Author Posts

မြန်မာပြည်မြောက်ဖျားက ပူတာအို

ကမ္ဘာမှာ နှင်းတွေ ရေခဲတွေ ဖုံးလွှမ်းတဲ့ဒေသကို ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေ အတော်များများရှိပါတယ် အဲဒီလိုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းအပါအဝင်ပါပဲ။ PhotoCredit-DVB

တနင်္သာရီက ဆုံးရှုံးသန္တာကျောက်တန်းများ

မနက္က Tahiti မှာသန္တာကျောက်တန်းတွေ့တဲ့သတင်းပုံတင်ရင်း တနင်္သာရီတိုင်းမှာကျနော်တွေ့ခဲ့တာတွေကိုပြချင်ပါတယ်။ ဒီပုံတွေဟာ ကျွန်းလေးတွေနားမှာရေငုပ်ရင်း ကျနော်ကိုယ်တိုင်ရိုက်ခဲ့တာပါ။ တချိန်ကသဘာဝအရောင်စုံနဲ့အင်မတန်လှခဲ့မယ့်နေရာဟာ သန္တာခက်အကျိုးအပဲ့တွေနဲ့ရင်နင့်စရာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သန္တာကျောက်တန်းတွေဟာ ငါးဖမ်းသမားတွေလက်ချက်နဲ့သန္တာသင်္ချိုင်းကြီးဖြစ်နေတာပါ။ မိုင်းခွဲတာစတဲ့နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့ကြလို့ နှစ်ကာလပေါင်းများစွာဖြစ်တည်လာခဲ့တဲ့ အမွေအနှစ်တွေအကုန်ပျက်စီးကုန်တာဖြစ်ပါတယ်။ ဒီသန္တာကျောက်ခက်တွေကို စနစ်တကျပွားအောင်မွေးပြီးပြန်ရောင်းစားတတ်ရင်တောင် ဝင်ငွေအများကြီးရမှာပါ။ ခရီးသွားလုပ်ငန်းကရမယ့်ဝင်ငွေတွေ၊ ငါးမျိုးနွယ်စိတ်အစုံကရမယ့်ဝင်ငွေတွေ စတာတွေအားလုံးဟာ မိုင်းတချက်ခွဲခံရတာနဲ့အကုန်ပျက်စီးကုန်ပါတယ်။ သန္တာကျောက်တန်းတွေပျက်စီးတာနဲ့ သူတို့ကိုမှီတင်းနေထိုင်တဲ့အဖိုးတန်ရေသတ္တဝါမျိုးစိတ်တွေပါဆုံးရှုံးပျက်စီးကုန်တာဖြစ်ပါတယ်။ Richard Myo Thant 21-January -2022

၀ါးပင်တွေကို ဘာကြောင့် ထိန်းသိမ်းသင့်တာလဲ

စက်တင်ဘာလ ၁၈ ရက်ဟာ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့က ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ကျင်းပခဲ့တယ်။ ပြည်တွင်းမှာရှိ ဝါးစိုက်ပျိုးသူတွေ၊ ဝါးလုပ်ငန်းရှင်တွေ၊ ဝါးလက်မှု ပညာရှင်တွေအပါအဝင် ၀ါးချစ်သူတွေ ဆုံစည်းကြပြီး ၀ါးနဲ့ပတ်သက်တဲ့ အသိ ပညာဗဟုသုတတွေ ပြောကြ။ ၀ါးနဲ့လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ခင်းကျင်းပြသကြ။ ၀ါးတွေကို ထိန်း သိမ်းဖို့၊ ပြန်လည်ပျိုးထောင်ဖို့ သတိပေး တိုက်တွန်းကြနဲ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမဆောင်မှာ ၀ါးရနံ့တွေ သင်းခဲ့ပေါ့။ သူတို့ အားလုံး ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ်၊ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် တက်ကြွစွာ လောင်ကျွမ်းခဲ့ကြတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ ၀ါးပင်တွေနဲ့ စိမ်းလန်းစိုပြည်ပြီး ၀ါးပင်တွေ ကြောင့်ပဲ စားဝတ်နေရေးတွေ အဆင်ပြေကြတော့မယ်လေ။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော် ပီတိဖြစ်နေမိ […]

