Author Posts

ကမ္ဘာ့ရာသီပြောင်းလဲမှုနဲ့ လိုက်ဖက်အောင် လုပ်ဆောင်မှုက စီးပွားရေးလုပ်ငန်း အကြီးကြီးဖြစ်လာနိုင်

ဘာပဲပြောပြော ကမ္ဘာကြီးက ပူနွေးလာတယ်ဆိုတာ ငြင်းချက်ထုတ်လို့ မရတဲ့ အချက်အလက်တစ်ခုပါ။ ကမ္ဘာကြီးပူနွေးလာမှုနောက်ကို ရာသီဥတုပြောင်းလဲမှု ကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာပါတယ်။ ရာသီဥတုပြောင်းလဲလာတော့ အဲ့ဒိအခြေအနေနဲ့ လိုက်လျော်ညီထွေရှိအောင် လူတွေရဲ့ စား၊ ဝတ် ၊ နေ ထိုင်မှုတွေကလည်း ပြောင်းလဲလာတော့မှာ ဖြစ်လို့ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေကိုလိုက်ပြီး ဒေသလိုက် ဝတ်ဆင် နေထိုင်မှုတွေနဲ့ ဆိုင်တဲ့ စီပွားရေး လုပ်ငန်းတွေအတွက် ဈေးကွက် အကြီးကြီး ဖြစ်လာ တော့မယ်လို့ ပညာရှင်တွေ ကညွှန်ပြနေပါပြီ ။ အခုဆိုရင် အမေရိကား နယူယောက်ပြည်နယ်က အီသီကာမြို့ကလေးမှာ ဆိုရင် ဒေသခံတွေရဲ့ တောင်းဆိုမှု ကြောင့် ရာသီဥတုပြောင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိမယ့် အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် အင်ဂျင်နီယာ တွေကို ကမ်းလှမ်းမှုတွေ လုပ်နေပါတယ်။ ဗိသုကာပညာရှင်တွေက ရာသီဥတုပြောင်းလဲမှု […]

ကိုဗစ်ကာလအတွင်း မြင့်တက်လာတဲ့ တစ်ခါသုံးစွန့်ပစ်အမှိုက်ပြဿနာ

ကိုဗစ်-၁၉ ပထမလှိုင်းကာလတုန်းက စက်ရုံ၊ အလုပ်ရုံတွေအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေ တဲ့ လုပ်ငန်းတွေ ပိတ်၊ လူတွေလည်း stay at home ကာလကို ဖြတ်သန်းနေရတော့ ယာဉ်အသွားအလာတွေ လည်း နည်းပါး၊ အဲဒီအကြောင်းကြောင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေ ပြန်လည် ကောင်းမွန်လာတဲ့သတင်းတွေကို ဆက်တိုက်ဖတ်ခဲ့ရတယ်။ ဥပမာ- လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကတည်းက နောက်ကျိနေခဲ့တဲ့ ချင်းတွင်းမြစ်ရေတွေ ထူးထူးခြားခြား ပြန်လည် ကြည်လင်လာတာ၊ အိန္ဒိယနိုင်ငံမှာ လေထုညစ်ညမ်းမှု လျော့ကျသွားတဲ့အတွက် ဟိမဝန္တာတောင်တန်းကို နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရခဲ့တာ၊ နောက်ပြီး ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ ကာဗွန်ဒိုင်အောက် ဆိုက် ထုတ်လွှတ်မှု လျော့ကျခဲ့တာတွေပေါ့။ အခြားသော ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာလည်း တိုးတက်မှုတွေ […]

