Author Posts

ကျွန်ူပ်တို့အတွက် လေနှင့်ရေ

  ဒီစာအုပ်ကတော့ စာရေးဆရာ ဒေါက်တာအာလောက ရဲ့ ၁၉၈၄ ခုနှစ်တွင် အုပ်ရေ ၂၁၀၀၀ ထွက်ရှိခဲ့ပြီး ၁၉၈၂ ခုနှစ်၊ စာပေဗိမာန် စာမှုဆု ဘာသာပြန်စာပေ၊ ပထမဆုရရှိထားတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ ဒီစာအုပ်ထဲတွင်သဘာ၀ပတ်ဝန်း ကျင်ဆိုင်ရာ အကြောင်းအရာအမျိုးစုံ ၊ ညစ်ညမ်းမှုထိန်းချုပ်ရေးနဲ့အနာဂါတ် ၊ သောက်သုံးရေများအကြောင်း ၊ လေထဲမှ ရေဒီယိုသတ္တိကြွ နှင့် အခြားညစ်ညမ်းပစ္စည်းတွေအကြောင်း ၊ မီးခိုးနှင့် မော်တော်ယဉ်တွေအကြောင်း ၊ကျောက်မီးသွေး သုံးမီးဖိုများမှ မီးခိုးများကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ ဘေးတွေ့ကြ ရပုံ စတဲ့သဘာ၀ပတ်ဝန်းကျင် ဆိုင်ရာ စိတ်ဝင်စား ဖွယ်အကြောင်း အရာတွေကို ဖတ်ရှု့ရမယ့် စာအုပ်ကောင်း တစ်အုပ်ပါ။ CAKE #greenness

ဟီရိုရှီးမားနဲ့ အစိမ်းရောင်သမုဒ္ဒရာ စီမံကိန်း

လူသားမျိုးနွယ် သမိုင်းမှာ ကမ္ဘာ့ ပထမဆုံး အဏုမြူဗုံးဒဏ်ကို ခံလိုက်ရပြီးနောက် ဟီရိုရှီးမားက ငြိမ်းချမ်းရေး သရုပ် ၊ အဏုမြူဘေးအန္တရာယ်ကနေ ပြန်လည်ထူထောင်မှု နဲ့ ဖွံဖြိုးတိုးတက်စေနိုင်မှုတို့ကို စံနမူနာအဖြစ် ရပ်တည်သွားနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကမ္ဘာကြီးပေါ်မှာ ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်တွေကို ပြန်လည်တည်ဆောက်ဖို့အတွက် တွန်းအားတစ်ရပ်အနေနဲ့လည်း ဟီရိုရှီးမားက ရပ်တည်ပြတာပါ။ အဲ့ဒိအတွက် အန်ဂျီအိုတွေ ၊ အတတ်ပညာရှင်တွေ နဲ့ အစိုးရအဖွဲ့ တွေက အင်တိုက်အားတိုက်ကြိုးစာခ ဲ့ကြ သလို အရပ်သားတွေကလည်း ပူပေါင်းပါဝင်ခဲ့ကြပါတယ်။ ဟီရိုရှီးမားကို ပြန်လည်တည်ဆောက်တဲ့ နေရာမှာ စီမံကိန်းတွေ အများကြီးရေးဆွဲခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ်မြို့ တစ်မြို့ ဖြစ်တဲ့ ဟီရိုရှီးမာမှာအစိမ်းရောင်သမုဒ္ဒရာ စီမံကိန်းကလည်း အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်ခဲ့ပါတယ်။   ရေရှည်တည်တံ့ခိုင်မြဲ မယ့် လူ့အဖွဲ့ အစည်းတစ်ခုဖြစ်ဖို့ ဈေးကွက်သစ်တစ်ခု လိုအပ်ပါတယ်။ […]

