Author Posts

ဘယ် နာမည်​‌ကျော် ဆယ်လီတွေက ကမ္ဘာကြီးကို ကယ်တင်နေကြလဲ

မာဘယ်ရုပ်ရှင်ကားတွေနဲ့ ဂျိမ်းဘွန်းကားလို စုံထောက်ကားတွေ အက်ရှင်ကားတွေကို ကြည့်လိုက်ရင် စူပါမန်းကအစ အိုင်ယွန်းမန်းအလယ် ဘလက်ဝစ်ဒိုးအဆုံး မြောက်များလှစွာသော ဟီးရိုကြီးတွေက ကမ္ဘာကြီးကို အန္တရာယ်အသွယ်သွယ်ကနေ ကာကွယ်ပေးနေတာကို ကြည့်ရှု့ရမှာပါ ။ ပရိသတ်တွေကလည်းကြိုက်လွန်းလို့ အားပေးလိုက်ကြတာ ရုပ်ရှင်ကုမ္ပဏီတွေ အမြတ်အစွန်းအများကြီးရနေကြပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတွေပါ။ ဖော်ပြပါ ပုဂ္ဂိုလ်တွေကတော့ ကမ္ဘာကြီးကို တကယ် ကယ်တင်နေတဲ့ ဆယ်လီဟီးရိုးတွေပါ။ ——————————————— လီယိုနာဒို ဒီကာပရီယို ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောပြီး ထိထိရောက်ရောက် လှုံ့ဆော်မှုတွေလုပ်နေတဲ့ ဟောလီးဝုဒ်ကစူပါဟီးရိုးကတော့ လီယိုနာဒို ဒီကာပရီယိုပါပဲ။ ဒီကာပရိုယို ဖောင်ဒေးရှင်းကို ၁၉၉၈ ခုနှစ်မှာ တည်ထောင်ပြီး သိပ္ပံပညာဆိုင်ရာ အချက်အလက် တိုးတက်ရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ရာသီပြောင်းလဲမှုကြောင့် ထိခိုက်ခံစားနေရတဲ့ လူအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပရဟိတလုပ်ငန်း […]

မြန်မာနိုင်ငံအတွင်းရှိ သဘာဝအလှအပများ (ဆင်ခေါင်းတောင်)

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြို့ကြီးရွာနဲ့၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကင်းရွာအစပ်မှာရှိပါတယ်။ မန္တလေးတိုင်းနဲ့ ရှမ်းပြည် အစပ်မှာရှိတဲ့ ဆင်ခေါင်းတောင်ဟာ အင်မတန်လှပတဲ့ သဘာဝအလှတရားတစ်ခုဖြစ်ပြီး တောင်ရဲ့အနီးကနေ ဇော်ဂျီမြစ်ကလည်း ဖြတ်သန်းစီးဆင်းနေတာကြောင့် သဘာဝတရားကဖန်ဆင်းပေးထားတဲ့အလှတရားဟာ ပိုမိုပြည့်စုံတဲ့သဘာဝပန်းချီကားတစ်ချပ်လိုဖြစ်နေပါတယ်။ ဟံမြင့်မိုရ်မှ ရွာငံ၊ ပင်းတယသွား လမ်းပေါ်မှာ တည်ရှိပါတယ်။ Photo:Original Photographer

အင်္ဂါဂြိုဟ်ပေါ်ဘယ်သူ ရောက်နေတာလဲ ကမ္ဘာမြေဆီ ဘာတွေ ပို့ပေးနေလဲ..

