Author Posts

ပန်းရည်စုပ်-Purple Sunbird(Cynniris asiaticus)

ပန်းရည်စုပ်ငှက်ကို အီရန် အိန္ဒိယတိုက်ငယ် အနောက်မြောက်ယူနန် နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဌာနေငှက်အနေနဲ့ တွေ့နှိင်ပါတယ်။မြေပြန့်ဒေသတွေမှာ အတွေ့ရများပြီး အိန္ဒိယမှာတော့ မီတာ ၂၄၀၀ အမြင့်ရှိတဲ့ ဒေသတွေအထိ တွေ့ရတယ်လို့ သိရပါတယ်။မြန်မာမှာတော့ အလယ်ပိုင်း မြေပြန့်ဒေသတွေမှာ အတွေ့ရများပြီး တောင်ပေါ်ဒေသတွေဖြစ်တဲ့ ပြင်ဦးလွင်၊ နောင်ချို၊ ကလောနဲ့ တောင်ကြီးဝန်းကျင်တွေမှာ အနည်းငယ်တွေ့ရပါတယ်။မြန်မာမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာတော့ ရွိမရွိမသိရေသးပါ။ ပန်းဝတ်ရည်နဲ့ ပိုးကောင်ကလေးများဟာ သူတို့ရဲ့ အဓိကအစာ ဖြစ်ပါတယ်။ပိုးကောင်ကလေးများကိုတော့ သားပေါက်ချိန်မှာ ငှက်ငယ်ကလေးတွေကို ကြွေးကြပါတယ်။အရွယ်သေးငယ်ခြင်းနဲ့ ပန်းပွင့်နားမှာ အတောင်ခတ်ပြီး ရပ်နေတတ်တာကြောင့် အမေရိကတိုက်မှာပဲတွေ့ရတဲ့ ပိတုံးငှက်(Hummingbird)နဲ့ ဆင်သလိုရှိပေမဲ့ ပန်းရည်စုပ်က ပန်းပွင့်အခြေမှာနားပြီး ဝတ်ရည်စုပ်ပါတယ်။ပိတုံးငှက်ကတော့ အတောင်ခတ်ယင်း ရပ်ပြီး ဝတ်ရည်စုပ်တတ်တဲ့ သဘာဝရှိတာကြောင့် မတူညီကြပါ။ သားပေါက်ချိန်မဟုတ်တဲ့အရောင်(Eclipse male)နဲ့ ငှက်အမတို့ဟာ ပန်းရည်စုပ်ငှက်တစ်မျိုးဖြစ်တဲ့Olive-backed Sunbird နဲ့လွဲမှားနှိင်ပါတယ်။ […]

လေထုညစ်ညမ်းတဲ့ ဒေသတွေမှာ ယောက်ျားလေးတွေ ပိုမွေးတယ်ဆိုပဲ

ကြာသပတေးနေ့ ထုတ် PLOS Computational Biology ဂျာနယ်က ဆောင်းပါးတစ်ခုရဲ့ ဖော်ပြချက်အရ လေထုညစ်ညမ်းမှုက ကိုယ်ဝန်ဆောင်သည်တွေ မီးဖွားခြင်းအပေါ်ကို သက်ရောက်မှုရှိတဲ့အပြင် ရင်သွေးငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စမှာလည်း ဆက်စပ်မှု ရှိနေတယ်လို့ လေ့လာမှုတစ်ရပ်အဆိုအရ သိရပါတယ်။ ချီဂါဂို တက္ကသိုလ် လူသားမျိုးရိုးဗီဇနဲ့ ဆေးပညာဌာန ကပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ သူတို့ က အမေရိကန်နဲ့ ဆွီဒင်နိုင်ငံမှာ လေထုညစ်ညမ်းမှုရှိတဲ့ ဒေသတွေက လူ ၆သန်းကျော်ကို စစ်ဆေးခဲ့ပါတယ်။ အဲ့ဒိဒေသက လေထုနဲ့ ရေထုမှာ ပိုလီ ကလိုရီနိတ်ဘိုင်ဖီနော် ( PCBs ) ဓာတ်တွေ ပါဝင်မှု မြင့်မားနေပါတယ်။ သူတို့ရဲ့ လေ့လာမှုအရ PBCs ဓာတ်တွေ မြင့်တဲ့ ဒေသတွေက PCBs နည်းတဲ့ ဒေသတွေနဲ့ နှိုင်းယှဉ်ရင် […]