သစ်ပင်ချစ်သူများအဖွဲ့တွေကို လေးစားစွာဦးညွှတ်ခြင်း

(၁) သစ်တော သစ်ပင်နဲ့ပတ်သက်တဲ့ အသံဗလံတွေ ဒီနှစ်မှာမှ ပိုမို ကျယ်လောင်လာသလားလို့။ “သစ်ပင် တွေ စိုက်ကြပါ။ ရှင်အောင် စိုက်ကြပါ။ သစ်ပင်တွေကို ကာကွယ်ကြပါ။ ထိန်းသိမ်းစောင့်ရှောက်ကြပါ” စသဖြင့် တိုက်တွန်းစကားတွေ။ “သစ်ပင်စိုက်ပါ” စတေကာ ကမ်ပိန်းတွေဟာ မြို့အများစုကနေ မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့ ခဲ့တယ်။ လမ်းနဲ့မလွတ်လို့ အခုတ်ခံရတော့မယ့် သစ်ပင်ကြီးတွေကို ကာကွယ်ကြတဲ့ သစ်ပင်ချစ်သူများ အဖွဲ့ တွေ၊ ကမ္ဘာမြေ စိမ်းလန်အောင်၊ အပူဒဏ်တွေ လျော့ကျအောင်၊ လေထုညစ်ညမ်းမှု လျော့ကျအောင် အပါအဝင် ရည်ရွယ်ချက်မျိုးစုံနဲ့ သစ်ပင်စိုက်ဖို့နှိုးဆော်နေတဲ့၊ သစ်ပင်စိုက်နေတဲ့ အဖွဲ့တွေလည်း တိုးပွားလာခဲ့တယ်။ ပခုက္ကူမြို့ လမ်းချဲ့ထွင်တဲ့လုပ်ငန်းမှာ မလွတ်တဲ့ သစ်ပင်ကြီးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ခုတ်ပစ်ဖို့ လုပ်ပါတယ်။ အဲဒီမှာ ဒေသခံ သစ်ပင်ချစ်သူများအဖွဲ့က နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးကာကွယ်ခဲ့တဲ့ […]

တောင်သမန်

သစ်သားတိုင်လုံးတွေက အတိအကျဝေးနေကြတာလား အင်းရေပြင်နဲ့သိပ်မဝေးချင်လို့ တံတားပေါ်ကဖြတ်မလျှောက်ခဲ့ပါဘူး တိမ်တွေကငုံ့ကြည့်နေမှန်းသိတော့ တိမ်တွေကိုလည်းမော့မကြည့်မိ ကောင်းကင်မှာကြယ်တွေဝှက်ထားမှန်းသိတယ် ဖြစ်ပြီးပျက်တတ်သဘောတရား ဦးပိန်ကဦးပိန် တံတားကတံတား ကန်ရေပြင်နာကျင်လေမလား ကြင်နာသောအတွေး လှေကိုတိုးတိုးလေးသာလှော်မိတယ် လင်းမွန်ခ ဓာတ်ပုံ ခရက်ဒစ်

လူသားတိုင်း ထမ်းရွက်ရမယ့် တာဝန်

“ရာသီဥတုတွေ ပြောင်းလဲနေတယ်။ ရာသီဥတုတွေ ဖောက်ပြန်နေတယ်။ ဒါကို ထိန်းသိမ်းကာကွယ်ဖို့ တိုက်ဖျက်ဖို့ လိုတယ်” လို့ သိပ္ပံပညာရှင်တွေက ပြောတယ်။ ကမ္ဘာနိုင်ငံအသီးသီးကလည်း လက်ခံခဲ့ကြတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ အကြီးအကဲတွေ၊ အလွှာပေါင်းစုံက လူပုဂ္ဂိုလ်တွေ စုပေါင်းတွေ့ဆုံပြီး ဆွေနွေးပွဲတွေ၊ ညီလာတွေ၊ လက်မှတ် ရေးထိုးပွဲတွေ စသဖြင့် ရာသီဥတုနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေ၊ သဘာဝ ပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြတယ်။ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒါပေမယ့် တစ်နှစ် ထက်တစ်နှစ် ကမ္ဘာကြီးမှာ သဘာဝ ပတ်ဝန်းကျင်တွေ ပိုမိုပျက်စီးလာတယ်။ ရာသီဥတုတွေ ပိုမိုပြောင်းလဲလာ တယ်။ ဒါ ဘာကြောင့်လဲ။ ရှင်းရှင်းလေးပါ။ ပါးစပ်နဲ့ ပြောပြီး လက်တွေ့ […]

