Author Posts

ဥရောပမှာ လယ်သမားတွေ ဆန္ဒပြနေရာကနေ အကြမ်းဖက်ကုန်ပြီ

မြေအောက်ရထားဘူတာရုံတစ်ခုသို့ ဝင်ရောက်ရာလမ်းကို မီးတင်ရှို့ထားသောကြောင့် အကြမ်းဖက်မှုများကို တားဆီးရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များကို အသုံးပြုခဲ့ကြပါတယ် ) အီးယူ ( ဥရောပသမဂ္ဂ) ရဲ့ လယ်ယာစိုက်ပျိုးရေ ဆိုင်ရာပေါ်လစီနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ဥရောပနိုင်ငံတလွှားက လယ်သမားတွေက ဆန္ဒပြမှုတွေ ပြုလုပ်နေရာက အခုဆိုရင် အကြမ်းဖက်တဲ့အထိ တိုးလာပြီ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးမူဝါဒမှာ နိုင်ငံရေးကို အတင်းစွတ်ဖက်မှု ပြုလုပ်တဲ့ အတွက်ကြောင့် အခုလို ဆန္ဒပြမှုတွေ ဖြစ်လာတာပါ ။ အကြောင်းအရင်းက ရုရှားနိုင်ငံကို ဆန်ကျင်ဖက်ပြုချင်တာနဲ့ ယူကရိန်းက ဈေးပေါတဲ့ဂျုံတွေကို တင်းသွင်းတာရယ် ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စတွေမှာ အစိုးရတွေက မလှုတ်မရှုတ် မပြုတ် ပုံစံမျိုးနေနေတာတွေရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ လယ်သမားတွေရဲ့ဆန္ဒပြမှုကက ဥရောပမြောက်ပိုင်းဖင်လန်နိုင်ငံကနေ တောင်ပိုင်ဂရိနိုင်ငံအထိ ၊ အရှေ့ပိုင်း […]

တခါတုန်းက လရောင်အောက်က ရွာကလေး

လရောင်ဆန်း၍ ရွာလမ်းမြေမာ၊ ဝင်းဝင်းဝါ၏။ အုန်းထန်းပေလက်၊ တမာရွက်တို့ ရွှေစက်ရွှေပြောက်၊ ရွှေရည်သောက်၏။ တစ်ရံတစ်ခါ၊ လေအလာအတွင် ရွာလယ်ပေါင်းကူး၊ တံတားဦးမှ ဆိတ်ဖလူးနံ့၊ ရွာလုံးပျံ့၏။ ကျွန်တော်တို့ငယ်ငယ်က ရွာမှာ လျှပ်စက်မီးများမရှိပါ။ ညအလင်းရောင်အတွက် ရေနံဆီမီးခွက်တွေကိုသာ အားထားခဲ့ရသည်။ ထို့ကြောင့် လသာသောညများသည် ကျွန်တော်တို့အတွက် စိတ်ပျော်ရွှင်ဖွယ်ညများဖြစ်ပါသည်။ ကျွန်တော်တို့ရွာကလေးပေါ်သို့ လရောင်ကျလာသောအခါ ရွာလယ်လမ်းမမှာ ကဗျာထဲကအတိုင်း ဝင်းဝင်းဝါနေပါသည်။ လမ်းဘေးတလျောက်တွင်ရှိသည့် အုန်းပင်၊ သရက်ပင်၊ သပြေပင်၊ မာလကာပင်တွေပေါ်တွေကိုလည်း လရောင်ကဖြာကျနေပါသည်။ အပင်အောက်တွေကို သွားကြည့်လျှင် သစ်ရွက်၊ သစ်ကိုင်းတွေကြားမှ လရောင်စက်ကလေးတွေ မြေပေါ်မှာကျနေသည်။ သစ်ခက်သစ်ရွက်တို့အရိပ်ကြား မြေပေါ်ကျနေသည့် လရောင်ပြောက်ကလေးတွေက ပိုလင်းသည်ဟု ထင်ရပါသည်။ ရွာထိပ်ကျွန်တော်တို့ အဖွားလေးအိမ်ဝင်းထဲက ဆိတ်ဖလူးပန်းနံ့သည်လည်း လေကြောသင့်ရာရပ် မွှေးမြနေပါသည်။ သည်လိုလသာသည့်ညများမှာ ကျွန်တော်တို့ကလေးတွေ ဆော့ကစားကြသည်။ အများဆုံးကစားဖြစ်ကြသည်က ထုပ်စည်းတိုးတန်းဖြစ်သည်။ […]

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း ဂျပန်နိုင်ငံ၏ အနာဂတ်ကို စွမ်းအားမြှင့်တင်ပေးသွားမှာပါ (အဆက်)

