Author Posts

စကားတောင် (သို့) ထိုးဆိပ်ရေတံခွန်နှင့်ဂူ

#တည်နေရာ အုန်းချော၊ ဆည်တော်လေးရွာမြောက်ဘက် စကားတောင် #လမ်းညွှန် အုန်းချော တံတားအကျော်မီးပွိုင့် အရှေ့ ဆည်တော်လေးရွာသွားလမ်း အတိုင်းဝင်သွားပါ။ 2 မိနစ် 3 မိနစ်ခန့် သွားပီးတဲ့အချိန်လောက်မှာ လမ်းဘယ်ဘက်ကို ကြည့်သွားပါ။ လမ်းခွဲတစ်ခုတွေ့ပါမည်။ မြစကြာတောရ ဆိုင်းဘုတ်လမ်းညွှန်အတိုင်း လမ်းဘယ်ဘက်သို့ ချိုးဝင်သွားပါ။ နောက်ထပ် မြစကြာတောရ ဆိုင်းဘုတ်တစ်ခုထပ်တွေ့ပါမည်။ အဲ့လမ်းအတိုင်းဘယ်ဘက်သို့ချိုးဝင်သွားပါ။ ရေကျော်တစ်ခု ကိုဖြတ်ရပါမည်။ လမ်းအတိုင်းတည့်တည့်ကြီးသွားပါက ဆည်တော်လေး ရေချိုးဆိပ်သို့ရောက်ပါမည်။ ဆည်တော်လေး ရေလွှဲတံတားကိုဖြတ်ပီး တည့်တည့်သာသွားပေတော့။တောင်ခြေမရောက်မခြင်းသာမောင်းပေတော့… #တောင်ပေါ်ဘုန်းကြီးကျောင်းသို့ခြေလျင်တက်ရန် 10 မိနစ်ခန့် #ဘုန်းကြီးကျောင်းမှရေတံခွန်သို့ 2 မိနစ်ခန့် ဆိုင်ကယ်ကျွမ်းကျင်ရင် ဘုန်းကြီးကျောင်းအထိတက်လို့ရပါသည်။ ( အန္တရာယ်မဖြစ်ဖို့ ဂရုတော့စိုက်ပါ) #ကြာချိန် အုန်းချောမှ စကားတောင်ခြေအထိ မိနစ် 30 ခန့် #လမ်းအနေအထား စကားတောင်ရောက်ခါနီး 10 မိနစ်အလိုမှာ […]

လီသီယံတွေကို ပြန်သုံးလို့ မရရင်တော့ ကမ္ဘာပေါ်မှာ အမှိုက်အဖြစ်စုပုံ လာမှာပါ

ယနေ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ၊ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ဖို့ အတွက် ကာဗွန်ထုတ်လုပ်မှု ကိုလျှော့ချနိုင်ဖို့ ၊ ရုပ်ကြွင်းလောင်စာအစားထိုး လျှပ်စစ်မိုးဘိုင်းလုပ်ငန်းတွေ ကို ဖွံ့ဖြိုး ဖို့အတွက် ဆိုရင် လျှပ်စစ်ကို သိုလှောင်ပြီး သယ်ဆောင်သွားလို့ ရတဲ့ ဘတ်ထရီတွေ ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ လျှပ်သို ပစ္စည်းတစ်မျိုး ဖြစ်တဲ့ ဘတ်ထရီတွေက အက်ဒီဆင် မတိုင်ခင်ကတည်းက နေ ယနေ့ အထိ အဆင့်ဆင့် ပြောင်းလဲတိုးတက်ခဲ့ပါတယ် ၊ ဧရာမ အိုးကြီး တွေကနေ သေးငယ်ဆုံး ဆဲလ်ကလေးတွေ အထိ တီထွင်လာခဲ့ကြပါတယ်။ နောက်ဆုံးပေါ် အဖြစ်နဲ့ လစ်သီယံ ဓာတ်စင်သုံး ဘတ်ထရီတွေက လျှပ်စစ်ကို အကြာကြီး နဲ့ အမျာကြီး […]

