Author Posts

ဘီလီယံ ၂၀ သုံးပြီး ပင်လယ်ရေမြှင့်တက်လာမှုကို ကာကွယ်မယ့် နယူးယောက်ခ်က အာဏာပိုင်တွေ

လွန်ခဲ့တဲ့ နှစ်အနည်းတုန်းက ဆန်ဒီမုန်တိုင်းဝင်တဲ့ အချိန်မှာ နယူယောက်မန်ဟန်တန် မြေနိမ့်ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့လို့ လူ ၂သိန်းနီးပါး ဒုက္ခခံစားလိုက်ရပါတယ်။ နယူယောက်ခ် အာဏါပိုင်တွေက အဲ့ဒိကတည်းက ရာသီဥတုဖောက်ပြန်ပြီး ပင်လယ်ရေတွေ မြို့ထဲကို ဝင်လာရင် ကာကွယ်ဖို့ နည်းလမ်းတွေ စဉ်းစားခဲ့ကြပါတယ်။ သေချာတာက ကမ္ဘာကြီးပူနွေလာလို့ ပင်လယ်ရေမြှင့်တက်လာရင် နယူးယောက်ခ်ရဲ့ မြေနိမ့်ပိုင်းဒေသတွေ ပင်လယ်ရေအောက်ရောက်သွားမှာ ဖြစ်ပြီး မြို့ရဲ့ လူဦးရေ ၅သိန်းနီးပါးလောက် ဒုက္ခရောက်ဖွယ်ရာ ရှိနေတယ်လို့ တွက်ချက်ထားကြပါတယ်။ ဒါကြောင့် ပင်လယ်ရေတွေ ဝင်လာနိုင်တဲ့ မြေနိမ့်ပိုင်းဒေသတွေမျာ ရေတားနံရံတွေ ဆောက်ဖို့နဲ့ ရေထိန်းတံခါးတွေ ဆောက်ဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ အာဏါပိုင်တွေ ဆွေးနွေးပြီးနောက်မှာတော့ အဲ့ဒိဆောက်လုပ်ရေး လုပ်ငန်း တွေ အတွက် ကန်ဒေါ်လာ ဘီလီယံ ၂၀ သုံးဖို့အတွက် […]

ရာဇူဒိုင်ရဲ့ ပခုံးနှစ်ဖက်နဲ့ နေ့ရက်များ

ဆိုင်ကယ်ပေါ်ကို ဘေးလွှဲထိုင်ဖို့ရာ မဖြစ်နိုင်တဲ့ လမ်းခရီးမို့ ဆိုင်ကယ်နောက်ကနေ ခွထိုင်လိုက်ရတယ်။ ခရီးက မဝေးပါ။ ငါးမိနစ်လောက်သာ စီးရတဲ့ (ကားလမ်းမကြီးလို့ အခေါ်ရှိကြတယ်) လမ်းတာကြီးပေါ်မှာပါ။ အဲ့ဒီငါးမိနစ်လောက် ဆိုင်ကယ်ဘီးတွေကို ကျောက်အကြမ်းခဲတွေ ပွတ်တိုက်တဲ့နှုန်းက ကတ္တရာလမ်းပေါ်က ငါးနာရီလောက် ဆိုင်ကယ်ဘီးတွေ ပွတ်တိုက်တဲ့နှုန်းထက် ဆိုင်ကယ်ဘီးတွေ ထိခိုက်တဲ့နူန်း မလျော့ဘူးပြောရင် လွန်မယ်မထင်မိပါ။ သွားနေကျ လမ်းခရီး။ စီးနေကျ ဆိုင်ကယ်ကယ်ရီ။ ဒါတွေဟာ မြင်ကွင်းအသစ် မဟုတ်သလို၊ ထိတွေ့မှု အသစ်တွေလည်း မဟုတ်ပါ။ ရာစုနှစ်တွေထဲက စီးဆင်းနေတဲ့ အလျင်တွေပါပဲ။ အဲ့ဒီအလျင်ထဲမှာ ကျွန်တော် လိုက်ပါတယ်။ ကျွန်တော့်ဝန်းကျင်က လူတွေ လိုက်ပါကြတယ်။ အသက်ရှူသံတွေ လိုက်ပါကြတယ်။ ညည်းတွားမှုတွေ လိုက်ပါကြတယ်။ အဲဒီလမ်းတာကြီးပေါ်မှာ ကျွန်တော်တို့တစ်တွေ ငြင်းချင်တဲ့အရာတွေ ရှိပေမယ့် ငြင်းဖို့အတွက် ခဲယဉ်းရင်း ရာစုနှစ်ရဲ့ […]

ရေအောက်သတ္တုမိုင်းတွင်းတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူတာဝန်ယူမှာလဲ

