Author Posts

ကမ္ဘာ့အလှပဆုံးကျွန်းများ (ဘာလီကျွန်း)

ဘာလီကျွန်းသည် တောနှင့် တောင်တန်းများ၊ မီးတောင်များ၊ စိမ်းလန်းသော စိုက်ခင်းနှင့် စပါးခင်းများ၊ လှပသောကမ်းခြေများနှင့် သန္တာကျောက်တန်းများကြောင့် ကမ္ဘာတွင် လူသိများသော အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းတစ်ခုဖြစ်သည်။ ကျွန်းသည် Uluwatu ဘုရားကျောင်းကဲ့သို့သော ဘာသာရေး အမွေအနှစ်နေရာများ တည်ရှိပြီး အပန်းဖြေစခန်းမြို့များကလည်း ကမ္ဘာတစ်ဝန်းမှ ခရီးသြားမ်ားကို အဆင်ပြေစေသည့်အတွက် လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက နာမည်ကျော်ခဲ့သည့် ကျွန်းတစ်ခုဖြစ်သည်။ #Greenness Photo:#google

ရာသီဥတုပြဿနာနဲ့ ဓာတ်ပုံဆရာတွေရဲ့အခန်းကဏ္ဍ

ကမ္ဘာကြီးပူနွေးလာမှုဟာ ရာသီဥတုဖောက်ပြန်မှုကို ဦးတည်စေလာပါတယ်။ ပညာရှင်တွေက သုတေသနမျိုးစုံ စမ်းသပ်ချက်မျိုးစုံဖြင့် တင်ပြပေမယ့် အများပြည်သူရဲ့ အသိဉာဏ်ကို ပွင့်လင်းလာအောင် လုပ်နိုင်စွမ်း အားနည်းခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကို တကယ် အပ်ကျမတ်ကျသိမြင်နိုင်ဖို့အတွက်က ဓာတ်ပုံဆရာများစွာရဲ့ လက်ညှိုးကလေးက အရေးပါခဲ့ပါတယ်။ ၁၀နှစ်ပေါင်းများစွာကြာအောင် ဓာတ်ပုံဆရာတွေက အရေးကြီးပြီး ဆွဲဆောင်မှုမြင့်တဲ့ ကမ္ဘာ့ရာသီဥတု ပြဿနာတွေကို မီဒီယာအမျိုးမျိုးကနေ တင်ပြနိုင်ခဲ့ပါတယ်။ သူတို့က စကားတွေမပြောဘူး။ စာတွေမရေးဘူး။ ဒါပေမယ့် သူတို့ရဲ့ ဓာတ်ပုံတစ်ပုံဟာ စကားတွေအများကြီးပြောပါတယ်။ စကားလုံးတွေအများကြီးကို ပြသခဲ့ပါတယ်။ ကလောဒီယိုဂျစ်လီရိုနီ ဆိုတဲ့ သိပ္ပံပညာရှင်ဓာတ်ပုံဆရာက ဝင်ရိုးစွန်းဒေသက ရေခဲတွေ အရေပျော်သွားတဲ့ မြင်ကွင်းကျယ်တစ်ခုကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာကိုပြနိုင်ခဲ့တယ်။ အဲ့ဓာတ်ပုံဟာ ကမ္ဘာကြီးပူနွေးလာတယ် ဆိုတာကို လူတော်တော်များများအား သိနားလည်သွားစေနိုင်ခဲ့ပါတယ်။ ကိုရီလက်စ်ရှာ ဆိုတဲ့ အောက်ဒိုးဓာတ်ပုံဆရာက သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို အသက်ပါအောင် ရိုက်နိုင်ခဲ့ပါတယ်။ […]