သစ်ပင်စိုက်ခြင်းဖြင့် နိုင်ငံတော်ကိုကာကွယ်ပါ

(၁) “သစ်ပင်စိုက်တာဟာတစ်ဦးချင်း၊ တစ်ယောက်ချင်းလုပ်နိုင်တဲ့ကိစ္စပါ။ ကမ္ဘာကြီးဟာပျက်နေတယ်။ အဲဒီပျက်နေတဲ့ကမ္ဘာကြီးကို ပြန်ကောင်းအောင် လုပ်တဲ့နေရာမှာစိတ်ရှည်ရှည်နဲ့ လုပ်ရမှာပါ။ကမ္ဘာကြီးကိုချစ်တယ်ဆိုရင် ဒီလောက်ကလေးတော့ လုပ်ကြပါလို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်” မကြာသေးမီက ကွယ်လွန်ခဲ့သည့် သစ်တောပညာရှင် ကမ္ဘာမြေချစ်သူဦးအုန်းပြောနေကျစကားဖြစ်သည်။ ထိုစကားကိုပင် သစ်ပင်စိုက်ပွဲတစ်ခုတွင် သူပြောနေရင်း မျက်ရည်များကျလာခဲ့သည်။ ရှိုက်သံသဲ့သဲ့ ကြားတွင် သူ့စကားသံများ တိမ်ဝင်သွားခဲ့သည်။ သစ်ပင်စိုက်ပွဲသို့ တက်ရောက်လာသူတိုင်း စိတ်မကောင်း ဖြစ်ကြရသည်။ အမြဲတမ်းမာမာထန်ထန်ပြောတတ်သည့် သူ့ထံမှ ထိုကဲ့သို့အမူအရာကိုတွေ့ရသောကြောင့်လည်း အံ့သြကြရသည်။ ကျွန်တော်ကတော့ သူ့ကိုနားလည်သည်။ သူအသက်အရွယ်ရလာပြီ။ စိတ်သွားတိုင်းကိုယ်မပါသလို ပါးစပ်ကပြောတိုင်းလည်း လက်ကမပါနိုင်တော့။ ထို့ကြောင့် သူ့ကိုယ်သူအားမရဖြစ်မိသည်။ ပျက်ယွင်းလာသောကမ္ဘာကြီးကို ပြန်လည်ပြုပြင်ရန် သစ်ပင်များမစိုက်နိုင်တော့သဖြင့် သူ ဝမ်းနည်းသည်။ ဝမ်းနည်းစိတ်ကို မထိန်းနိုင်သဖြင့် သူမျက်ရည်ကျသည်။ ပြီးတော့ မျက်ရည်ကြားထဲကနေပဲ သူအားတင်းပြီးပြောလိုက်ပါသေးသည်။ “ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထိရောက်ဆုံးနဲ့ အလွယ်ဆုံးနည်းကတော့ […]

