ငှက်ကလေးတွေ
မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလည်း ငါ့ရှာ ငါလည်း မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ… မောင်စိန်ဝင်း(ပုတီးကုန်း)
မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလည်း ငါ့ရှာ ငါလည်း မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ… မောင်စိန်ဝင်း(ပုတီးကုန်း)
မီးတောင်ပေါက်မှု အငယ်စားများသည် ရာသီဥတုကို သိသာစြာ ပြောင်းလဲရန် မတတ်နိုင်သော်လည်း ပေါက်ကွဲမှု အကြီးစားများကြောင့် ထွက်ပေါ်လာသော ပြာမှုန်များနှင့် ဓာတ်ငွေ့အချို့တို့ကြောင့် ရာသီဥတုပြောင်းလဲတတ်သည်။ မီးတောင်များမှ ထွက်ပေါ်လာသည့် ပြာမှုန်ငယ်များသည် နေရောင်ကို မြေပြင်ပေါ် မရောက်အောင် တားဆီးတတ်ပြီး ကမ်ဘာ့အပူချိန်ကို လျော့နည်း ကျဆင်းစေသည်။ ပြာမှုန်များ၏အရွယ်အစား ကြီးလျှင်မူ မြေပြင်မှ ပြန်ကန် ထွက်လာသော အပူကို အာကာသထဲ ပြန်ထွက်ခွင့်မပေးဘဲ တားဆီးလိုက်၍ ရာသီဥတု ပူနွေးလာတတ်သည်။ မီးတောင်အကြီးစားပေါက်ကွဲမှုများမှ ထွက်လာသော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ များပြားလွန်းပါက ကမ်ဘာ့အပူချိန်ကို မြင့်မားစေတတ်သည်။ မီးတောင်မှ ထွက်ပေါ်သည့် ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည်မူ လေထုတွင်းရှိ ရေငွေ့တို့နှင့် ပေါင်းမိကြပြီး အက်ဆစ်မှုန်များဘဝသို့ ပြောင်းသွားကာ နေရောင်ကို တားဆီးလိုက်သဖြင့် ရာသီဥတု အေးမြလာသည်။ ၁၈၁၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ […]
ဘော်နီယိုသည် ဧရိယာ ၇၄၃,၃၃၀ စတုရန်းကီလိုမီတာ ၂၈၇,၀၀၀ စတုရန်းမိုင် ကျယ်ဝန်းပြီး ကမ်ဘာ့တတိယအကြီးဆုံး ကျွန်းဖြစ်ကာ ဂျာမနီနိုင်ငံ၏ အရွယ်အစားထက် နှစ်ဆပိုသည်။ ကျွန်းကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့ကြား ပိုင်းခြားထားသည်။ ကျွန်း၏ ဧရယာအများစုသည် အင်ဒိုနီးရှား၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ကာလီမန်တန်ဟု ခေါ်ကြသည်။ ဘော်နီယိုကျွန်း သစ်တောများသည် ကမ်ဘာပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲများစွာ စုံလင်လှပြီး နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၂၃၀ ကျော်၊ ဌာနေငှက် ၄၂၀၊ ကုန်းနေရေနေသတ္တဝါ ၁၀၀၊ ငါး ၃၉၄ (၁၉ မျိုးကွဲ) ရှိပြီး ၁၀ ဟက္တာ မြေကွက်တွင် သစ်ပင်မျိုးစိတ် ၇၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာ ကိန်းဂဏန်းသည် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့ ပေါင်းစပ်ထားသော သစ်ပင်စုစုပေါင်းအရေအတွက်နှင့် ညီမျှသည်ဟု ဆိုသည်။ ကမ္ဘာ့တတိယအကြီးဆုံးကျွန်းဖြစ်သည့် […]