ချီလီက ဒေသတစ်ခုမှာ ကန္တာရပန်းတွေထူးထူးခြားခြား ပွင့်လို့ အမျိုးသားဥယျာဉ်သတ်မှတ်

                 ကမ္ဘာကြီးပေါ်မှာ နေအပူဆုံးနဲ့ အခြောက်သွေ့ဆုံး ကန္တရကိုပြောပါဆိုရင် ချီလီနိုင်ငံက အတ္တာကာမာ ကန္တရကိုပြောရမှာပါ။ ဒါပေမဲ့ ဒီလအစောပိုင်းမှာ အတ္တာကာမာမှာ ထူးထူးခြားခြားကို ပန်းတွေ အခင်းလိုက်ကြီး ပွင့်နေတဲ့အတွက် ချီလီအစိုးရက ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်ကို ကာကွယ်ဖို့အတွက် အဲ့ဒိဒေတစ်ခုလုံးကို တိုင်းပြည်ရဲ့ ၄၄ ခုမြှောက် အမျိုးသားဥယျာဉ်အဖြစ် ကြေညာခဲ့ပါတယ် ။ ချီလီသမ္မတ ဂါဘရီရယ် ဘောရစ်က အဆိုပါဧရိယာပန်းပွင့်သောသဲကန္တာရကို ကာကွယ်ရန်အတွက် အမျိုးသား ဥယျာဉ်အဖြစ်အောက်တိုဘာ ၂ ရက်တွင် ကြေညာခဲ့သည်။အမျိုးသားဥယျာဉ်ကို အုပ်ချုပ်မည့် ဧရိယာအတိအကျ ကို မသတ်မှတ်ရသေးသော်လည်း ကာပီယာပေါင် မြို့တောင်ဘက်နှင့် ဗော်လန်နာမြို့မြောက်ဘက်ကြားတွင် ရှိမည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။Atacama သဲကန္တာရတွင် ပန်းများပွင့်တယ်ဆိုတာ ရှားတောင့် […]

ရာသီဥတုပြောင်းလဲခြင်းနဲ့ ဆက်စပ်နေတဲ့ရေ

ဆရာမ ဂျူး – ရေးသည်၊                  ကျွန်မ အခု ရန်ကုန်မြို့မှာ နေထိုင်နေပေမယ့် ကျွန်မကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကရေနံချောင်းမြို့ မြို့မတောင်ရပ်မှာ မွေးဖွားခဲ့ပါတယ်။ ဧရာဝတီမြစ်နဲ့အတူ ကြီးပြင်းခဲ့ရတာမို့မြစ်ကို ရင်းနှီးခဲ့တယ်။ မိုးရာသီတိုင်း ရေနံချောင်းမြို့ထဲမှာဖြတ်စီးသွားတဲ့ သဲချောင်းတွေနဲ့လည်း ရင်းနှီးခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မြင်သာတဲ့ညွှန်းကိန်းလို့ တိုက်ရိုက်ပြောလို့ မရပေမဲ့ မြစ်ချောင်းတွေရဲ့ အလွန်သိသာတဲ့ပြောင်းလဲမှုက ဆိုးရွားလာတဲ့ ရာသီဥတုနဲ့အတူ တွဲနေတယ်လို့ ကျွန်မ ခံစားမိပါတယ်။ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီဥတုပြောင်းလဲမှုမဟုတ်ဘဲ ဆိုးသည်ထက်ဆိုးလာတဲ့ တသမတ်တည်းပြောင်းလဲမှုလို့ ကျွန်မယူဆမိတယ်။ ဆောင်းရာသီတွေ မအေးတော့ဘူး။ ရေနံချောင်းမှာ ငယ်စဉ်က မီးလင်းဖိုနဲ့ စာကျက်ခဲ့ရတဲ့ ဆောင်းရာသီနံနက်ခင်းတွေအကြောင်းက အခုကလေးတွေအတွက် ညအိပ်ရာ၀င်ပုံပြင်တွေ ဖြစ်ကုန်ရော့မယ်။အပူလှိုင်းတွေ အအေးလှိုင်းတွေ ဖြစ်ပေါ်မှပိုပြီးစိတ်လာတာ တွေ့ရပါတယ်။ […]