ဝေလငါး မိတ်လိုက်ချိန်မျာ SHELL ရေနံကုမ္ပဏီက ရေအောက် ဖောက်ခွဲရေးလုပ်ဖို့ စီစဉ်နေ

SHELL (ရှဲ ) ရေနံကုမ္ပဏီက တောင်အာဖရိကနိုင်ငံ ကမ်းခြေမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးအတွက် စမ်းသပ်မှုတွေ စလုပ်နေပါတယ်။ အဲ့ဒိစီမံကိန်းရဲ့ စမ်းသပ်မှုက ဝေလငါးတွေ မိတ်လိုက်ချိန်ဖြစ်လို့ ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပါတယ်။ ရေနံ နဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းအတွက် စမ်းသက်မှုလုပ်ချိန်မှာ ဖောက်ခွဲရေးတွေကို လုပ်ရပါတယ်။ ပင်လယ်ရေအောက်မြေပြင်မှာ တွင်းတွေတူးပြီး ဖောက်ခွဲရေးတွေ လုပ်ကြတော့မှာပါ။ အခု ဒီဇင်ဘာလ ၁ရက်နေ့ကနေစပြီး နောက်ထပ် ၅ လကြာအောင် စမ်းသက်မှုတွေ ကို လုပ်တော့မှာပါ။ သူတို့ စမ်းသက်မှုလုပ်မယ့် စိန့်ဂျွန် ကမ်းခြေနဲ့ မော်ဂန်ပင်လယ်အော်ကြား နေရာက အဏ္ဏဝါတောရိုင်း သဘာ၀ ပင်လယ်နေရာဖြစ်ပါတယ်။ သူတို့တွေလုပ်မယ့် ဖောက်ခွဲမှုရဲ့ အသံလှိုင်းတွေက ရေထဲမှာ ၃ ကီလိုမီတာအထိ သွားပြီး ကမ္ဘာ့အက်ကွဲကြောင်း မြေကြီးထဲကို မီတာ […]

ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းက သူငယ်ချင်းတစ်ယောက်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်း အမှတ်စကားဝိုင်း လုပ်မယ်လို့ ဖတ်လိုက်ရတယ်။ အဲဒီတော့မှ စာရေးသူလည်း ကမ္ဘာ့ပတ်ဝန်းကျင်နေ့တောင် ရောက်တော့မှာလားလို့ သတိရသွားတယ်။ ဟုတ်တယ်။ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ (World Environment Day) ဖြစ်ပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ၁၉၇၂ ခုနှစ် ဇွန် ၅ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး နှစ်စဉ် ဇွန်လ ၅ ရက်နေ့ ရောက်တိုင်း ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့ကြတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့လာရတဲ့နောက် မြန်မာနိုင်ငံမှာလည်း နှစ်စဉ် ဇွန်လ (၅)ရက် ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ရောက်တို်င်း အစိုးရအဖွဲ့အစည်းတွေက သစ်ပင်စိုက်ပွဲတွေ၊ ကဗျာ […]

စကားရင်ကွဲ

ဇာပုဝါပါး မြူတွေ… မှိုင်းညို့တောင်တန်းတစ်ဖက် စိမ်းတစ်ဝက် ပြာရည်လဲ့ ညိုမှောင် ဝါးရွက်ကလေး မြေပြင်ပေါ် နားနေပေါ့ ကိုင်းခြောက်ခို ရင်ကွဲနေသူရယ် လေချွန်သံထဲ အငိုတွေ ထပ်ထပ်ထည့် တောင်တွေဆီ… ပဲ့တင်ထပ်စေခဲ့တယ်။ သင်းရည်လွင်

