Author Posts

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ဂျာမနီအစိုးရသစ် ယူရို၆၀ ဘီလီယံကို သုံးမယ်

ဂျာမနီအစိုးရသည် ရာသီဥတုဆိုင်ရာအကျပ်အတည်းကို တိုက်ဖျက်ရန် ယူရိုဘီလီယံ ၆၀ အား တိုင်ပြည် ရဲ့ သီးခြားဘတ်ဂျတ် အဖြစ်နဲ့ ထည့်လိုက်တာပါ။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ ရာသီဥတုနှင့် အသွင်ကူးပြောင်းရေး ရန်ပုံငွေကို ပိုမိုအားဖြည့်ရန်နှင့် စိမ်းလန်းသော စီးပွားရေးသို့ ကူးပြောင်းရန် အားပေးသည့် နောက်ဆက်တွဲ ဘတ်ဂျက်အသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဂျာမဏီ အဓိပတိသစ် အိုလက်ဖ်ရှိုးဇ် ၏ အစိုးရအဖွဲ့မှ တညီတညွတ်တည်း အတည်ပြုလိုက်သော ဘတ်ဂျက်သည် ယခုနှစ် ပြည်ထောင်စုဘတ်ဂျက်တွင် အသုံးမပြုရသေးသော အကြွေး ယူရို ဘီလီယံပေါင်းများစွာကို အနာဂတ် အစိမ်းရောင် အသုံးစရိတ် အဖြစ်သို့ လွှဲပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ အကြွေးငွေ ယူရို ၆၀ဘီလီယံအပြင် အစိုးရသည် ဂေဟစနစ်အခွန်အခများနှင့် CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ ကုန်သွယ်မှုအစီအစဉ်မှ အဓိကအားထားရသော […]

ဆိုလာပြားတွေကို အိမ်မှတ်နေတဲ့ ဝတ်ရည်စုပ်ကောင်တွေ

ယူကေ လန်ကတ်စတာတက္ကသိုလ်က သုတေသီတွေ စုစည်းပြီး နေရာင်ခြည်စွမ်းအင်သုံး လျှတ်စစ်ထုတ်လုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလေ့လာကြရာ ဆိုလာပြားတွေမှပျားတွေနဲ့အခြား ဝတ်မှုံကူးတတ်တဲ့ အကောင်လေးတွေ အိမ်ရာလာဖွဲ့ပြီး နေထိုင်နေကြတာကို တွေ့ လာကြပါတယ်။ ပန်းခင်းတွေ ဘေးနားမှာရှိတဲ့ ဆိုလာခင်းတွေက ပျားတွေနဲ့အခြား ဝတ်မှုံကူးတတ်တဲ့ အကောင်လေးတွေအတွက် နတ်ဘုံ နတ်နန်းလိုဖြစ်နေပါတယ်။ အင်္ဂလန် အပါအဝင် ဥရောပနိုင်ငံအချို့မှာ ၂၀ ရာစု ဝင်လာကတည်းက ပျားတွေလို ဝတ်မှုံကူးပေးတဲ့ အကောင်တွေ ရှာပါးလာနေပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာတောင် မရှိပါဘူး ဆိုတဲ့အထဲက နောက်ထပ် ၁၇ % လျှော့ကျသွားပါတယ်။ သုတေသီ ဟိုလီဘလေဒက်စ် က “ ကျနော်တို့ ဆိုလာပြားတွေကို စစ်နေစဉ်မှာ တိုင်ထောင့်တွေမှာ အိမ်သေးသေးလေးတွေကို တွေ့လို့ ဝမ်းသာသွားတယ်။ အချို့အိမ်လေးတွေက ပျားအုံလေးတွေ […]

နမ့်ပန်မြစ်နဲ့ ကွန်အော်ရေတံခွန်

ငြင်သာစွာစီးဆင်းနေတဲ့ နမ့်ပန်မြစ်ထဲက လှပလွန်းတဲ့ ကွန်အော်ရေတံခွန်။ နှစ်စဉ်နှစ်တိုင်းရဲ့ နိုဝင်ဘာလပိုင်းကတော့ ကွန်အော်ရေတံခွန်ရဲ့ အလွဆုံး၊ အသာယာဆုံးအချိန်တွေဖြစ်ပါတယ်။ ကွန်ဟိန်းမြို့အနီး၊ ကွန်ဟိန်းမြို့နယ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိပါတယ်။ Credit:Sai Swan ဓာတ်ပုံ၊ စိုင်းစွမ်

