Author Posts

ဟာဝိုင်ယီကျွန်းမှ Klauea မီးတောင် ပေါက်ကွဲမှုဖြစ်

ဟာဝိုင်အီကျွန်းမှ Klauea မီးတောင်သည် တစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်ပေါက်ကွဲခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းမှ စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အနီရောင်ချော်ရည်ပူများနှင့် ပြာခိုးပြာငွေ့များ ကောင်ကင်ထက်တွင် ဖုံးလွှမ်းနေသည်ကို ုကြာသပတေးနေ့ မနက်ပိုင်းက မြင်တွေ့ရကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က ဆိုသည်။ ဟာဝိုင်အီ၏အသက်အငယ်ဆုံးနှင့် ကြွတက်မှုအမြင့်ဆုံး Kilauea မီးတောင်ပေါက်ကွဲမှုမှ ထွက်လာသည့် ချော်ရည်များ ပြာခိုးပြာငွေ့များသည် လူဦးရေထူထပ်သော နေရာများသို့ချက်ချင်းခြိမ်းခြောက်ခြင်းမရှိသော်လည်း Klauea အောက်ခြေတွင်နေထိုင်သော ဒေသခံများအဖို့ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်သော ဆာလဖာဒိုင်အောက်ဆိုဒ်နှင့်အခြားမီးတောင်ဓာတ်ငွေ့များကြောင့် ထိခိုက်မှုဖြစ်နိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ အဆိုပါ Kilauea မီးတောင်သည် ၂၀၁၈ တွင် ကြီးမားသောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာမရှိခဲ့သော်လည်း အိမ်ခြေ ၇၀၀ ကျော် ထိခိုက်ပျက်ခဲ့ကာ ဒေသခံထောင်ပေါင်းများစွာကို နေရာရွှေ့ပြောင်းပေးခဲ့ရသည်။ #Photo:CGTN

ဆောင်းဦးပုံပြင်ထဲက နှင်း

လမ်းမီးတိုင်ရဲ့ အလင်းအောက် ပိုးစိမ်းကောင်တွေ ပ် ံနေလေရဲ့ ဆောင်းဦးပေါက်နေ့ရက်တွေ မရောက်ခင်ထိ မိုးမှုန်တွေ ဖြဲဖြဲက် နေအုန်းမှာလား ဆောင်းဦးပေါက်ရင် ပွင့်မယ့်ပန်းတွေထဲ အသံတွေ ထည့်ထားမယ် သူတို့တွေ ပွင့်လန်းတဲ့အခါ နှင်းရေလို့ ခေါ်ကြလိမ့်မယ် အဲဒီအခါ ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်ထဲက နှင်းတွေ ငါတို့နှလုံးသားပေါ် ကျလာဆင်းလာလိမ့်မယ် ။ #ထက်လူအောင်

ဇီဝမျိုးစုံမျိုးကွဲများ ပျောက်ကွယ်သွားခဲ့ရင်

တကယ်တော့ အဲ့ဒီမြေကြီးပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိဇီ၀မျိုးစိတ်အရေအတွက်က မြေဧကပေါ်မူတည်ပြီး ရာချီ ထောင်ချီ သောင်းချီရှိနေနိုင်တယ်။ အရေအတွက်ဆိုတာ တခုချင်းကို ပြောတမဟုတ်ဘူးနော်။ တူရာမျိုးစိတ် အရေအတွက်ကိုပြောတာ။ အဆိုပါဇီ၀မျိုးစိတ်တွေထဲမှာ ယေဘုယျအားဖြင့် ကြွက်၊ ပွေး၊ ရှဉ့်၊ ယုန်၊ မြွေ၊ ငှက်၊ ဖား၊ တောက်တဲ့ စတာတွေအပြင် အင်းဆက်တွေ တီကောင်တွေ စတဲ့သက်ရှိတွေအပြင် အဏုဇီ၀ပိုးတွေ မှိုတွေ ဘက်တီးရီယားတွေ စတဲ့ ဇီ၀မျိုးစိတ်တွေက အမြောက်အများရှိနေတယ်။ အဆိုပါ ဇီ၀မျိုးစိတ် မျိုးကွဲစုံတွေက တခုနဲ့ တခု အစာကွင်းဆက်အရရော မျိုးပွားမှုဖြစ်စဉ်အရရော တခုနဲ့တခု အပြန်အလှန် အမှီသဟဲ နေထိုင်နေကြတယ်။ ကိုယ်က မြေ၀ယ်ပြီး ကိုယ်ပိုင်တယ် အထင်နဲ့ လူတွေက သူတို့သန်ရာ မျိုးတွေ သီးသန့်သာ စီးပွားဖြစ်အမြောက်အများ စိုက်ပျိုးမွေးမြူကြမယ်ဆိုရင် နဂိုရှိ […]

ကြိုးကြာငှက်

ကြိုးကြာငှက်ကြီး လည်တံရှည်(ရှေ) ကမ်းနားစပ်မှာ ရပ်လို့နေ။ ရေတက်ရေကျ သူမအား ဝန်တင်ဝန်ချ အလုပ်များ။ ။ မင်းသုဝဏ် ရှုမ၀မဂဇင်း၊ ၁၉၈၉။

