Author Posts

လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

(၁) ရန်ကုန်မြို့နယ် ၆ မြို့နယ်ရှိ နေရာ ၉ နေရာတွင် လေထုညစ်ညမ်းမှုတိုင်းတာမှုအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ချုပ်(WHO) ၏ စံသတ်မှတ်ချက်ထက်ကျော်လွန်ပြီး လေထုညစ်ညမ်းနေကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက် ရသည်။ လေထုညစ်ညမ်းမှုကို စက်မှုဇုန်နေရာများ၊ ယဉ်ကြောသွားလာမှုများသည့်နေရာများဖြစ်သော ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကျောက်တံတားမြို့နယ် ဆူးလေ လမ်းဆုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် စိမ်းလန်း အမိမြေ အသင်းကတိုင်းတာခဲ့ခြင်းဖြစ်သည်။ စိမ်းလန်းအမိမြေအသင်းသည် လေထုညစ်ညမ်းမှုတိုင်းတာခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည်။ ထိုသို့တိုင်းတာခဲ့သော နေရာများ အနက် ကြည့်မြင်တိုင်မြို့နယ်သည် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်နေသည်။ ယင်းနေရာများတွင် လေထုညစ် ညမ်းမှုကို ဖြစ်ပေါ်စေသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် […]

ပွင့်နှစ်သွယ်

ကောက်ယဉ်နှင့် ခွာညို မိမိငယ် ဘယ်ဟာကြိုက်တယ် မေးလိုက်ပါဆို။ ငွေနှင်းက စိုစိုမွာ ခွာညိုက ယဉ်ကြော့။ ကောက်ယဉ်ဆန်းပြန်တော့ ဘယ်ပန်းရယ် မယ်မရွေးနိုင်ဘူး ပွင့်နှစ်သွယ် ဆင့်သွယ်ထွေးကာ မွှေးမိပြီပေါ့။ ။ #နုယဉ်

စိတ်အပန်း​ဖြေ ခရီးထွက်ရင်း ဇီဝမျိုးကွဲ ထိန်းသိမ်း​ရေး မှာ ပါဝင်ကူညီလို့ ရတယ်

အ​မေရိကားနိုင်ငံ အနှံ့မှာ ​နွေဦး​​ပေါက်ချိန်ဆို Outdoor Recreation အပြင်ထွက်ရတာ နှစ်သက်တဲ့သူ​တွေက လွင်ပြင် ​တွေ ​တော ​တွေ ​တောင်​တွေ မြင်ကွင်း​ကောင်းတဲ့ ​​နေရာ​တွေ လမ်း​လျှောက်ထွက်ရင်း ​ကောင်းကင်မှာ ဖြတ်သန်းပျံလွှားတဲ့ ငှက်​တွေ ​စောင့်ကြည့်ခြင်းဖြင့် စိတ်အ​ပန်း​ဖြေစရာ ရှာကြတဲ့ အ​လေ့အထ ရှိပါတယ် ​Autumn ဆောင်းရာသီဝင်စအချိန်မှာ ​ရာသီဥတု​အေးတဲ့ ​မြောက်ဝင်ရိုးစွန်း နဲ့ နီးတဲ့ က​နေဒါနိုင်ငံဘက်က ငှက်​တွေက ရာသီဥတုသက်သာတဲ့ အ​မေရိကန်ပြည်​ထောင်စု​တောင်ပိုင်း မက္ကဆီကို နှင့် အ​မေရိကအလယ်ပိုင်း ​ဒေသ ​တွေမှာ လာ​ရောက် ​ဆောင်းခို​လေ့ ရှိကြတယ် (မြန်မာနိုင်ငံ မှာဆို ရုရှား အစရှိတဲ့ ​ဒေသက ငှက်​တွေ လာ​ရောက်​ဆောင်းခိုတယ်) ​Spring နွေဦး​ပေါက်ပြီဆို ဌာ​နေ ကို ပြန်ကြတယ် ​နွေဦး နဲ့ […]

ကမ္ဘာပေါ်မှာ တစ်နှစ်ကို ဝေလငါး ၃သိန်းလောက် သေဆုံးနေလို့ မျိုးတုန်းသွားနိုင်တယ် လို့ဆို

ကမ္ဘာ့ အကြီးဆုံးရေနေသတ္တဝါတွေဖြစ်တဲ့ ဝေလငါးတွေက ကမ္ဘာပေါ်မှာ အကောင်ရေ ၁သန်းခွဲ လောက်ပဲကျန်ပါတော့တယ်။ ၁၉၈၆ ခုနှစ်ကတည်းက ဝေလငါးကို စီးပွားဖြစ် အမဲမလိုက်ရဘူးလို့ ဥပဒေနဲ့ တားမြစ်ထားပေမဲ့ ဝေလငါးအကောင်ရေ က တိုးမလာတဲ့အပြင် လျော့လာနေတဲ့ အတွက်ကြောင့် လေ့လာမှုတွေကို လုပ်ရာမှာတော့ ဝေလငါးတွေက သဘောၤကြီးတွေနဲ့ တိုက်မိပြီး သေဆုံးကုန်ကြတာကြောင့် ဖြစ်တယ်လို့ သိလာရပါတယ်။ ဝေလငါးတွေက အစားရှာဖို့နဲ့ မျိုးဖောက်ဖို့ ရေပေါ်တက်လာချိန်မှာ သဘောၤကြီးတွေ နဲ့ တိုက်မိပြီး ဒဏ်ရာတွေ ရကာ သေဆုံးကုန်ကြပါတယ်။ ၁၉၉၂ ကနေ ၂၀၁၂ အထိ နှစ် ၂၀ အတွင်းမှာ သဘောၤတွေနဲ့ ဝေလငါးတွေ တိုက်မိပြီးသေဆုံး တဲ့အရေအတွက် က ၄ ဆ တက်လာတယ်လို့ ကမ္ဘာ့ ရေကြောင်း မတော်တဆဖြစ်မှု […]

မနှစ်က ဖလော်ရီဒါမှာ ရေနွားတွေ စံချိန်တင်သေဆုံး မှုဖြစ်ပွား

ရေနွားတွေက အပင်စားနို့တိုက်သတ္တဝါတွေဖြစ်ပါတယ်။ ပျှမ်းမျှအားဖြင့် သက်ကြီး ရေနွားတစ်ကောင်က ၁၃ပေလောက်ရှည်ပြီး ပေါင် ၁ထောင်ကျော်လေးပါတယ်။ ရေချိုပင် ရေငံပင် အမျိုး ၆၀ လောက်ကိုစားသုံးပြီး ရေတိမ်ပိုင်းမှာနေပါတယ်။ ကာရစ်ဘီယံပင်လယ်၊ မက္ကဆီကိုပင်လယ်ကွေ့ ၊ အမေဇုံ မြစ်ချောင်များ နဲ့ အာဖရိကအနောက်ပိုင်း ဒေသတွေမှာ အဓိက ကျက်စားပါတယ်။ ရေနွားသေဆုံးမှု အများစုကိုလေ့လာမယ်ဆိုရင် လူသားတွေ စွန့်ပစ်လိုက်တဲ့ ပလက်စတစ်လို အရာတွေကို စားမိတာရယ် ၊ သူတို့ ကျက်စားရာဒေသ ဖျက်စီးခံလိုက်ရတာတွေရယ်ကြောင့် ဖြစ်ပါတယ်။ သူတို့က လှုတ်ရှားမှု နှေးကွေးတဲ့အတွက်ကြောင့် သဘောၤတွေ ၊ စက်တပ်လှေတွေရဲ့ ပန်ကာနဲ့အခုတ်ခံရတာက များပါတယ်။ သေဆုံးသွားတဲ့ ရေနွားတစ်ကောင်ကို ကြည့်မယ် ဆိုရင် သူတို့ ခန္တာကိုယ်မှာ ပန်ကာနဲ့ အခုတ်ခံရတဲ့ ဒဏ်ရာ အနည်းဆုံး အချက် […]