ပလန်နာတီတာကာရာက တွန်ဂါကျွန်းစုဆီကို အမြဲလိုလို ခရီးထွက်ဖြစ်ပါတယ်။ တွန်ဂါကျွန်းစု ဆိုတာ တောင်ပစ္စိဖိတ်က ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်းပေါင်း ၁၇၀ လောက်ရှိပြီး လူနေထိုင်တဲ့ ကျွန်းက ၇၀ လောက်ရှိပါတယ်။ သူမတွေ့ခဲ့တဲ့ ကျွန်းသားတော်တော်များများက ရေအောက်သတ္တု တူးဖော်ရေး မိုင်းတွင်းတွေ နဲ့ ပတ်သက်ပြီး ဗဟုသုတမရှိကြပါဘူး။ သူမက ရေဒီယို အစီအစဉ်တစ်ခုလုပ်ပြီး ရေအောက်သတ္တုတူးဖော်ရေး မိုင်းတွင်းတွေ အကြောင်း ကို အများသိအောင် ဟောပြောနေပါတယ်။ တွန်ဂါ ဘုရင့်နိုင်ငံမှာ အစိုးရက ကုမ္ပဏီတွေ ကို ရေအောက်မှာ သတ္တုတူးဖော်ဖို့ ခွင့်ပြုနေပါတယ်။ ရေအောက်ဂေဟစနစ်ပျက်သွားနိုင်တယ်ဆိုတဲ့အကြောင်း ကို ပြောဟောနေရ တာက နှင်းဆိုတာကို မမြင်ဖူးတဲ့ တွန်ဂါနိုင်ငံသားတွေကို နှင်း အကြောင်း ရှင်းပြနေရတာနဲ့ တူပါတယ်လို့ သူမကဆိုပါတယ်။ သူမပြောတဲ့ ရေအောက် သယံဇာတ […]

ခေါ်နူးဇုမ်

ခေါ်နူးဇုမ်က လှတယ် တစ်နေ့ ခေါ်နူးဇုမ်ဆီ ငါ သွားမယ် ။ အိပ်မက်နီနီတွေ အထပ်ထပ်ပွင့်နေတဲ့ အဲဒီတောင်တန်းတွေဆီ ငါ သွားမယ် ငါ သွားမယ်ဆိုပြီး ဘယ်တော့မှ ငါမရောက်တော့မယ့် အရပ်ဟာလည်း ခေါ်နူးဇုမ်ပဲ ခေါ်နူးဇုမ်ကို ငါ သွားမယ် ။ ငါ့အရပ်အမောင်းထက် ပေပေါင်းများစွာမြင့်တဲ့ ငါ့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုရကောင်းမှန်း မသိတဲ့ ခေါ်နူးဇုမ် သူ့ပေတံကြီးနဲ့ သူ့ကိုယ်သူပြန်တိုင်းပြီး ငါ့ကို သူ့အနားကပ်မရအောင်လုပ်ထားပြီး တိမ်တွေကို တိုးတိုးဖော်လုပ်ထားတဲ့ ခေါ်နူးဇုမ် ခေါ်နူးဇုမ်ကို ငါ သွားမယ် ။ ရောက်ဖို့ မလွယ်ကူတော့မှန်း သိပေမယ့် ငါ့အိပ်မက်တွေက အဆုပ်လိုက် အခိုင်လိုက် နီနီရဲရဲ ငါ ခေါ်နူးဇုမ်ကို သွားမယ် ။ ငါ့ ့ခရီးနဲ့ ငါ တိုးတိုးတိတ်တိတ်ပဲ […]

ပန်းချီ

ဘဲငန်းတွေက ရေထဲကသူ့အရိပ်ကို အတောင်ပံတွေ ထဲ ဖြန့်ကြည့်လို့ တိမ်တွေရေသောက်ဆင်းတဲ့အခါ ကန်ရေပြင်ဟာ အ်ပာ ကမ်းစပ်မှာ ရေတိမ်နစ် မှော်ပင်တချို့ လေ အလာဆို လှိုင်းကြက်ခွပ် တေနရာမွာ သစ်ပင်စိမ်းစိမ်းတွေ ကိုင်းညွှတ် ငါးတစ်ကောင်တစ်လေ ထခုန်လိုက်တဲ့အခါ ကန်ရေပြင်ခမျာ လှုပ်ခတ် နေဝင်ချိန် အမှောင်ဆည်းဆာ မကြာခင်ရောက်လာခဲ့တယ်။ #သင်းရည်လွင် မြားနတ်မောင်၊ ၁၉၉၈ #Photo:MCN

ဧည့်သည်ငှက်လေးတွေ (ကဗျာ)

