ကမ္ဘာ့ဒုတိယအကြီးဆုံး ရေချိုကန်
ဝိတိုရိယအိုင်သည် အာဖရိကတိုက်တွင် အကြီးဆုံး အိုင်ဖြစ်၍ မြောက်အမေရိကတိုက်ရှိ ဆူပီးရီးယာအိုင်မှလွဲလျှင် ကမ္ဘာပေါ်၌ အကြီးဆုံး ရေချိုအိုင် ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း မှ ဝိတိုရိယဘုရင်မ၏အမည်ကို အစွဲပြု၍ ဝိတိုရိယနီယန်ဇာ သို့မဟုတ် ဝိတိုရိယအိုင်ဟု ခေါ်တွင်လေသည်။ ထိုအိုင်ကြီးသည် ယူဂန်းဒါးနိုင်ငံ၊ တန်ဂန်ယီးကနိုင်ငံနှင့် ကင်ညာနိုင်ငံ အသီးအသီးအတွင်း၌ တစ်စိတ်တစ်ဒေသစီ ကျရောက်လျက်ရှိသည်။ အလျား ၂၅၅ မိုင်ကျော်၊ အနံ ၁၅၅ မိုင်ခန့်ရှိ၍ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်၂၆,၆ဝဝ ခန့်ရှိသည်။ အာဖရိကရှိ ဧရိယာ အကျယ်ဆုံးသော ရေကန် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသ ရေကန်များတွင် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ဒုတိယမြောက် အကြီးဆုံးသော ရေချိုရေကန် ဖြစ်သည်။ ရေထုထည်အားဖြင့် ကြည့်မည် ဆိုပါက ဝိတိုရိယရေကန်သည် ကမ္ဘာပေါ်ရှိ […]