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံခြင်း

( ၂၀၁၄ ခုနှစ်က Yangon Media Group တွင် ဖော်ပြခဲ့သည့်အင်တာဗျူးကိုပြန်လည်ဖော်ပြခြင်းဖြစ်သည်) တိုတိုနဲ့လိုရင်းကိုပြောရင် ကျောက်မီးသွေးကိစ္စရယ်၊ သစ်ခိုးထုတ်တဲ့ကိစ္စရယ်ကို ဘယ်လိုအစားထိုးဖြေရှင်းမလဲဆိုတာစဉ်းစားသင့်တယ် =============================================== လွင်ပြင် – တွေ့မေးသည်။ ၂ဝ၁၄ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများနှင့် လာမည့် ၂ဝ၁၅အတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အခင်းအကျင်းများကို မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ရာသီဥတုအခြေ အနေတွေကို ကနဦးအကျဉ်းချုပ်ပြောပြပေးပါ။ ၂ဝ၁၄ခုနှစ်မှာ ရာသီဥတုဖောက်ပြန်မှု၊ ပြောင်းလဲမှု အရှိန်အဟုန်တော့လျော့မသွားဘူး။ ဆက်လက်ပြီး ဖောက် ပြန်ဆဲ၊ ဆက်လက်ပြီးပြောင်းလဲနေဆဲဖြစ်ပါတယ်။ လူသား တွေကလည်း ရာသီဥတုပြောင်းလဲမှုကို ရပ်တန့်ဖို့ဆိုတာ ထက် တက်နေတဲ့အရှိန်အဟုန်ကို နှေးသွားအောင်လုပ်ဖို့ ဆိုတဲ့ ပထမအဆင့်ကိုတောင်မလုပ်နိုင်သေးဘူး။ ဆိုတော့ အခြေအနေက ဆိုးရွားဆဲပဲ။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့စုစည်းမှုကလည်း သမိုင်းမှာအမြင့်ဆုံးပဲ။ 400PPMV […]

ဟီရိုရှီးမားနဲ့ ကမ္ဘာကြီးပူနွေးလာမှု

ရင်ငြိမ်းနွေ ၁၉၄၅ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်ကို အမေရိကန်က အဏုမြူဗုံးတစ်လုံးကျဲ ချလိုက်ပါတယ်။ မြို့တစ်ခုလုံးနီးပါး မီးလောင်ပြာကျသွားခဲ့ရပါတယ်။ သစ်ပင်တွေ အဆောက်အအုံတွေ မီးလောင်ကျွမ်းခဲ့တဲ့ မီလောင်ပြင်ကြီး ကို ဂျပန်အစိုးရက ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်နေတာ ဒီကနေ့ အထိတိုင်အောင်ပါပဲ။ ဒီနှစ် သြဂုတ်လဆိုရင် ၇၇ နှစ်တိုင်တိုင်ရှိခဲ့ပါပြီ။ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေဆီက စွမ်းအင်ရယူပြီး ကုန်ထုတ်လုပ်ငန်းတွေ အင်တိုက်အားတိုက်လုပ်နေစဉ်မှာ အဲ့ဒိရုပ်ကြွင်းလောင်စာတွေလောင်ကျွမ်းခြင်း ကနေထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် အခြားသော ဖန်လုံအိမ် ဓာတ်ငွေ့တွေက ကမ္ဘာ့ လေထုထဲကို အုံလိုက်ကျင်းလိုက်ရောက်လာပြီး ၎င်းတို့ က နေကလာတဲ့ အပူကိုစုတ်ယူထားတဲ့အတွက် ကမ္ဘာကြီး က စက်မှုလုပ်ငန်း မဖွံ့ဖြိုး မီကာလကထက် အပူချိန်တိုး […]

လူစီယားနားမှာပျောက်သွားတဲ့ ပင်လယ်လိပ်သေး တစ်မျိုးပြန်တွေ့

ကမ့်ပ်ရိုက်ဒလေ ဆိုတဲ့ ပင်လယ်လိပ်ငယ် မျိုးက အမေရိကားက လူစီယားနား ပြည်နယ်မှာ ပျောက်ကွယ်သွားတာ နှစ် ၈၀ နီးပါးလောက်ရှိပါတယ် ။ ဒီလအစောပိုင်းက ငှက်စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ က နယူးအော်လန် ကမ်းလွန်း ကျွန်းတစ်ကျွန်းဖြစ်တဲ့ ချန်ဒီလာကျွန်းကို သွားရောက်ပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုလုပ်နေစဉ်မှာ ကမ်းခြေတစ်နေရာမှာ လိပ်ကလေးတွေပေါက်နေတာကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့မှာ အဏ္ဏဝါပညာရှင်တစ်ယောက်ပါလာလို့ သူက အဲ့ဒိလိပ်မျိုးက ရှားပါလိပ်ငယ်တွေဆိုတာပြောပြခဲ့လို့ သူတို့က ဓာတ်ပုံရိုက်ပြီး လူစီယားနား ကမ်းခြေထိန်းသိမ်းရေးနဲ့ကာကွယ်စောင့်ရှောက်ရေး အာဏါပိုင်အဖွဲ့ကို အတည်ပြုခိုင်းရာမှာတော့ ပင်လယ်လိပ်တွေထဲမှာ အကောင်အငယ်ဆုံး ကမ့်ပ်ရိုက်ဒလေ လိပ်မျိုးမှန်း သိလိုက် ရပါတယ် ။ အဲ့ဒိမျိုးက အကြီးဆုံးအကောင်မှ ၂ပေလောက်ပဲ ရှိပါတယ် ။   လူစီယားနားပြည်နယ်မှာ ပျောက်ကွယ်သွားတာ ၇၅ နှစ်ကျော်သွားပြီလို့လည်း သိလိုက်ရပါတယ် […]

