Author Posts

အယ်လ်နီညိုဖြစ်စဥ်နှင့်သဘာဝဘေးအန္တရာယ်

ယခုအခါအယ်လ်နီညိုဟူသောစကားကိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များပြောကြားနေသည်ကိုကြားနေရပါသည်။သို့သော်လည်း အယ်လ်နီညိုဟူသောစကားကိုအလေးအနက်မထားကြသလို အယ်လ်နီညိုဆိုတာဘာလဲဟုပင်မမေးကြပေ။အာရုံစိုက်သူနည်းပါးသည်ဟုဆိုရပေမည်။အမှန်စင်စစ်အယ်လ်နီညိုကို လူသားတိုင်း၊နိုင်ငံသားတိုင်အာရုံစိုက်ဖို့လိုသည်။အယ်လ်နီညိုဖြစ်စဥ်သည် ၁၉၈၀ ခုနှစ်လောက်ကစတင်ဖြစ်ပေါ် ဘာသည်ဟုဆိုပါသည်။ အယ်လ်နီညိုဆိုသည်မှာ အယ်လ်နီညိုဆိုသည်မှာ ဒီဇင်ဘာခရစ္စမတ်ကာလတွင် တောင်အမေရိကတိုက်၊အနောက်ဘက်ကမ်းခြေ၊မြောက်ပိုင်းဒေသများဖြစ်သည့် “ပီရူးနှင့်အီကွေဒေါ”ကမ်းခြေရှိ မူလရေစီးကြောင်းများတွင် ရေနွေးစီးကြောင်းများအစားထိုးဝင်ရောက်လာဖြစ်ရပ်ကိုခေါ်ဆိုခြင်းဖြစ်သည်။ဒီဇင်ဘာလခရစ္စမတ်ရက်နားတွင်ဖြစ်ပွားလေ့ရှိသဖြင့် ခရစ္စတော်၏သားဟူသောအနက်အဓိပ္ပါယ်အဖြစ် “အယ်လ်နီညို”(El Nilo)ဟုခေါ်ခြင်းဖြစ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်ပုံ အယ်လ်နီညိုနှစ်များတွင် အီကွေတာအနီး ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက်ပိုပူနွေးလာကာ အီကွေတာတစ်လျှောက်ရှိ ကုန်သည်လေများ အားပျော့သွားသည်။အထက်လေထုလွှာအတွင်း လေလှည့်ပတ်မှုဖြစ်စဥ်သည်လည်း ပုံသဏ္ဍာန်မမှန်တော့ဘဲ ဆဲလ်များကွဲထွက်သွားပြီး၊တောင်အမေရိကတိုက်၊အနောက်ဘက်ကမ်းခြေတစ်လျှောက် ပုံမှန်အေးမြခြောက်သွေ့သော မိုးလေဝသဖြစ်စဥ်များအစား ပူနွေးစိုစွတ်သည့်ဖြစ်စဥ်များ အစားထိုးဝင်ရောက်လာသည်။ယင်းဖြစ်စဥ်ကိုပင်အယ်လ်နီညိုဖြစ်ပေါ်ပုံဟုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အယ်လ်နီညိုဖြစ်စဥ် စာရေးသူတို့နိုင်ငံတွင် အယ်လ်နီညိုဖြစ်စဥ်များရှိခဲ့ပါသည်။ ယခုလာမည့် ၂၀၂၄ မှာလည်းအယ်လ်နီညိုဖြစ်နိုင်ဖွယ်ရှိကြောင်းခန့်မှန်ပြောဆိုသည်ကိုလည်းကြားသိရသည်။မြန်မာနိုင်ငံ၌ အယ်လ်နီညိုဖြစ်ပေါ်သည်ကာလများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပူပြင်းခြောက်သွေ့ခြင်း၊မိုးခေါင်ခြင်း၊ရေရှားခြင်း၊မုတ်သုန်မိုးအားနည်းခြင်းတို့ကြုံတွေ့ရသည်။ ထို့ပြင်အနောက်တောင်မုတ်သုန်လေအဝင်နောက်ကျခြင်း၊မုတ်သုန်လေအားနည်းခြင်း၊ မုန်သုန်အထွက်စောခြင်း၊ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှုပုံမှန်ထက်လျှော့နည်းခြင်းတို့ဖြစ်ပေါ်သည်။ထိုဖြစ်စဥ်များကြောင့်စိုက်ပျိုးရေးလုပ်ငန်းကိုထိခိုက်စေသည်။အပူချိန်မြင့်မားခြင်းကြောင့် ကျန်းမာရေးကိုလည်းထိခိူက်စေပါသည်။၂၀၁၉ ခုနှစ်က အမြင့်ဆုံးအပူချိန် ၃၂ ဒသမ ၅ ဒီဂရီဆဲလ်စီယပ်အထိဖြစ်ခဲ့သည်။ယခုနှစ်ဇူလိုင်လကလည်း အားအနည်းငယ်ရှိသောအယ်လ်နီညိုအခြေအနေဖြစ်ခဲ့ကြောင်းလည်းသိရသည်။အားအလွန်ကောင်းသောအယ်လ်နီညိုသည် ၁၉၈၂-၈၃ ၊၁၉၉၇-၉၈နှင့်၂၀၁၅-၁၆ […]