လက်နက်ကိုင် အစောင့်နဲ့ နေနေရတဲ့ နှစ်ကောင်တည်းသာ ကျန်တော့တဲ့ ကြံ့ဖြူ

ကမ္ဘာပေါ်မှာ ကြံ့ဖြူ အထီးဆိုတာ တစ်ကောင်မှ မရှိတော့ပါဘူး ။ အခုဖော်ပြထားတဲ့ ဓာတ်ပုံက ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ခဲ့တဲ့ ကြံ့ဖြူအမ ၂ကောင် ဖြစ်တဲ့ ဖာတူ နဲ့ နာဂျင်တို့ပဲဖြစ်ပါတယ်။ သူတို့တွေမျိုးတုန်းတော့မယ်ဆိုတာကို သိသွားပြီးနောက်ပိုင်းမှာတော့ လက်နက်ကိုင် အစောင့်တွေက သူတို့ သွားတဲ့နေရာတိုင်းကိုလိုက်ပြီး စောင့်ရှောက်နေရပါတယ်။ ကင်ညာနိုင်ငံက အိုလ်ပီဂျီတာ ထိန်းသိမ်းရေးစခန်းကို မသက်ဆိုင်သူ ဘယ်လူမှ မဝင်ရဆိုပြီး လုပ်ထားပါတယ်။ လက်နက်ကိုင်အစောင့်တွေနဲ့ကိုချပြီး အဲ့ဒိကြံ့ဖြူမ ၂ကောင်ကို စောင့်ရှောက်ထားရပါတယ်။ ဖာတူ နဲ့ နာဂျင်က သားအမိတွေပါ။ ၂၀၀၉ လောက်ကတည်းက ကြံ့ဖြူအထီးတွေ အကုန်ကုန်သွားအောင် အသတ်ခံလိုက်ရတာရယ်၊ သဘာဝအတိုင်းသေဆုံးသွားတာရယ်ကြောင့် မျိုးပွားစရာ မကျန်တော့တာပါ။ အာဖရိကမှာ ကြံ့ဖြူတွေ မျိုးမတုန်းခင်တုန်းက ဥရောပ တိရစ္ဆာန်ရုံမှာ နာဂျင်ကို မွေးထားတာပါ။ နောက်တော့ ဖာတူကို […]

နေဝင်ရီတရောပန်းခင်း

ငြိမ်နေတဲ့အချစ်ထဲ ကိုယ့်နှလုံးသားက ချွေးပြန်နေတယ် မင်းဆီလာမယ် တွေးပြီး ကိုယ်မလာဖြစ်တဲ့ အကြောင်းတွေ ငြိမ်နေတဲ့ အပူငွေ့နဲ့ ပိုပိုပြင်းလာတဲ့ ရာသီဥတုမွာ ကိုယ်ကမချိုင်ဘဲ သစ်ခက်တွေ ပြတ်ကျ ကိုယ်ကမခူးဘဲ သစ်ရွက်တွေတဝုန်းဝုန်းကြွေ သေသွားတဲ့သစ်ပင်တွေကို ရေရွတ်ကြည့်မိတယ် ရှင်သန်ဟန်ဆောင်နေတဲ့ သစ်ပင် တိမ်ရိပ်တိမ်မျှင်တွေကြား ကိုယ် သေဆုံးသွား လမသာတဲ့ညမှာလည်း မြက သာတယ် အပိုလိုရဲ့ လကမ္ဘာခရီးကလည်း ကိုယ်လိုက်ဖြစ်တဲ့အခေါက်မှ မအောင်မြင်ခဲ့ ခက် ခက် လွန်း တယ် အင်း. . . ဝေး ဝေ လွန်းတယ် ပန်းရဲ့ရနံတွေကလည်း မွှေးလွန်းတဲ့ ညနေပါပဲ ။ #ခိုင်သွေးကို