တောင်များကို ကာကွယ်ကြရအောင်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ဟာ နိုင်ငံတကာ တောင်တန်းနေ့ (International Mountain Day) ဖြစ်ပါတယ်။ ကမ္ဘာမှာ အထိမ်းအမှတ်နေ့တွေ အများကြီးရှိတဲ့အထဲက နိုင်ငံတကာ တောင်တန်းများနေ့ကတော့ ယိုယွင်းနေတဲ့ ကမ္ဘာမြေကြီးနဲ့ ပျက်စီးနေတဲ့ သဘာဝရင်းမြစ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် မဖြစ်မနေရှိနေသင့်တဲ့ ကျွန်တော်တို့အားလုံး အလေးထားသင့်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ နိုင်ငံတကာတောင်တန်းနေ့ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ တောင်တန်းတွေကို မှီခိုနေရတဲ့ ကမ္ဘာ့လူသားအသိုင်းအဝိုင်းအတွက် အသိပညာမြှင့်တင်နိုင်ရေး ရည်ရွယ်ချက်နဲ့ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ဒီလို ကျင်းပရာမှာလည်း တစ်နှစ်မှာ အဓိကခေါင်းစဉ်တစ်ခုနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၁ မှာ Biodiversity ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာ့တောင်တန်များနေ့ကို ကျင်းပခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၅၇/၂၄၅ မွ အပြည်ပြည်ဆိုင်ရာ […]

ကင်ညာမှာ ဆိုးဝါးတဲ့မိုးခေါင်မှုတွေဖြစ်လို့ တောရိုင်တွေသေဆုံး

ဖော်ပြပါ ဓာတ်ပုံက ကင်ညာနိုင်ငံမှာ ဆိုးဝါးစွာ မိုးခေါင်မှုဖြစ်နေလို့ ဆာဘူလီ တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး နယ်မြေအတွင်းမှာ သစ်ကုလားအုတ်ခြောက်ကောင် သေဆုံးနေတာကို တွေ့ရမှာပါ။ အနီးနားရှိ ရေလှောင်ကန်တစ်ခုမှ ခြောက်သွေ့လုနီးပါးရှိသော ရေလှောင်ကန်မှ ရေကို သောက်သုံးရန် ကြိုးပမ်းစဉ် ရွှံ့နွံထဲတွင် နစ်မြုပ်ပြီး သစ်ကုလားအုတ်များ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ရေလှောင်ကန်၏ ရေညစ်ညမ်းမှု မဖြစ်အောင် အဲ့ဒိအသေကောင်တွေကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။ Extreme drought kills wildlife in Kenya The photo shows six camels dying inside the Sabuli Wildlife Sanctuary due to severe drought in Kenya.The camels drowned in the […]

ဝက်သစ်ချပင်လေး

မင်းအချစ်ကိုကွေ့ချမိတော့ နှင်းများ သစ်တော်ပင်ထိပ် ခြံဝကစံပယ်ပင်ရိပ်မှာ ဘာပန်းကဘုရားလိုပွင့်နေလဲ။ တစ်လမ်းခြား ဝက်သစ်ချပင်ရွက်တွေ ဆွေးမြေ့နေတာ အခေါင်းပေါက်ထဲက ပန်ဒါဝက်ဝံလေးထွက်လာတယ်။ မင်းတို့မြို့လေးနှင်းကျပလား ငါ့နှလုံးသားနှင်းကျတာ အမွဲ။ လမ်းမှာ အလွမ်းက ဝက်သစ်ချပင်ရွက်ကနှင်းတွေ။ တိုးနှောင်မိုး ၁၄.၁၂.၂၀၂၁ ဓာတ်ပုံ- မူလပိုင်ရှင်ကို ခရက်ဒစ်ပေးပါတယ်၊  

ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ကျား ၅ ပုံ ၁ ပုံက စားကျက်ပျောက်ပြီး သေဆုံး

ဒီလထုတ် ကွန်မြူနီကေးရှင်း ဘိုင်အိုလိုဂျီဂျာနယ်ပါ ဆောင်းပါတစ်ပုဒ်မှာ ကမ္ဘာ့ပေါ်က ကျား ၅ပုံ ၁ပုံက ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ရေလွှမ်းလွင်ပြင်ဖြစ်သွား စားကျက်ပျောက်သွားကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် သူတို့ရဲ့လေ့လာမှုအရ ကျားသစ် အကောင်၂၀၀ မှာ တစ်ကောင် အစာပြတ်လပ်ပြီး သေဆုံး နေရတယ်လို့ လည်း ဆိုထားပါတယ်။   ကမ္ဘာကြီးမှာ စွမ်းအင်လိုအပ်ချက်တွေ တစ်နေ့ထက် တစ်နေ့ များလာတဲ့အတွက်ကြောင့် နိုင်ငံအသီးသီးက အစိုးရတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ရေအားလျှပ်စစ်လုပ်ငန်းတွေကို တလမန်းကြမ်း တည်ဆောက် နေကြပါတယ်။   ပြီးခဲ့တဲ့ နှစ်တွေ က သိပ္ပံပညာရှင်တွေနဲ့ တောတွင်းသားအခွင့်အရေး တောင်းဆိုတဲ့ အဖွဲ့တွေက ရေအားလျှပ်စစ်လုပ်ငန်းတွေကို မဟားဒယား လုပ်နေမယ်ဆိုရင် ရေလွှမ်းလွင်ပြင်တွေဖြစ်ပေါ်ပြီး ဒေသတွင်း ဇီဝမျိုးစိတ်တွေအတွက် အစားရေစာ ပြဿနာဖြစ်လာနေတယ်လို့ ထောက်ပြလာကြပါတယ်။   […]

