Author Posts

ကျွန်မတို့ အားလုံး မသိလိုက်ဘဲ ပလတ်စတစ်တွေ စားနေကြတယ်

ကျွန်မတို့ အားလုံး လူ့သက်တမ်းတွေ တဖြည်းဖြည်းတိုတောင်းလာကြတယ် ။ရောဂါအဆန်းအပြားတွေ ပေါလာတယ် ။နာတာရှည်ရောဂါတွေ ခံစားလာရတယ် ။ဆေးရုံဆေးခန်းတွေ ဟာ စည်ကားလာတယ် ။ကျွန်မတို့ဝင်ငွေရဲ့ တစ်ဝက်နီးပါးဟာ ကျန်းမာရေးအတွက် အသုံးပြုနေရတယ် ဆိုတာကိုတော့ အားလုံးသတိထားမိမယ်ထင်ပါတယ် ။ အဲ့လိုဖြစ်စေတဲ့ တစ်ချို့သော အကြောင်းအရာလေးကို မျှဝေပေးချင်ပါတယ် ။ ကျွန်မတို့အားလုံးနေ့စဉ်တိုင်းမှာ ဘာပဲဝယ်ဝယ် ဘာပဲစားစား ပလတ်စတစ်ကို အသုံးပြုကြပါတယ် ။ရေသောက်လည်း တစ်ခါသုံးရေသန့်ဘူးမှသောက်ကြပါတယ် ။ ကျွန်မတို့မြန်မာနိုင်ငံမှာ တစ်ခါသုံးပလတ်စတစ်ကို သုံးစွဲလာတာနှစ်ပေါင်း၃၀ကျော်လာခဲ့တာကြောင့် ပလတ်စတစ်ပေါ်မှာ မှိီခိုမှုနှုန်း များလာပါတယ်။ ဒါ့အပြင့် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် အမှိုက်ကိုအမှိုက်ပုံးထဲ ပစ်တတ်အောင် ဘာကြောင့် အမှိုက်ပုံးထဲ ပစ်ရသလဲ ဆိုတဲ့ အကြောင်းပြချက်ကို ငယ်စဉ်ကတည်းကမသင်ရခဲ့တာကြောင့် စည်းမဲ့ ကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းတွေများလာပါတယ် ။ အဲ့တာရဲ့ အကျိုးဆက်ကတော့ […]

ကမ္ဘာကြီးကို နှစ်ခြမ်းခွဲပြီး တစ်ဖက်ခြမ်းမှာ လူတွေမနေရ ဆိုတဲ့ စာအုပ်

Half-Earth: Our Planets Fight for Life ( Edward O. Wilson) အီးအိုဝယ်ဆင် ဆိုတဲ့ စာရေးဆရာက တကယ့်သဘာဝဓမ္မ ဝါဒီသမားတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့ အကျော်ကြားဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စာပေရေးသားနေတဲ့ စာရေးဆရာတွေထဲက တစ်ဦးဖြစ်ပါတယ်။ ပူလစ်ဇာဆု ၂ကြိမ်ရထားပြီး ဓမ္မဓိဌာန်ကျတဲ့ သဘောတရားတွေ အယူအဆတွေကို တင်ပြတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဇီဝစက်ဝန်းပျက်နေတဲ့ ကမ္ဘာရယ် ၊ လူသားတွေရဲ့ အခြေခံလိုအပ်ချက်ရယ် ၊ စက်မှုနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးမှုရယ် ၊ နိုင်ငံရေးဩဇာတည်ဆောက်မှုရယ် ဆိုတဲ့ ညှိမရတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေပေါ်မှာ အခြေခံကျကျ သုံးသပ်ချက်တွေ၊ ကျိုးကြောင်းဆီလျှော်တဲ့ လုပ်ငန်းစဉ်တွေကို ရေးသားဖော်ပြ နေတဲ့သူပဲဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင် ဇီဝမျိုးကွဲတွေကို အစုလိုက်အပြုံလိုက် မျိုးသုဉ်းပစ်နေတာကို ရှောင်ရှားဖို့ နည်းလမ်းတွေ ၊ […]