* နွေတကျော့ *

သစ်ရွက်ဝါတဲ့ရာသီ အမျှော်စိုက်နေပုံများ လည်ပင်းညောင်ရေအိုးဖြစ် သပြေပင်လေးတောင်တော်တော်ကြီးလာပြီ.. အချိန်မှန်ရောက်လာတဲ့ ဥဩငှက်အသံမာထန်ထန်နဲ့ လမ်းဘေးမကျီးပင်ရိပ်က ရေချမ်းစင်မှာရေတွေဖြည့်ကြ… လက်ပံတွေတောင်ဖူးပြီလေ အနီရောင်တွေကြဲချမလို့တဲ့..။ #ကိုစိမ်းလန်း 19.1.2022,am

မြန်မာပြည်အောက်ဘက်နားက ရေအောက်မီးတောင်ရှင်

ကပ္ပလီပင်လယ်ထဲရှိ ဘားရင်ကျွန်း(Barren Island )သည် ရိုးရိုးကျွန်းမဟုတ်ဘဲ ရေအောက် မီးတောင်ရှင် တစ္လုံး၏ ရေပေါ် ပေါ်နေသောအပိုင်း ဖြစ်သည်။ မီတာ ၂၀၀၀ ကျော်နက်သော ပင်လယ်ကြမ်းပြင်ပေါ်တွင် အခြေပြုသည့် ယင်းမီးတောင်၏ ထိပ်ပိုင်းသည် မီတာ ၃၀၀ ကျော်မျှ ရေပေါ်သို့ ထိုးထွက်တည်ရှိနေသည်။ ကျွန်းသည် သုံးကီလိုမီတာကျယ်ပြီး မီးတောင်ထိပ်ဝ(caldera)သည် နှစ်ကီလိုမီတာ ကျယ်သည်။ ဘားရင်မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ ဆူမာထရာကျွန်းနှင့် မြန်မာနိုင်ငံအကြား ကွေးညွှတ် တည်ရှိသော ပြတ်ရွေ့တလျှောက်ရှိ တစ်ခုတည်းသော မီးတောင်ရှင် ဖြစ်သည်။ ယင်းမီးတောင်သည် ၁၇၈၇ ခုနှစ်နှင့် ၁၈၃၂ ခုနှစ်ကြားတွင် ပေါက်ကွဲမှုအများအပြား ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကြာကျော် ငြိမ်သက်နေရာမှ ၁၉၉၁ ခုနှစ်တွင် ပြန်လည်လှုပ်ရှားလာကာ ပေါက်ကွဲခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း အကြိမ်များစွာ […]

ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ သမုဒ္ဒရာအပူရှိန် စံချိန်တင်ခဲ့သော ၂၀၂၁

၂၀၂၁ သည် ၂၀၂၀ ထက် ပိုမိုပူပြင်းသော နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်လေးခုတွင် တစ်နှစ်တစ်နှစ် ကမ္ဘာကြီး၏အပူချိန် တိုးမြင့်လာသည်မှာ အပြောင်းအလဲမရှိဘဲ တည်ငြိမ်သောလမ်းကြောင်းအဖြစ် ဆက်လက်တည်ရှိနေသောကြောင့် ထိုအခြေအနေသည် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း အစိုးရသိပ္ပံအေဂျင်စီများက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပြီး ကမ်ဘာကြီး၏အပူချိန် တိုးလာသည်နှင့်အတူ ၂၀၂၁ ခုနှစ်သည် သမုဒ္ဒရာ၏ အပူချိန်မှာလည်း စံချိန်တင်ခဲ့သည်ဟု ဆိုသည်။ NASA နှင့် National Oceanic and Atmospheric Administration မွ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် ကမ်ဘာ့ပျမ်းမျှမျက်နှာပြင်အပူချိန်သည် ကမ်ဘာ့အပူချိန်မှတ်တမ်းတွင် ဆဋ္ဌမမြောက်အမြင့်ဆုံးဖြစ်ပြီး ၂၀ ရာစုနှစ်များ၏ ပျမ်းမျှအပူချိန်ထက် ၁.၅၁ ဒီဂရီဖာရင်ဟိုက် ပိုမိုပူနွေးလာသည်ဟု ဆိုသည်။ အသစ်ကြေငြာထားသော ကိန်းဂဏန်းတိုင်းထွာချက်များသည် အေဂျင်စီနှစ်ခုလုံးမှ နှစ်စဉ်ပြုလုပ်သော သီးခြားခွဲခြမ်းစိတ်ဖြာမှုများအပေါ် အခြေခံထားပြီး […]