ပလတ်စတစ်မြစ်များ

ပင်လယ်သမုဒ္ဒရာတွေထဲ ဝင်ရောက်လာတဲ့ ပလတ်စတစ်ပမာဏရဲ့ (90)%ဟာ ကမ္ဘာ့မြစ်ကြီး (၁၀)စင်း စီးဝင်လာတာကို သင်ယုံပါသလား။ အဲ့ဒီမြစ်ကြီး (၁၀)စင်းထဲက အထင်ကရမြစ်ကြီး (၉)စင်းဟာ အာရှတိုက်အတွင်းတည်ရှိပြီးတစ်စင်းဟာ အာဖရိကတိုက်မှာတည်ရှိပါတယ်။ အာရှတိုက်ရှိမြစ်(၉)စင်းထဲက တစ်စင်းဟာထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၅)နိုင်ငံရဲ့ နယ်ခြားမြစ်တစ်စင်း ဖြစ်နေတာကို လေ့လာတွေ့ရှိရပါသည်။ နှစ်စဉ်ကမ္ဘာတစ်ဝှမ်း ပလတ်စတစ် တန်ပေါင်း သန်း (၃၀၀) ထုတ်လုပ်သုံးစွဲပြီး ပလတ်စတစ်အမှိုက် တန်ချိန် (၈.၈)သန်းဟာ ပင်လယ်သမုဒ္ဒရာတွေထဲ စွန့်ပစ်ကြပါတယ်။ ဒီပလတ်စတစ်အမှိုက်တွေထဲမှာ ရေပုလင်း (၄၀) ဘီလျံ၊ တစ်ခါသုံး (၁၀၀) ဘီလျံနဲ့ တစ်ကိုယ်ရေသုံး (၅၂၂) သန်း ပါဝင်ပါတယ်။ လက်ရှိသမုဒ္ဒရာထဲ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်ထဲက တန်ပေါင်း (၂၇၀၀၀၀) ဟာ သမုဒ္ဒရာရေမျက်နှာပြင်မှာ ပေါလောပေါ်နေပြီး၊ လေတိုက်ခတ်မှုနဲ့ သမုဒ္ဒရာရေစီးကြောင်းတွေကြောင့် ကမ္ဘာ့သမုဒ္ဒရာရေမျက်နှာပြင်အနှံ့ စီးမျောနေပါတယ်။ ဒီစီးမျောနေတဲ့ […]

ရဝမ်ဒါလို နိုင်ငံတောင် အီးဘိုက်တွေ သုံးဖို့အတွက် ပြင်ဆင်နေကြပြီ

ရဝမ်ဒါနိုင်ငံဆိုတာ အာဖရိကတိုက် ရဲ့ အရှေ့ဖက်ခြမ်းက နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံလေး ဖြစ်တဲ့အပြင် စစ်မက်ထူပြောခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ရဝမ်ဒါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဖို့အတွက် လမ်းတွေပေါ်မှာ ပြေးဆွဲနေတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေ တက္ကဆီ ဒရိုင်ဘာတွေက သူတို့ရဲ့ ဆီကားတွေ ဆိုင်ကယ်တွေကိုလျှပ်စစ်ကားတွေ လျှပ်စစ်ဆိုင်ကယ်တွေ ပြောင်းလဲပစ်ဖို့အတွက် ကြိုးစားနေကြပါပြီ ။ ကီဂါလီမြို့ပေါ်က လမ်းတွေမှာ ၁၂ နှစ်ကြာအောင် ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ဒီဒီယာက “ စစချင်းတော့ အဆင်မပြေဘူးပေါ့ဗျာ ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျင့်သားရသွားမှာပါ ။ ကျနော်တို့ ဆီကားတွေ ၊ ဆီဆိုင်ကယ်တွေ မသုံး ဖို့အတွက် စကြိုးစားနေပါပြီ ။ ဓာတ်ဆီ ၊ ဒီဇယ်တွေက […]