၂၀၃၁ မှာပြန်ရောက်မယ့် မားစ်ရိုဗာက အင်္ဂါဂြိုဟ်ပေါ်ရှိကျောက်တွေကို ဓာတ်ပုံရိုက်ပို့ပြီး သရုပ်ခွဲခိုင်းနေ …………. နာဆာကနေ အင်္ဂါဂြိုဟ်ကို လေ့လာဖို့လွှတ်လိုက်တဲ့ မားစ်ရိုဗာက ဂြိုဟ်ပေါ်က ကျောက်တွေကို သရုပ်ခွဲဖို့ အတွက် ကမ္ဘာမြေကို ဓာတ်ပုံတွေရိုက်ပို့ နေရာ အချို့သော ကျောက်တွေက ရေတိုက်စားထားတဲ့ အရာတွေကို တွေ့ရတယ်လို့ နာဆာအဖွဲ့ကထုတ်ဖော်ပြောကြားပါတယ်။ စက်တင်ဘာလ ၁၀ရက်နေ့ က လက်ခံရရှိတဲ့ ဓာတ်ပုံအရ မားစ်ရိုဗာ တွေ့ရှိခဲ့တဲ့ ကျောက်က မီးသင်ကျောက် မျိုးဖြစ်ပြီး ဆားပေါက်နေတာကိုလည်းတွေ့ရပါတယ်။ မားစ်ရိုဗာရောက်နေတဲ့ နေရာကိုခန့်မှန်းရတာ အဂါၤ ဂြိုဟ်ရဲ့ ဒယ်အိုးချိုင့်ထဲကို ရောက်နေပုံ ရပါတယ်။ ၎င်းက အဲ့ဒိကျောက်တွေကို လွန်ပူနဲ့ ဖောက်ပြီး သိမ်းဆည်းကာ ကမ္ဘာ ကိုလှမ်းပို့ပေးမှာပါ။ ၂၀၃၁ ခုနှစ်မှာ ၎င်းစက်ရုပ်ယာဉ်ကလေးက ကမ္ဘာကိုပြန်ရောက်လာမှာပါ။ လက်ရှိအထိခန်ကမှန်းချက်အရ အင်္ဂါဂြိုဟ်မှာ […]

ငှက်ပျောသီးခွံ မြေသြဇာလုပ်နည်း (၁၀) မျိုး

စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုသုံးလို့ ရနေတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာမို့ ငှက်ပျောသီးကျွေးပြီးရင် အခွံလေးပြန်တောင်း ပြန်စုကြပါ။ (၁) ငှက်ပျောခွံ အရည် မြေဆွေးအရည်လိုမျိုးပဲ ငှက်ပျောသီးအခွံနဲ့လုပ်ထားတဲ့ ငှက်ပျောခွံရည်ဆိုတာကို ရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးလို့ရပါတယ်။ အပင်တွေကို လောင်းပေးလို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကျတော့ ရေနဲ့ (၂) ရက် (၄၈ နာရီ) ထားပြီးရင် အဲ့ငှက်ပျောခွံရည်နဲ့ အပင်တွေကို လောင်းပေးလို့ရပါတယ်။ အာဟာရတွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်။ (၂) အပိုင်းအစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။ စုထားတဲ့ငှက်ပျောခွံတွေရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျာဉ်ထဲကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတယ်နော်။ တဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို […]

အင်းလေး

နံရိုးတွေနဲ့ ကာရန်ထားတဲ့ နှလုံးသည်းပွတ် ရေပြင်ကျယ်ကျယ်နဲ့ တောင်တန်းတွေဟာ လိုက်ဖက်စုံတွဲ လေပေါ်မှာ ဝမ်းစာရှာသူ ဇင်ယော်ငှက်များ ရေပေါ်မှာ ဝမ်းစာရှာသူ အင်းသူ အင်းသားများ သဘာဝကို စားသုံးသူ ခရီးသွားများ အားလုံးဟာ မိခင်နို့ရည်ကို ဝဝလင်လင် သောက်သုံးခွင့်ရကြတယ် အင်းလေးတဲ့ မိသားစုဓာတ်ပုံ တစ်ပုံဟာ ဧည့်ခန်းမှာ ဂုဏ်တင့်တယ်။ အယ်လ်သင် photo-crd