ရေမြှုပ်နေတဲ့ စေတီတွေရှိရာ စံကားမြို့

အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလား???? ပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်းစေတီတွေ အင်းလေးရေပြင်ထဲမြှုပ်နေတာ သိပ်ကိုထူးဆန်းတဲ့မြင်ကွင်းလေးဖြစ်ပြီး အဲ့ဒီမြို့လေးကတော့ စံကားဆိုတဲ့မြို့လေးဖြစ်ပါတယ် အင်္ဂလိပ်လိုဆိုရင်တော့ Sam Kar လို့ပေါင်းပါတယ်။ စံကားလို့ပေါင်းပေမဲ့ စကားလို့ အသံထွက်ပါတယ်။ စံကားမြို့လေးက အင်းလေးကန်တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတာဖြစ်ပြီး လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေးတစ်မြို့ဖြစ်ပါတယ် ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေနေထိုင်ကြပြီး ဟိုးတစ်ချိန်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ ဘာလို့ ရေမြှုပ်နေရသလဲ ၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲဆည်ကို တည်ဆောက်ချိန်မှာ ရေမြှုပ်သွားခဲ့တာဖြစ်ပြီး စံကား၊ ဖယ်ခုံအပြင် အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ် ဘီလူးချောင်းတလျှောက်က ရွာတွေရယ် ရေမြုပ်သွားတယ်လို့သိရပါတယ် ရွာမှာနေထိုင်သူတွေဟာ မိမိ အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရေလွတ်ရာကို ပြောင်းရွှေ့ကာ ရွာတည်နေထိုင်ခဲ့ကြတာဖြစ်ပြီး အခုလက်ရှိ စံကားမြို့ကတော့ […]

မြန်မာနိုင်ငံအတွင်းရှိမြစ်များ (မဲခေါင်မြစ်)

အရှည် ၄,၈၀၀ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎ျမစ္ဖ်ားခံရာ တိဘက်ဒေသမှ ဗီယက်နမ်မြစ်၀ှမ်းဒေသများအထိ လွှမ်းခြုံမှု ရှိပါသည်။ လူသန်းပေါင်း ၆၀ ခန့်သည် မဲခေါင်မြစ်နှင့် ၎၏ မြစ်လက်တက်များကို မွီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရပါသည်။ ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေး၀မ်းကြောင်း ကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူးအရေးပါသည့် မြစ်ဖြစ်ပါသည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ်ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါ လုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံးသော […]

ပေါ်လ်ဟော့ကန်ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြောပြတဲ့အကြံပြုစာလို့ ပြောရမယ့်စာအုပ်

ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်မိတ်ဆက်(နိုင်ငံတကာ) Draw Down : The Most Comprehensive Plan Ever Proposed to Reverse Global Warming ပေါ်လ်ဟော့ကန် ( ၇၅နှစ်)ဆိုတာ အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ၊ စာရေးဆရာ ၊ စီပွားရေးလုပ်ငန်းရှင် ၊ လှုံ့ဆော်ရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာနေပါတယ်။ Draw Down ကို ၂၀၁၇ တုန်းက ထုတ်ခဲ့တာပါ။ ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးပေးနိုင်မယ့် အကျိုးရှိတဲ့ဖြေရှင်းချက် ၁၀၀ ကို စုစည်းပြီးဖော်ပြထားတဲ့ စာအုပ်ပါ။ အဲ့ဒိစာအုပ်ထဲမှာ သိပ္ပံပညာရှင်တွေ ပြောတဲ့ ပြောစကားတွေကို နိုင်ငံရေးသမားတွေ ၊ အစိုးရ တွေ ၊ လွှတ်တော်အမတ်တွေ နဲ့ အရပ်သားတွေ ကို နားလည် […]

ပြန်လာမယ့်နှင်းတွေ

ပုစဉ်းပျံလေးတွေ ဝဲနေတယ် ဆောင်းဝင်လာတော့မယ် လေသံတိုးတိုးလေးနဲ့ ကိုယ့်ငွေ့နွေးနွေးလေးကို လွမ်းရ တချိန်ကအကြောင်းဟာ တနေ့နေ့ကို မျှော်တလင့်လင့် နှင်းရည်စိုလက်တဲ့ လမ်းကလေးပေါ် အရင်လိုစိတ်နဲ့ ကြည်နူးရိပ် အချစ်ရေ ရောက်ရာအရပ်က ပြန်လှည့်ပါ ရင်ထဲမှာ တကျည်ကျည်မြည်နေပြီ။ . ထွန်းကို

ဆယ်လ်မွန်ငါးတို့အပြန်

ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်… မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်.. ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ….. အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။ တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့…. ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်…ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက […]

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလှုပ်ရှားမှုးတွင် တောင်ကိုရီးယား K Pop အဖွဲ့ Black Pink ပါဝင်

အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဂူဂဲလ်က ဖန်တီးပြီးတော့ ယူကျူ့ကနေ လက်ခံကျင်းပမယ့် Dear Earth (ချစ်သောကမ္ဘာ ) အစီအစဉ်မှာ တောင်ကိုရီးယားကေပေါ့ Black pink (ဘလက်ပင့်ခ်) အဖွဲ့ က စကာပြော ၊ သရုပ်ဆောင်တင်ဆက်မှုတွေ လုပ်ပြဖို့အတွက် အဖိတ်ကြားခံလိုက်ရပါတယ်။ ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးသော ပန်းတိုင် ( SGDs ) စီမံကိန်းအတွက် အွန်လိုင်း ပရိသတ် သန်းပေါင်း များစွာရှိတဲ့ ဘလက်ပင့်ခ်ကို သံတမန်အဖြစ် ခန့်အပ်ပြီး သူတို့ရဲ့အသံနဲ့ အများပြည်သူကို လှုံ့ဆော်မှု လုပ်မှာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကို ဖြေလျှော့ဖို့လူတစ်ဦးချင်းစီမှာ အသိစိတ်ဓာတ်တွေ မြင့်တက်လာစေရန် ရည်ရွယ်ပြီး SGDs အစီအစဉ်ကို လှုတ်ရှားမှုတစ်ရပ်အနေနဲ့ အကောင်အထည်ဖော်နေတာပါ။ လူတွေရဲ့ နေ့စဉ်ဘဝမှာ အပိုလုပ်နေတဲ့ […]