Author Posts

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၁၀)

#ယမုံနာမြစ်(Yamuna River) ဤမြစ်သည် ဂင်္ဂါမြစ်ပြီးလျှင် အိန္ဒိယ၏ ဒုတိယအညစ်ညမ်းဆုံးမြစ်ဖြစ်သည်။ ဟိမဝန္တာတောင်တန်းဒေသကို မြစ်ဖျားခံစီးဆင်းလာသောကြောင့် ဂုဏ်ယူဝင့်ကြွားစရာကောင်းသော်လည်း ဟိမန္တာနှင့် ဝေးကွာလာသည်နှင့်အမျှ မြစ်ရေသည်လည်း တစတစ ညစ်ညမ်းလာသည်။ အမ်ားစု ထောက်ပြကြသည်ကတော့ မြစ်ရေညစ်ညမ်းရခြင်းမှာ အိန္ဒိယအစိုးရ၏ မိလ္လာထုတ်စနစ် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု ဆိုသည်။ နယူးဒေလီလို လူဦးရေထူထပ်လွန်းသော မြို့ကြီးတွင် စနစ်တကျလည်ပတ်နေသော မိလ္လာစက်ရုံမှာ အနည်းငယ်သာရှိသည့်အတွက် အစိုးရကို ဝေဖန်သူများအား လွန်သည်ဟု မဆိုသာပေ။ ထို့အပြင် ယမုံနာမြစ် ညစ်ညမ်းရခြင်းမှာ စိုက်ပျိုးရေး ဘေးထွက်ဆိုးကျိုးများနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကလည်း အခန်းကဏ္႑တစ်ခုမှ ပါဝင်သည်။ လေ့လာမှုအသစ်တစ်ခုအရ ဒေလီရှိ ယမုံနာမြစ်သည် ‘သေဆုံးလုနီးပါး’ အခြေအနေသို့ ရောက်ရှိနေပြီး ပြန်လည်ပြုပြင်မှုများ ပြုလုပ်သည့်တိုင် မြစ်ရေသည် အဆိပ်အတောက်များ ပါဝင်နေဆဲဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်နှင့်မျှ အသုံးပြုရန် မသင့်လျော်ကြောင်း […]

အချုပ်တန်းဆရာဖေ၏ #ဆောင်းဘွဲ့

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လဲ ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။ ။ မျက်တခတ် ပြက်လျှပ်ကယ် တဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လဲ ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့ သွေးလန့်လို့ ခုန်။ ။ ယမ်းယောင်ကာ တ,လျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗ်ာဆုံတဲ့ ရာသီပဲ။ ။ ငွေနှင်းငယ်မှုန် လေညှင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ်ဘာကို ဗြဟ္မာတို့ပြုခဲ့တယ် ဆောင်းရတုပွဲ။ ။

ကမ္ဘာ့ထင်ရှားသောကျွန်းများ(ခရီးတီးကျွန်း(Crete Island))

Crete ကျွန်းသည် ဂရိနိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်ပြီး လွပေသာ ကမ်းခြေများ၊ ရင်သပ်ရှုမောဖွယ် ရှုခင်းများဖြင့် ဝန်းရံထားသော ကျွန်းတစ်ခု ဖြစ်ကာ ကမ်ဘာလှည့်ခရီးသွားများကြားတွင် ကြော်ကြားပြီး ဆြဲဆောင်မှုအပြည့်ရှိသည်။ အကယ်၍ သင်သည် ဂရိဒဏ္႑ာရီပုံပြင်များကို နှစ်သက်သဘောကျသူဖြစ်ပါက ကျွန်း၏ အမြင့်ဆုံးတောင်ဖြစ်သော Ida တောင်ကို စိတ်ဝင်စားမည်မှာ အမှန်ပင်။ Ida တောင်တွင် ဂရိနတ္ဘုရား Zeus ကို မွေးဖွားရာ လှိုဏ်ဂူရှိသည်။ ထို့အပြင် ခရီးတီးဒေသခံတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကလည်း စိတ်ဝင်စားစရာဖြစ်သည်။ Crete ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာသမဂ္ဂမှ အသိအမှတ်ပြုထားပြီး Global Center of Plant Diversity အဖြစ်သတ်မှတ်ထားကာ ကျွန်းပေါ်တွင် အပင်မျိုးစိတ်ပေါင်း ၁၈၀၀ ခန့်ရှိပြီး ယူနက်စ်ကို၏ Global Geos […]

မြန်မာ့ရေမြေထဲက ငှက်ကလေးတွေ…တဲ့

ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်မိတ်ဆက် ————————————- ရေသားပြုစုသူ.. လင်းအောင်ပြည့် ၂၀၂၁ ခုနှစ် နှစ်ဦးမှာ ဦးဦးဖျားဖျား ထူးထူးခြားခြား ထွက်ရှိလာတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ၊ စာအုပ်ထွက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အာဏာသိမ်းမှုဖြစ်ခဲ့တာကြောင့် သိပ်ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ချိနိုင်ခဲ့ပါဘူး။ မြန်မာပြည်အတွက် တကယ်လိုတဲ့၊ တကယ်လည်း ကောင်းမွန်တဲ့စာအုပ်လေးမို့ ရောင်ခြည်သစ်စာပေကနေ ရောင်းချပေးဖို့ စီစဥ်ခဲ့တာဖြစ်ပါတယ်။ အုပ်ရေ အတော်များများမှာယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ရေမြေထဲက ငှက်အမျိုးပေါင်း ၆၀ ကျော်ကို လွန်ခဲ့ ၆ နှစ် ၇ နှစ်လောက်ကတည်းက ကိုယ်တိုင်မှတ်တမ်းတင်၊ ငှက်တွေရဲ့ ဓလေ့စရိုက်သဘာဝကို ကိုယ်တိုင်လေ့လာပြီး စာအုပ်တစ်အုပ်လုံးကို art paper တွေန့ချည်း သပ်သပ်ရပ်ရပ်လှလှပပ ဝေဝေဆာဆာ ထုတ်ဝေလိုက်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ ငှက်ဓာတ်ပုံတွေနဲ့ ငှက်တွေရဲ့ဓလေ့စရိုက် သဘာဝတွေကို ယှဥ်တွဲ ဖော်ပြထားပြီး […]

နယူဂျာဆီမှာ ပလက်စတစ်ကို စပြီး ဂျောဖြတ်ဖို့ လုပ်နေပြီ

အမေရိကန်အစိုးရက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက် ပလက်စတစ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး လျှော့ချဖို့အတွက် ညွှန်ကြားချက်တွေပေး တော့ နယူးဂျာဆီပြည်နယ်က ပထမဦး ဆုံး အနေနဲ့ ပလက်စတစ်မသုံးစွဲရေး လှုတ်ရှားမှုအဖြစ် အအေးပိုက်တွေ ကို ပိတ်သိမ်းဖို့ စတင်ခဲ့ပါတယ်။ စားသောက်ဆိုင်တွေ ၊ ကော်ဖီဆိုင်တွေ နဲ့ စားသောက်ကုန် လုပ်ငန်းတိုင်း နဲ့ စတိုး ဆိုင်တွေမှာ စားသောက်သူက အရေးပေါ် မတောင်းဆိုမချင်း ပလက်စတစ်အအေးပိုက်တွေကို မထုတ်ပေးရဘူးလို့ ပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။ ပလက်စတစ် အအေးပိုက်တွေနေရာမှာ အစားထိုးတဲ့ လုပ်ငန်းတွေ တွင်ကျယ်လာပြီး ဆိုရင် ပလက်စတစ် ကုန်ပစ္စည်းတွေကို တစ်မျိုးချင်း အလိုက် ပိတ်သိမ်းမှုတွေ လုပ်သွားမယ်လိုကလည်း ပြည်နယ်အစိုးရ က ဆိုပါတယ်။ ၂၀၂၂ မေလကို နောက်ဆုံးထားပြီး အရေးမကြီးတဲ့ ပလက်စတစ်အိပ် […]

မျိုးတုန်းတော့မယ့် နှုတ်သီးနီ ကူရက်ဆောင် ကြက်မျိုး အင်္ဂလန်မှာ မျိုး ဖောက်ပြီး ပွားဖို့ လုပ်နေ