မွေးမြူရေးလုပ်ငန်းက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဆက်စပ်နေလို့ အသားလျှော့စားဖို့ စပိန်ဝန်ကြီးတိုက်တွန်း

ကမ္ဘာကြီးရဲ့ ရာသီပြောင်းလဲမှုဒဏ်ကို သိသိသာသာ ခံစားနေရတဲ့ နေရတစ်ခုကတော့ မြေထဲပင်လယ်ဒေသ အတွင်း မှာ ပဲဖြစ်ပါတယ်။ မိုးရွာသွန်းမှုနည်းပါးသွားတာရယ် ၊ နှစ် ၆၀ အတွင်း အပူချိန် ၁.၃ ဒီကရီ ဆဲစီယက် တိုးလာတာရယ် တွေကို လက်တွေ့ရင်ဆိုင် နေရပါတယ်။ စပိန်ကုန်သွယ်ရေးဝန်ကြီးက စပိန်တွေ အသားစားကျူးတာနဲ့ ပတ်သက်ပြီး လျှော့ချပေးဖို့နဲ့ အပင်ထွက် စာောက်ကုန်တွေကို ပိုစားပေးဖို့အတွက် တိုက်တွန်းထားပါတယ်။ အသားအစားများရင် မွေးမြူရေး လုပ်ငန်ကြီးတွေကို ထုနဲ့ ထည်နဲ့ လုပ်ကိုင်ရပါတယ်။ မွေးမြူရေးလုပ်ငန်းတွေက မီသိန်းအပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့တွေကို အမြောက်အများ ထုတ်လုပ်ပါတယ်။ အဲ့ဒိဓာတ်ငွေ့တွေက အပူကို စုပ်ယူထားတဲ့အတွက်ကြောင့် ကမ္ဘာကြီးရဲ့ အပူချိန်က တက်လာတော့ တာပါပဲ။ကမ္ဘာကြီးပူနွေးလာတဲ့အခါမှာ ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ရာသီဥတုပြောင်းလဲမှု ရဲ့ နောက်ဆက်တွဲမှာ လူသားတွေအတွက် […]

ပြင်သစ်ကတော့ အသီးအရွက်တွေကို ပလက်စတစ်နဲ့ မထုပ်ဖို့ စ တားပြီ

ဒီအပတ်စနေနေ့ ကစပြီး ပြင်သစ်နိုင်ငံမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပလက်စတစ်နဲ့ မထုပ်ပိုး ဖို့အတွက် အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကုန်ပစ္စည်းထုပ်ပိုးတဲ့ လုပ်ငန်တွေအားလုံးကိုလည်း ဒိအမိန့်ကို ဖြန့်‌ဝေထားတယ်လို့လည်း သိရပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား‌တွေက အဲ့လို သမ္မတက အမိန့် ထုတ်ပြီး တားမြစ်ဖို့အတွက် နှစ်ပေါင်းများစွာ ကြို ပမ်းရကျိုး နပ်သွားပါတယ်။ သမ္မတ မာခွန်ကလည်း လက်တွေ့ကျပြီး ဖြစ်နိုင်တဲ့ တောင်ဆိုချက်ဖြစ်လို့ ထောက်ခံမှု အပြည့်ပေးလိုက်ပါတယ်။ အမိန့်ကို ထုတ်လိုက်တယ်ဆိုပေမဲ့ ဥပဒေအဖြစ် ၂၀၂၆ ရောက်မှ စတင်ကျငိ့သုံးမှာဖြစ်ပြီး နောက် ၆လ အတွင်း အမိန့်ကို အတိအကျလိုက်နာစရာ မလိုသေးဘူးလို့လည်း ဆိုပါတယ်။ သစ်သီးဆိုင် ပိုင်ရှင် အချို့ကတော့ အဲ့ဒိသမ္မတ က ဘယ်တုန်းကမှ တိုင်တိုင်ပင်ပင် မရှိဘူး .။ ကျနော်တို့နဲ့ […]

