Author Posts

ရေစီးကြောင်းများပြောင်းလဲခြင်း

ရုံးဆင်းချိန်က ပုံမှန်ငါးနာရီဆိုပေမယ့် ခုလိုကြားရက်တွေမှာ တခြားအလုပ်ကိစ္စရှိရင် လေးနာရီလေးခွဲခန့်ဆို အိမ်ပြန်လို့ရပြီ။ ဒီနေ့လည်း လေးနာရီခွဲကတည်းက ကွန်ပြူတာကို Shut Down ချထားလိုက်တယ်။ တစ်နေကုန် ကွန်ပြူတာ မော်နီတာကို ကြည့်ရလို့ နွမ်းနယ်နေတဲ့ မျက်လုံးတွေကို အနားပေးရင်း မှေးနေမိတယ်။ ” အကို ဒီနေ့ ကျနော့်အိမ် လိုက်ခဲ့ဗျာ” အသံကြားလို့ မျက်လုံးဖွင့်ကြညိ့မိတော့ ရုံးမှာအလုပ်အတူတူလုပ်နေတဲ့ ဒီဇိုင်နာ။ ဘယ်ကိုလဲဆိုတော့။ သူ့အိမ်ကိုတဲ့။ ကျွန်တော်က မလိုက်ဘူးပြော။ သူက ဇွတ်ခေါ်။ ငြင်းလို့မရတော့တဲ့ အဆုံး သူ့အိမ်ကို လိုက်ခဲ့ရတယ်။ သူ့အိမ်က ရန်ကုန်၊ တောင်ဒဂုံ၊ ၁၀၅၊ ၁၀၆ ရဲ့ အပြင်ဘက်ကိုရောက်တယ်။ YBS -7 နတ်စင်ကားစီးပြီး ၁၀၆ လမ်းဆုံမှာ ဆင်းရတယ်။ ကားပေါ်ကဆင်း လမ်းလျှောက်ရတာ ခြေသလုံးတွေ […]

မန္တလေးဝန်းကျင်မှာရှိတဲ့အင်းများသို့၂၀၂၁-၂၀၂၂ အတွင်း ဆောင်းခိုငှက်များ ဝင်ရောက်မှုအခြေအနေ