သစ်ရွက်ခြောက်

မကြာခင် အိပ်ရေး၀၀ အိပ်ရတော့မယ် ဇောက်ထိုးမြင်တဲ့ ကောင်တွေဘေး စိတ်အေးရတော့မယ် နွေဦးမှာ ကိုယ်ဖော့တတ်ရုံနဲ့ လေရူးနောက် လိုက်ရတာလည်း ပျော်စရာကောင်းပါတယ် ကြွေကျပြီးမှတော့ ဒီလောက်ပဲ။ ။ #ရွှေပိုးအိမ်(ပဲခူး) ၂၀၁၉

ရန်ကုန်မိုးဟာ အောက်တိုဘာ ၁၈ ရက်အထိ ဆက်လက်ရွာပါဦးမယ်..

အားလုံးက မင်းဂွတ်သီးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိုးလေဝသပညာရှင် Su Su San က ရန်ကုန်မိုးဟာ အောက်တိုဘာ ၁၈ ရက်ထိ ဆက်လက်ရွာသွန်းနေဦးမယ်လို့ ဒီ​ေန့ နံနက် ၇ နာရီမှာ ​ခန့်မှန်းထားပါတယ်။ သူက ”ရန်ကုန်မှာ ၁၈ရက်နေ့အထိမိုးရွာပါမယ်။ ၁၉ရက်နေ့မှာ နေသာချိန်ရှိမှာမို့ အဝတ်လှမ်းနေ့တစ်နေ့အဖြစ်သတ်မှတ်လိုက်ပါတယ်” လို့ ဆိုထားပါတယ်။ #Greenness

မလေးရှားတောတွင်းသားတွေက သစ်ထုတ်လမ်းကြောင်းတွေကိုပိတ်ပြီး ဆန္ဒပြ

မလေးရှားဒေသခံဌာနေတိုင်းရင်သားတွေဖြစ်တဲ့ ပီနန် လူမျိုးနွယ်စုတွေက မလေရှား ဘော်နီယိုကျွန်းပေါ်က သစ်ခုတ်ကုမ္ပဏီတွေရဲ့ သစ်တင်ကားတွေ သွားတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပီနန် တောတွင်းသားတွေက စက်တင်ဘာလ ၉ ရက် နဲ့ ၂၂ ရက်နေ့ က ဆာရာဝက်ပြည်နယ်အတွင်းက ဘာရမ် အထက်ပိုင်းဒေသနဲ့ အလယ်ပိုင်း ဒေသတွေ မှာ လမ်းပိတ်ဆို့တဲ့ လုပ်ငန်းတွေကို လုပ်ခဲ့ကြပါတယ်။ လောင် အာဂျန်နဲ့ လောင်ပါကန် ရွာ ၂ရွာလုံးမှာရှိတဲ့ ရွာသားတွေ စုပေါင်းပြီး သူတို့နေထိုင်ရာတောတွင်း က သစ်ပင်တွေကို သူတို့ရဲ့ သဘောတူညီချက်မပါဘဲ ခုတ်ယူတဲ့အတွက် သစ်ထုတ်လုပ်ငန်း ကုမ္ပဏီတွေကို ဆန္ဒပြကြပေမဲ့ သစ်ထုတ်လုပ်တာကို ရပ်တန့်ခြင်းမရှိတဲ့အတွက် လမ်းပိတ်ဆို့မှုတွေ ကို လုပ်ခဲ့ကြတာပါ။ အဲ့ဒိရွာတွေက ရွာသူကြီး ၂ယောက်က ရဲတွေကို တိုင်ကြားမှုလုပ်ခဲ့ပေမဲ့ ရဲတွေက […]

ယောချောင်းရေမြင့်တက်လာသောကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများ အထူးသတိပြုရန်လိုအပ်

