ကမ္ဘာ့အလှပဆုံးကျွန်းများ- Ambergris Caye Island(အမ်းဘာဂရစ္စကိန်းကျွန်း)
———————————————— Ambergris Caye(အမ်းဘာဂရစ္စကိန်း) သည် Belize (ဘေလိဇ်)ဒေသ၏ အကြီးဆုံးကျွန်းဖြစ်သည်။ အနောက်ကာရစ်ဘီယံနိုင်များ၏ ခရီးသွားလုပ်ငန်း အချက်အချာနေရာလည်း ဖြစ်သလို ကျွန်းရှိ တစ်ခုတည်းသော မြို့တော်ဖြစ်သော San Pedro မြို့သည် ပင်လယ်ရေအောက်နေ ဇီဝမျိုးစိတ်များ၊ သန္တာကျောက်တန်းများ၊ ကျွန်း၏ သဘာဝရင်းမြစ်များ၊ ဒေသခံတို့၏ သမိုင်းဆိုင်ရာအချက်အလက်များကို လေ့လာလိုသူ ခရီးသွားများနှင့် ကမ်းခြေ၊ တောတောင်ရေမြေတို့၏ အလှတရားကို မြင်တွေ့ခံစားလိုသူများ၊ ရွက်လွှင့်ခြင်း၊ ရေငုပ်ခြင်းစသည်တို့ကို ဝါသနာထံသူများအတွက် ဝင်ပေါက်တစ်ခုဖြစ်သည်။ Ambergris Caye သည် ရာစုနှစ်များစွာကြာအောင် ပင်လယ်ရေကြောင်းကုန်သွယ်မှု၏ အချက်အချာနေရာဖြစ်ခဲ့သည်။ ယခင်က ဒေသခံ ကျွန်းသားများသည် စားဝတ်နေရေးအတွက် တံငါလုပ်ငန်း၊ အုန်းသီးနှင့် chicle(ဇာပိုတာသီး၊ မက်ဆီကို၊ အမေရိကအလယ်ပိုင်းနှင့် ကာရစ်ဘီယံကမ်းရိုးတန်းဒေသရှိ အသီးတစ်မျိုး)တို့ကိုသာ မှီခိုခဲ့ရသော်လည်း လွန်ခဲ့သော အနှစ် သုံးဆယ်ခန့်ကစတင်ကာ […]