ကမ္ဘာပေါ်မှာ အကောင်ရေ ၂၀၀ သာရှိတော့တဲ့ နှုတ်သီးနီ ကူရာဆောင် ကြက်မျိုးတွေကို ပြန်လည်ထိန်းသိမ်းဖို့ အတွက် အင်္ဂလန် တိရစ္ဆာန်ရုံ တစ်ရုံက မျိုးပွားတဲ့ကိစ္စတွေကို ဆောင်ရွက်နေရာမှာ အောင်မြင်သွားတယ်လို့ သိရပါတယ်။ အင်္ဂလန် ချက်စတာတိရစ္ဆာန်ရုံ ဝန်ထမ်းတွေက တိရိစ္ဆာန်ရုံ ထဲက ဟောင်းလောင်းငှက်အိမ်အလွတ်တစ်ခုမှာ ဥ၂ လုံးကို တွေကလို့ ဖောက်ရာမှ ရှားပါးတဲ့ နှုတ်သီးနီ ကူရာဆောင် ကြက် မျိုးတွေဖြစ်တယ်ဆိုတာကို တွေ့လိုက်ရပါတယ်။ ကူရာဆောင်ကြက်မျိုးတွေက တောင်အမေရိက မှာဒေသရင်း ကြက်တွေဖြစ်ပြီး ဘရာဇီနိုင်ငံတောင်ပိုင်း အတ္တလန်တစ်တော မှာပဲတွေ့ရတော့တဲ့ မျိုးတွေ ဖြစ်ပါတယ်။ တောပြုန်းမှုကြောင့်ရယ် ၊ အမဲလိုက်မှုရယ်ကြောင့် အဲ့ဒိ အကောင်တွေက မျိုးတုန်းလုနီးပါ ဖြစ်နေပါတယ်။ လက်ရှိ ကျန်နေသေးတဲ့ အကောင်တွေမှာ အထီးတွေပဲ များပြီး အမကို မတွေ့ […]

ကျောက်မီးသွေး ၊ ရေနံ နဲ့ ဓာတ်ငွေ့ ပြီးရင် ကမ္ဘာကို ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ခြိမ်းခြောက်နေတာ ကွန်ကရိတွေပါ

ကမ္ဘာကြီးပေါ်မှာ ကွန်ကရိအဆောက်အအုံတွေပေါလာရင် အဲ့ဒိအဆောက်အအုံတွေက ကာဗွန်ထုတ်လွှတ်တဲ့ တတိယမြောက်ရင်းမြစ်တွေပဲ ဖြစ်တယ်လို့ ပညာရှင်တွေ က ဆိုကြပါတယ်။ Concrete 4 Change လို့ခေါ်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီ ရဲ့ အဆောက်အအုံ နည်းပညာရှင်တစ်ဦး ဖြစ်တဲ့ ဒေါက်တာမိုက်ကယ်ဝိုက်စ် က ဆောက်လုပ်ရေးလုပ်ငန်းတွေ ကို နည်းပညာမြင့်ပြီး ကွန်ကရိတော်လှန်ရေး လုပ်ဖို့ ကောင်းပြီ လို့ ဆိုလာပါတယ်။ ကမ္ဘာကြီးရဲ့ ကာဗွန်ထုတ်လုပ်မှု ၈ % က ကွန်ကရိတွေကြောင့်ဖြစ်ပါတယ်။ ကွန်ကရိပြု လုပ်ဖို့အတွက် ဘိလပ်မြေကို ပြုလုပ်ရပါတယ်။ ဘိလပ်မြေကို လုပ်တဲ့ နေရာမှာ ကယ်လ်စီယံ ကာဗွန်နိတ် ( CaCO3 ) ကို သုံးရပါတယ်။ အရပ်အခေါ်ဆိုရင် ထုံးကျောက်တုံးတွေဖြစ်ပါတယ်။ အဲ့ဒိထုံးကျောက်တုံးတွေကို ကယ်လီဆီယံ အောက်ဆိုက် ( […]