မိုးလေဝသ သတင်း #Update ယောချောင်းရေလျှံ ကမ်းလုံးပြည့် တံတားထိသည်ထိ ရေများပါသည်။ ပေါက်မြို့အောက်ဘက် ယောချောင်းဘေး ကျေးရွာများ ကြိုတင်ရွှေ့ပြောင်းပြင်ဆင်ထားကြပါ။ ပုံများမှာ ပေါက်မြို့ အုန်းတောတံတားမှရိုက်ကူးထားသည်။ ယနေ့မနက် ၆ နာရီ ၃၀(၁၈/၁ဝ၂ဝ၂၁) #ယောချောင်း ရေဝေဒေသတွင် မိုးသည်းထန်စွာရွာသွန်းနေသော ကြောင့် ယောချောင်းအထက်အညှာရှိရွာများတွင် ယနေ့(၁၇/၁ဝ/၂ဝ၂၁)ရက်နေ့ ည ၇နာရီတှငျ ၂ဝ၁၁ခုနှစ်က ရေမှတ်သို့ ရောက်ရှိရေတိုးနေပါသည်။ ထို့ကြောင့် ယောချောင်းအောက်ဘက်ရှိ ပေါက်မြို့နယ်နှင့် ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ယောချောင်းဘေးမြို့ရွာများ ယောချောင်းရေမြင့်တက်လာမှု သတိပြုကြပါရန် နှိုးဆော်လိုက်ရပါသည်။ #ယောချောင်းဘေးမြို့ရွာများ(ပေါက် – ဆိပ်ဖြူ) ဆိပ်ဖြူ စွန်း ပေါင်းငူ ဝါဇီ မြင်စတော ချိုက် တုရင်မျှော် ချောင်းမကြီး မဲဇလီကွေ့ ပင်းတလဲ ချင်းငယ် ဆင်နီတောင် ဒေါသာ အရှေ့ကံတွင်း […]

မဲလုံး (ဝတ္ထုတို)

မဲလုံးက ဆရာ၀န်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်း မသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ် မှန်းတော့ အလိုလိုသိနေသည်။ သူ့မှာဆက်လက် ရှင်သန်နိုင်လောက်သည့်ခွန်အား မရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓာတ်ပင် မရှိတော့။ တစ္သက္လုံး မတ်တတ် မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင် တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လွဲ၍ေန ချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြ သည်ပဲဟု မဲလုံးတွေးမိသည်။ သို့သော် သူ မအံ့သြပါ။ သည်လူတွေသည် တစ္သက္လုံး သူ့ကိုခိုင်းစေလာကြသူများ၊ သူ့ကို အမျိုးမျိုးအဖုံဖုံ စီမံ ခန့်ခွဲလာကြသူများ၊ သူ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင် ခြယ် လှယ်ကြသူများဖြစ်၍ သူ့အကြောင်း သူ့ထက်ပင် သိကြမည်ဆိုလျှင်လည်း မဲလုံးအံ့သြမိမည် မဟုတ်ပါ။ […]

မြန်မာ့တောင်တန်းများ (ကီမိုတောင်)

ကီမိုတောင် သို့မဟုတ် ကျောက်ပန်းတောင် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တည်ရှိသည်။ တောင်အမြင့်မှာ ၄,၂၆၉ ပေ ဖြစ်သည်။ ပလက်ဝမြို့မှ မိုင် ၂၀ အကွာ၊ ဆမီးမြို့မှ ၅ မိုင်အကွာ၊ ယောင်ဝရွာမှမိုင်အကြာတွင်တည်ရှိသည်။ ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ရှိသည့် နေရာလည်း ဖြစ်သည်။ ကျောက်ပန်းတောင်ကို ဒေသနေ ခူမီးလူမျိုး နှင့် ခေါင်စိုလူမျိုးက “ကီမိုတောင်”၊မြိုလူမျိုးတို့က “ကိမ်မာတောင်”၊ မတူချင်းလူမျိုးတို့က “ကီးမိုမိုတောင်”၊ ဒိုင်ချင်းလူမျိုးတို့က “ကြစ်မတောင်”၊ ရခိုင်လူမျိုးအချို့က “ချင်းမပန်းတောင်းတောင်”ဟုလည်း ခေါ်ကြသည်။ ကျောက်ပန်းတောင်ထိပ်သည် နှစ်မိုင်နီးပါးကျောက်သားပြင်အဖြစ် တည်ရှိပြီး လခြမ်းပုံ သို့ အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဌာန်ဖြစ်သည်။ တောင်ပတ်လည်တွင် ကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးနှင့် ဝန်းရံထားသည်။ တောင်၏ ၁၅ မိုင်အကွာအဝေးကို […]