ဂဏန်းကျရေတံခွန်သို့သွားကြမယ်
#တည်နေရာ– ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ မြိုင်စံပြကျေးရွာ ဆိုင်းဘုတ်ကျော်ကျော် မြိုင်စျေးနားမရောက်ခင်မှာ လမ်းညာဘက်ကို ချိုးတဲ့ လမ်းတစ်ခုရှိပါတယ်။အဲ့လမ်းအတိုင်းသာဝင်သွားပါ။ ခန့်မှန်းချိန် ၁၅ မိနစ်ခန့် ဝင်ရပါတယ်။ ကားအနိမ့်များကတော့ ရေကျော်လေးတစ်ခုနားထိ သွားလို့ရပါတယ်။ ကားထားပြီး ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိ လမ်းလျောက်ချိန် ၁၀ မိနစ်ခန့် မြေပြန့်သွားရပါမယ်။ light truck ခွေးဘီလူးများ ကားအမြင့်များ ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိသွားလို့ရပါတယ်။ ကား၊ ဆိုင်ကယ်များ ထားခဲ့ပြီး ရေတံခွန်ရှိရာသို့ ၁၅ မိနစ်ခန့်ဆင်းြးြရင် ရောက်ပါပြီ။ အဆင်းလမ်းအနည်းငယ်ချော်ပါတယ်။ လမ်းဘေးဝဲယာမှာ ဖက်ယားဆိုတဲ့ အပင်တွေရှိပါတယ်။အရွက်အကြီးကြီးတွေနဲ့ ကိုင်မိလိုက်ရင် ဆူးစူးပါတယ်။ သတိပြုပါ။ အဆိပ်တော့မတက်ပေမယ့် ဆူးစူးခံရတာ တစ်မျိုးတော့ နေရခက်ပါတယ်။ ရေတံခွန်က ရေကျနည်းပါတယ်။ ရေချိုးဖို့ ရေအိုင်များမရှိပါ။ ဂဏန်းကျရေတံခွန်တစ်ခုထဲသွားမယ်ဆို သွားရတဲ့ခရီးမတန်ပါဘူး။ ဂဏန်းကျကို ဝင်ပြီး […]