ရွှေစက်တော်သွား တောလား (ရှင်မဟာရဌသာရ)
အပိုဒ် (၂)။ စူးစူးနိဗ္ဗာန်၊ … … ၊ တောကြက်တွန်သံ မြူးမြူးတည်း။ စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောင်ရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွ၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ (အကြင်ပျောင်းသူ)၊ လွမ်းစေဟူသို့၊ လျှံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင့်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေဝပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောင်သူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျာမလျော့ (နှုတ်လျှာမလျော့)၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ […]