Author Posts

ဒုဋ္ဌဝတီ

တောင်ကို လက်ဆွဲတက်နေတဲ့ သစ်ပင်နဲ့ တောင်ကို ဆင်းနမ်းနေတဲ့ တိမ်ဆိုင်နဲ့ တောင်ကို ကွေ့ဆင်းနေတဲ့ လမ်းခရီးနဲ့ တောင်ကို ခြဲထြက္သြားတဲ့ လမ်းမကြီးနဲ့ တောင်ကို ဖမ်းယူနှုတ်ဆတ်နေတဲ့ ရေစိမ်းစိမ်းနဲ့ ဒုဋ္ဌဝတီဟာ ခွဲခွာခြင်း သင်္ကေတဖြစ်သလို ရှမ်းပြည်နှစ်ခု ပေါင်းဆုံပေးရာတံတား မြစ်က ကျဉ်းတယ် ရေစီးက သန်တယ် ဖြတ်ကူးသွားမယ်ဆို စိတ်ခိုင်ခိုင်ထားဖို့လည်းလိုတယ်။ သုခေတ်အိမ် 23.4.2018

ဟာရီကိန်း အိုင်ဒါ အပြီးမှာ လင်းပိုင်တွေ သောင်တင်လို့ ကယ်တင်နေရ

လူဝီစီယားနား ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်သွားသော ဟာရီကိန်း အိုင်ဒါကြောင့် ရေကြီးရေလျှံမှု ဖြစ်ကာ အဆိုပါ ရေနဲ့ ရောပါလာတဲ့ လင်းပိုင် အချို့ ရေကျချိန်မှာ ပြန်မပါသွားဘဲ ကုန်းပေါ်မှာ သောင်တင်နေလို့ ကယ်ဆယ်ရေးအဖွဲ့ တွေက သူတို့ ပင်လယ်ထဲကို ပြန်လွှတ်ပေးခဲ့ရပါတယ်။ လူဝီစီယားနားပြည်နယ်သားတွေအတွက် လင်းပိုင်း ကို ကုန်းပေါ်မှာ ပထမဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်လုံး လင်းပိုင်တွေအကြောင်းပြော မဆုံး ဖြစ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို တော့ အမေရိကန် အဏ္ဏဝါ သက်ရှိကယ်ဆယ်ရေးအဖွဲ့ များပေါင်းပြီး လုပ်ခဲ့ကြပါတယ်။ Sea Wild ကယ်ဆယ်ရေးအဖွဲ့ က သောင်တင်နေတဲ့ လင်းပိုင်တွေ ကို ရေကန်တင်ထားတဲ့ ထရက်ကားတွေ ထဲကို တင်ပြီး တိရိစ္ဆာန်ကု ဆေးရုံကို ခေါ်သွားပြီး ဆေးဝါးကုသမှုတွေကို လုပ်ပေးပြီးမှာ သူတို့ကို […]

စစ်ဖြစ်ခဲ့တဲ့ မြေတွေမှာ အဆိပ်အတောက်ဖယ်ရှားနိုင်ဖို့ မြက်မျိုးတစ်မျိုး ဖန်တီး

စစ်တွေဖြစ်ခဲ့တဲ့ မြေတွေမှာ ဗုံးဆန်ကျည်ဆန်တွေကြောင့် မြေကြီးတွေက RDX လို့ခေါ်တဲ့ အဆိပ်သင့်ပြီး ကျန်ခဲ့ပါတယ်။ ပေါက်ကွဲပြီး တွင်းတွေ ချိုင့်တွေဖြစ်ခဲ့တဲ့ မြေတွေ ယမ်းတွေကြောင့် မြေကြီးက အဆိပ်သင့်ခဲ့လို့ အဲ့ဒိမြေတွေကို ပြုပြင်ပြီး စိုက်ပျိုးရေးလုပ်တယ်ဆိုရင် အပင်တွေမှာ အဆိပ်အတောက် မကင်းနိုင်ဘူးဖြစ်နေပါတယ်။ အဲ့လိုမြေမျိုးကိုပြန်လည်သန့်စင်ဖို့အတွက် ယောက်ခ်တက္ကသိုလ်က ရုက္ခပညာရှင်တွေ စုစည်းပြီး ( panicum virgatum) မြတ်မျိုးကို မျိုးရိုဗီဇပြုပြင်ပြီး မြေဆီသန့်စင်အောင်လုပ်နိုင်ခဲ့ပါတယ်။ မြက်ကို ကျနော်တို့ ကမ္ဘာမှာ မြေဆီလွှာတိုက်စားမှု မရှိအောင်အဓိက စိုက်ပျိုးခဲ့တာပါ။ အခုတော့ မြတ်ပင် တွေကို ဟိုက်ဒရိုဂျင်စုဆောင်းဖို့နဲ့ မြေဆီသန့်စင်ဖိုပအတွက်ရည်ရွယ်ပြီး မျိုးရိုးဗီဇပြင်ကာ စိုက်ပျိုး လာကြပါပြီ။ ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်တွေအတွင်းမှာ သုံးခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက် တွေမှာ RDX က အဓိကအစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ခဲ့တာပါ။ […]

