Author Posts

မြန်မာပြည်တွင်းက အထင်ကရချောင်းများ (မန်းချောင်း)

မန်းချောင်းသည်ဧရာဝတီမြစ်၏ လက်တက်တစ်ခုဖြစ်သည်။ ၇၈ မိုင်ရှည်လျား၍ ရှေးအခါက နမ္မဒါမြစ်ဟု ခေါ်သည်။မင်းဘူးခရိုင်ငဖဲမြို့နယ်၏ အနောက်တောင်ဖက်ရခိုင်ရိုးမတောင်တွင် မြစ်ဖျားခံ၍ အရှေ့ဖက်သို့ စီးဆင်းကာ မင်းဘူးခရိုင်တွင်းသို့ ဖြတ်သန်း ပြီးလျှင် မင်းဘူးအထက် ၅ မိုင်ခန့်အကွာတွင် ဧရာဝတီမြစ်တွင်းသို့ စီးဝင်သည်။ တောင်ပေါ်မှ စီးဆင်းလာ၍ ဆည်တော်ရွာသို့ ရောက်သောအခါ မြေပြန့်သို့ ရောက်လာ၏။ ထိုဒေသတွင် မြစ်ဝှမ်းသည် တစ်မိုင်ခန့် ကျယ်၍ ဧရာဝတီမြစ်နှင့် ဆုံသောနေရာတွင် ၇ မိုင်၊ ၈ မိုင်ခန့်အထိ ကျယ်သည်။ မန်းချောင်း၏ အောက်ခင်းသည် ကျောက်စရစ် ထူသည်။ ရေတစ်နှစ်ပတ်လုံး အဆက်မပြတ် စီးဆင်းသည်။ သို့သော် နွေရာသီတွင် ရေအတော်နည်းသွားသည်။ မန်းချောင်းတစ်လျှောက် နွေရာသီတွင် လှေသမ္ဗန်များ ကူးသန်းသွားလာနိုင်ခြင်း မရွိဘဲ၊ မိုးရာသီတွင်မူ အိုင်းမအထိ ကူးသန်းသွားလာနိုင်သည်။ မန်းချောင်းသည် […]

ကမ္ဘာကြီးပူနွေးလာမှုကို အသိပေးတဲ့ ရူပဗေဒပညာရှင်တွေ နိုဘယ်ဆုရရှိ

ကမ္ဘာကြီး ပူနွေးလာမှုကို ကြိုတင်ဟောပြောခြင်းနဲ့ ကမ္ဘာရာသီပြောင်းလဲမှု ပုံစံကို ပြောပြခဲ့တဲ့ ဂျပန် ၊ အီတလီ နဲ့ ဂျာမဏီတို့ က ရူပဗေဒပညာရှင် ၃ ဦးကို ဒီကနေ့မှာ နိုဘယ်ဆု ချီးမြှင့်လိုက်ပါတယ်။ ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ရှုကူရို မာနာဘီ ၊ ကလော့ဟယ်ဆယ်မန်း နဲ့ ဂျော်ဂျီယိုပါရီဆီတို့ကို ရူပဗေဒဆိုင်ရာနိုဘယ်ဆုကို ချီးမြှင့်လိုက်ပါတယ်။ ရူပဗေဒဆိုင်ရာနိုဘယ်ဆုရဲ့ ဆုကြေးငွေကို ၂ပိုင်း ပိုင်းပြီး ရောမမြို့ စပီရန်ဇာတက္ကသိုလ်က အီတလီသား ပါရီဆီက တစ်ဝက် ရရှိမှာဖြစ်ပြီး ဂျာမဏီ ဟမ်းဘာဂ့် မြို့ က မက်စ်ပလန့်ခ် မိုးလေဝသဌာန ဟယ်ဆယ်မန် နဲ့ ပရင့်စတန်တက္ကသိုလ်က မာနာဘီတို့ က ကျန်းတဝက်ကို ပူးတွဲ ရကြမှာပါ။ ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ […]

လာအိုမှာ ပြည်သူတွေ တစ်ပိုင်တစ်နိုင် သစ်တောစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်နေပြီ

လွန်ခဲ့တဲ့ နှစ် ၈၀ ကျော်ကတည်းက လာအိုနိုင်ငံရဲ့ အန်နမိုက် အလယ်ပိုင်းဒေသတစ်ခုလုံး သစ်တောပြုန်းတီး မှုတွေ ဖြစ်ပေါ်နေရာ ဒေသခံတွေက တစ်ပိုင်တစ်နိုင် သစ်ပင်စိုက်ပျိုးရေး နဲ့ ထိန်းသိမ်းစောက်ရှောက်ရေး လုပ်ငန်းကို ဘယ်သူရဲ့ အကူအညီမှ မယူဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ လုပ်ကိုင်နေကြပါတယ်။ အဲ့ဒိဒေသ သစ်တော ၃၀% ကျော်က သစ်ထုတ်လုပ်ငန်းတွေ ကြောင့် တောပြုန်းခဲ့တာကို ဒေသခံတွေ လယ်ယာ လုပ်ငန်းလုပ်ဖို့အတွက် တောတွေကို ချဲ့ထွင်လိုဆိုပြီး အပြစ်ပြော ခံရတာတွေကြောင့် ဒေသခံတွေက သစ်တော ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ပြကြတာပါ။ သစ်တောတွေ ပြုန်းတီးလာလို့ ရေကြီးရေလွှမ်းမိုး ဒဏ်ကို သူတို့ လက်တွေ့ခံစားလိုက်ရပါတယ်။ လယ်ယာတွေ ဆုံးရှုံးတယ် ၊ ဒေသတွင်း ဇီဝမျိုးကွဲတွေ ရှားပါးကုန်လို့ အမဲလိုက်ရာမှာ အခက်အခဲကြုံ နေရပါတယ်။ […]

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် နေရာကွက်၍ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿတောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးဇလ၏ အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းတာချက်အရ သိရသည်။ လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ […]

သစ်တစ်ပင်၏ သမိုင်း

နေလေဒဏ်အောက် သူမကြောက်ဘူး ထမြောက်ရှင်သန် ခဲ့လေပြီ။ သူလာရာလမ်း ပြန်ကာတမ်းသော် ဇာတ်လမ်းအစ တွေ့ရမည်။ မျိုးစေ့ကိုပျိုး ချစ်မြတ်နိုး၍ စိုက်ပျိုးခဲ့သူ ရှိလိမ့်မည်။ ပေါင်းသင်ရေလောင်း အားအင်ပေါင်း၍ ထပ်လောင်းပျိုးသူ ရှိလိမ့်မည်။ ခက်လက်ဝေဆာ အရိပ်သာအောင် ပြုကာပြင်သူ ရှိလိမ့်မည်။ ခုတ်ထစ်ဖြတ်တောက် ထင်းမရောက်ဘို့ စောင့်ရှောက်ခဲ့သူ ရှိလိမ့်မည်။ သစ်တစ်ပင်အား ရှင်သန်သွားဖို့ လူသားများစွာ လိုပါသည်။ အောင်ကိုထိုက် (အရာတော် )

ကမ္ဘာ့ဆင်များနေ့ World Elephant Day

ကမ္ဘာ့ဆင်များနေ့ကို နှစ်စဉ် သြဂုတ်လ(၁၂) ရက်နေ့တွင် ကမ္ဘာပေါ်ရှိ ဆင်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ယင်းတို့၏နေရင်းဒေသများကို ထိန်းသိမ်းနိုင်စေရန် အတွက် လူထုအတွင်း အသိအမြင်များ နိုးကြားလာစေရန် ရည်ရွယ်ကျင်းပကြပါသည်။ ကမ္ဘာပေါ်တွင် အာရှဆင်နှင့် အာဖရိကဆင်ဟူ၍ (၂) မျိုးရှင်သန်ပေါက်ဖွားပြီး ကုန်းနေ နို့တိုက်သတ္တဝါများထဲတွင် အကြီးမားဆုံးသောသတ္တဝါဖြစ်သည့်အပြင် ပင်ကိုယ်အသိဉာဏ် အလွန်မြင့်မားပြီး လွန်ခဲ့သောနှစ်ပေါင်း(၂၀) ခန့်က ကျင်လည်ကျက်စားခဲ့သည့်နေရာများကိုပင် ပြန်လည်၍ ကျင်လည်ကျက်စားနိုင်သည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်ကြပါသည်။ ဆင်သွားလျှင်လမ်းဖြစ်သည်ဆိုသည့် စကားအတိုင်း သဘာဝတောတွင်း ဆင်များသွား သည့်စွပ်ကြောင်းများကိုပင် အခြားသော သတ္တဝါများမှ လမ်းဖြစ် အသုံးပြုနိုင်သည့်အပြင် ဆင်သွားရာလမ်းတွင် ဆင်များစားသောက်၍ ကျန်ရှိသည့် သစ်ခက်၊ သစ်ကိုင်းများနှင့် သစ်သီး များကိုလည်း အခြားသောသတ္တဝါများမှ စာသုံးနိုင်သည့်အတွက် အခြားသောမျိုးစိတ်များ အပေါ် တွင် များစွာအကျိုးသက်ရောက်သည့် မျိုးစိတ်ဖြစ်သည့်အတွက် ယင်းမျိုးစိတ်တည်ရှိမှုသည် […]

ရာသီဥတုဖေါက်ပြန်မှုကြောင့် မင်းတုန်းမြို့နယ်အတွင်း စိုက်ခင်များ ထောင်နဲ့ချီပျက်ဆီးဆုံးရှုံး

မင်းတုန်း၊ သြဂုတ် ၈၊ ၂၀၂၁။ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှာသြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းက ရေနစ်မှုကြောင့် နှမ်းစိုက်ခင်းဧက ၅ ထောင်နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြေပြင်စာရင်းကောက်ယူမှုတွေအရ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ချောင်းရေ တောင်ကျရေတို့ ပေါင်းစုံကာ ရေကြီးနစ်မြုပ်ခဲ့ပြီး၊ ကျေးရွာပေါင်း ၅၅ ရွာရေဝင်ကာ ယာယီရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ရေကြီးတော့မယ်ထင်လို့ ကြိုတင်သိမ်းဆည်း ရေလွှတ်ရာမှာထားတယ်။ ဒါပေမဲ့တကယ်တမ်းရေဝင်လာတော့ လူလွတ်ပြေးရတာ နှမ်းခင်းကတော့ဆုံးပေါ့ ပိုးကျလို့ဆေးဖျန်းတာက ၂ ရက်ဘဲ ရှိသေးတယ်။ ဒီလိုမှန်းသိမဖျန်းပါဘူး” လို့ မဲဇလီကျေးရွာက တောင်သူ ကိုဇင်မျိုးကပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် မိုးစပါး၂၀၀ ဧက၊ နှမ်း ၄၀၁၀ ဧက၊ မိုးမြေပဲ ၅၀၀ ဧက၊ ဖူးစားပြောင်း ၁၄၀ ဧကနဲ့ […]

ရှိနေတာတွေ ရေရှည်တည်တံ ခိုင်မြဲရေးအတွက် စိတ်ဝင်စားတဲ့ ဂဝင်းနက်ပက်သရို

ဟောလီးဝုဒ်က ဆယ်လီတွေထဲမှာ အသုပ်စုံလို့ပဲပြောရမလား ၊ ၁၂ မျိုး ဂျင်းသုပ်လို့ပဲ ပြောရမလား အလုပ်ဆိုရင် အကုန်လုပ်တဲ့ မင်းသမီးကတော့ ဂဝင်းနတ်ပက်သရိုဖြစ်ပါတယ်။ လုပ်သမျှလည်း အောင်မြင်တယ်လို့ ပြောရမှာပါပဲ။ ရုပ်ရှင်မင်းသမီး ၊ မော်ဒယ် ၊ စီးပွားရေးလုပ်ငန်းရှင် ၊ စာရေးဆရာ ၊ အဆိုတော် နဲ့ လူမှုရေး လုပ်ငန်းတွေ လုပ်တဲ့ သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ နှစ်တွေ တုန်းက ဆိုရင် ကျမဟာရနံ့ ဆိုပြီး ဖယောင်းတိုင် ထုတ်တယ်ဗျာ။ လူတွေက ညစာစားဖို့ အဲ့ဒိဖယောင်းတိုင်ကို ဈေးကြီးပေးပြီး ဝယ်သုံးကြတယ်ဗျာ။ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်တွေ ရောင်းနေတာကြာပါပြီ ၊ သူမရဲ့ ကျမဟာ ရနံ့ ထွက်မှပဲ ညစာကို ဖယောင်းတိုင် သင်းသင်းလေးထွန်းပြီး စားတာပိုကောင်း သလိုမျိုး […]