အမှန်တကယ်သန့်ရှင်းသောရေသန့်ကိုသာ သောက်သုံးခွင့်ရချင်သည်

(၁) ယခုကာလအတွင်း ရေသန့်စက်ရုံများ ယာယီရပ်ဆိုင်းခြင်းနှင့်ပိတ်သိမ်းခြင်းတို့ကို အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ခပ်စိတ်စိတ်ပြုလုပ်လာသည်။ ထိုသို့ပြုလုပ်ရာတွင် လက်ရှိထုတ်လုပ် နေသည့် သောက်ရေသန့်များတွင် ထောက်ခံချက်ရှိ မရှိ၊ ကောင်းမွန်သည့်ထုတ်လုပ်မှုနှင့်အညီ လိုက်နာဆောင် ရွက်ခြင်း ရှိ မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လှည်းကူးနှင့် လှိုင် မြို့နယ်နှစ်ခုမှာပင် ရေသန့်စက်ရုံ ၂၀ ကျော်ကို ယာယီပိတ်သိမ်းခြင်း၊ ရက်အကန့်အသတ်မရှိ ပိတ်သိမ်ခြင်းတို့ ပြုလုပ်ခဲ့ရသည်။ ထိုကဲ့သို့ဖြစ်စဉ်များကို FDA က စစ်ဆေးတိုင်း မြင်တွေ့နေကျဖြစ်သည်။ သောက်ရေသန့်အပြင် အခြားသောစားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများတွင်လည်း တားမြစ်ဓာတုပစ္စည်းပါဝင်နေသဖြင့် စားသုံး ရန်၊ သုံးစွဲရန် မသင့်ကြောင်း မကြာခဏ ထုတ်ပြန်ကြေညာနေရသည်။ ယခုလည်း ပြည်သူများက သန့်ရှင်း သည့်ရေကို သောက်သုံးလိုသဖြင့် ရေသန့်ဘူးများကို ဝယ်ယူအသုံးပြုခဲ့ကြသည်။ ထိုရေသန့်ဘူးအများစုမှာ […]

ကောက်ရိုးနွယ်

ရွှေရောင်စပါးခင်းလေးတွေ ဘ၀နဲ့ရင်း တာ၀န်ကျေပြီးနောက် အရိုးပြိုင်းပြိုင်းပြတ်နေတဲ့ ရိုးပြတ်တောထဲက ခေါင်းထောင်ထွက်လာသူ ကန်စွန်းနွယ်လေးတွေလို အမူအရာနဲ့ ခရမ်းသွေးတစ်၀က်၊ ကျောက်စိမ်းရောင်တစ်၀က်အသားအရေနဲ့ ကျစ်လစ်လစ်ခန္ဓာကိုယ် သွယ်လျလျလေးပေါ်မှာ သေးမျှင်မျှင် အရွက်ချွန်လေးတွေကို ခပ်ကျဲကျဲ ထိုးစိုက်လို့ အားပါတဲ့ အမြစ်မွှားကလေးတွေနဲ့ ခြောက်သွေ့ကြမ်းရှနေတဲ့ မြေကို ကုပ်တွယ်လို့ ကောက်ရိုးပြတ်ပင်တွေပေါ်ကိုမှ တွယ်ကပ်နွယ်ရစ်ခဲ့သူလေ.. ‘ကောက်ရိုးနွယ်’တဲ့ ဆောင်ယွန်းစ၊ နွေရင်ခွင် ပပ်ကြားအက်နဲ့ မြက်ရိုင်းပင်တွေကြား (မိုးလည်းမလို၊ ရေလည်းမလို) နှင်းမြူလွကိုသာ ခေါင်းမြီးခြုံလို့ သူ့မျက်ရည်နဲ့သူ ရဲရင့်စွာအမောက်ထောင် ရပ်စရာမြေကြီးရှိရင် ရှင်သန်ရမယ်ဆိုတဲ့စိတ်နဲ့ ခေါင်းကိုမော့၊ ရင်ကိုကော့ နွေလေစီးကြောင်းထဲမှာ ယိမ်းနွဲ့ရင်း စိန်နားကပ်ပန်းလေးတွေ ပန်လို့.. ကျေးလက်ထမင်းဝိုင်းတွေရဲ့ဇာတ်လိုက်ကျော် ကောက်ရိုးနွယ်လေးပေါ့…။ ခေတ်ရဲ့တိုးတက်မှုတွေကြားမှာ သူ့အသက်ကလေး တိုတိုသွားရင်း ကောက်ရိုးပြတ်တွေမရှိတော့တဲ့လယ်ကွင်းတွေထဲ နစ်မြုပ်ပျောက်ကွယ်နေခဲ့ပြီလေ။ #မိုးဟိန်းထက်