နှင်းတွေဆင်းတဲ့လမ်း

ဟောဒီလမ်းကို ကျွန်တော် သတိထားမိတာ ဟိုးအရင် လေးငါးခြောက်နှစ်အရွယ်၊ကလေးဘဝကတည်းကဆိုပါတော့။ ဟောဒီလို ဆောင်းလရာသီရောက်လာပြီဆိုရင် ကျွန်တော်သွားလေ့ရှိတဲ့လမ်းမတစ်ခုရဲ့ဘေးက မြက်ပင်တွေမှာအကိုင်းတွေညွှတ်အောင်သီးနေတဲ့ ရေစက်ကလေးတွေကို အျမဲ တွေ့ရလေ့ရှိတယ်။ အဲဒီ ရေစက်ကလေးတွေကိုမြင်ပြီဆိုရင် ကျွန်တော်က လက်ကလေးနဲ့ သွားတောက်လိုက်ရမှ ဒါမှမဟုတ် အဲဒီရေစက်ကလေးတွေကို လက်ဖျားကလေးတွေနဲ့ သဲ့ယူလိုက်ရမှ စိတ်ကျေနပ်သွားတာ။ အေဖကေတာ့ အဲဒီ မြက်ပင်ဖျားက ရေစက်ကလေးတွေကို နှင်းသီးကလေးတွေလို့ ခေါ်ကြောင်း ပြောပြဖူးတယ်။ ကျွန်တော်ဟာ အဲဒီနှင်းသီးကလေးတွေကို ဆောင်းဦးမနက်တွေထဲက တစ်ရက်ရက်မှာ သွားပြီး ခူးလေ့ရှိတယ်။ တစ်ခါတစ်ခါ စိတ်လိုလက်ရရှိတဲ့အခါ မနက်ခင်းတိုင်းလုနီပါးသွားခူးလေးရှိတယ်။ နှင်းသီးကလေးတွေကိုခူးတဲ့အခါ အေးစက်တဲ့အထိအတွေ့နဲ့အတူ မြက်ပင်ဖျားတို့ရဲ့ နှင်းလူးရနံ့ကိုပါ ရလေ့ရှိတယ်။ မြက်ခင်းပြင်ကြီးမှာပဲဖြစ်ဖြစ် ၊လမ်းဘေးက မြက်ပင်ကလေးတွေဆီမှာပဲဖြစ်ဖြစ် မြက်ပင်ကိုင်းဖျားတွေမှာနှင်းတွေအိကျနေအောင်သီးနေတာကိုမြင်ရင် အဲဒီ နှင်းတောထဲကို ကျွန်တော် မသြားဘဲ မနေနိုင်ဘူး။ လူတွေက ချမ်းချမ်းအေးအေးနဲ့ ဘာတွေလုပ်နေတာလဲလို့မေးရင် […]

သဘာဝ၏ ဟာမိုနီ

ကျွန်တော် ကြည့်နေစဉ်မှာပင် လမ်းဘေးရှိ သစ်ပင်များ နောက်တွင် တရိပ်ရိပ် ကျန်ရစ်ခဲ့ကြသည်။ ထိုသစ်ပင်များသည် ဘယ်တော့မှ ဆုံး တော့သည့် အတိုင်းပင်။ သစ်ပင်တစ်ပင်နောက်သို့ သစ်ပင်တစ်ပင်က လိုက်ပါသွားသည်။ တစ်ပင်ပြီး တစ်ပင် … နောက်တစ်ပင်ပြီး နောက်တစ် ပင်။ ထိုအခါ စီတန်းနေသော သစ်ပင် အတန်းကြီးသည် တဝဲလည်လည်နှင့် ကျန်ရစ်ခဲ့ကြတော့သည်။ ကျွန်တော့် စိတ်ထဲမှာ ကားစီးရင်း ကြည့်နေရသည်ဟု မထင်ဘဲ ခြားရဟတ်စီးရင်း ကြည့်နေရသလို ထင်မိလေသည်။ နေရောင်သည် ညနေချိန်််ဖြစ်သောကြောင့် စူးလည်းစူး၊ တောက်လည်းတောက်ပလှသည်။ ပြဇာတ်ခင်းနေသည့် ဇာတ်ခုံပေါ်မှာ စလိုက်မီးတွေ ပြိုင်ထိုးသည့်အတိုင်းပင်။ ကျွန်တော်သည် ပြေးနေသည့် ကားပေါ်မှာ လိုက် ပါလာရင်း ညနေခင်းပြဇာတ်ကို ထိုင်ကြည့်ရသည်နှင့် တူနေလေမလားမသိ။ သဘာဝက်လွေသာ ပြဇာတ်တစ်ပုဒ်။ သို့မဟုတ် ညနေခင်း […]