ကမ်းခြေပေါင်း(၃၀)ကျော်ပိုင်ဆိုင်ထားတဲ့ ထားဝယ်မြို့

ကမ်းခြေပေါင်း(၃၀)ကျော်ပိုင်ဆိုင်ထားတဲ့ ထားဝယ်မြို့ အာဆီယံအမှိုက်ကင်းစင်ဆုံးဆုရတဲ့မြို့။တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိတဲ့ကမ်းခြေလေးပါ။အရေးတော်ပုံကြီးပြီးသွားရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ #Dawei #LaungLon #ThaintharyiRegion #Myanmar #Burma #Tavoy #SouthernMyanmar #BeautifulDaweiBeach #BeautifulMyanmar #photocrdAungThuPhyo

မျှော်လင့်သစ်ပင်

သူနမ်းလျှင် ပန်းပွင့်ဖြစ် သူပစ်တော့ ဝါရွက်ကြွေ.. မျှော်လင့်ခြင်း ဆိုတဲ့အပင်အောက် ခင် လျှောက်ရင်း.မြင်စေ.. ပန်းမပွင့်တဲ့ အခန်းဆက်နွေ အလွမ်း ရွက်တွေကြွေနေရဲ့။ အပင်ရင်းမှာတော့ ခင်နင်းလျှင်ရွက်ကြွေပျောက် ခင်လျှောက်မှရွက်ကြွေစင် ရက်ရှည်ပင် မညှိုးခြောက်သေးပါဘူး… မိုးပေါက်ကလေးလို ခင်သာနမ်းလျှင်.. ပန်းပွင့်ဝေမတဲ့။ မောင်စိန်ဝင်း(ပုတီးကုန်း) (သမုဒယနှင်းဆီပြာ ကဗျာပေါင်းချုပ် မှ)

ပလပ်စတစ် အစားထိုး ရေမှာပျော်နိုင်တဲ့ ကြွပ်ကြွပ်အိတ်ကို အင်ဒိုနီးရှားမှာ ထွင်နိုင်ပြီ

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပရိုဂမ် ( UNEP) ရဲ့အစီရင်ခံစာအရ ကမ္ဘာမှာ ပလပ်စတစ်ကို နှစ်စဉ်တန် ၃၀၀ ကျော်ထုတ်လုပ်နေပါတယ် ၊ ပြန်သုံးလို့ ရတာ၉% ပဲရှိပါတယ်။ ကျန်တဲ့ ၉၀% ကျော်က အမှိုက်အဖြစ်နဲ့ မြေပြင်ပေါ်မှာ ရေထဲမှာ ရောက်သွားတာပါ။ အခုတော့ သမုဒ္ဒရာတွေထဲကို ကမ္ဘာကမြစ်ကြီးတွေက ပလက်စတစ်တွေကို သယ်ယူပြီးပို့ချပေးနေပါတယ်။ အေဗာနီအီကို လို့ခေါ်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတစ်ခုက ပလက်စတစ်ကြွပ်ကြွပ်အိတ်ကို အစားထိုးဖို့အတွက် နည်းပညာတစ်ခုကိုသုံးပြီး ရေထဲမှာပျော်တဲ့ ကြွပ်ကြွပ်အိတ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အေဗာနီက သူတို့ ဝက်ဘ်ဆိုက်မှာ ကျနော်တို့ တစ်ခါသုံး ကြွပ်ကြွပ်အိတ်တွေကို စားထိုးနိုင်ပါပြီ။ သဘာဝဘေးအန္တရာယ်လည်မဖြစ်ဘူး ၊ အဆိပ်လည်း မသင့်နိုင်ဘဲ။ မီးရှို့စရာလည်းမလိုဘူး၊ ရေနဲ့ဖျော်လိုက်တာနဲ့ ရေထဲမှာ ပျော်ဝင်သွားလို့ စွန်ကပစ်ရတာမခက်ခဲတော့ ဘူး […]