ဆွစ်ဇာလန်နိုင်အလယ်ပိုင်းက Uri ဒေသ

ဆွစ်ဇာလန်နိုင်ငံဆိုတာ သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ အလှပဆုံး တောင်တန်းတွေထဲက တစ်ခုဖြစ်တဲ့ Alps တောင်တန်းကြီးကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်အလယ်ပိုင်းက Uri ဒေသကတော့ သဘာဝအလှတရားတွေ လင်းချင်းတောက်ပနေတဲ့ နယ်မြေတစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဘဝတွေ အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး စစ်မှန်တဲ့နိုင်ငံသားအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေး၊ လူ့အခွင့်အရေးတွေအပြည့်အဝရပြီး ကမ်ဘာပတ်ပြီး အပန်းဖြေနိုင်တဲ့ အခွင့်အရေးတွေရတဲ့အခါ Uri ကို သွားရောက် အပန်းဖြေကြတာပေါ့ဗျာ ။ Photo: Internet

မဆင်မခြင်ဖမ်းဆီးစားသောက်မှုများကြောင့် လာမည့် ၅ နှစ်အတွင်း ရခိုင်တောင်လိပ်များ မျိုးသုန်းပျောက်ကွယ်သွားနိုင်

ရခိုင်ပြည်နယ်တွင်သာရှိသည့် ရခိုင်တောင်လိပ်မျိုးစိတ်မှာ မဆင်မခြင် ဖမ်းဆီးစားသောက်မှုများကြောင့် လာမည့် ၅ နှစ်တာအတွင်း မျိုးသုန်းပျောက်ကွယ်သွားနိုင်သည့်အရေးနှင့် ကြုံတွေ့နေရကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ထံမှ သိရသည်။ ရခိုင်တောင်လိပ်မျိုးစိတ်မှာ ကမ္ဘာပေါ်တွင် ရခိုင်ပြည်နယ်တစ်ခုတည်းသာတွေ့ရှိနိုင်သည့် မျိုးစိတ်တစ်ခုဖြစ်ပြီး လက်ရှိတွင် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် မျိုးစိတ်တစ်ခုဖြစ်သည့်အပြင် ကမ္ဘာ့ပေါ်မှ မျိုးတုန်းပျောက်ကွယ်တော့မည့် လိပ်မျိုးစိတ် ၂၅ မျိုးထဲမှ တစ်မျိုးအပါအဝင်ဖြစ်ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာကလျာကဆိုသည်။ ရွာအချို့မှာကတော့ အခုချိန်ထိ စားတဲ့သူက စားနေကြတုန်းဆိုတာကိုသိရတယ်။ ဒီလိုမျိုးသာ အရမ်းကြီးသတ်စားနေကြမယ်ဆိုရင်တော့ မျိုးတုန်းသွားမှာပါပဲ။ နောက်ဆယ်နှစ်လောက်အထိ မစားပဲထိန်းနိုင်လိုက်မယ်ဆိုရင် ဒီမျိုးစိတ်အတွက် အများကြီး အဆင်ပြေသွားမှာပါ ဟု သူကပြောသည်။ လက်ရှိစစ်တမ်းများအရ ရခိုင်ပြည်နယ်တွင် ရခိုင်တောင်လိပ်မျိုးစိတ်အကောင်ရေ ၁၀၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်းနှင့် ရခိုင်တောင်လိပ်ဟုခေါ်ဝေါ်သော်လည်း ၄င်းတို့မှာ တောင်ပေါ်တွင်ကျက်စားလေ့မရှိပဲ တောင်ခြေဝါးတောစပ်များတွင် ကျက်စားနေထိုင်လေ့ရှိပြီး နေ့ဘက်တွင်ပုန်းအောင်းနေထိုင်လေ့ရှိသော မျိုးစိတ်တစ်မျိုးဖြစ်ကြောင်း […]