သစ်ပင် (ဝတ္ထုတို)

၁။ ဖိုးထူးအဖို့ ဒီလိုအဖြစ်အပျက်မျိုးက ရိုးတောင်ရိုးနေပါပြီ။ အိမ်ကလည်း တစ်ခုခုခိုင်းစရာရှိတိုင်း ဖိုးထူးတစ်ယောက် ခေါ်မကြားအော်မကြားပျောက်နေတယ်ဆို အပင်တစ်ပင်ပင်ပေါ် ရောက်နေလောက်ပြီဆိုတာကို အတပ်သိသလို အိမ်မွာတော့ ဖိုးထူးကိုရှာချင်လျှင်ခေါင်းကို မော့ထားရသည်ဟု ပြောတတ်ကြသည်။ ဖိုးထူးအဖို့ကလည်း အပင်ပေါ်တက်နေရတာကို ပျော်လည်းပျော်သည်။ စိတ်လည်းလှုပ်ရှားသည်။ တီဗီမှာလာတတ်သည့် ကာတွန်းကားတွေထဲက လူစွမ်းကောင်းတွေလုပ်လေ့ရှိသလို စွန့်စားတဲ့အရာတစ်ခုခုလုပ်ခွင့်ရသည်ဟုသာ ဖိုးထူးထင်သည်။ ဖိုးထူးတို့အရွယ်တွေအတွက် အိမ်ပတ်ဝန်းကျင်မွာ စွန့်စွန့်စားစားလုပ်လို့ရတာကလည်း သစ်ပင်ပေါ်တက်သည့်အလုပ်လောက်သာ လောက်လောက်လားလားရှိသည် မဟုတ်လား။ အိမ်ကသူ့ကိုတစ်ခုခုခိုင်းဖို့လိုက်ရွာနေပြီဆိုတာနဲ့ အိမ်နောက်ဖေးက သရက်ပင်ပေါ် ဖိုးထူးတက်ပုန်းနေတတ်တော့တာပါပဲ။ ဖိုးထူးတို့ အိမ်နောက်ဖေးဝင်းထဲမွာ သရက်ပင် မာလကာပင် မရမ်းပင်စသည့် တက်စရာအပင်တွေ ခပ်များများရှိပါသည်။ အပင်အားလုံးကလည်း နယ်ကထုံးစံအတိုင်းနှစ်ရှည်မခုတ်ပဲ ဒီအတိုင်းပစ်ထား၍ရသည့်အတွက် အကိုင်းအခတ်တွေ အုပ်အုပ်ဆိုင်းဆိုင်းရွိသည်။ နောက်ပြီး ဖိုးထူးတို့ခြံက နောက်ဘက်မွာအတော်ကျယ်သလို ဘေးပတ်ဝန်းကျင်ကခြံတွေကလည်း ဖိုးထူးတို့ခြံလိုပဲ အတန်အသင့်ကျယ်ဝန်းပြီး ဖိုးထူးတို့ခြံလိုပဲ အပင်တွေရှိသည်။ အပင်တက်တာကိုသိပ်ကြိုက်သည့် […]