ရာသီဥတုဖောက်ပြန်မှုက ဥရောပလယ်သမားတွေကို အထိနာစေတော့မှာလား

ဒီနှစ်ပိုင်းတွေအတွင်းမှာ ရေကြီးမှု၊ မိုးခေါင်မှုနှင့် အပူလှိုင်းများ တိုးလာခြင်းကြောင့် ဥရောပနိုင်ငံတွေရဲ့ စိုက်ပျိုးရေးကို ထိခိုက်နေပါတယ် ။ ရာသီဥတု အကျပ်အတည်းက တောင်သူလယ်သမားတွေနဲ့ လယ်ယာ ကဏ္ဍအတွက် စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး အဲ့ဒိကိစ္စကို မကိုင်တွယ်ဘူးဆိုရင်တော့ ပိုမိုဆိုးရွားလာဖို့ပဲ ရှိနေပါတယ်။ Edinburgh တက္ကသိုလ်မှ စိုက်ပျိုးရေးနှင့် အစားအစာစနစ်ဆိုင်ရာ အကြီးတန်းကထိက ဒေါက်တာ Peter Alexander က “ဥရောပနှင့် ကမ္ဘာတစ်ဝှမ်းရှိ အစားအစာစနစ်၊ ဂေဟစနစ်များနှင့် လူသားကျန်းမာရေးအတွက် အန္တရာယ်တွေက ကမာ္ဘကြီး ပိုမိုပူနွေးလာခြင်းကြောင့် သိသိသာသာ မြင့်တက်နေပါတယ် ။ သိပ္ပံပညာနဲ့ ပတ်သက် ပြီးတော့ အခြားပြောစရာ မရှိပါဘူး ။ တိုးတက်နေတာမှန်ပေမဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့က လက်လှမ်းမမီနိုင်သေးဘူး ”လို့ ပြောကြားခဲ့ပါတယ် […]

ဖောက်ပြန်လာသောရာသီဥတုနှင့် လူသားအချို့၏နမော်နမဲ့မှုများ

ဒီစာအုပ်ကတော့ ဆရာ ဦးမြင့်ဝေ ရေးသားထားတဲ့ ဖန်လုံအိမ်အာနိသင်ဆိုသည်မှာ အဘယ်နည်း ၊ ရာသီဥတု ပိုမိုနွေးထွေးလာသည် ဆိုသည်မှာ အမှန်ပင်လော ၊ မုန်တိုင်းနောက်တစ်ခေါက်လာရင်ဘယ်လိုရင်ဆိုင်ကြမည်နည်း ၊ ရာသီဥတု မဖောက်ပြန်ရအောင် ဘယ်လိုသတိရှိရှိနေထိုင်သင့်ပါ သနည်း စသော ပြည်သူတွေသိလိုနေကြသည့်မေးခွန်း များကို စာရင်းဇယားများဖြင့် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ လေ့လာလိုသူများ၊ ဗဟုသုတအနေဖြင့် ဖတ်မှတ်လိုသူများ ဖတ်သင့်သည့်စာအုပ်ဖြစ်သောကြောင့် greenness က ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့သည့်အတွက် စာအုပ်ကိုတော့ ရှာဖို့ ခက်ခဲသွားပြီဟု ဆိုရမည် ဖြစ်သည်။