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း ဂျပန်နိုင်ငံ၏ အနာဂတ်ကို စွမ်းအားမြှင့်တင်ပေးသွားမှာပါ The Worldfolio ။ ။ စွမ်းအင်လုပ်ငန်းဆိုက လက်ရှိ ရာစုနှစ်ရဲ့ အဓိကကျတဲ့ စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ပိုမို ရေရှည် တည်တံ့သော ဖြေရှင်းနည်းများဆီသို့ ကူးပြောင်းမှုက ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ခု အတွင်း စဉ်ဆက်မပြတ် စိန်ခေါ်မှုတစ်ခုဖြစ် လာနေပါတယ်။ ဆိုလာပြားများ၊ လေတာဘိုင်များနှင့် အခြားအခြားသော ရွေးချယ်စရာတွေ ကနေ ထုတ်လုပ်လိုက်တဲ့ စွမ်းအင်ကို စနစ်များအတွင်း ချက်ချင်းဖြည့်ပြီး အသုံးပြုနိုင်ဖို့က ကန့်သတ်ချက်များ ရှိနေပါတယ် ။ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အစားထိုးခြင်း က သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းဖြင့် ပြောင်းပြန်အကျိုးသက်ရောက်မှုများရှိလာနိုင်ပါသလား ။ လေတာဘိုင်များနှင့်ပတ်သက်လို့ ခင်ဗျားကုမ္ပဏီက အဲ့ဒိ စိန်ခေါ်မှုတွေကို သက်သာစေဖို့ ဘယ်လိုကြိုးစားထားပါသလဲ ။ TAKAAKI […]

ဖောက်ပြန်လာသောရာသီဥတုနှင့် လူသားအချို့၏နမော်နမဲ့မှုများ

ဒီစာအုပ်ကတော့ ဆရာ ဦးမြင့်ဝေ ရေးသားထားတဲ့ ဖန်လုံအိမ်အာနိသင်ဆိုသည်မှာ အဘယ်နည်း ၊ ရာသီဥတု ပိုမိုနွေးထွေးလာသည် ဆိုသည်မှာ အမှန်ပင်လော ၊ မုန်တိုင်းနောက်တစ်ခေါက်လာရင်ဘယ်လိုရင်ဆိုင်ကြမည်နည်း ၊ ရာသီဥတု မဖောက်ပြန်ရအောင် ဘယ်လိုသတိရှိရှိနေထိုင်သင့်ပါ သနည်း စသော ပြည်သူတွေသိလိုနေကြသည့်မေးခွန်း များကို စာရင်းဇယားများဖြင့် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ လေ့လာလိုသူများ၊ ဗဟုသုတအနေဖြင့် ဖတ်မှတ်လိုသူများ ဖတ်သင့်သည့်စာအုပ်ဖြစ်သောကြောင့် greenness က ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့သည့်အတွက် စာအုပ်ကိုတော့ ရှာဖို့ ခက်ခဲသွားပြီဟု ဆိုရမည် ဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရင်း ဂျပန်နိုင်ငံ၏ အနာဂတ်ကို စွမ်းအားမြှင့်တင်ပေးသွားမှာပါ

ACHIHA CO., LTD ဆိုတာ ဂျပန်နိုင်ငံမှာ လေစွမ်းအင်ကနေ လျှပ်စစ်ထုတ်ယူတဲ့ အကြီးဆုံးကုမ္ပဏီကြီး တစ်ခုဖြစ်ပါတယ် ။ အဲ့ဒိက ကိုယ်စားလှယ်ညွှန်မှူးTAKAAKI ACHIHA နဲ့ The worldfolio ဝက်ဘ်ဆိုက်တို့ အင်တာဗျူးကို ဖော် ပြလိုက်ပါတယ်။ ဂျပန်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခင်းအကျင်းကို တော်လှန်ရန် Achiha ၏ ဆန်းသစ်တဲ့ချဉ်းကပ်မှုက ပြီးပြည့်စုံသော လေစွမ်းအင်ဆိုင်ရာ ဖြေရှင်းချက်များကို ရောစပ်ပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွင် အခကြေးငွေယူဆောင်သွားမှာဖြစ်ပါတယ် ။ The worldfolio ။ ။ ဂျပန်နိုင်ငံက ကျွန်းနိုင်ငံဖြစ်တာကြောင့် ၎င်းရဲ့စွမ်းအင် ၉၅ ရာခိုင်နှုန်းကို တင်သွင်းနေရပါ တယ် ။ Kishida အစိုးရအုပ်ချုပ်ရေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုအာရုံစိုက်ရန် ၎င်း၏ အခြေခံစွမ်းအင် အစီအစဉ်ကို ပြန်လည်ပြင်ဆင်ခဲ့တာကိုလည်းတွေ့နေရပါတယ် […]