ဝါကောက်ချိန်

ဆောင်းအကြောင်းပြောတော့ နှင်းတွေက တပေါက်ပေါက်နဲ့။ လရောင်က တိမ်တွေကို ခစရာ မလိုတော့တဲ့ အချိန်။ ဝါပင်တွေသာ စကားပြောတတ်မယ် ဆိုရင် ဖြည့်စွက်ရေလိုတဲ့ အချိန်ပဲ။ မြန်မာပြည်မှာ မိုးနှောင်းဝါကို ရေသွင်းပြီး သိသလောက်တော့ မစိုကျနိုငျကွသေးဘူး။ ကုန်းမြင့်တဲ့ ယာတွေချည်းမှာပဲ အများစုက စိုက်ထားကြတာ။ ကြက်ဥတထောက် ဝါတပေါက်တဲ့။ ဝါတွေ သစ္စာရှိလိုက်ပုံများ ပြောပါတယ်။ လက်ဖျားသီးတဲ့။ လက်ရင်းသီးတဲ့။ ဝါသီးတာနဲ့ ပက်သက်ပြီး သုံးနှုံးကြတဲ့ ဘာသာ စကား။ ဝါထွက်ကောင်းမကောင်းက နောက်မိုးကောငျး မကောင်း အပေါ်မှာ မူတည်နေတယျ။ ယာထဲမှာ အဖေနဲ့ ဝါကောက်ရတယ်။ ကိုယ့် ယာထဲ ကိုယ်ပါပဲ။ အဖေကြီးက ဝါကောက်သမ မခေါ်ချင်ဘူး။ ဝါ လှိုင်လှိုင် ပေါက်ရင်တော့ တမျိုး။ သူကိုယ်တိုင် စိတ်တိုင်းမကျလို့တဲ့ လေ။ […]

ပုပ္ပားတောင်ကို သျှောင်ထုံးခဲ့ပေမယ့် တောင်ကတုံးပြန်ဖြစ်တော့မည်လား – ဦးအုန်း

ပုပ္ပားတောင်တော်မြတ်သည် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသ(Dryzone Ecosystem) ဂေဟစနစ်တွင် စိမ်းလန်းလှပသော အချက်အချာကျသော ဒေသတွင်ရှိ၍ အလွန်မှ အရေးကြီးလှပေသည်။ ပုပ္ပားတောင်၏ ဂေဟစနစ် ပျက်ပြယ်သွားလျင် အပူပိုင်းဒေသတစ်ခုလုံးသည် ကန္တာရအသွင် ပြောင်းသွားပါလိမ့်မည်။ ပုပ္ပားတောင်၏ မီးတောင်ချိုင့်ဝှမ်းသည် အာကာသတစ်ခွင်မှ အအေးဓာတ်(ဆီးနှင်း၊ မိုးရေမိုးပေါက်)များကို တစ်နှစ်ပတ်လုံး ဖမ်းယူ၍ တောင်တစ်ခုလုံးသို့ စိမ့်ဝင်ဖြန့်ဖြူးပေးပြီး အအေးဓာတ်ကို ပေးလျက်ရှိသည်။ ဥပမာ ရေငယ်စခန်း ညအိပ်ဖူးသူတိုင်း အအေးဓာတ်(Air Condition) ပေးသကဲ့သို့ အလွန်းအေးစက်စွာ အိပ်စက်ရ၍ နံနက် အိပ်ယာထလျင် အအေးမိမည်ကို ပူပင်ကြရ၏။ ပုပ္ပားတစ်ဝိုက်ရှိ စမ်းရေအားလုံးသည် စမ်းရေအားလုံးသည် မြေအောက်ရေ မဟုတ်ပါ။ တောင်မကြီး၏ မီးတောင်ချိုင့်ဝှမ်းကပေးသော Cloud Forest ခေါ် ဆီးနှင်းတိမ်တိုက် များက ပေးသောရေ ဖြစ်ပါသည်။ ၄င်းဆီးနှင်းတိမ်တိုက်မှ ရလာသောရေဖြင့် […]