သတိပြုဖို့လိုလာပြီဖြစ်တဲ့ မက်စ် အန္တရာယ်

သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာပြန်အစီအစဉ် ကျနော်တို့ ကမ္ဘာကြီးရဲ့ ၄ပုံ ၃ပုံက ပင်လယ် သမုဒ္ဒရာ နဲ့ မြစ်ချောင်းအင်အိုင် နေရာတွေချည်းပါပဲ ။ အဲ့ဒိရေချိုရေငံတွေပေါ်မှာ မှီတင်းပြီး လူသားတွေအသက်ရှင်နေထိုင်နေကြတာပါ။ အဲ့ဒိ ရေပြင်တွေကို လူသားတွေက အမှိုက်တွေ စွန့်ပစ်ပြီး ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးနေကြပါတယ်။ သုတေသနသမားတွေက ပင်လယ်ရေအောက်ထိသွားပြီး လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလက်စတစ် အမှိုက်တွေနဲ့ စားသောက်စရာထုတ်ပိုးတဲ့ပစ္စည်းတွေ ကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ ပလက်စတစ်တွေနဲ့ ဖော့ဗူးခွံတွေကိုလေ့လာရင် သူတို့ သတိထားသွားမိတာက ပင်လယ်ရေအောက်အထိ ရောက်လာတဲ့ အမှိုက် အမယ်သစ်တစ်ခုက မက်စ်တွေဖြစ်နေတာပါပဲ။ အိုးရှင်းအာရှလို့ခေါ်တဲ့ ဟောင်ကောင်အခြေစိုက် အဏ္ဏဝါထိန်းသိမ်းရေးအဖွဲ့ရဲ့ မှတ်တမ်းအရ လက်ရှိ ကမ္ဘာပေါ်မှာ ထုတ်ပြီးသုံးနေတဲ့ မက်စ်အရေအတွက်က ၅၂ ဘီလီယံ ကျော်နေပြီလို့ ဆိုပါတယ်။ ၂၀၂၀ မှာ လူတွေအသုံးပြုပြီးစွန့်ပစ်လိုက်တဲ့ […]

ပင်လယ်ရေမျက်နှာပြင်အမြင့် ၁၅ပေပဲရှိတဲ့ မနီလာမြို့ရဲ့ ရာသီပြောင်းလဲမှု

ဖိလစ်ပိုင်ဆိုတဲ့ အရှေ့တောင်အာရှ ကျွန်းနိုင်ငံကလေးက မြေငလျှင် ၊ ဆူနာမီ ၊ ရေလွှမ်းမိုးမှု နဲ့ ဟာရီကိန်း မုန်တိုင်းတွေလို သဘာဝဘေးအန္တရာယ်တွေ မပြတ်တမ်း ခံစားနေရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လူဇွန်ကျွန်း ပေါ်မှာ ရှိတဲ့ မြို့တော် မနီလာရဲ့ နောက်ဖက်တစ်ခြမ်းလုံးကလည်း ပင်လယ်ကမ်းခြေဒေသဖြစ်နေပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ပေသာမြင့်တဲ့ အဲ့ဒိမြို့ က လူဦးရေသိပ်သည်းတယ်။ မြို့လယ်ကလွဲရင် တစ်ခုခုဖြစ်ရင် ရွှေ့လိုပြောင်းလို့ မလွယ်ကူလောက်အောင်ကိုပဲ အိမ်ယာတွေက သိပ်သည်းလွန်းပါတယ်။ ပြည်သူ့ဝန်ဆောင်မှု အားနည်းခြင်း ၊ သဘာဝဘေးအန္တရာယ်တစ်ခုခုပြီးရင် ပြန်လည်တည်ဆောင်မှု အားနည်းခြင်း ၊ တိုင်းပြည်အခြေခံ အဆောက်အအုံ ခိုင်ခိုင်မာမာ မရှိခြင်း ၊ ရေးဆိုးနဲ့ မိလ္လာစွန်ပစ်မှု စနစ် မကောင်းခြင်း တို့က ရာသီဥတုပြောင်းလဲမှုဖြစ်လို့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမယ်ဆိုရင် အရင်ဆုံးခံရမယ့် မြို့ ဖြစ်နေပါတယ်။ […]

ရေဘေးအန္တရာယ် လျော့ကျသက်သာရေး လက်တွေ့ဆောင်ရွက်ဖို့ လိုသည်

သည်ရက်အတောတွင်း မိုးများ ရက်ဆက် ရွာနေသည်။ သည်းသည်းထန်ထန် ရွာနေသည်။ တိတ်သွား လိုက်၊ ပြန်ရွာလိုက်နှင့် တစ်နေကုန် မစဲဘဲ ရွာနေသည်။ အထူးသဖြင့် ညနေပိုင်းတွင် ပိုမိုသည်းထန်တတ် သည်။ ထိုသို့ မိုးသည်းသည်းထန်ထန် ရွာသွန်းနေပြီဆိုလျှင် ရေကြီးရေလျှံမှုများ ဖြစ်ပွားတော့မည်ဟူသော အသိက ကျွန်တော် စိတ်ထဲ မတွေးဘဲ ဝင်ရောက်လာသည်။ ပြည်သူအချို့လည်း သိကြပါလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် ကျွန်တော်တို့ မြန်မာနိုင်ငံသည် မိုးသည်းသည်းထန်ထန်ရွာတိုင်း ရေကြီးရေလျှံ ဖြစ်ပွားတတ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။ မိုးလေဝသပညာရှင်များကလည်း မိုးရာသီ အစကတည်းက ဒေသအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွားနိုင်ကြောင်း သတိပေး ခဲ့ကြသည်။ ထိုသို့သတိပေးနေစဉ်မှာပင် ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ […]