ဖလော်ရီဒါတေးသွား

အခန်းထဲကနေထွက်ကာ အိမ်နောက်ဖေးဝရံတာကနေမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲဆွဲထည့်နေမိတယ်။ ရှေ့တည့်တည့်ရှိဒန့်သလွန်ပင်အကိုင်းကိုကျော်ကာ ခပ်ဝေးဝေးက တောထန်းပင်လေးတွေကို ငေးကြည့်နေမိတယ်။ တိုက်ခတ်နေတဲ့လေတဖြူးဖြူးကြောင့် သစ်ကိုင်းတွေနဲ့သစ်ရွက်တွေတဖျပ်ဖျပ်လှုပ်ရမ်းနေပြီး သစ်ရိပ်တွေဟာလည်း မြေကြီးပေါ်ရမ်းခါကျနေလေရဲ့။ တစ်ပင်ပြီးတစ်ပင် ပြေးလွှားဆော့ကစားနေတဲ့ရှဥ့်ငယ်လေးတွေကတေ့ာ ရှုခင်းထဲထပ်ဖြည့်ပေးထားတဲ့ ဖြည့်စွက်အရသာဖြစ်မှာပေါ့။ သူတို့ဦးခေါင်းသေးသေးလေးတွေနဲ့အမြီးတွေကတေ့ာ မကြာခဏဆက်ခနဲလှုပ်ရှားနေတတ်ပြီး သူတို့အပြုအမူတိုင်းဟာ မနာလိုစရာကောင်းအောင် လျှင်မြန်ဖြတ်လက်လွန်းလှချည်ရဲ့။ စိမ်းနေတဲ့သစ်ရွက်တွေအပေါ် နေရောင်ခြည်ကျနေပုံက ခပ်ဖွဖွလေး။ သစ်ရွက်တွေနာကျင်သွားမှာစိုးရိမ်တဲ့ပုံနဲ့ အသာအယာဖြာကျနေပုံမျိုး။ အခုတလော မကြာခဏရွာတတ်တဲ့မိုးကြောင့် မြေသားဟာအနည်းငယ်စိုစွတ်နေပြီး သစ်ရွက်ကြွေများကတေ့ာ ဟိုတစဒီတစ ပြန့်ကျဲနေလေရဲ့။ ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ မျက်နှာချင်းဆိုင်ကခြံဝန်းထဲမှာတေ့ာ အမြဲတမ်းလိုလိုငြိမ်သက်တိတ်ဆိတ်နေတဲ့တိုက်အိမ်များသာမြင်ရလေ့ရှိပြီး လူမြင်ရလေ့မရှိတာကတေ့ာ နေ့စဉ်လိုလိုပါပဲ။ ကျွန်တော့်အနေနဲ့ နေ့စဉ်သတင်းဆိုးတွေနဲ့ကမ္ဘာကြီးကို အဆက်အသွယ်ဖြတ်ချင်လာရင်တေ့ာ အိမ်နောက်ဖေးဝရံတာဘက်လာထိုင်လေ့ရှိပြီး ဒီမှာရနိုင်တာကတေ့ာ သစ်ပင်များ၊လေကောင်းလေသန့်၊တိတ်ဆိတ်မှုနဲ့ ကိုယ့်ကိုယ်ကိုပြန်လည်ရရှိမှုတွေပါပဲ။ ဖလော်ရီဒါပြည်နယ်ဟာ နေပူတဲ့နေရာဖြစ်ပြီး သစ်ပင်သစ်တောများလည်းပေါများတဲ့ဒေသပါ။ ကိုဗစ်ရောဂါမဖြစ်ခင် ဟိုအရင်အချိန်တွေတုန်းကတေ့ာ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေဟာ ဖလော်ရီဒါကို နေ့စဉ်တဖွဲဖွဲလာနေကြပါ။ အခုတေ့ာ နိုင်ငံအတွင်းကအပန်းဖြေလိုသူအချို့သာ လာရောက်နေကြပေမယ့် မြို့ကတေ့ာ […]

အစိုးရကိုအားမကိုးဘဲ ညစ်ညမ်းလာတဲ့ကမ်းခြေကို သန့်ရှင်းလိုက်တဲ့ မာဆေးမြို့က ပြည်သူတွေ