မင်းတို့ကောင်းစားဖို့အတွက် ငါတို့က လည်စင်းခံနေရတာပါ

ချမ်းသာတဲ့ နိုင်ငံတွေက လွှတ်ထုတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ၁၀ ရာခိုင်နှုန်းက ဆင်းရဲတဲ့နိုင်ငံတွေ လွှတ်ထုတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း နဲ့ညီတယ်လို့ သိပ္ပံပညာရှင်တွေက တွက်ချက်ပြလိုက်တဲ့ အခါမှာတော့ ကမာ္ဘကြီးပူနွေးလာပြီ ရာသီဥတုတွေ ဖောက်ပြန်အောင် လုပ်နေတာ ချမ်းသာတဲ့နိုင်ငံတွေပါ၊ သူတို့ကောင်းစားဖို့အတွက် ဇိမ်ခံနိုင်ဖို့အတွက် ဆင်းရဲတဲ့နိုင်ငံတွေက လည်းစင်းခံပေးနေရတယ်ဆိုတဲ့ အဖြေက ထွက်လာပါတယ်။ ကာဗွန်ညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် ဥရောပသမဂ္ဂမှာ အချမ်းသာဆုံး နိုင်ငံတွေရဲ့ ထုတ်လွှတ်မှု ၁၀ ရာခိုင်နှုန်း က အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ထုတ်လွှတ်မှု ၅၀ ရာခိုင်နှုန်းနဲ့ ညီပါတယ်လို့ Oxfam ရဲ့ အစီရင်ခံစာသစ်တွင် ဖော်ပြထားပါတယ်။ “သူတို့ရဲ့ ဇိမ်ခံလူနေမှုပုံစံတွေ တိုးမြင့်လာပြီး ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ဥစ္စာတွေက ကျွန်တော်တို့ ကမ္ဘာကြီး ကို ပျက်စီးစေပါတယ်” လို့ Oxfam […]

မြို့ကလေး နှင့် ဧရာဝတီ

‘ဧရာဝတီ မြစ်သည် ထုံးဘိုမြို့အပေါ်သဘောကောင်းသည်’တဲ့။ တက္ကသိုလ်ဘုန်းနိုင်ကတော့ တပြည်သူမရွှေထားဝတ္ထုထဲတွင် မြို့ကလေးရဲ့ ဧရာဝတီ ကို ထိုသို့ ဖွဲ့ဆိုခဲ့ဖူးသည်။ “ထုံးဘို ဆိပ်ကမ်းမှာ ကျောက်ဆောင်မရှိ။ သောင်မထွန်းပဲ မြစ်အတွင်း လှေ သမ္ဗာန်ကြီးငယ်တို့ ကောင်းစွာဆိုက်ကပ် နိုင်သောကြောင့် ဖြစ်သည်။မြစ်ကမ်းလမ်းဘေး တလျှောက်က ရွက်ဝါကြွေသော ကုက္ကိုတောသည်လည်း ဧရာဝတီနှင့် အလှချင်း ပြိုင်နေခဲ့သည် မဟုတ်လား” ဆိုခဲ့ သည့် အတိုင်း မြစ်က မြို့အပေါ် သဘောကောင်း၍ မြစ်ဆိပ်မှာ သောင်မထွန်း ကျောက်ဆောင်မရှိပေမယ့် ကမ်းပါးတွေက တော့ တအိအိပြိုနေခဲ့ပြီ။ မြို့ကလေးသည် ဧရာဝတီ မြစ်၏အနောက်ဘက်ကမ်း နဖူးမှာ မေးတင်ထားသည်။ အနောက်ဘက် ကြည်းတောင်နှင့် ဆုံရာမှ သွယ်ဆင်းလာသော တောင်တန်းကြီးသည် ဧရာဝတီထဲရေဆင်းသောက်နေဟန် ပုံမျိုးဖြင့်မြစ်ထဲကို တိုးထွက်နေသည်။ အကောက်တောင် ဟုခေါ်သော ထိုတောင်တန်းသည် […]

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်သည့် စောင့်ကြည့်ရမည့်လေဖိအားနည်းရပ်ဝန်း INVEST-99W ထိုင်းပင်လယ်ကွေ့တွင် စတင်ဖြစ်ပေါ်

INVEST-99W စတင်ဖြစ်ပေါ်သည့်အခြေအနေ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘာဂါဝန်မြို့အနောက်ဘက် ထိုင်းပင်လယ်ကွေ့မှာ စတင်ဖြစ်ပေါ်ပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ကပ္ပလီပင်လယ်တောင်ပိုင်းကို နိုဝင်ဘာလ ၂၇ ရက်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့တွေမှာ ရွေ့လျားဝင်ရောက်လာပြီး လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထိ ရှိလာနိုင်ကာ မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မဲ့ မိုးလေဝသအခြေအနေများ ပင်လယ်ပြင်အခြေအနေ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာ နိုဝင်ဘာ ၂၈ ရက်နေ့က စ ပြီးတော့ အရှေ့ဘက်မှ လေပြင်းတိုက်ခတ်တာ တနာရီ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်နဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ မိုးလဲရွာလာနိုင်မဲ့အခြေအနေများရှိကြောင်းတွေ့ရပါတယ်။ […]