အစာကျွေးမယ့်သူကို မျှော်နေရှာတဲ့ မျောက်ကလေးတွေ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ရှိ သမိုင်းဝင်ကျောက်တော်တောင်ဘုရားမှာနေထိုင်ကြတဲ့မျောက်တွေဟာ အစား အစာတွေစားရဖို့ ဘုရားဖူးတွေကိုသာမျှော်နေကြရပါတယ်။ အဲဒီဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ထွန်းမြက”အသီးအနှံတွေ၊ငတ်တော့ မြက်ကလေးတွေကို ရှာစားတယ်။မစားရတာကြာရင် တံတားသို့ သွားပြီး လူတွေဆီက အစာတောင်းကြတယ်။ကားတွေနဲ့တိုက်မိလို့ သေသွားကြတာတွေလည်း ရှိတယ်။”လို့ ဆိုပါတယ်။ အဆိုပါကျောက်တော်တောင်ဘုရားတောင်တန်းတွင် မျောက်ကောင်ရေ တစ်ထောင်နီးပါးနေထိုင်နေကြတာဖြစ်ပြီး ရခိုင်စစ်ပွဲမှ ခုအချိန်ထိ မြန်မာစစ် တပ်က ဘုရားတောင်ပေါ်မှာ တပ်စွဲထားဆဲဖြစ်ပါတယ်။ အဲဒီကျောက်တော်တောင်ဘုရားမှာနေပြီးမျောက်စာများရောင်းချနေတဲ့ ဒေါ်သိန်းရင်က”ခုတော့ ဘုရား ဖူးနည်းနည်း ပါးပါးလာကြပါတယ်။ဘုရားဖူးအလာနည်းတော့ မျောက်တွေက အစာမဝကြဘူး။”လို့ ဆိုပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှစတင်ကာမြန်မာ စစ်တပ်နှင့်ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများရပ်တန့်ပြီးနောက် ပိုင်းမှသာ ဘုရားဖူးများကိုလာရောက်ခွင့်ပြုထားပေမယ့် မြန်မာစစ်တပ်ဖက်က ဘုရားတောင်ပေါ်မှာ ဒီနေ့ထိစခန်းချတပ်စွဲနေထိုင်နေကြဆဲဖြစ်ပါတယ်။ BNA သတင်းမှကူးယူဖော်ပြပါသည်။

နားခို လှည့်ပါ..ငှက်စာဝါ

ညကမကွေး မှ စီးခဲ့တဲ့ကား ကသာမန် အမြန်လမ်း ကိုဖြတ်နေကျ ကား နဲ့ မတူနွေဦး ရဲ့ ရသတွေ တစ်ပုံတစ်ပင် နဲ့ ..။ ရိုးတံ ပြိုင်းပြိုင်းကျ နေတဲ့ အပင်ဝါဝါခြောက်ခြောက် တွေ ဝန်းရံထားတဲ့ မကွေး မှနေပြည်တော်လမ်းလေးက ကျဉ်း ကျဉ်းလေး နဲ့ကွေ့ကွေ့ကောက်ကောက်။ ကားမောင်းသူ ကလည်း သူများ နဲ့ မတူ. ဖွင့်တဲ့ သီချင်းက တမာလမ်းကိုပြန်ခဲ့ပါတဲ့..။ ဒီအာရုံ တွေ ကို တွန်သံချိုသော ဥသြ ဆိုတာရယ် ပါ ပေါင်းစပ် လိုက်မှဖြင့်..။ ငှက်တွေသည် တစ်ခါ တစ်ရံ လွမ်းတေးကို သီဖွဲ့ တတ် ပါတကား..။ ရောက်တတ်ရာရာ.ဟိုဟိုဒီဒီ တွေး မိရင်း အရုဏ်တက်ချိန် မလင်းတလင်းလေး မှ […]

အမည်မသိရတဲ့မြစ်များ

ကျွန်တော်ကမြစ်ရဲ့နာမည်ကဘာလဲလို့မေးလိုက်တော့။အကုန်းလုံးကဘာကိုမေးတာလဲလို့ပြန်မေးကြတယ်။မြစ်ပြင်ကတော်တော်လေးကျယ်ပါတယ်။ကျွန်တော်တို့စီးလာတဲ့စက်လှေကမြစ်ရဲ့ဘယ်ဘက်အခြမ်းကနေခုတ်မောင်းနေရာကတစ်ချက်တစ်ချက်လူးလိမ့်ဝင်ရောက်လာတဲ့လှိုင်းကြက်ခွပ်လေးတွေကိုထိုးခွဲပြီးညာဘက်အခြမ်းကိုကူးဖို့အားယူခုတ်မောင်းနေပါတယ်။တစ်နေရာအရောက်မှာတော့ဒုန်းခနဲအသံတစ်ခုကိုကြားလိုက်ရတယ်။စက်လှေမောင်းသူကစက်ကိုချက်ခြင်းသတ်လိုက်တယ်။ဘာဖြစ်တာလဲလို့အလန့်တကြားထမေးကြတယ်။စက်လှေသမားကစိုးရိမ်ပူပန်မဲ့အမူအရာနဲ့ ပဲ့ကိုစက်လှေဘက်ဆီဆွဲယူလိုက်တယ်။ ပဲ့ကိုမယူလိုက်တော့ မြစ်ထဲဘယ်သူပစ်ချခဲ့မှန်းမသိတဲ့ ဆာလာအိတ်ကစက်လှေရဲ့ပန်ကာကို နွယ်ရှင်တစ်ခုကရစ်ပတ်သလိုရစ်ပတ်ထားတာကိုတွေ့ရတယ်။ စကလှေသမားကတော့ အေးဆေးပဲ။ ဘာမှမဟုတ်ပါဘူး၊ မစိုးရိမ်ကြပါနဲ့လို့လည်းမပြောဘူး။ ပန်ကာမှာလာငြိတဲ့ဆာလာအိတ်ကိုစိတ်ရှည်လက်ရှည် ဖြေယူပြီးစက်လှေကို ပြန်ခုတ်မောင်းတယ်။ ကျွန်တော်အတွေးတွေကတော့ စက်လှေသမားရဲ့စိတ်လိုမအေးဆေးပါဘူး။ တောင်တွေးမြောက်တွေးနဲ့ ငါးမိနစ်လောက်အတွင်းတစ်ကမ္ဘာစာလောက်အထိတွေးပစ်လိုက်တယ်။ ကျွန်တော်ကရေမကူးတတ်ဘူး။ မတော်တဆစက်လှေသာတစ်ခုခုဖြစ်သွားရင်ကျယ်ပျောတဲ့ မြစ်ပြင်ကို ကျွန်တော် ဘယ်လိုကူးခတ်ရမလဲ။ ဘယ်သူပစ်ချခဲ့မှန်းမသိတဲ့ ဒီဆာလာအိတ်ကြောင့် စက်လှေရဲ့ ပန်ကာရွက်တွေသာကျိုးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့ မြန်မာစကားပုံကြီးခေါင်းထဲရောက်ပြန်တယ်။ အဲဒီလိုငါးမိနစ်စာအချိန်အတွင်းတစ်ကမ္ဘာစာလောက် စိတ်ကတွေးပစ်လိုက်တယ်၊ မေခလာနတ်သမီးကဇနကမင်းသားကိုလာကယ်တဲ့အခန်းတွေတောင်ပါသေးရဲ့။ ကျွန်တော်လည်းဒီမြစ်ရဲ့နာမည်ကိုဘယ်လိုခေါ်လဲလို့ ဒုတိယအကြိမ်မြောက် ထပ်မေးလိုက်ပါတယ်။ စက်လှေကပုံမှန်အတိုင်း ပြန်လည်ခုတ်မောင်းနေပါပြီ။ စက်လှေပေါ်ပါသူတချို့က စက်လှေစီးရင်းအဆာပြေစားဖို့အတွက် မြို့ပေါ်ကဝယ်လာတဲ့ စားသောက်ဖွယ်နဲ့ မုန့်ပဲသွားရေစာတချို့ကိုထုတ်ယူစားသောက်နေကြပါတယ်။ ကျွန်တော်ရဲ့ ဒုတိယအကြိမ်မြောက်မေးခွန်းမှာလှေပေါ်ပါလာသူတချို့က ခရီးသွားတွေထဲကအသက်အကြီးဆုံးအမျိုးသမီးကြီးကိုလှမ်းကြည့်လိုက်ကြတယ်။ ပြီးတော့ ကျွန်တော့်ရဲ့မေးခွန်းကို ၎င်းအမျိုးသမီးကြီးကိုလှမ်းမေးကြပါတယ်။ ဒါပေမယ့် သူတို့ လှမ်းမေးတဲ့အသံကိုအမျိုးသမီးကြီးကမကြားပါဘူး။ မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကြောာင့်ရော။ […]