ပြင်သစ်နိုင်ငံ မာဆေးမြို့ ကမ်းခြေက ရေသန့်ဘူး ၊ အချိုရေဘူး ၊ အစားအသောက်ထည့်တဲ့ ဖော့ဘူး၊ အအေးပိုက် ၊ပလက်စတစ်အိတ် နဲ့ စီးကရက် အစီခံတွေ နဲ့ တဖြည်းဖြည်း ရှုတ်ပွလာပါတယ်။ ညစ်ညမ်းလာတဲ့ ကမ်းခြေကို တစ်ဦးစ ၂ဦးစ သန့်ရှင်းရေး တွေ လုပ်တယ်။ မြို့ စည်ပင်သာယာက သန့်ရှင်းရေးတွေ လုပ်တယ်။ ဒါပေမဲ့ အမှိုက်စွန့်တဲ့လူနဲ့ သန့်ရှင်းရေးလုပ်တဲ့သူ အင်အားမမျှ ဖြစ်နေလို့ မာဆေးမြို့ခံ ပရဟိတသမားတွေ နဲ့ အလှူ လုပ်တဲ့အဖွဲ့တွေ က ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးတော်နွားကျောင်းလိုက်လို့ အောက်တိုဘာ ၄ ရက်နေ့ တစ်ရက်ထဲမှာပဲ ကမ်းခြေတစ်ခုလုံး လူစွန့်ပစ်အမှိုက်တွေ အားလုံး ပြောင်သွားပါတယ်။ ကျမတို့ အများဆုံး တွေ့ခဲ့တာကတော့ ဘီယာဘူးခွံတွေ ၊ ပုလင်းခွံတွေ […]

ကလောသို့ဆိုက်ရောက်ချိန်

ကားပေါ်ကဆင်းလိုက်တာနဲ့ သူ့အထိအတွေ့က အေးခနဲ။ အနွေးထည်ဝတ်ထားပေမယ့် ခြေဖျားလက်ဖျား နှာသီးဖျား နားဖျားလေးတွေ ရေခဲမတတ်။ နှင်းဖုံးနေတဲ့သူ့အကြည့်က ရင်ဘတ်ထဲ ကျဉ်ခနဲ။ နံနက် လေးနာရီဆိုပေမယ့် မြို့ကလေးရဲ့ ဟောက်သံတွေ ပြင်းထန်နေတုန်း။ ကုန်းအမြင့်လေးတွေပေါ် လျှောက်တက်လိုက်တိုင်း ကြယ်တွေနဲ့ပိုနီးလာသလိုလို တစ်စုံတစ်ရာနဲ့ပိုဝေးကွာသွားလေသလား။ ကျွန်တော်လေ… ခိုက်ခိုက်တုန်နေတဲ့ ကြယ်အလင်းရောင်ကိုအားပြုလို့ သူ့ရင်ခွင်ထဲ တိတ်တိတ်ကလေး တိုးဝင်ခဲ့ပါတယ်။ ။ မိုးဟိန်းထက် November 24, 2014 Photo #CrdOrginalUploader

သစ်ပင်များကို တကယ်ချစ်ပါ

‘’သစ်ပင်ကြီးတွေ ခုတ်လှဲပစ် တော့မည်။ ခြစ်ခြစ်တောက်ပူပြင်း တဲ့ နေရည်ပူတွေအောက်မှာ ဒီလို သတင်းပူတွေကလည်း ဝင်လာ တတ်သေးသည်။ တမာပင်ကြီး တွေ၊ မူးဘေးက ပုသိမ်ကျောင်း လမ်းတစ်လျှောက်က နှစ်ရှည်တ မာပင်ကြီးတွေ မကြာမီ ပျောက် ကွယ်သွားတော့မည်။ ရွှေဘိုက နေပိုပူတော့မယ့် မြို့တစ်မြို့ပေါ့။ လမ်းလုပ်မလို့ ခုတ်မယ်တဲ့၊ လုပ် မယ့်လမ်းက ၁၈ ပေလမ်း။ ကျောက်ချောလမ်း။ အော်… ကျောက်ချောလမ်းမျှသာ။ အပင် ကြီးတွေက တန်ဖိုးမဖြတ်သာ။ သူ တို့ အပင်ခုတ်မယ့်နေရာတွေမှာ က မူလကတည်းက အထက်လမ်း အောက်လမ်းရှိသည်။ အပင်တွေ က အလယ်က၊ လှမှလှ။ ကျက် သရေရှိမှရှိ။ ဘေးက မူးမြောင်းနဲ့၊ အင်မတန် လမ်းလျှောက်လို့ ကောင်းတဲ့‌နေရာ။ ပလက်ဖောင်း ပျောက်ဆုံးမြို့သားတွေ […]