ရွှေ့ပြောင်းပျံသန်းလာခဲ့ပြီ မိုင်ပေါင်းထောင်သောင်းချီ ရေခဲရာသီဆောင်းအစ ကမ္ဘာ့မြောက်ခြမ်းက ။ အိမ်ကသာလို့ ဧည့်သည်လာ မြန်မာနိုင်ငံပါ ကမ္ဘာလှည့်သူခရီးသွား ရေပျော်ငှက်လေးများ ။ ယာယီခိုနားအရောင်စုံ ဘဲရစ် ရေကြက်ဒုံ ဗွတ်ကလုံလေး လွန်လှပ ဟင်္သာငှက်စုံစွ ။ မိန်းမလှကျွန်း တောင်သမန် ပျူ နဲ့ အင်းလေးကန် မြစ်ဝမကျန် မိုးယွန်းကြီး က်က္စား အင်းတော်ကြီး ။ ခရီးသာလို့မာပါစေ ဆောင်းခိုငှက်လေးတွေ ကမ္ဘာမြေနဲ့ချိတ်ဆက်ထား စောင့်ရှောက်ကြစို့လား ။ #ဝင်းမင်းစိုး(မိတၳီလာ) အောက်တိုဘာ ၁၀ ရက်နေ့ ကမ္ဘာ့ဆောင်းခိုငှက်များနေ့သို့

အရောင်ငါးမျိုးနဲ့စီးဆင်းနေတဲ့မြစ်(သို့မဟုတ်)ရေထဲကသက်တံ

ကိုလံဘီယာယာနိုင်ငံအတွင်းရှိ Cano Cristales မြစ်ဟာ ကမ်ဘာပေါ်က အလှပဆုံးမြစ်တွေထဲက မြစ်တစ်စင်းဖြစ်ပါတယ်။ မြစ်ရဲ့အရှည်အဝေးက မိုင် ၆၀ ကျော်ကျော်သာရှိတဲ့အတွက် မြစ်လို့ခေါ်ဖို့တောင် ဝိဝါဒျဖစ္စရာပါပဲ။ ဒါပေမယ့် Cano Cristales ဟာ မြစ်တစ်စင်းပါပဲ။ ၎ျမစ္ကို ရေထဲက သက်တန့်လို့လည်း ခေါ်ကြပါတယ်။ အနီ၊ အနက်၊ အစိမ်း၊ အဝါ၊ အျပာ အရောင်ငါးမျိုး ရောစပ်စီးဆင်းနေတာကြောင့် ရေထဲကသက်တံရယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ Photo& Ref: internet

ကျောက်ကလပ်ကို သွားလည်မယ်

ကျောက်ကလပ် တည်ရှိရာနေရာက ဧရာဝတီတိုင်း ၊ငပုတောမြို့နယ် မော်တင်တင်စွန်းနဲ့ မျက်နှာချင်းဆိုင် ထိပ်စွန်းခေါ်တဲ့ အရပ်ဒေသ တောင်ဘက်အစွန်းလေးမှာပါ။ သူ့အနီးဝန်းကျင်မှာ ပြင်ခရိုင်၊ ဒီးဒူးကုန်း၊ ချောင်းဝ၊ သက္ကယ်သောင်၊ ဘုန်းတော်ပြည့်၊ အုတ်တွင်းဆိုတဲ့ ရွာကလေးများတည်ရှိပါတယ်။ရေညှိစိမ်းစိမ်းတွေ ပေါ်လမ်းလျှောက်ချင်ရင်တော့ ရေကျချိန်အထာသိဖို့လိုပါတယ်။ ကျောက်ကလပ်ဒေသမှာ ဒီဒူးချိုင်ကမ်းခြေ၊ ဓားသွေးကျောက်ကမ်းခြေ၊ မေဓာအိုင်ကမ်းခြေ၊ထိပ်စွန်း ၊ကျောက်ကလပ်စေတီ၊ရေညှိပြင်၊ ကျောက်မီးဖိုလုပ်ငန်း၊တံငါလုပ်ငန်းတို့ကို ဓာတ်ပုံရိုက်နိုင်ပါတယ်. ဓာတ်ပုံ သမားစစ်စစ်တွေကမြန်မာရက် လပြည့် ၊လကွယ်၊ ၁.၂.၃ရက် နေ့များကိုသွားပါ…မနက်ပိုင်း ရေကျချိန်နဲ့ ညနေပိုင်းရေကျချိန်များနဲ့ တွေ့ရမှာ ဖြစ်ပြီး ရေညှိစိမ်းပြင်ကြီးကို sunset နဲ့ sunrise ပေါင်းပြီး တံငါလုပ်ငန်း အထူးသဖြင့် ငါးပိုက်လှေဝင်ချိန် ငါးဘမ်းဆေးခြင်းအလှပုံများ ရိုက်နိုင်ပါလိမ့်မယ်… အကယ်၍ starနဲ့ milky လိုချင်ပါက လကွယ်ရက်ကို သွားပါ… Reflection နဲ့ Seascape […]