သင်္ဘောအောက်နဲ့ တိရိစ္ဆာန်တွေအောက်ကနေ ကားမောင်းခြင်း
လှရုံတင်မက စိတ်ဝင်စားဖို့ကောင်းလို့ပါ… ကုန်းလမ်းကိုဖြတ်ပြီး ရေကြောင်းသွားလာလုပ်လို့ရအောင် ကွန်ကရစ်သုံးလုပ်ထားတဲ့ တူးမြောင်းတွေကို Aquaduct လို့ခေါ်တယ်။ အလွန်တိုးတက် ယဉ်ကျေးမှုမြင့်မားခဲ့တဲ့ ရောမလူမျိုးတွေက စခဲ့တာပါ။ ရေချောင်း တူးမြောင်းများလှတဲ့ နယ်သာလန်မှာ Aquaduct အခု ၃၀ လောက်ရှိသတဲ့။ ရောက်ခါစ ကားဦးတည်ရာ မျက်နှာချင်းဆိုင် အဝေးက မြင်နေရတဲ့ ကန့်လန့်ဖြတ်သင်္ဘောကြီး ဆီကို တဖြေးဖြေး နီးလာပြီး နောက်ဆုံး သူ့အောက် လှိုဏ်ခေါင်းကနေ ဝင်သွားရတဲ့အခါ feeling က ကလေးဘဝ ပွဲစျေးလည်ရသလိုပဲ။ တိရိစ္ဆာန်တွေ တောအုပ်တစ်ဖက်ကနေ တစ်ဖက်ကို ကားလမ်းဖြတ်ကူးတဲ့အခါ အသေအပျောက်များတဲ့ အတွက် တစ်နေရာကနေတစ်နေရာကူးဖို့ လုပ်ထားတဲ့ မြေပေါ်တံတား မြေအောက် လှိုဏ်ခေါင်း တွေကို တော့Ecoduct လို့ခေါ်တယ်။ ခုချိန်မှာ တစ်နိုင်ငံလုံး Ecoduct တံတားပေါင်း အခု […]