အောက်တိုဘာတတိယအပါတ်လောက်မှာ ဆောင်းခိုငှက်တို့ရဲ့မူလနေထိုင်သားပေါက်ရာဒေသများဖြစ်ကြတဲ့တိဗက်၊မွန်ဂိုးလီးယား နဲ့တရုတ်ပြည်မြောက်ပိုင်းရပ်ဒေသတွေကနေမုသုံအဆုတ်ဆောင်းဦးရာသီအစမှာပျံသန်းရေးလမ်းကြောင်းနှစ်ကြောင်းအတိုင်းမြန်မာပြည်ကိုဝင်ရောက်လာကြပါတယ်။ဗဟိုရ်အာရှအိန္ဒိယပျံသန်းရေးလမ်းကြောင်းနဲ့အရှေ့အာရှဩစတြေလျပျံသန်းရေးလမ်းကြောင်းတွေအတိုင်းဖြစ်ပါတယ်။အချို့ငှက်တွေကတော့စောရောက်တတ်ပါတယ်။ဗွီပုံ(V)အုပ်စုဖွဲ့လေခိုပျံသန်းကြခြင်းကြောင့်ခရီးမိုင်ပေါင်းများစွာကိုစွမ်းအင်သက်သာစွာနဲ့ရောက်ရှိစေပါတယ်။မုသုံအဆုတ်တိုးဝင်းလာတဲ့မြောက်ပြန်လေကလည်းအထောက်အကူဖြစ်စေပါလိမ့်မယ်။ မန္တလေးမြို့ဝန်းကျင်မှာဆောင်းခိုငှက်တွေကျက်စားတဲ့အင်းအိုင်တွေတော်တော်များရှိပြီးအများစုကတော့ဧရာဝတီမြစ်နဲ့မြစ်ငယ်မြစ်တို့ရဲ့မြစ်ကျိုးအင်းများဖြစ်ကြပါတယ်။ထင်ရှားတဲ့အင်းတစ်ချို့မှာဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေတွေကို၂၀၀၈-၂၀၀၉ကနေယခုနှစ်အထိလေ့လာမှတ်တမ်းတင်တင်ခဲ့ပါတယ်။ဆောင်းခိုရာသီအကြောင်းပြောကြယင်နှစ်ဟောင်းနိုဝင်ဘာကနေနှစ်သစ်မတ်လောက်ဖြစ်တာကြောင့်သက္ကရာစ်နှစ်ခုနဲ့ဖေါ်ပြမှပြည့်စုံပါတယ်။မန္တလေးရဲ့မြောက်ဖက်မတ္တရာနဲ့စဉ့်ကူးမြို့တွေမှာဆောင်းခိုငှက်တွေတွေ့နှိင်တဲ့အင်းတွေရှိပေမဲ့ပုံမှန်မသွားနှိင်ခဲ့ပါ။ ၂၀၀၈လောက်ကနေ အခု၂၀၂၂အထိနှစ်စဉ်ရောက်ရှိလေ့လာဖြစ်တဲ့အင်းတွေကတော့မြစ်ငယ်မြစ်ရဲ့မြစ်ကျိုးအင်းတွေဖြစ်တဲ့တောင်သမန်အင်း၊ပုလိပ်အင်းနဲ့ဘနောအင်းတို့ဖြစ်ကြပါတယ်။တံတားဦးနယ်ထဲ့ကပြူကန်ကိုလဲနှစ်စဉ်ရောက်ပါတယ်။ရှေးမြန်မာမင်းများလက်ထက်ကတည်းကချောင်းမနက်ချောင်းကိုပိတ်ပြီးတစ်ဖက်ပိတ်ဆည်လုပ်ထားတာပါ။နောက်ပိုင်းအထက်ဖက်မှာချောင်းမနက်ဆည်သပ်သပ်လုပ်လိုက်ပြီးပြူကန်ထဲကိုကင်းတားမြောင်းရဲ့နောက်ဆုံးရေပိုစုရေဖြည့်သွင်းပြီးစိုက်ပျိုးမြေများကိုရေဖြန့်ဝေတဲ့အင်းဖြစ်ပါတယ်။ တောင်သမန်အင်း အယင်ကမန္တလေးမြို့ရဲ့တောင်ဖက်အစွန်မှာရှိခဲ့ပေမဲ့အခုတော့လူနေရပ်ကွက်တွေကြားမှာရောက်နေပြီဖြစ်တဲ့တောင်သမန်အင်းမှာဌာနေ နဲ့ဆောင်းခိုငှက်မျိုးစိတ် ၁၁၇ မျိုးတွေ့ရှိရပါတယ်။ရေငှက်၊ရေစပ်နေငှက် နဲ့ကုန်းငှက်မျိုးစိတ်တွေဖြစ်ကြပါတယ်။မျိုးစိတ်အားလုံးကိုရာသီတစ်ခုအတွင်းတွေ့ရခြင်းမဟုတ်ပါ။တစ်ချို့မျိုးစိတ်ကိုတစ်ရာသီသာတွေ့ခဲ့ရပြီးတစ်ချို့ကိုတော့ရာသီတိုင်းတွေ့ရနှိင်ပါတယ်။ဘဲရိုင်းမျိုးစိတ် ၁၅ မျိုးတွေ့ရပြီး ၁၁ မျိုးကဆောင်းခိုဘဲရိုင်းများဖြစ်ကြပါတယ်။ယခုနှစ်မှာတောင်သမန်အတွက်မှတ်တမ်းသစ်ဖြစ်တဲ့ဘဲရိုင်းခေါင်းစိမ်း( Mallard) တစ်ကောင်ကို က်ားမ (Burmese Spot-billed Duck) အုပ်နဲ့အတူတွေ့ရှိရပါတယ်။မြန်မာပြည်မှာတောင်သမန်အင်းမှာပဲတွေ့ရတဲ့ငှက်နုတ်သီးလန်ကိုနှစ်စဉ်ကောင်ရေ ၁၅-၂၅ လောက်လာခဲ့ပေမဲ့ပြီခဲ့တဲ့ရာသီကတစ်ကောင်ပဲတွေ့ခဲ့ရပြီးရက်ကြာကြာမနေခဲ့ပါ။ပြီးခဲ့တဲ့ရာသီက သုံးခြ နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့တွေမှာတွေ့ရှိကြောင်းသိရပါတယ်။ယခုနှစ်ငှက်ရာသီမှာမတွေ့ရသေးပါ။နှစ်စဉ်စင်ယော် ကောင်ရေ ၁၀၀ ကျော်လောက်ဆောင်းခိုလာခဲ့ပေမဲ့ယခုရာသီမှာ ၃ ကောင်ပဲလာတာတွေ့ရပါတယ်။ကောင်ရေထောင်ဂဏန်းအထိဆောင်းခိုရာသီတိုင်းတွေ့ရတတ်တဲ့ ဒေါင်လန်းခြေထောက် (Black-winged Stilt)တွေကလည်းရာဂဏန်းလောက်ပဲတွေ့ရပြီးအရောက်နောက်ကျတာကိုတွေ့ရပါတယ်။ဆောင်းခိုငှက်ဝင်ရောက်မှုအခြေအနေကတော့အဆိုးဆုံးအခြေအနေကိုရောက်ရှိနေတဲ့အင်းဖြစ်ပါတယ်။ ပုလိပ်အင်း မန္တလေးကနေ ၁၃ မိုင်လောက်အကွာမှာရှိတဲ့ပုလိပ်အင်းမှာ ငှက်မျိုးစိတ်ပေါင်း(၁၂၁)မျိုးကိုတွေ့ရှိရပါတယ်။ဆောင်းခိုဘဲရိုင်း(၁၉) မျိုးမှာ (၁၄)ကဆောင်းခိုဖြစ်ပါတယ်။အဲဒီဘဲတွေထဲမှာကမ်ဘာပေါ်မှာကောင်ရေ(၃၅၀)လောက်ပဲကျန်ရှိပြီးမျိုးတုံးလုနီးရေဘဲခေါင်းစိမ်း (Baer’s Pochard)နှစ်ကောင်ကနေလေးကောင်အထိလာရောက်တာတွေ့ခဲ့ရပါတယ်။ယခုနှစ်ဆောင်းခိုငှက်ရာသီမှာလဲသုံးကောင်ခန့်ကိုဇန္နဝါရီလ၁၇-၁၉ – ရက်တွေကတွေ့ရှိခဲ့ပါတယ်။ပုလိပ်အင်းကိုလာတဲ့ငန်းရိုင်းတွေထဲမှာထိပ်ဖြူငန်းရိုင်း အကြီးနဲ့ အေသး (Greater & Lesser White-fronted Goose) […]

