ရေပြင်ပြာပြာအလယ်မှာ အုန်းပင်တွေကြားထဲနစ်နေတဲ့မြို့
ကိုကိုးကျွန်းမြို့ကို လေယာဉ်ဆင်းသက် ပါတော့မယ်လို့ စပီကာက ထွက်ပေါ်လာတဲ့ အသံချိုချိုလေးကြောင့် လေယာဉ်ပြတင်းပေါက်ကနေ အောက်ကိုကြည့်လိုက်မိတယ်။ အုန်းပင်တွေအများကြီး ပေါက်နေတဲ့ ကုန်းမြေလေးတစ်ခု။ သူ့ဘေးပတ်လည်မှာ ပြာလဲ့လဲ့ ရေပြင်ကျယ်ကြီး။ အဲဒီ ရေပြင်ကျယ်ကြီးပေါ်မှာ စစ်သင်္ဘောတွေ အစီအရီ။ မြင်ကွင်းက ဆန်းပြားပြီး လှပလို့နေတယ်။ ညနေ ၄ နာရီ ၅၅ မိနစ်မှာ ကျွန်တော်တို့တွေ ကိုကိုးကျွန်းပေါ်ကို ခြေချနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အဖွဲ့တွေ တည်းခိုမယ့်နေရာကို ပို့ပေးမယ့် စစ်ကားကြီးပေါ်မှာ တော်တော်ကြာကြာ ထိုင်နေရတယ်။ မသိရင်တော့ ကျွန်တော်တို့က တပ်သားသစ်တွေလိုလို။ တည်းရတဲ့နေရာကလည်း စစ်တန်းလျားလို့ခေါ်မလား၊ ဘားတိုက်လို့ခေါ်မလား။ အဲဒီမှာ အထုပ်အပိုးတွေချ ခဏနားပြီး စစ်ကားကြီးနဲ့လာခေါ်လို့ အားလုံးထလိုက်သွားကြတယ်။ ကားက ကျွန်းပတ်လမ်းကနေ ဖုန်တထောင်းထောင်းနဲ့ ပြေးနေတယ်။ လက်ဝဲဘက်မှာ ပင်လယ်ပြင်ပြာပြာကြီး၊ လက်ယာဘက်မှာ အုန်းတောစိမ်းစိမ်းကြီး။ တရိပ်ရိပ်ပြေးနေတဲ့ […]