တမာရိပ်လေညင်း

( တစ် ) တမာရိပ်ကိုလွန်ပြီး စိမ်းစိမ်းမှိုင်းမှိုင်း ပုပ်ပါးတောငျကို ဟိုးခပ်ဝေးဝေးက လှမ်းမြင်လိုက်ကတည်းက အေးစက်တဲ့ တောရိပ်တောင်ရိပ်ဟာ ကျွန်တော်တို့ကိုယ်ပေါ် ပြိုအိကျလာခဲ့ပြီ။ ပုပ်ပါးကတော့ မြူတွေကြားမှာ ဒဏ္ဍာရီဆန်ဆန် လွင့်တက်နေတဲ့ တောင်ပြာတစ်လုံး။ ဥတုရာသီအပေါ် တည်မှီပြီး စိမ်းလိုက် ညိုလိုက် ဝါလိုက် ပြာလိုက်နှင့်။ အခုပဲ ကျွန်တော်တို့ လှမ်းမြင်နေရတဲ့ ပုပ်ပါးဟာ အမြင်အာရုံထဲမှာ ဖျပ်ခနဲ ပေါ်လာလိုက်..ပျောက်ကွယ်သွားလိုက်နှင့် ညနေမှောင်ရီထဲမှာ ကျွန်တော်တို့ကို မြှူနေ…ညှို့နေသလိုလို။ မြို့ပြထဲမှာ မွန်းကျပ်ပူလောင်နေတဲ့ကျွန်တော်တို့ဟာ ပုပ်ပါးရဲ့ အငွေ့အသက်ကိုရလိုက်တယ်ဆိုရင်ပဲ ကိုယ်ထဲမှာ ငြိကပ်တိုးဝင်နေတဲ့ အပူငွေ့မျှင်တွေဟာ ပါးလျားသွားခဲ့။ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ကိုယ့်မီးလျှံနဲ့ကိုယ် ပူလောင်ဝင်းပနေခဲ့တာ ကြာမြင့်ခဲ့ပြီ။ အဲဒီ တငွေ့ ငွေ့ မီးလျှံတွေနဲ့ ပူလောင်လေးလံနေတဲ့ ကျွန်တော်တို့ဟာ ပုပ်ပါးဝန်းကျင်ကို ရောက်သွားတယ်ဆိုရင်ပဲ တစ်စုံတစ်ခုခုက စုပ်ယူဆွဲချသွားသလို […]

မြန်မာနိုင်ငံတွင်းက သဘာဝအလှတရားများ(ခူးပရာတောင်(ခေါ်) ရွှေတောင်တန်း)

ခူးပရာတောင်သည် လွိုင်ကော်မြို့မှ မိုင် ၅၀ ခန့် အကွာတွင် တည်ရှိကာ တောင်တက်လမ်း ခရီး တစ်လျှောက်တွင် စိတ်ဝင်စားဖွယ် တောတောင်သဘာဝ ရှုခင်းများ၊ စိမ်းစိုလှပသော လှေကားထစ် စိုက်ခင်းများ၊ တောင်ထိပ်တွင် သဘာဝဆန်ဆန် ဆောက်လုပ်ထားသော သစ်သားအိမ်နှင့် ဘန်ဂလို လေးများကို တွေ့မြင်ရမည် ဖြစ်သည့်အပြင် သဘာဝတောတောင် အလှရှုခင်းများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။ Photo:Original Photographers

မာန်

အပွင့်ကိုခူး အဖူး ငါ့မှာ ကျန်သေးတယ် အဖူးကို ဖျက် အခက် ငါ့မှာကျန်သေးတယ် အခက္ကို ချိုး အရိုး ငါ့မှာ ကျန်သေးတယ် အရိုးကို နှုတ် အငုတ် ငါ့မှာကျန်သေးတယ် အငုတ်ကိုပယ်ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် မနက်ဖြန်ဆို ငါပင်ပျိုသည် ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ မြေကမ်ဘာမှာ သာယာဝင့်လန်း မေတ္တာဖျန်းပြီး ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။ #ဒေါင်းနွယ်ဆွေ

ကမ္ဘာကြီးပူနွေးလာမှုက မုန်တိုင်းတွေ မိုးခေါင်ရေရှားတွေ ဖြစ်ရုံမကတော့ဘူး ၊ အအေးလှိုင်း ပါဖြတ်နိုင်တယ်လို့ ပညာရှင်တွေသတိပေး

ကမ္ဘာကြီးပူနွေး လာမှုကြောင့် ကမ္ဘာကြီးပေါ်မှာ မုန်တိုင်းတွေဖြစ်ပေါ်လာပြီး မိုးကြီး ကာ ရေလွှမ်းမိုးမှုတွေကို လူသားတွေ ကြုံတွေ့နေရတဲ့အပြင် အချို့နေရာတွေမှာလည်း အလွန်အကျူး မိုးခေါင် ရေရှားဖြစ်ပြီး ဒုက္ခတွေ့နေရပါတယ်။ သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဆိုးဝါလာခြင်း ဆက်စပ် ပုံကို ဖော်ထုတ်ပြခဲ့တဲ့အပြင် ဟာရီကိန်းလောက် ၊ အပူလှိုင်းလောက် မိုးခေါင်ခြင်း လောက်နဲ့တင်မကတော့ဘူး နောက်ထပ်ဆိုဝါးတဲ့ ဖွဈစဉျတှေေ ဖြစ်လာနိုင်စရာရှိတယ်လို့ ခန့်မှန်းထားကြပါပြီ။ အာတိတ်စက်ပိုင်းမှာ အပူချိန်မြင့်လာလို့ အဲ့ဒိအကျိုးဆက်ကြောင့် ဆောင်းရာသီမှာ အအေးလွန်ကဲပြီး မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဆိုးဝါးတဲ့ ဆောင်းရာသီကို ခံစားရနိုင်ချေ ရှိတယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ထုတ် Journal of science မှာ ဆိုထားပါတယ်။ လက်ရှိအနေအထားက ကမ္ဘာလေထုရဲ့ စထရာတို စဖီးယား အလွှာမှာ ကြပ်တည်းတဲ့ စက်ဝိုင်းပုံ ပတ်လမ်းကြောင်းတစ်ခု […]