ပြန်မရတော့တဲ့ ဆောင်းရာသီများ

ကျွန်တော်တို့ငယ်ဘဝကို ပြန်မရနိုင်သလို ငယ်ဘဝကဆောင်းရာသီတွေကိုလည်း ပြန်မရနိုင်တော့ပါလားလို့ ကျိုးတို့ကျဲတဲ နှင်းမြူတွေကို ကြည့်ပြီး ကျွန်တော်တွေးနေမိတယ်။ ငယ်ဘဝကို ပြန်မရနိုင်ပေမယ့် ငယ်ငယ်တုန်းက ဆောင်းကိုတော့ အကောင်းအတိုင်း ကျနော်တို့ပြန်ရသင့်တယ်လို့လည်း တောင့်တနေမိတယ်။ ပြန်မရတော့တဲ့ ဆောင်းရာသီတွေထဲမှာ ပါသွားတာတွေက အများကြီးပါပဲ။ နှင်းပေါက်ကြီးကြီးတွေ၊ ထူပိန်းနေတဲ့မြူတွေ၊ အော်ဂဲနစ်စစ်စစ် အသီးအနှံတွေ စသဖြင့် ပြန်မရနိုင်တော့တာတွေ အများကြီး။ နှင်းတွေစိုစွတ်နေတဲ့ မြက်ခင်းစိမ်းတွေ၊ ချိုးကူသံတွေလို ပြန်မရနိုင်တော့တဲ့ လွမ်းစရာတွေကလည်း အများကြီး။ ကျနော်တို့ငယ်ငယ်က ဆောင်းရာသီဆို မီးဖိုဘေးမှာ မီးလှုံရင် ကောင်ညှင်းနဲ့ ခရမ်းချဥ်သီးချက်ကို စားရတဲ့အရသာ ဘယ်မေ့နိုင်မလဲ။ ကောင်ညှင်းကလည်း လယ်ကွင်းထဲက ရိတ်ကာစ စပါးကနေရထားတဲ့ ကောက်ညှင်းဆန်အသစ်စက်စက်ဆိုတော့ ရနံ့က‌ မွှေးမြပြီး ကောက်ညှင်းထမင်းကလည်း စေးနေတာကိုး။ ခရမ်းချဥ်သီးဆိုတာကလည်း ဘာဓာတ်မြေသြဇာမှမသုံး၊ ဘာဓာတုပိုးသတ်ဆေးမှမသုံးတဲ့ ပေါ်ဦးပေါ်ဖျား သဘာဝခရမ်းချဥ်သီးပါ။ ကောက်ညှင်းကို […]

ပိုက်လိုင်းပေါက်ပြီး ရေနံစိမ်းလီတာ ၄သန်းကျော် မက္ကဆီကိုပင်လယ်ကွေ့ထဲရောက်

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ လူဝီစီယားနားပြည်နယ် အရှေ့တောင်ဖက် ကမ်းလွန်ဒေသမှာ ရေနံစိမ်းလီတာ ၄သန်းကျော်လောက်ရှိတဲ့ အကွက်ကြီးကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲက သိရတဲ့ အချက်အလက်တွေကတော့ ပိုက်လိုင်း ပေါက်တဲ့ နေရာကို မသိရသေးကြောင်း ၊ ကမ်းခြေဖက်ဆီကို မရောက်သေးကြောင်း ၊ ရေနံတွေ ပေနေတဲ့ ဇင်ယော် ၂ ကောင်ကိုကမ်းခြေမှာ တွေ့ခဲ့ရပေမဲ့ တောင်ရိုင်းတွေ ဘယ်လောက် ထိခိုက်နေတယ်ဆိုတာကို မစုံးစမ်းရသေးကြောင်း ၊ လေပြင်းတိုက်နေလို့ အချို့ ရေနံစိမ်းတွေ အငွေ့ပျံနေကြောင်း ၊ ရေနံကွက်ကြီးကနေ ရေနံ ကွက်ငယ်တွေအဖြစ် ကွဲထွက်နေကြောင်း ၊ ဟူစတန်အခြေစိုက် Third Coast Infrastructure LLC ၏ လုပ်ငန်းခွဲဖြစ်သော Main […]

ကချင်မှာ မြေရှားသတ္တုစွန့်ပစ်ရည်ကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါဖြစ်နေ

