၂၀၄၀ မှာ ဒီဇယ် ဘတ်စ်တွေနဲ့ ထရပ်တွေကို အပြီးပိတ်လိုက်တော့မယ်လို့ အီးယူစီစဉ်နေ
မနေ့ ( ဇန် ၁၈ )က ဘရက်ဆဲလ်မှာ ပြုလုပ်တဲ့ ဥရောပကော်မရှင် အစိုးရအဖွဲ့ဝင် အရာရှိကြီးများနဲ့ ပါလီမန် အဖွဲ့ဝင်များ ဆိုင်ရာ အစည်းအဝေးမှာ ရုပ်ကြွင်းလောင်စာအသုံးပြုရတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို ၂၀၄၀ မှာ အပြီးနားလိုက်ဖို့အတွက် လုပ်ငန်းစဉ်တွေကို တင်သွင်းခဲ့ပါတယ်။ အဲ့ဒါကို ပါလီမန်အမတ်တွေ အားလုံးနီးပါး ထောက်ခံခဲ့ပါတယ်။ လုပ်ငန်းစဉ်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း ရောင်းချ ပြေးဆွဲနေသော ထရပ်ကားများ နဲ့ အခြားကုန်တင်ယာဉ်များ အားလုံး ၂၀၄၀ တွင် လက်ရှိထုတ်လွှတ်နေသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏ ရဲ့ ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်မှာဖြစ်ပြီး မြို့တွင်းပြေဆွဲနေသော ယာဉ်များ က ၂၀၃၅ တွင် လုံးဝ ကာဗွန်ထုတ်လွှတ်မှု မရှိစေရဖြစ်ရမည်ဟု ပါရှိပါတယ်။ အကြီးစားယာဉ် အများစုသည် CO2 စံနှုန်းများကို […]