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်

ဇန္နဝါရီ ———– ၂၀၂၁ ဇန္နဝါရီလကေတာ့ ၂၀၂၀ အတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုးရွားပြင်းထန်သော ရာသီဥတုဖြစ်စဉ်များနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ရေတွက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းကိုကြည့်ပါက ကယ္လီဖိုးနီးယားသဟာ ၎၏ နှစ်စဉ် တောမီးထက် နှစ်ဆကျော်ဖြစ်တဲ့ ဟက္တာ (၄.၁ ဧက)ကျော် လောင်ကျွမ်းခဲ့ပာတယ်။ နာဆာကလည်း ၂၀၂၀ ဟာ စံချိန်တင်အပူဆုံးနှစ်ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကလည်း ၂၀၂၁ အတွက် ပိုမိုကောင်းမွန်တဲ့ ရာသီဥတုအကျပ်အတည်း ဖြေရှင်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးတာတွေ မရှိခဲ့ပါဘူး။ ၂၀၂၁ ရဲ့ အဦးဆုံးလ ဇန္နဝါရီထဲမွာ မလေးရှားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ၆ ဦးသေဆုံးကာ ၅၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ […]

နှင်းကျနေခြင်း

ရေဒီယိုအစီအစဉ်မှာ နှင်းများကျနေခြင်းကို မီးလောင်ခြင်းသတင်းက ဖုံးလွှမ်းသွားတယ်။ လောကဓံရှစ်ပါးထက် ပိုတဲ့အပူပဲ အခြားသူတွေဆိုသော်ငြား ကိုယ့်စိတ်ထဲထိ ကူးစက်လောင်ကျွမ်းတယ်။ သဘာဝရဲ့အေးစက်ခြင်းကို မဖွဲ့နွဲလိုတော့ပါ နှင်းတွေရဲ့အပူကို အလွမ်းနဲ့ ငြိမ်းသတ်နေရတယ်   ပိုင်သစ်နွယ် 8:17AM Wed, Dec.29.2021 Photo-#crd

ကမ္ဘာ့အကြီးဆုံး နှင်းလျှောစီး စခန်းကြီး ၂ခုကတော့ ပျက်သွားပြီ

သြစတြီးရီးယားနိုင်ငံ အဲလ်ပတ် တောင်တန်းကြီးပေါ်မှာရှိတဲ့ ကမ္ဘာအကြီးဆုံး နှင်းလျှောစီး စခန်းကြီး ၂ ခုဖြစ်တဲ့ ပစ်ဇတယ် နဲ့ အော့ဇတယ် တို့မှာ နှင်းတွေအရည်ပျော်လို့ နှင်းလျှောစီးတဲ့ အားကစားလုပ်ငန်းတွေ ရပ်ထား ရပါတယ်။ အခုဆိုရင် ကမ္ဘာကြီး ပူနွေးလာမှု က သိသိသာသာကို ရိုက်ခတ်လာတယ်လို့ မြင်လာရပါပြီ ။ နှင်းပြင်တွေ ပါးလျားလာလို့ နှင်းလျှောစီးတဲ့ အားကစား မလုပ်ရတာလောက်နဲ့ မဟုတ်ရပါဘူး ။ ဒီနှင်းပြင်ကြီးကို မှီတင်း နေတဲ့ဇီဝမျိုးကွဲတွေကလည်း ကျက်စားရာဒေသ ပျက်စီးမှု ပြုလာတယ်လို့ လည်းပြောရမှာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၈၀၀ ကျော်မှာ ရှိတဲ့ အဲ့ဒိနှင်းလျှောစီး စခန်း ၂ခုက ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်မှု တအားကောင်းတဲ့အပြင် အဲ့ဒိနေရာတွေမှာ ကောင်းကင်ရထားတွေ ၊ ဘားတွေ […]