ဂေဟစနစ်အတွက် အန္တရာယ်ကြီးမှန်း မသိတဲ့အခါ မြစ်ထဲကို စုပ်ခွက်ငါးတွေ လွှတ်လိုက်တယ်တဲ့..။ ကျွန်တော်လည်း ယခင်က အဲဒီငါး အန္တရာယ်ရှိမှန်း မသိ။ ဒီမနက် ငါးခူတစ်သောင်းဖိုးဝယ်ပြီး ချောင်းထဲကို ကုသိုလ်ဖြစ် သွားလွှတ်ရင်း စိမ်းစိမ်းစိုစို ပဲခင်းတွေထဲမှာ လယ်သမားတွေ ဆေးဖျန်းနေတာကို ကြည့်ရင်း “နောက်ထပ် မသိခြင်း အကြောင်းတစ်ခု..”ကိုပါ ဆက်စပ်တွေးမိလို့ မချိပြုံး ပြုံးမိပါတယ်။ မတ်ပဲ ၊ ပဲတီစိမ်းတွေ သီးပွင့်တဲ့ ဒီလိုလမျိုးမှာ ထိုင်းနိုင်ငံဘက်ကနေ ပိုးသတ်ဆေးမျိုးစုံ တင်လာကြတဲ့ ကားကြီး ကားငယ်တွေဟာ မြန်မာပြည်ထဲကို အတားအဆီးမရှိ ဝင်လာကြပါတယ်။ အဲဒီပိုးသတ်ဆေးတွေဟာ သူတို့နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်လို့ လုံးဝပိတ်ထားကြပြီး နိုင်ငံတကာမှာပါ ထိပ်တန်းအန္တရာယ်အဖြစ် Black List ထားတဲ့ ပိုးသတ်ဆေးတွေပါ..။ ကမ်ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးလို့ […]
Forest 500 အမည်ရတဲ့ တကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့ သြဇာတိက္ကမ ကြီးမားတဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီ တွေက သစ်တောပြုန်းတီးမှုနဲ့ ပတ်သက်လာရင် အရေးယူဆောင်ရွက်ခြင်း သိပ်မရှိလှဘူး လို့ ဖော်ပြပါရှိပါတယ်။ အဲ့ဒိအဖွဲ့စာရင်းပြုစုထားတဲ့ ကမ္ဘာ့ သြဇာတိက္ကမကြီးဆုံး ကုမ္ပဏီ ၃၅၀ မှာ သုံးပုံတစ်ပုံကျော်မှာ သစ်တောပြုန်းတီးမှုနဲ့ ဘယ်လိုကာကွယ်ကြမယ်ဆိုတဲ့ အစီအစဉ် တွေမရှိသလောက်ပါပဲ လို့ ဆိုပါတယ်။ သူတို့ရဲ့ ထုတ်ကုန်တွေ နဲ့ ပတ်သက်ပြီး သစ်တောပြုန်တီးမှု မရှိပါဘူးလို့ အာမခံချက်လုံး၀ မရှိပါဘူး ။ ကျမတို့ ၂၀၁၄ ကတည်းက ဒီစာရင်း ကို ပြုစုနေတာပါ။ ကံမကောင်းချင် တော့ ကျမတို့ ရလိုက်တဲ့ ရလဒ်ကို တော်တော်စိတ်ပျက်ခဲ့ရပါတယ်။ ဒီနေ့အထိလည်း […]
နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေ သ အထူးသဖြင့် ရေပျော်ငှက်များကျက်စားရာ ဒေသအဖြစ် (ရမ်ဆာဒေသ- Ramsar Site အဖြစ် ) ထည့်သွင်းသတ်မှတ်ထားသော အင်းတော်ကြီးကန်အတွင်းသို့ ရွှေတူးဖော်သည့် စွန့်ပစ်မြေနှင့်ရေများ ဝင်ရောက်မှုများပြားလာ ကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် အင်းတော်ကြီးကန်အ နီးရွိ ကျေးရွာများဖြစ်သည့် မိုင်းနောင်ကျေးရွာ နှင့် မန်မုံကိုင်ကျေးရွာအနီးရှိ ရွှေတူးဖော်ထုတ် လုပ်သည့်လုပ်ငန်းများမှ စွန့်ပစ်မြေနှင့် ရေ များသည် အင်းတော်ကြီးကန်အတွင်းသို့ တိုက် ရိုက်စီးဝင်နေပြီး ဝင်ရောက်သည့်ပမာဏ သိသာစြာ များပြားလာခြင်းဖြစ်ကြောင်း သိရ သည်။ မိုင်းနောင်ရွာနဲ့ မန်မံကိုင်ရွာနားမှာ မျော တွေလုပ်တော့ (ရွှေတူးဖော် ) မျောမြီးရေတွေ၊ နွံတွေက ( ရွှေတူးဖော်သည့်စွန့်ပစ်မြေစာများ) မိုင်းနောင်ချောင်းနဲ့ မန်မုံကိုင်ရွာနားမှာရှိတဲ့ ချောင်းထဲကတစ်ဆင့် အင်းထဲကို ရောက်ကုန် တာ။ […]
နှင်းတောစီး ဆိုင်ကယ်တွေက ဆောင်းဝင်လာပြီဆိုရင် ဥရောပမှာ မရှိမဖြစ် အသုံးလိုတဲ့ ယာဉ်တွေပါပဲ။ အခုတော့ မွန်းဘိုက်ကုမ္ပဏီက နှင်းတောစီးတဲ့ ရုပ်ကြွင်းလောင်စာသုံး ယာဉ်တွေအစား အီးဘိုက်ကို ပထမဆုံးတီထွင်နိုင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအဲလ်ပတ်တောင်တန်းကြီးပေါ်မှာ နေတဲ့ မိဘတွေဆီကို ၂၀၁၅ တုန်းက အလည်သွား မွန်ဘိုက်စီအီးအို နိကိုလက်မူရွန်က နှင်တောထဲမှာ ဖြတ်သန်းသွားရတဲ့ အခက်အခဲကို သိမြင်ခဲ့လို့ သက်တောင့်သက်သာနဲ့ သွာလို့ရအောင် အီးဘိုက်တစ်မျိုး တီထွင်မယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒီနှစ်ခရစ္စမတ်မှာ သူက နှင်းတောစီး အီးဘိုက်ကို တီထွင်ပြီး မိဘတွေရှိရာ နှင်းတောင်ပေါ်က အိမ်ကို သွားရောက် လည်ပတ်နိုင်ခဲ့ပါတယ်။ နှင်းတောစီးယာဉ်တွေ အများကြီးရှိပါတယ်။ အားလုံးက ရုပ်ကြွင်းလောင်စာသုံးပြီး သွားနေကြတာပါ။ ကျနော်က အဲ့ဒိထဲမှာ သဘာ၀ ပတ်ဝန်းကျင်ကို အကျိုးပြုမယ့် အီဘိုက်ကိုတီထွင်လိုက်တာပါလို့ သူက ဆိုပါတယ်။ “ […]
ဆောင်းရဲ့အငွေ့အသက်တွေကို ပြည့်ပြည်ဝဝ ခံစားရရှိခြင်းမရှိတဲ့ ဆောင်းရာသီရဲ့ နံနက်ခင်းတစ်ခု မှာဖြစ်ပါတယ်။လူတစ်စုဟာ ဓားတွေ၊ လွှတွေ၊ ရဲဒင်းတွေ ကြိုးတွေကို အသုံးပြုပြီး သစ်ပင်ကြီး တစ်ပင်ကို ခုတ် ဖြတ်ဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။သစ်ပင်ကြီးကို ဘာအတွက်ခုတ်ကြမှာလဲ ၊ဘာ့ကြောင့် ခုတ်ကြတာလဲ။တချို့ အ ကိုင်း၊ အခက်ေတွေကိုပဲ ခုတ်မှာလား ၊ဒါမှမဟုတ် အဲဒီ့အပင်ကြီးရဲ့ ပင်စည်အရင်းကနေပဲ ခုတ်လှဲပြစ်လိုက်ကြ မြာလား ဘယ္လို ခုတ်ကြမှာလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ကျွန်တော် သိတာက အဲဒီ့နေ့က ကောင်းကင်ကြီးတစ်ခုလုံးမှာ မိုးရဲ့ အရိပ် မိုးရဲ့အရောင်တွေ တွဲလွဲဲခိုနေခဲ့ကြတယ် ဆိုတာကိုပါပဲ။ တကယ်လည်း အဲဒီနေ့က ဆောင်းဟာ လိင်ပြောင်းဖို့ စိတ်အား ထက်သန်နေသူတစ်ယောက်ရဲ့ ပုံစံ မျိုးနဲ့ မိုးရဲ့ အရိပ် မိုးရဲ့ အရောင်တွေကို ညို့နေအောင် ပန်ဆင်ထားခဲ့ပါတယ်။(မိတ်ဆွေတစ်ယောက်ကတော့ ဘ […]
ဓာတ်ပုံ-(ဦး)စိန်ဝင်း