(၂၁)ရာစု မြန်မာနိုင်ငံအတွက် ရာသီဥတုစိန်ခေါ်မှုများ

                မြန်မာနိုင်ငံရဲ့ရာသီဥတုတွေဟာ ပြောင်းလဲနေပါတယ်။ ပြောင်းလဲနေတဲ့အတွက် နယ်ပယ်စုံမှာ နှစ်စဉ်နှစ်တိုင်း ထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး(အဆိုးဆုံး) ဆယ်နိုင်ငံ စာရင်းမှာ ဒုတိအဆိုးဆုံးနိုင်ငံအဆင့်ကို မြန်မာနိုင်ငံရောက်ရှိနေခဲ့တာ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၅)နှစ်ဆက်တိုက်ရှိ နေပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ဟာ ပူပြင်းတဲ့နှစ်တစ်နှစ်ဖြစ်လာဖို့ အလားအလာတွေက များနေပြန်ပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ လွန်ခဲ့တဲ့(၂၅)လကာလအတွင်း တစ်လချင်းစီရဲ့ အပူချိန်တွေဟာ ၁၉၈၁-၂၀၁၀အထိ နှစ်(၃၀)ပျမ်းမျှတန်ဖိုးတွေထက် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလတစ်လမှလွဲပြီး၊ ကျန်လတွေအားလုံးဟာနှစ်( ၃ဝ)ပျမ်းမျှအထက်ကျော်လွန်နေတာကိုတွေ့ရပါတယ်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူဆုံးလကတော့ ၂၀၁၆ […]

WWF မှ ရာသီဥတုနှင့်စွမ်းအင်မန်နေဂျာ ဦးရွှန်းစိုဦးနှင့်တွေ့ဆုံခြင်း

”ပြန်ပြည်မြဲစွမ်းအင် အတော်များများဟာ တည်ဆောက်ရ အမြန်ဆုံး၊ စျေးအချိုဆုံးနဲ့ အသန့်ရှင်းဆုံးပါ။ မြန်မာနိုင်ငံအတွက် အလွန်ပဲသင့်တော်ပါတယ်” ဒီကနေ့ ကမ္ဘာမှာရော မြန်မာမှာပါ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို သိသိသာသာ ခံစား နေရပါပြီ။ အဲဒီဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း နှစ်စဉ် ပြင်း ပြင်းထန်ထန် ရင်ဆိုင်နေကြရတယ်။ သဘာဝဘေးအန္တရာယ်တွေဟာ တစ်နေရာတည်း၊ တစ်နိုင်ငံတည်းမှာ ဖြစ်နေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးနိုင်ငံတွေ စာရင်းမှာ အဆင့်သုံး ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကို ဟန့်တားတိုက်ဖျက်ဖို့ လိုပါတယ်။ အဲဒီလို ဟန့်တား တိုက် ဖျက်ဖို့အတွက် […]

အင်းကြီးတောင်သမန်

” အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန် ၁၁၄၄ခုနှစ်က အမရပူရရွှေနိုင်ငံ ရေချိုတွင်းနဲ့ပျံ့နန်းလှန်……. ရွှေဘိုမင်းဆက်မှန်နန်းစံ အင်းကြီးတောင်သမန် ” ဆရာတင်တောင်သမန် သီးချင်းမှ )   တောင်သမန်တဲ့…..။ သူက အမရပူရမြို့မှာရှိတယ် ။ ရှေးကအမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ် ၊ အရှေ့တောင်ရွှေစာရံ ၊ တောင်- ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက်စစ်ကိုင်းတိုင်းနယ်မြေ ၊ မြောက်တောင် ကျုံးကြီးနှင့် အရှေ့မြောက်ဘက် သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည် ။ ၁၁၄၄ ခုနှစ် ၊တပို့တွလ ဆန်း ၇ရက် အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ ရွှေနန်းတော် ၊ ရွှေဂူတော် ၊ ကျောင်းတော် ၊ပိဋိကတ်တိုက်တော် ၊ ကန်တော်ဟူသော (၇) ဌာနကို တစ်ပြိုင်နက်တည်း ဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည် ။ […]