ဦးအုန်း (သို့မဟုတ်) အစိမ်းရောင်မုခ်ဦးပိုင်ရှင်

သမိုင်းတန်ဖိုး စာရေးသူက ပုဂံ-ညောင်ဦး၊ ပုပ္ပားကို မကြာခဏဆိုသလို ရောက်ဖြစ်သည်။ တစ်ခါတလေ တစ်နှစ် နှစ်ခေါက်သုံးခေါက်။ ထိုသို့ရောက်ဖြစ်ခြင်းမှာ တခြားမဟုတ်၊ စာရေးချင်လို့ ဖြစ်သည်။ သို့သော် လူရှုပ်သည့် အခါကြီးရက်ကြီးမှာ မသွား။ မျက်စိရှုပ် နားရှုပ်တာမကြိုက်။ ပုဂံ- ညောင်ဦး ဘုရားတွေဖူးတိုင်း နောက်ကပါလာသည့် တပည့်တွေ(ဝါသနာပါလောက်သူ)ကို ဘုရားသမိုင်းနောက်ခံတွေ ပြောပြရသည်။ ခရီးသွားခြင်း၏ အနှစ်သာရ စသည်များ။ ပုပ္ပားရောက်လျှင်လည်း ပုပ္ပားတောင်သမိုင်းနှင့် တောင်ကတုံးဖြစ်တော့မည့်ဆဲဆဲ သစ်ပင်တွေ စိုက် ပျိုးသွားသည့် ဆရာအုန်းအကြောင်းပါ ပြောဖြစ်သည်။ သို့မှသာ သူတို့လေးတွေ ဦးအုန်းကျေးဇူးကို သိရှိပြီး သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမွေဆက်ခံလိုစိတ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ တာဝန်သိမှ တာဝန်ရှိမည်။ တန်ဖိုးသိမှ တန်းဖိုးရှိမည် မဟုတ်ပါလား။ ဦးအုန်း ဘ၀အစ စစ်ကိုင်းမြို့နယ် မကျည်းစင် တင်းတိမ်ရွာကလေးတွင် […]

အင်းဝမြို့ဟောင်းအတွင်းကဂူပျက်ကြီး ( သို့ ) ဂူတော်သစ်စေတီ

အင်းဝမြို့ဟောင်းက ကျွန်တော်မရောက်ဖြစ်သေးတဲ့အထင်ကရနေရာတစ်ခုဆီကို တနေ့ကပဲရောက်ဖြစ်ခဲ့ပါတယ် ။ ဂူတော်သစ်စေတီနဲ့အနီးနားဝန်းကျင်ကိုပါ။ ဂူတော်သစ်ဆီကို ဒီထက်စောပြီးရောက်ဖူးထားသင့်ပေမယ့် အခုမှပဲရောက်ဖြစ်ခဲ့ပါတယ် ။ ပင်းယမြို့တည်နန်းတည်မင်း တစ်စီးရှင်သီဟသူ ( အေဒီ ၁၃၁၂ – ၁၃၂၂ ) ဟာ ပင်းယမြို့မတည်ခင်မှာပဲ နောင် အင်းဝမြို့ဖြစ်လာမယ့်နေရာမှာ ဂူဘုရား ( ဂူတော်သစ်စေတီ ) တစ်ဆူကို ( အေဒီ ၁၃၀၉ ) ခုနှစ်လောက်မှာတည်ခဲ့ပါတယ်တဲ့ ။ အမှန်က အခုလက်ရှိအင်းဝမြို့တည်ရှိနေတဲ့နေရာကို မြို့သစ်တည်ဖို့မျက်စိကျပြီး မြေစမ်းခရမ်းပျိုးအနေနဲ့ မြို့အင်္ဂါရပ် ၇ ပါးထဲက ဂူဘုရားတစ်ဆူကိုအရင်ဆုံးတည်ခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်စီးရှင်သီဟသူဟာ အဲဒီနေရာမှာမြို့မတည်ဖြစ်ခဲ့ပါဘူး ။ တောင်ဘက်သုံးမိုင်လောက်အကွာကနေရာတစ်ခုမှာပဲ ပင်းယမြို့သစ်ကို ခရစ်နှစ် ၁၃၁၂ ခုနှစ်မှာတည်ဖြစ်ခဲ့တာပါ ။ ပင်းယမြို့မတည်ခင်မှာ တစ်စီးရှင်သီဟသူတည်ထားကိုးကွယ်ခဲ့တယ်ဆိုတဲ့ ဂူတော်သစ်စေတီကိုတော့ […]