■ ကချင်ပြည်နယ် လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့ကြားမှာရှိတဲ့ အင်ခေါင်းပါရွာက မြေရှားသတ္တုတူးဖော်ရာမှာအသုံးပြုတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါ ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။ မြေရှားသတ္တုကန်က စွန့်ပစ်ရည်တွေဟာ အင်ခေါင်းပါရွာအနီးက ချောင်းထဲကိုစီးဆင်းနေပြီး အဲဒီချောင်းရေကို အသုံးပြုရာကနေ အရေပြားရောဂါဖြစ်နေကြတာလို့ ဆိုပါတယ်။ လက်ဖဝါး၊ ခြေထောက်နဲ့ ခန္ဓာကိုယ်မှာဖြစ်ပွားနေတာလို့ အင်ခေါင်းပါရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ ကျွန်တော်တို့ရွာက ချောင်းရေကိုပဲ အဓိက အသုံးပြုကြတာ။ အနာဖြစ်တယ်ဆိုတာ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်က ရွာအနီးမှာ မြေရှားတူးဖော်ရေးလုပ်ငန်းတွေ စတယ်။ အဲဒီမြေရှားတူးဖော်တဲ့ သတ္တုကန်တွေကနေ အက်ဆစ်ရည်လို အပြင်းစား အသုံးပြုထားတဲ့ စွန့်ပစ်ရည်တွေ ထုတ်တော့ ချောင်းထဲကို သွန်တာ။ အဲဒါကို သုံးမိပြီး အနာတွေ […]

ကိုယ့်လက်နဲ့စိုက်တဲ့သစ်ပင် ရှင်သန်နေတာမြင်ဖူးပြီးလား

ကျွန်တော်တို့ကလေးဘဝက ကျွန်တော်တို့ ဒေါ်ကြီးက ကျွန်တော်နှင့် ကျွန်‌တော့်ညီဝမ်းကွဲ ညီအစ်ကိုနှစ်ယောက်ကို အိမ်ဝင်းထဲမှာ အုန်းပင်တစ်ယောက်တစ်ပင် စိုက်ခိုင်းပါသည်။ ” သစ်ပင်ဆိုတာ ကလေးစိုက်မှ အကြီးမြန်တာ” ဟု ဆိုပါသည်။ ထိုအုန်းပင်နှစ်ပင်တွင် ကျွန်တော်စိုက်ခဲ့သည့်အပင်က သေပြီး ကျွန်တော့်ညီစိုက်ခဲ့သည့်အပင်က ရှင်ပါသည်။ ထိုအုန်းပင်မှာ နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိပြီး အသီးတွေသီးနေပါပြီ။ ကျွန်တော့်ညီကတော့ ငါစိုက်ခဲ့တဲ့အုန်းပင်ကလေးဟု ဂုဏ်ယူတတ်ပါသည်။ ကျွန်တော်ကတော့ ကိုယ်စိုက်သည့်အပင်သေသည့်အတွက် သူ့လိုဂုဏ်ယူစရာမရှိ။ ထိုအခါ အပင်ကြီးတစ်ပင်ဖြစ်ဖြစ်မြောက်မြောက်စိုက်ပြီး ရှင်သန်ဖို့မလွယ်တာ သဘောပေါက်လာပါသည်။ ကျွန်တော်စိုက်ခဲ့သည့်သစ်ပင် ဘယ်နှပင်ရှင်လဲ ပြန်စဥ်းမိပါသည်။ ကျွန်တော်သစ်ပင်တွေကို ကိုယ့်အသိနှင့်ကိုယ်စပြီး စိုက်ပျိုးဖူးတာက အသက်နှစ်ဆယ်ကျော်မှဖြစ်သည်။ လမ်းမကြီးဘေး အရိပ်ရပင်မရှိသည့်နေရာတွေကို သူငယ်ချင်းတွေနှင့် သွားသွားပြီးစိုက်ကြပါသည်။ စိန်ပန်း၊ မယ်ဇလီပင်၊ ပိတောက် စသည့်အပင်ကြီးမျိုးတွေစိုက်ကြသည်။ စိုက်ပြီးတစ်နှစ်လောက်အကြာ လမ်းပြင်ဆင်မှုလုပ်တော့ ကျွန်တော်တို့အပင်တွေ အကုန်ပါသွားပါသည်။ ကျွန်တော်တို့နောက်နှစ်အားမလျော့ပဲထပ်စိုက်ကြပြန်ပါသည်။ ထိုအပင်တွေထဲမှ ဆယ်ပင်လောက်ရှင်သန်ကျန်ရစ်ပါသည်။ […]