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် ပတ်ဝန်းကျင်ပြဿနာ

ဧပြီ ၁ ရက် ကမ္ဘာ့နိုင်ငံအများစုမှာ COVID-19 သက်ရောက်မှုများများကြောင့် ရေနံနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။ အထူးသဖြင့် ခရီးသွားလာခြင်းပိတ်ပင်တာတွေနဲ့ နေအိမ်အတွင်းသာနေထိုင်ဖို့ အစိုးရအသီးသီးရဲ့ ညွှန်ကြားချက်တွေကြောင့် ယာဉ်သွားလာမှုတွေ သိသိသာသာလျော့နည်းခဲ့ပြီး ရေလွှမ်းမိုးမှုများနဲ့ နိုင်ငံတကာရေနံဈေးနှုန်းများ ကျဆင်းခြင်းက စီးပွားရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိကြောင်း တောင်ဆူဒန် နိုင်ငံတော်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။ ဧပြီ ၂ ရက် ဥရောပ မြောက်ပိုင်းဒေသအများစုမှာ ပုံမှန်ဖြစ်စဉ်မဟုတ်တဲ့ ရာသီဥတုကြောင့် အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဧပြီ ၇ ရက် ဝါရွင်တန်သည် အိန္ဒိယနိုင်ငံအစိုးရဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး အစီအစဉ်များကို စိမ်းလန်းဖွံဖြိုးရေးနည်းပညာများနဲ့ လိုအပ်တဲ့ ဘဏ်ဏ္ဍာရေးဆိုင်ရာ ငွေကြေးများကို အတိုင်းအတာတစ်ခုအထိ ထောက်ပံပေးကာ ပံ့ပိုးကူညီလိမ့်မည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဧပြီ ၈ ရက် ကမ္ဘာ့ခေါင်းဆောင် […]

#ဝါးရိပ်

ဝါးပင်ကလေးများ အစီအရီ ပေါက်နေကြသော နေရာလေးတစ်ခု။ ထိုဝါးပင်လေးများအောက်မှာ သစ်သားခုံတန်းလျားလေးနှစ်ခု ဘေးချင်းယှဉ်လျက် တည်ရှိနေသည်။ ကျွန်တော်သည် ထိုခုံတန်းလျားနှစ်ခုထဲမှ တစ်ခုတွင် ထိုင်ကာ စာဖတ်နေခြင်းဖြစ် သည်။ အပြင်မှာ စူးစူးရဲရဲတောက်ပနေသော နေ၏အပူရှိန်သည် ကျွန် တော်ထိုင်နေသည့် ဝါးပင်ရိပ်အောက်သို့ ရောက်မလာခဲ့ပါ။ ထို့ကြောင့် ကျွန်တော်သည် အေးအေးချမ်းချမ်းနှင့် သက်သောင့်သက်သာ စာဖတ်ခွင့်ရနေပါသည်။ စာဖတ်ရသည်မှာလည်း ဇိမ်ရှိလှပါပေသည်။ သြော် အေဟာဝတ ချမ်းသာပေစွ … ချမ်းသာပေစွ။ ကျွန်တော် ထိုကဲ့သို့ စာဖတ်နေစဉ်လေပြည်ညင်းသည် တစ်ခါတစ်ရံ ဝေ့ဝိုက်ကာ တိုက်ခတ်လေ၏။ ထိုအခါ မြေပြင်ပေါ် သို့ ကြွေကျနေသော ဝါးရွက်ကလေးများ ရှက်တိုက်ပြေးလွှားသံကို ကြားရသည်။ ထို့အပြင် အပင်ပေါ် ရွိ ဝါးရွက်အချင်း ချင်း ပွတ်တိုက်သံကိုလည်း ကြားရသည်။ ခပ်လှမ်းလှမ်းရှိ လမ်းမကြီး […]

