စားလို့ရတဲ့ မြေကြီးခဲလေးတွေ
အစာပြေ မြေကြီးခဲ……. အောင်ပန်းစျေးနေ့တိုင်း မြေကြီးခဲ လာရောင်းတဲ့ မို့အို။ စားလို့ရတဲ့မြေခဲလေးတွေပါ။ မြေခဲတိုင်းစားလို့မရပါဘူး။ ပအိုဝ်းလူမျိုးအခေါ်အဝေါ်က *ဟမ်းတော့*လို့ခေါ်တယ် မြေကြီးတော့ ဟုတ်တယ် ရိုးရိုးမြေကြီးတော့ မဟုတ်ပါဖူး လွယ်လွယ်နဲ့ ရှာလို့မရပါဘူး ဒီစားလို့ရတဲ့မြေကြီးတွေက နေရာသက်သက်ရှိပါတယ် များသောအားဖြင့် အဖိုးအဖွားတွေကြိုက်ကြတယ် အစာပြေပေါ့ ထမင်းစားပြီးရင် စားကြတာ များတယ် တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ် နို့ဆီဘူးတဘူးငါးရာပါ အရသာက စိမ့်ပါတယ် ထုံးဓါတ် အနဲငယ်ပါပါတယ် အနဲငယ်စပ်ပါတယ် ရှမ်းလို လိန်ဟွမ်းလို့ခေါ်တယ် ဗမာလို မြေကြီးမွေးလို့ အဓိပ္ပာယ် ရပါတယ်။ Crd # Sai Naung #CrdOrginalUploader