Author Posts

ဗျိုင်းအိုနှင့် ထွေးညို

နေမင်းညိုရင် ဟိုကန်စောင်းက ငါးတွေချောင်းတဲ့ ငွေဗျိုင်းအို ။ နေမင်းကွယ်တောင် ဘယ္မရေတာ့ နွမ်းလျပါလို့ စိတ်မချို ။ ပြာလဲ့ရေညို ဟိုကန်စောင်းက အပျိုချောင်းတဲ့ မောင်ထွေးညို ။ ငွေဗျိုင်းအိုနှယ် ဘယ္မတွေ့လို့ မရွှင်ချမ်းမြေ့ သောကပို ။ ဗျိုင်းအို၊ ထွေးညို ။ #ငွေတာရီ စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၁၅ ခုနှစ်တွင် (ဒုတိယအကြိမ်) ထုတ်ဝေသည့် ငွေတာရီ ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်။

အိန္ဒိယ အမျိုးသမီး အမြဲစိမ်းတော အဖွဲ့ မြွေဟောက်တွေကို ထိန်းသိမ်းနေရပြီ

ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ် စာရင်းပေါက်တဲ့ အိန္ဒိယနိုင်ငံအနောက်ပိုင်း က ဂါရက်တောင် ပတ်ပတ် လည်က ဂုရုကူလာ ရုက္ခဗေဒ ဥယျာဉ်က မျိုးတုန်းနိုင်တဲ့ အပင်မျိုး ၊ အကောင်မျိုး ၊ ငှက် ၊ တွားသွား နဲ့ ငါး မျိုး ၃၂၀ ကျော်ကို ထိန်းသိမ်းထားတဲ့ နေရာပါ။ အဲ့ဒီဥယျာဉ်ရဲ့ ထူးခြားချက်က အမျိုး သမီး ၂၇ ယောက်နဲ့ ဖွဲ့ ထားတဲ့ အမြဲစိမ်းတော အဖွဲ့ ပါပဲ ။ သူမတို့ က အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေကို အထူးကာကွယ်စောင့်ရှောက်ပေးတဲ့အဖွဲ့ ပဲဖြစ်ပါတယ်။ သူမတို့ က အဲ့ဒိတောင်ပတ်ပတ်လည်မှာ ရှိတဲ့ အပင် ၊ အကောင် ၂မျိုးလုံး ရဲ့ ဇီဝစောင့်ရှောက်မှု လုပ်ငန်းတွေကို […]

သဘာဝတရားကြီးက တိုက်လိုက်တဲ့ကျိန်စာ

ကမ္ဘာမြေ၊ သက်ရှိလူသားနှင့် တိရစ္ဆာန်များ၊ တောတောင် မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများနှင့် ရေခဲတောင် ရေခဲမြစ်များ၊ ရာသီဥတုစက်ဝန်းများအားလုံးသည် သဘာဝတရားကြီးက ဟန်ချက်ညီညီလည်ပတ် တည်ရှိရန် ဖန်ဆင်းပေးခဲ့သည့် အရာများသာဖြစ်ပါသည်။ သဘာဝတရားကြီး၏ ဖန်ဆင်းခြင်းခံခဲ့ရသည့် အရာများထဲတွင် လူသားများနှင့် သက်ရှိတိရစ္ဆာန်များကိုသူ့နေရာနှင့်သူအသင်းအဖွဲ့နှင့်ဖြစ်စေတစ်ဦး၊တစ်ကောင်၊ တစ်ယောက်ချင်းဖြစ်စေသွားလာရှင်သန်နိုင်ရေးအတွက် မှတ်သားလေ့လာတတ်သည့် ဦးနှောက်နှင့် အသိဉာဏ်တချို့ကိုထည့်ပေးလိုက်သည်။ ထိုအထဲတွင် ဦးနှောက်ထုထည် အကြီးမားဆုံးဖြစ်သည့် လူသားများသည် သူတို့၏ကြီးမားသောဦးနှောက်များကိုအသုံးပြုကာကျေဇူးရှင်သဘာတရားကြီး၏ သဘာဝဖန်ဆင်းမှုများ ကိုကျော်လွန်ကာဖန်တီးမှုများ၊ နေထိုင်ရှင်သန်မှုများ ပြုလုပ်လာကြသည်။ တီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်မှသည် မော်တော်ကားများနှင့် လကမ္ဘာနှင့် အာကာသအတွင်းသို့ သွားနိုင်သည့် ယာဉ်ပျံကိုပါ တီထွင်ဖန်တီးခဲ့ကြသည်။ ကမ္ဘာမြေကြီးကလက်ခံနိုင်သည့် လူဦးရေပမာဏထက်ကျော်လွန်ကာလူဦးရေတိုးပွားနှုန်းကိုဖန်တီးလာသည်။ ကမ္ဘာမြေကြီးကို ငြိမ်းချမ်းရေးနှင့် ကင်းဝေစေမည့် အတ္တများကိုမွေးမြူလာသည်။ ဓာတုလက်နက်၊ ဇီဝလက်နက်များ သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်လုပ်လာသည်။ ကမ္ဘာမြေကြီးကိုအစာမကြေဖြစ်စေမည့် ပလပ်စတစ်စသောလူ့အသုံးအဆောင်ပစ္စည်းများကိုအလုအယက်ထုတ်လုပ် အလုအယက်အသုံးပြုလာသည်။ […]