တောရိုင်းမျိုးစိတ် ၁၀ မျိုး လောက်က မျိုးသုဉ်းဖို့အရမ်းနီးစပ်နေ

တောရိုင်း မျိုးသုဉ်းတယ်ဆိုတာ ကမ္ဘာနဲ့ယှဉ်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ကျက်စားရာဒေသပျောက်ဆုံး လာတာရယ် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာတာရယ်က တောကောင်တွေမျိုးသုဉ်းဖို့အတွက် အဓိက စေ့ဆော်တဲ့ အကြောင်းအရင်းပါပဲ ။ ကမ္ဘာ့ရာသီပြောင်းလဲမှု ကို ကျနော်တို့ ဂရုမစိုက်ဘူးဆိုရင်တော့ သေချာတာက တောရိုင်း မျိုးစိတ် ၆ မျိုး မှာ ၁မျိုး နှုန်း နဲ့ ၁၀စုနှစ် တစ်ခုစီတိုင်းမှာ ပျောက်ကွယ်ကုန် ကြတော့မှာပါ။ ကမ္ဘာ့ တောရိုင်း ရန်ပုံငွေ အဖွဲ့ (WWF) ရဲ့ အစီရင်ခံစာမှာ လက်ရှိ မျိုးသုန်းနေတဲ့ အကောင်တွေထဲမှာ ကြံ့တွေ ၊ ပရိုင်းမိတ် ၆မျိုး နဲ့ ကြောင်ကြီးမျိုး ၂ မျိုးတို့က လုံးဝကို အရေးပေါ် အခြေအနေဖြစ်နေပါတယ်။ ဆာအိုလာ တောင်ဆိတ် မျိုးလို […]

မုံရွေးဆရာတော်၏ ၁၂ လရာသီမိုးဖွဲ့

တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး ။ ကဆုန်အတွင်း၊ မြေသင်းပြန့်ပြန့်၊ မိုးနံနံ့ ။ နယုန်မိုးသေး၊ မြက်သားမွေး ။ ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး ။ ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ။ ရွာပါသော်လည်း မိုးမသည်း။ တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ ။ သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး ။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက် ။ နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ် ။ ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက် ။ တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း ။ တပေါင်းလည်းကူး၊ မိုးသားကျူး ။ #မုံရွေးဆရာတော်

ရှင်အုန်းညို၏ ပတ်ဝန်းကျင်အလှ

အံ့ဩမခန်း ၊ တောထက်ဝန်းတုံ ၊ ငုံသွန်းရွှေသား ၊ စကားထင်းရူး ၊ ဆိပ်ဖလူးနှင့် ၊ ကွမ်းဖူးကံ့ကော် ၊ စွယ်တော်ပရဝါ ၊ ရင်းမာဖက်ဆွတ် ၊ရင်ခတ်သရဖီ ၊ ကတ္တရီမြစ်ကိုင်း ၊ရွှေနှိုင်းပိတောက် ၊ လဲးနှင့်ပေါက်လည်း ၊ တောက်သည့်မီးရောင် ၊ ပြောင်ပြောင်ညီးညီး ၊ ပန်းတောင်ကြီးသို့ ၊ခရီးတောဝယ် ၊ မြိုင်အလယ်နှိုက် ၊ အံဘြယ္သရဲ ၊ မဖြစ်မြဲးတည်း ၊ လွံကဲးဆထက် ၊ စောကြံတက်ကို ၊ အသက်ရှိဟန် ၊ ခါမတန်နှင့် ၊ ခါတန်မွှေးကြူ ၊ အတူတူလျှင် ၊ လုလုဆိုင်းဆိုင်း ၊အားလုံးလှိုင်း၍ ၊ ပင်တိုင်းကင်းငုံ ၊ ကြိုင်နံ့ထုံသည် ၊ ပင်စုံအပွင့်အပွင့်တည်း […]