ရာသီဥတုပြောင်းလဲမှု ဆိုင်ရာအတွက် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်

၂၀၂၀ မှာ ရာသီဥတုပြောင်းလဲမှု ဇာတ်လမ်းတစ်ပုဒ် ရှိခဲ့ပါတယ်။ ကမ္ဘာအပူချိန် မြင့်တက်လာတယ်။ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ကို နေရာတိုင်း မှာ ခံစားနေရပါတယ်။ ရာသီဥတုပြင်းထန်လွန်းခြင်းက သဘာဝဘေးအန္တရာယ် ဖြစ်လာပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို သိပ္ပံပညာရှင်တွေက ချက်နဲ့ လက်နဲ့ ဖော်ထုတ်ပြနေပါတယ်။ လူနည်းစုနဲ့တင်မကဘူး လူအများစု သိအောင် သတင်းအချင်အလက်တွေကို ရေးသားဖော်ထုတ်ပေးတဲ့ စာအုပ်တွေရှိနေပါတယ်။ အဲ့ဒိစာအုပ်တွေထဲက အချို့ကို ဖတ်ညွှန်းအနေနဲ့ ဖော်ပြပေးတာပါ။ အရိုးသားဆုံးပြောရရင် စာရေးသူကိုယ်တိုင် လိုင်းပေါ်တင်ထားတဲ့ အမြည်းတွေကိုပဲ ဖတ်ဖူးသေးတာပါ။ Being the Change: Live Well and Start a Climate Revolution by Peter Kalmus ပီတာကဲလ်မက်စ် ( ၄၇ နှစ် […]

သဘာဝတရားတွေ ကျပျောက်သွားတဲ့ ရွာကလေး

လျှပ်စစ်မီးတွေ စီးဆင်းလာတော့ မှိတ်တုတ်မှိတ်တုတ် ဘတ်သီးလေးနဲ့ မှိုင်းဝနေတဲ့ရေနံဆီမီးခွက်ကြီးဟာ လွမ်းစရာ… ရေသန့်ဘူး ကြီးကြီးငယ်ငယ်တွေ လမ်းသလားနေကြတော့ မြေအိုးအိုအိုလေးထဲက ရေအေးအေးလေးဟာ လွမ်းစရာ… အသင့်ဖျော် ကော်ဖီမစ်ရောင်စုံတွေ လင်းလက်လာတော့ ခြံထွက် နွားနို့ပူပူလေးဟာ လွမ်းစရာ… အသားတိုးကြက် အသားတိုးဝက်နဲ့ ဆေးထိုးထားတဲ့ စိုက်ခင်းတွေ မျက်နှာရတော့ သဘာဝ ထွက်ကုန်တွေဟာ လွမ်းစရာ… ခလုတ်နှိပ်လိုက်ရုံနဲ့ ရေပိုက်ထဲက ရေကျလာတယ် ပလက်ထိုးလိုက်တာနဲ့ ထမင်းပေါင်းအိုး ဒယ်နီတွေ အလုပ်လုပ်တယ် မီးဖိုချောင်မှာ မီးခိုးထွက်စရာ မလိုတော့ အိုးမည်းတွေ ပေနေတဲ့ အိမ်ရှင်မမျက်နှာလေးဟာ လွမ်းစရာ… ဆိုင်ကယ်တဝီဝီနဲ့ မြို့ရွာတွေ လက်ချင်းချိတ်ထားတော့ ချောင်းကလေးရဲ့အသုံးဝင်ပုံဟာ လွမ်းစရာ… အဲဒီချောင်းကလေးဟာ တစ်ချိန်တစ်ခါတုန်းက နှစ်ထပ်သဘေ်ာတွေ၊ အညာဆန်တွေ ဝါးဖောင်တွေ၊ ပဲ့တောင် မော်တော်ဘုတ်တွေ လှေသဗ္မာန်တွေ အစုန်အဆန်ပြေးလွှားခဲ့တဲ့ ချောင်းကလေးပေါ့.. […]