မြေထဲပင်လယ်က အမှိုက်ရှင်းသမား ဂရိသား ပင်လယ်ပျော်

အာရာပါကီက တံငါသည်မျိုးရိုးအဖြစ်နဲ့ ငါးဖမ်းဖို့အတွက် မွေးဖွားလာတာပါ ။ ဂရိနိုင်ငံတောင်ပိုင်း က မြေထဲပင်လယ် ရေပြပေါ်မှာ သူတို့ တွေ ငါးဖမ်းလာတာ မျိုး ဆက် ၅ ဆက်တောင် မကတော့ပါဘူး။ အာရာပါကီကို တံငါသည်လုပ်ငန်းကနေ စွန့်ခွာဖို့ မိဘတွေက မြို့မှာ ကျောင်းထားခဲ့ကြပါတယ်။ ၂၀ ၁၆မှာ ဘွဲရပြီး နောက် မြို့ မှာ အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဂရိနိုင်ငံက စီပွားရေး အကြပ်အတည်း နဲ့ ကြွေးမြီပြဿနာကြောင့် နိုင်ငံသားတွေ မတရားရုန်းကန်နေတဲ့ ဘဝထဲကို ရောက်နေ ပါတယ်။ မြို့ပေါ်မှာ အလုပ်လက်မဲ့တွေ ပုံအောတိုက်လာပါတယ်။ တဖြည်းဖြည်းနဲ့ ငါဖမ်းလုပ်ငန်းတွေ သဘာဝရင်းမြစ်တွေပေါ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်တဲ့သူတွေတောင် ဂရိနိုင်ငံကိုစွန့်ခွာပြီး အခြား ဥရောပနိုင်ငံတွေကိုပြောင်းရွှေ့ လုပ်ကိုင်ရတဲ့အထိဖြစ်နေပါတယ်။ […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ (၁၁)

#ယန်ဇီမြစ် (Yangtze River) ယန်ဇီမြစ် (Yangtzi) သည် အာရှတိုက်တွင် အရှည်ဆုံးမြစ်ဖြစ်ပြီး ကမ္ဘာတွင် တတိယမြောက် အရှည်ဆုံးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွင်း လုံးလုံးလျားလျားစီးဆင်းသည့် ကမ္ဘာ့အရှည်ဆုံးမြစ်လည်း ဖြစ်သည်။ တရုတ်နိုင်ငံသမိုင်းတစ်လျှောက် အရေးပါလှသော ထိုမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်တွေထဲ မြစ်တစ်စင်းဖြစ်နေသည်ကတော့ တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးများအတွက်သာမက ကမ္ဘာမြေကြီးနှင့် ကမ္ဘာသူ ကမ္ဘာသားများအတွက် စိတ်မကောင်းစရာ အခြေအနေတစ်ခု ဖြစ်သည်။ သမုဒ္ဒရာအတွင်းသို့ မြစ်များမှတစ်ဆင့် ဝင်ရောက်လာသော ပလပ်စတစ် စွန့်ပစ်အမှိုက်များတွင် ယန်ဇီမြစ်မှ စီးဝင်လာသော ပလပ်စတစ် စွန့်ပစ်အမှိုက်များက အများဆုံးဖြစ်သည်။ မြစ်များမှတစ်ဆင့် သမုဒ္ဒရာအတွင်းသို့ နှစ်စဉ်ဝင်ရောင်လျက်ရှိသည့် စွန့်ပစ်ပလပ်စတစ် မက်ထရစ်တန်ချိန် ၂.၇၅ သန်းထဲတွင် ၁.၅ သန်းခန့်မှာ ယန်ဇီမြစ်မှ စီးဝင်လာခြင်း ဖြစ်သည်။ ထိုအခ်က္က သမုဒ္ဒရာတွင်းရှိ စွန့်ပစ်ပလပ်စတစ် ၅၅ ရာခိုင်းမှာ […]

သစ်တော ပြန်လည်ထူထောင်ဖို့ဆိုရင် ဒရုန်းအစေ့ချ လုပ်ငန်းက အရေးပါ

သစ်တောပြုန်းတီးမှု ရဲ့ အဓိကကျတဲ့ ကိစ္စနှစ်ရပ်ကတော့ သစ်ထုတ်လုပ်ငန်းတွေကြောင့် နဲ့ တောမီးလောင်ခြင်း ကြောင့် ဆိုပြီ ဖြစ်ပါတယ်။ လူသားကြောင့် ဖြစ်တဲ့ သစ်တောပြန်ုန်းတီးမှု နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တဲ့ သစ်တောပြုန်းတီမှုဆိုပြီး ပြောလိုရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သစ်တောတွေ နည်းလာရင် ကမ္ဘာ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ စုပုံလာမယ် ။ ကာဗွန်တွေက အပူစုတ်ထားမယ်။ အပူချိန်တက် လာတဲ့ ကမ္ဘာကြီးမှာ ရာသီဥတုဖောက်ပြန်မှု တွေဖြစ် လာမယ်။ ရာသီဥတုဖောက်ပြန်မှု က သဘာ၀ ဘေးအန္တရာယ်တွေကို ဖြစ်ပေါ်လာစေပြီး လူသားတွေကို ဒုက္ခရောက်စေမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သစ်တောတွေကို ပြန်လည်ပြုစုပျိုးထောင်တဲ့ လုပ်ငန်းက ကမ္ဘာကြီး ကို ကယ်တင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ပြီးတော့ ဟန်ချက်ပျက်သွားပြီဖြစ်တဲ့ ဂေဟစနစ်ကို […]

မြစ် ချောင်းများ အသက်ရှည် ကျန်းမာကြပါစေ

အခုတလော ကျွန်တော့် ခေါင်းထဲ မြစ် ချောင်းများအကြောင်းက မင်းမူနေခဲ့သည်။ မြစ် ချောင်းများ အကြောင်း တွေးနေမိသည်။ “မြစ် ချောင်းများ ကျန်းမာပါစေ” ဟုလည်း မကြာခဏ ဆုတောင်းနေမိသည်။ ကျွန်တော် ထိုသို့ ခံစားနေရသည်မှာ ရက်သတ္တပတ်အနည်းငယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ ခံစားနေရသလဲဆိုလျှင် ကျွန်တော့် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာထဲသို့ ရောက်လာသော ဓာတ်ပုံတစ်ပုံ ကြောင့်ပင် ဖြစ်သည်။ ယင်းဓာတ်ပုံမှာ အခြားမဟုတ်။ ကျွန်တော့် မွေးရပ်မြေမှ ချောင်းကလေး၏ ဓာတ်ပုံ ဖြစ်သည်။ ထိုချောင်းကလေးသည် ကျေးရွာ အုပ်စုကြီးနှစ်ခု၊ ကျေးရွာ ၁၀ ရွာကျော်၏ အသက်သွေးကြော ဖြစ် သည်။ ကူးသန်းရောင်းဝယ်ရေး၊ သွားလာရေးအတွက် အချက်အချာ ဖြစ်ခဲ့သည်။ ဟိုးအရင်က အကျယ်ပေ ၃၀၀၊ […]

အငှားကားကုမ္ပဏီတွေလည်း EV ကားတွေကို သိန်းနဲ့ ချီပြီး မှာနေ

အမေရိကားက အကြီးဆုံး ကားငှားတဲ့ ကုမ္ပဏီဖြစ်တဲ့ ဟာ့တ်ဇ် က ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ခရီးသွား လာမှု ပိတ်ပင်ထားတဲ့အတွက်ကြောင့် ကားငှားတဲ့ လုပ်ငန်းက ရပ်လုနီးပါးဖြစ်သွားပါတယ်။ အခု ကိုဗစ်သက် မှတ်မှုတွေ လျှော့ပေးလာပြီဖြစ်လို့ ကားအငှားလိုက်လာပြီ ဖြစ်ရာ လုပ်ငန်းတွေကို ပြန်လည်အစပျိုးဖို့အတွက် နဲ့ နောက်ပိုင်း ဆက်လက်လည်ပတ်ဖို့ ကို (EV)လို့ ခေါ်တဲ့ လျှပ်စစ်ကားတွေကို မှာယူနေပါတယ်။ ဟာ့တ်ဇ် က အနာဂတ် ကားအငှားလုပ်ငန်းမှာ အားဖြည့်ဖို့ရာအတွက် ကမ္ဘာ့သူဌေးကြီး အီလွန်မက်ရဲ့ တက်စလာကုမ္ပဏီကနေ ကားအစီးရော ၁သိန်းကျော်မှာ ယူထားပါတယ်။ “ ကျနော်တို့ ဒီလထဲမှာပဲ လျှပ်စစ်ကားတွေကို လုပ်ငန်းထဲမှာ ထည့်ပြီး လည်ပတ်ခိုင်းတော့မှာပါ။ တက်စလာရဲ့ မော်ဒယ် ၃ ကားတွေကို ဖောက်သည်တွေ သုံးခွင့်ရတော့မှာပါ။ အခုဆိုရင် […]