“ရာသီဥတုဖောက်ပြန်မှုကြောင့် ယူကေရှိ အပင်များဟာ ပျမ်းမျှအားဖြင့် တစ်လစောပြီး ပန်းပွင့်စေကာ တောရိုင်းတိရစ်ဆာန်များ၊ စိုက်ပျိုးရေးနဲ့ ဥယျာဉ်ခြံစိုက်ပျိုးသူများအတွက် လေးနက်တဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်”

ကင်းဘရစ်ချ်တက္ကသိုလ် ပထဝီဌာနပါမောက္ခ Ulf Buntgen ———————————————————— ရာသီဥတုပြောင်းလဲမှုကြောင့် ယူကေတွင် ပန်းများ အချိန်မကျခင် စောပွင့်၊ လျင်မြန်စွာ လိုက်လျောညီထွေမှုမဖြစ်ခဲ့ပါက ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးနိုင် ရာသီဥတုဖောက်ပြန်မှုကြောင့် ယူကေရှိ အပင်များသည် ပျမ်းမျှအားဖြင့် တစ်လစောပြီး ပန်းပွင့်စေကာ တောရိုင်းတိရစ်ဆာန်များ၊ စိုက်ပျိုးရေးနှင့် ဥယျာဉ်စိုက်ပျိုးသူများအတွက်လည်း လေးနက်သော အကျိုးဆက်များ ရှိနိုင်သည်ဟု အင်္ဂလန်ရှိ ကင်းဘရစ်ချ်တက္ကသိုလ်က ပြောကြားခဲ့ပြီး ကိန်းဘရစ်ချ်တက္ကသိုလ်မှ ဦးဆောင်သော သုတေသနအဖွဲ့သည် မှတ်တမ်းတင်ထားသော နိုင်ငံသားသိပ္ပံ ဒေတာဘေ့စ်တစ်ခုကို ၁၈ ရာစုအလယ်ပိုင်းထိ နောက်ကြောင်းပြန် လေ့လာမှုပြုလုပ်ရာတွင် လက်ရှိ ကမ်ဘာကြီးပူနွေးမှုနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဗြိတိန်ရှိ သစ်ပင်ပန်းပင်များမှာ ပုံမှန်ပွင့်ချိန်ထက် တစ္လစော၍ အပွင့်ပွင့်သည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ သုတေသီများသည် Woodland Trust မှထိန်းသိမ်းထားသော Nature’s Calendar […]

ညမွှေးပန်း

သူ့ရဲ့ညင်သာတဲ့ ခြေသံက ညရဲ့ရင်ဘတ်ပေါ် ဖွဖွလေးနင်းလျှောက်…။ သူရဲ့မွှေးအီတဲ့ ကိုယ်သင်းရနံ့က လေပြေရဲ့သွေးကြောထဲ တိတ်တိတ်ကလေးထိုးစိုက်…။ သူ့ရဲ့ဖြူစင်တဲ့မျက်ဝန်းအကြည့်က လရောင်မှာ တလက်လက်ဖိတ်ကျ…။ ညမွှေးပန်း တဲ့ ဥပေက္ခာတရားတွေကြား သူ့အတွက် မေတ္တာတရားဟာ သန်းခေါင်ယံထက် ညဉ့်နက်ခဲ့ရတယ်။ ။ မိုးဟိန်းထက်

မိုးယွန်း​ကြီးရေတိမ်ဒေသမှ ငှက်ကလေးတွေ….

World Wetlands Day 2022 (2-feb) ကမ္ဘာ့ရေတိမ်ဒေသများနေ့အတွက် မိုးယွန်း​ကြီးရေတိမ်ဒေသမှ ငှက်ကလေးတချို့ကိုဖော်ပြပေးလိုက်ရပါတယ်။ Photo by Lin Aung Pyae ကြာဖက်နင်းငှက်ကလေးများ ပျံလွှားငှက်ကလေးများ တင်ကျီးနှင့်ဗျိုင်းကြီးများ ဗျိုင်းကြီး ဗျိုင်းကြီးနှင့်ကျွဲကျောင်းဗျိုင်း ခရုစုပ်ငှက်နှင့်ဒေါင်းလန်းခြေထောက်ငှက်များ ခရုစုပ်ငှက်များ စစ္စလီများ ရေညှောင့်ငှက် မယ်ညိုငှက်များ ငဟစ် မြစ်တွေးငှက် ဥပန်းငှက်