ကျွန်တော်တို့ငယ်ငယ်က တောသဘာဝလမ်းတွေ

ငယ်ဘဝအပျော်ဆုံးအချိန်တွေသည် ကျောင်းဆင်းချိန်နှင့် တောပြန်ချိန်များဖြစ်သည်။ အဖိုးအဖွားတွေက တောင်သူတွေမို့ ဆယ်နှစ်ဝန်းကျင်ကတည်းက တောအလုပ်တွေနိုင်သလောက်ကူရသည်။ အခင်းထဲမှာ ပေါင်းထိုးရသည်။ ပေါင်းပစ်ရသည်။ နွားကျောင်းရသည်။ တောအသွားဆိုရင် နှေးကွေးသလောက် တောကအပြန်ဆိုလျှင် လူတွေရော၊ ကျွဲ နွားတွေရော သွက်လက်နေပါသည်။ တောအသွားရော၊အပြန်ပါ ခြေလျှင်သွားရ၊ပြန်ရသည်။ လမ်းဘေးတလျှောက် ငေးချိန်ရသည်။ တောလမ်းကိုလျှောက်တိုင်း ဖိနပ်မပါတာက များသည်။ မြေပြင်ပေါ်မှာ ခြေပြောင်ပြောင်နဲ့လမ်းလျှောက်ပြီး ကျန်းမာရေးကောင်းမွန်ခဲ့သည်။ ဘာစားစား အစာကျေသည်။ အစားအစာတွေကလည်း ခုခေတ်လို ထွေလီကာလီတွေမရှိ။ တောသဘာဝ အော်ဂင်းနစ်စစ်စစ်တွေစားရသည်။ ခုခေတ်ကတော့ တောသွားတောပြန်တွေလည်းမြန်နေပါပြီ။ ဆိုင်ကယ်နဲ့ အိမ်ကနေတော ဆယ်မိနစ်ဝန်းကျင်ဆိုရောက်ပြီ။ သွားလာရေးယာဥ်တွေပေါလာတော့ ခုခေတ်ကလေးတွေ ကျွန်တော်တို့တုန်းကလို လမ်းမလျှောက်ချင်တော့။ တစ်တိုင်ခရီးလောက်ကိုပင် ဝေးသည်ဟု သူတို့လေးတွေက ထင်နေသည်။ ကျွန်တော်တို့ငယ်ငယ်ကတော့ တောထဲတောင်ထဲ လျှောက်သွားရတာကို သဘောကျသည်။ မှိုရှာ၊ မြစ်ချိုး၊ မှန်လာဖူးချိုးသွားရတာကိုက […]

နျူ့စွမ်းအင်နဲ့ ရာသီဥတုဖောက်ပြန်မှု ဘာကိုရွေးကြမလဲ

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြီးက လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ် ။ ရုပ်ကြွင်း လောင်စာတွေရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ စွမ်းအင်သစ် ရှာဖွေတဲ့နေရာမှာ နျူကလီယ ဓာတ်ပေါင်းဖိုတွေကလည်း တစ်ခု အပါအဝင် ဖြစ်နေပါတယ် ။ အန္တရာယ်ကြီးတယ်ဆိုပေမဲ့ ကုန်ကျစရိတ်က အများကြီးသက်သာတာနဲ့ သဘာဝ ပတ်ဝန်းကျင် အထောက်အပံ့အများကြီး ဖြစ်နေတာက ဥရောပနိုင်ငံတွေကို နျူ့ကလီယစွမ်းအင် သုံးဖို့အတွက် ခြေဦးလှည့်လာစေပါတယ် ။ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ထက်ဝက်ခန့်သည် ကမ္ဘာလုံးဆိုင်ရာနျူကလီးယားပြန်လည် နိုးထရေးတောင်းဆိုမှုတွင် ပါဝင်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်ရန်အတွက် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်လို့ ငြင်းခုံနေကြ သော်လည်း ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူများက အဏုမြူစွမ်းအင်ကို အသစ်ပြန်လည် အာရုံစိုက်ခြင်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အရေးတကြီးလိုအပ်နေသည့် စွမ်းအင်ရှာဖွေရေးကို အာရုံလွဲသွားစေနိုင် ကြောင်း ပြောဆိုနေကြပါတယ်။ . ပြင်သစ်သမ္မတ Emmanuel Macron […]

ကမာ္ဘလူဦးရေ ၄ ပုံ ၁ပုံက သောက်သုံးရေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်

မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့သောက်သုံးရေနေ့အဖြစ် သက်မှတ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကမာ္ဘကြီးပေါ်မှာတဖြည်းဖြည်းနဲ့ ရေချိုရှားပါးလာတာကို လူသားတွေ အခုတ်တရ ရှိစေဖို့နဲ့ ကမာ္ဘကြီးရဲ့ စိမ်ခေါ်မှုတစ်ရပ်ကို ဝိုင်းဝန်ဖြေရှင်းပေးစေလိုတဲ့ သဘောပါပဲ ။ ဒီနှစ်အတွက် ကမာ္ဘ့သောက်သုံးရေနေ့ အထိမ်းအမှတ် နဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆောင်းပုဒ်ကတော့ “ ငြိမ်းချမ်းရေးအတွက် ရေ” ( water for peace ) ပါပဲ ။ သောက်သုံးရေတွေ ရှားပါးလာပြီး ညစ်ညမ်းမှုတွေ ဖြစ်လာရင် လူသားတွေမှာ မညီမျှမှုတွေ ပိုပြီး တိုးလာ တော့မှာပါ ။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်ကြား ၊ လူ့အဖွဲ့အစည်းတွေ တစ်ခုနဲ့ တစ်ခုကြား တင်းမာမှုတွေ ပြင်းထန်လာပြီး ရေကြောင့် […]

ထိန်းသိမ်းရန်လိုအပ်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်

ဂေဟစနစ်(Ecosystem)ဆိုသည်မှာ သက်ရှိစက်ဝန်းတစ်ခုဖြစ်ပေါ်လာစေရန် အပင်၊ တိရစ္ဆာန်နှင့် တခြားဇီဝရုပ်များအပြင် မိုးလေဝသနှင့် မြေမျက်နှာသွင်ပြင်တို့ပါ အတူတကွ ပူးပေါင်း လုပ်ဆောင်နေကြသော ပထဝီဝင်ဒေသတစ်ခုကို ဆိုလိုပါသည်။ဂေဟစနစ်များတွင် biotic ဟုခေါ် သော သက်ရှိများ အပြင် abiotic ဆိုသည့် သက်မဲ့အစိတ်အပိုင်းများလည်း ပါဝင်နေပါသည်။ သက်ရှိအပိုင်း(Biotic factors)တွင် အပင်၊တိရစ္ဆာန်နှင့် တခြားဇီဝရုပ်များ ပါဝင်ပါသည်။ သက်မဲ့အပိုင်း(Abiotic factors)တွင် ကျောက်တုံးများ၊အပူချိန်နှင့် စိုထိုင်းခြင်း စသည်တို့ ပါဝင်နေပါ သည်။ဂေဟစနစ်အတွင်း ပါဝင်သော အပိုင်းများသည် တစ်ခုနှင့်တစ်ခု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ အပြန်အလှန် မှီခိုနေကြပါသည်။ဥပမာ-ဂေဟစနစ်တစ်ခု၏ အပူချိန်ပြောင်းလဲမှုသည် ယင်းဒေသတွင် မည်သို့သောအပင်များ ပေါက်မည်ဆိုသည့် အချက်အပေါ် သက်ရောက်မှုရှိပါသည်။ ထိုအပင်များအပေါ် နေစရာ၊စားစရာအဖြစ် မှီခိုနေရသော တိရစ္ဆာန်များ အနေနှင့်လည်း ပြောင်းလဲမှု အပေါ်မူတည်ပြီး ညှိယူ […]

ကမာ္ဘလူဦးရေ ၄ ပုံ ၁ပုံက သောက်သုံးရေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်

မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့သောက်သုံးရေနေ့အဖြစ် သက်မှတ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကမာ္ဘကြီးပေါ်မှာတဖြည်းဖြည်းနဲ့ ရေချိုရှားပါးလာတာကို လူသားတွေ အခုတ်တရ ရှိစေဖို့နဲ့ ကမာ္ဘကြီးရဲ့ စိမ်ခေါ်မှုတစ်ရပ်ကို ဝိုင်းဝန်ဖြေရှင်းပေးစေလိုတဲ့ သဘောပါပဲ ။ ဒီနှစ်အတွက် ကမာ္ဘ့သောက်သုံးရေနေ့ အထိမ်းအမှတ် နဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆောင်းပုဒ်ကတော့ “ ငြိမ်းချမ်းရေးအတွက် ရေ” ( water for peace ) ပါပဲ ။ သောက်သုံးရေတွေ ရှားပါးလာပြီး ညစ်ညမ်းမှုတွေ ဖြစ်လာရင် လူသားတွေမှာ မညီမျှမှုတွေ ပိုပြီး တိုးလာ တော့မှာပါ ။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်ကြား ၊ လူ့အဖွဲ့အစည်းတွေ တစ်ခုနဲ့ တစ်ခုကြား တင်းမာမှုတွေ ပြင်းထန်လာပြီး ရေကြောင့် […]