်သစ်တောများ မရှိတော့သည့်အခါ၊ အတားအဆီးမဲ့ လျင်မြန်စွာစီးလာသည့် မိုးရေစီးများက မြေပေါ်တွင် ကြာရှည်မနေတော့သဖြင့် မြေကြီးအတွင်းသို့လည်း စိမ့်ဝင်နိုင်မှု မရှိတော့။ ထိုအခါ မြေအောက်ရေများ လျော့ကျလာရသည်။ မြေအောက်ရေ လျော့နည်းသဖြင့် နွေအခါ စမ်းတို့ခမ်း၍ မြစ်ချောင်းတို့အတွင်း ရေနည်းပါးလာရသည်။ … သစ်ပင်သစ်တောများ ပြုန်းတီးလာသည့်အခါ ရွာချသည့် မိုးရေများသည် အတားအဆီးမဲ့ ဒလဟောစီးရင်း စွမ်းအင် ကြီးမားလာသည့်အခါ၊ လမ်းတွင်တွေ့သမျှ အမိုးအကာမဲ့သည့် မြေကြီးမြေပြင်မှန်သမျှကို တိုက်စားကာ သယ်ယူတော့သည်။ အမြင့်ပိုင်းဒေသများတွင် မြေဆီသြဇာကောင်းသည့် အပေါ်ယံ မြေလွှာများ ဆုံးရှုံးကြရသည်။ အရင်းများပါသွားသည်။ အမြတ်ကို မြစ်ဝကျွန်းပေါ်သားတို့ […]

ဒီရေတောများကိုကာကွယ်ထိန်းသိမ်းကြပါစို့

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲ ဒီရေတောအများအပြားရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီရေတောတွေဟာ ကမ်းရိုးတန်းဒေသက မုန်တိုင်းဒဏ်နဲ့ သဘာဝဘေးအန္တရာယ်တွေကို ခုခံကာကွယ်ပေးနိုင်သလို ပင်လယ်သယံဇာတတွေဖြစ်တဲ့ ငါး၊ ပုစွန်တို့ရဲ့ ခိုအောင်းမှီခိုသားပေါက်ရာ နေရာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒီရေတောတည်ရှိသည့် နိုင်ငံများတွင်လည်း မြန်မာနိုင်ငံသည် သတ္တမမြောက် ဧရိယာအများဆုံးနိုင်ငံဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ် တိုင်းတာရရှိမှုများအရ ဒီရေတောဖုံးလွှမ်းဧရိယာ တစ်သန်းနှစ်သိန်းခန့် ရှိနေသေးကြောင်း သိရပါတယ်၊ ဒီရေတောတွေဟာ ပင်လယ်ကမ်းစပ် ကမ်းဦးရေတိမ်ပိုင်းကမ်းတက် မြေများတွင် သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိနေသော လမု၊ ကနစို၊ ဓနိစသည့် ရေငန်ကြိုက်အပင်မျိုးစုံ  စုပြုံလျက် တိုးမပေါက် လောက်အောင်ထိ ထူထပ်စွာပေါက်ရောက်လျက်ရှိနေသော သဘာဝတောများဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာ ဒီရေတော ၅ရဝဝရဝ ဟက်တာရှိပြီး ဧရာ ဝတီတိုင်းဒေသကြီးတွင် ၄၆ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၇ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းတွင် ၁၇ […]

ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေတ် မြို့ဟောင်း

ကျွန်တော်တို့တိုင်းပြည် အေးချမ်းသာယာပြီး ပြည်သူတွေ လုံခြုံစွာနဲ့ ပျော်ရွှင်ခွင့်ရတဲ့နေ့ကျရင် သဘာဝပတ်ဝန်းကျင် ရှုခင်းတွေ၊ သဘာဝအလှအပတွေ၊ ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ နေရာလေးတစ်ခုဆီ အလည်သွားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့… ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့အနီးမှာရှိတဲ့ ရှေးဟောင်းကြပ်ပြင်ဂဝံ ပျူခေတ် မြို့ဟောင်းပဲ ဖြစ်ပါတယ်။ ပုသိမ်-မုံရွာကားလမ်းအတိုင်းဆိုရင်ကွင်းကောက်မြို့ မရောက်ခင် ၅မိုင်အလိုလောက်မှာ တောင်ဇင်းရွာတည်ရှိပါတယ်။ တောင်ဇင်းရွာကနေ ရခိုင်ရိုးမဘက်ကို လမ်းညွှန်ဆိုင်းဘုတ်အတိုင်းအတွင်းကို၃မိုင်ခန့်ဝင်သွားရင် ကြပ်ပြင်တောရသာသနာ့နယ်မြေ ရှေးဟောင်းဂဝံမြို့ဟောင်းကို ရောက်ရှိပါပြီ။ ယခုအချိန်သွားရင်​ စိမ်းစိုလှပပြီး စမ်းချောင်း ကလေးနဲ့ အရမ်းသာယာတဲ့နေရာလေးပါ။ ရှေးဟောင်းသုတေသနဋ္ဌာနမှ ဆရာဘုန်းတင့်ကျော်ကတော့ ဒီနေရာ ကို ပျူမြို့ဟောင်းလို့ ပြောဆိုထားပါတယ်။ ဘီစီ ၃ရာစုနဲ့ ၆ရာစုအတွင်း တကောင်းခေတ်ဟုခေါ်တွင်တဲ့ ပျူခေတ်မှာ ပျူမြို့၃၂မြို့ တပ်မြို့ ၉မြို့ မြို့ငယ်ပေါင်း၂၀၀ကျော် ရှိတဲ့အနက် ပင်လယ်ပျူမြို့ဟာ ဧရာဝတီတိုင်းအတွင်းတည်ရှိပါတယ်။   ယခုမြို့ဟောင်းဟာ […]

အပူချိန် အပေါင်း ၆၀ နဲ့ အနှုတ် ၄၀ ဒီကရီ ဆဲစီးယက်သို့ ရုတ်တရက်ပြောင်းလဲသွားရင် ကျနော်တို့ အသက်ရှင်နိုင်ပါ့မလား

အီတလီသိပ္ပံပညာရှင်တွေက အစွန်းရောက်ရာသီပြောင်းလဲမှုဖြစ်တဲ့ ပူလွန်း အေးလွန်း ကြားထဲမှာ သက်ရှိတွေနဲ့ အရာဝတ္ထုတွေ ဘယ်လောက်ခံနိုင်ရည်ရှိမလဲဆိုတဲ့ စမ်းသက်မှုတစ်ခုကို မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ကမ္ဘာကြီးက ရာသီဥတုဖောက်ပြန်မှုဖြစ်နေပါတယ်။ ရုတ်တရက် အပူလွန်ခြင်း နဲ့ အအေးလွန်ခြင်းက ဆဲစီးယက်တန်ဖိုး -၄၀ ဒီကရီနဲ့ + ၆၀ ဒီကရီကြား ဖြစ်နိုင်တဲ့အတွက်ကြောင့် သက်ရှိတွေအဲ့ဒိပြောင်းလဲမှု ဒဏ်ကို ခံနိုင်ပါမလားဆိုတာကို လေ့လာတာပါ။ လေ့လာမှု ကို တောင်တက်ပြီးတော့ ပြုလုပ်တာပါ။ တောင်တက်တဲ့အခါမှာ ရာသီဥတုပြောင်းလဲမှုကို လက်တွေ့ကျကျခံစားရတာပါ။ အရင်တုန်းက တောင်တက်သမားတွေက ကိုယ်ခန္တာအပူချိန်ထိန်းညှိမှုကို လုပ်ပြီး တက်ကြတဲ့ အတွက်ကြောင့် ဘေးကင်ပါတယ်။ ဒါပေမဲ့ ရာသီဥတုကို မထိန်းချုပ်နိုင်လို့ ရုတ်ချည်း ပြောင်းလဲမှု ဖြစ်ခဲ့ရင် ဘယ်လို ထိန်းမလဲ ဆိုတာကို တွက်ချက်ကြည့်မလို့ပဲ ဖြစ်ပါတယ်။ လေတိုက်မယ် […]