ရာသီဥတုပြောင်းလဲလာတာနဲ့ အရင်ဆုံး ထိခိုက်ခံရမယ့် မြို့များ

ကမ္ဘာ ကြီး ပူနွေးလာမှု ကြောင့် ရာသီဥတုပြောင်းလဲတဲ့ အချက်တွေ ထဲမှာ အဓိကကျတဲ့ အချက်ကတော့ ပင်လယ်ရေမျက်နှာပြင် မြှင့်တက်လာခြင်းပါပဲ။ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာခြင်းက ကမ်းခြေဒေသတွေနဲ့ ကျွန်းနိုင်ငံတွေအတွက် စိုးရိမ်ရမယ့် အခြေအနေပါ။ ပင်လယ်ဆိပ်ကမ်းမြို့တွေ က စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းခဲ့တာက အရင့်အရင် ခေတ်တွေကတည်းကပါ ၊ အခုတော့ ဆိပ်ကမ်းမြို့တွေမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှု ကို ရင်ဆိုင်ရတော့မှာပါ။ လာဂိုစ်မြို့ ( နိုက်ဂျီးရီးယား ) သဘာဝဘေးအန္တရာယ် ဆိုင်ရာညွှန်ကိန်းကို မေဘယ်ခရော့ဖ် ရာသီပြောင်းလဲမှု ညွှန်ကိန်းလို့ ဆိုပါတယ်။ အဲ့ဒိညွှန်ကိန်း က ဒေသတစ်ခုမှာရှိတဲ့ လူဦးရေပေါက်ပွားနှုန်းကို အခြေပြုပြီး နှစ် ၃၀ အတွင်း အဲ့ဒိဒေသကို ဆိုးကျိူး သက်ရောက်နိုင် ပမာဏကို တွက်ချက်တာပါ။ လာဂိုစ်မြို့က နိုက်ဂျီးရီးယားမှာ […]

ရူးချင်စရာကောင်းလှအောင်ကြေးကောင်းတဲ့ ရိုချက်စတာက အိမ်တွင်းအလှပန်းအိုးဈေးကွက်

ခင်ဗျားတို့ စဉ်းစားကြည့်ရုံ စိတ်ကူးနဲ့တင်ရူးသွားလောက်တဲ့ ဈေးကွက်က အမေရိကန်က ရိုချက်စတာမြို့လို နေရာကနေ ဥရောပအနှံ့ကိုခြေဆန့်နေတဲ့ အကြောင်းလေးပြောပြချင်လို့ပါ။ အခုလို ကိုဗစ်ကာလအတွင်းမှာ အမေရိကားနဲ့ ဥရောပမှာ ထူးထူးခြားခြား ပွင့်လန်းလာတဲ့ ဈေးကွက်တစ်ခုက အိမ်တွင်း အလှစိုက် ပန်းအိုးလေးတွေရဲ့ ဈေးကွက်ပါပဲ။ စမန်သာမေးလ် ဆိုတဲ့အမျိုးသမီးငယ်က ကိုဗစ်ကာလအတွင်း ဘာလုပ်ရမလဲဆိုတဲ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမက သူငယ်ချင်းဖြစ်သူ ဥယျာဉ်ခြံပညာရှင် စတန်းနဲ့ သူမရဲ့စိတ်ကူးကို အကောင်အထည်ဖော်ခဲ့ပါတယ်။ အလက်ဇန်ဒါလမ်းနဲ့ ပန်းခြံလမ်း ထောင့်မှာ ဆိုင်လေးတစ်ဆိုင်ဖွင့် လိုက်ပါတယ်။ ဆိုင်ထဲမှာ အိမ်တွင်းအလှစိုက် ပန်းပင်တွေ နဲ့ ရှားပါးပင်တွေကို ပန်းအိုးလေးတွေထဲပြီး ဆိုင်ဖွင့်လိုက်ပါတယ်။ ပန်းအိုးလေးတွေရဲ့ ဈေးနှုန်းက ၂ဒေါ်လာကနေ ဒေါ်လာ ၅၀၀ အထိရှိတဲ့ ပန်းအိုးတွေဖြစ်ပါတယ်။ ဈေးနှုန်းတွေကို ကြည့်လိုက်ရုံ နဲ့လန့်သွားနိုင်တဲ့အနေအထားပါ။ ဒါပေမဲ့ […]