အလွမ်းကုထုံး
နှင်းတောတိုးတဲ့လရောင် အလင်းက ပုလင်းခွံထဲကမြို့ပြ ဆောင်းတွင်းကြီး ရေငတ်တယ် လပြည့်ညမှည့်မှည့်ကြီး လရောင်ကဘယ်ကိုမှမစီးဘူး ဘုရားရင်ပြင်တော်မှာနှင်းတွေ။ တိုးနှောင်မိုး ၁၈.၁၂.၂၀၂၁ နတ္တော်လပြည့်ည photo- crd
နှင်းတောတိုးတဲ့လရောင် အလင်းက ပုလင်းခွံထဲကမြို့ပြ ဆောင်းတွင်းကြီး ရေငတ်တယ် လပြည့်ညမှည့်မှည့်ကြီး လရောင်ကဘယ်ကိုမှမစီးဘူး ဘုရားရင်ပြင်တော်မှာနှင်းတွေ။ တိုးနှောင်မိုး ၁၈.၁၂.၂၀၂၁ နတ္တော်လပြည့်ည photo- crd
သစ်တောများမှထွက်ရှိသော သဘာဝအရင်းအနှီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုထံ ငွေပေးချေရန် သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ဘော်နီယိုကျွန်းရှိ ဌာနေတိုင်းရင်းသား ခေါင်းဆောင်တစ်ဦး က မလေးရှား ဆာဘာ ပြည်နယ် ကို တရားစွဲလိုက်တယ်လို့ သိရပါတယ်။ ဘောနီယိုကျွန်းဆိုတာ နိုင်ငံ ၃ နိုင်ငံ ပိုင်တဲ့ ကျွန်းကြီး တစ်ကျွန်း ဖြစ်ပါတယ်။ မလေးရှားရဲ့ ဆာဘာ နဲ့ ဆရာဝက်ပြည်နယ် ၂ခု ၊ အင်ဒိုနီးရှားရဲ့ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ကလီမန်တန် ပြည်နယ် ၄ ခုနဲ့ ဘရူနိုင်း နိုင်ငံတို့ပါဝင်ပါတယ်။ ကျွန်မကြီးရဲ့ မြေက်ဖက်အစွန်မှာရှိတဲ့ ဆာဘာပြည်နယ်က ဖွံ့ဖြိုးမှု ပိုရှိပြီး သဘာဝသယံဇာတတွေကို အများဆုံး ထုတ်ယူသုံးစွဲ တဲ့ နေရာဖြစ်ပါတယ်။ […]
ကျနော်တို့ သိထားတဲ့ မှို တွေကို သိပ္ပံပညာရှင်တွေက မှိုဆိုတာ တစ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဘတ်ဂျက်ကို စီမံခန့်ခွဲဖို့ ၊ ပျက်စီးနေတဲ့ ဂေဟစနစ်ကို ပြန်လည် ထူထောင်ဖို့ ၊ ညစ်ညမ်းနေတဲ့ မြေဆီလွှာတွေကို ပြန်လည်ပြုပြင်ဖို့ နဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ကူးပြောင်းမှုကို အရှိန်မြှင့်ပေးနိုင်တဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အဖိုးတန်ရတနာတွေလို့ ရှုမြင်ကြပါတယ်။ သူတို့ က ပဏမ ခြေလှမ်းတစ်ရပ်အဖြစ်နဲ့ DNA နဲ့ ယန္တယားလေ့လာမှု နည်းစနစ်ကို အသုံးပြုပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ မှိုကျွင်းတွေကို မှတ်တမ်းပြုပြီး ကွန်ယက်ကိုလေ့လာဖို့ ကြိုးပမ်းအားထုတ်မှုကို စတင်လိုက်ပြီဖြစ်ပါတယ်။ နောက်ပြီးသူတို့က မှို ဇီဝမျိုးကွဲများနဲ့ မှိုကျွင်းတွေကို မှတ်တမ်းလုပ်ပြီး ကွန်ယက်ဖွဲ့စည်းမှု ပုံစံကိုဖော်နေပါပြီ။ မှို ပညာရှင်တွေကတော့ မှိုတွေကိုထိန်းသိမ်းတာက မြေအောက်မှာရှိတဲ့ မြေဆီအရည်အသွေးကို ကို […]
ကာတွန်း-အဲမုခ
မနှစ်က သတင်းစာတစ်စောင်မှာ ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကြီးနဲ့ ပတ်သက်တဲ့ သတင်း တစ်ပုဒ်ကို ဖတ်လိုက်မိတယ်။ အဲဒါကတော့ ရန်ကုန်တက္ကသိုလ်ရဲ့အထင်ကရ အမှတ်အသား တစ်ခုဖြစ်တဲ့ သစ်ပုပ်ပင်ကြီးကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်တဲ့ သတင်းပဲဖြစ်တယ်။ ရန်ကုန် မြို့ပြ အမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြားကို ၂၀၁၄ ခုနှစ်ကစတင်ပြီး မြို့တော်ခန်းမကို စတင် တပ်ဆင်ခဲ့တယ်။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ကူညီအားပေးမှု၊ အလှူရှင်တွေရဲ့ ငွေကြေးမတည်မှုတို့နဲ့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့( YHT )က တာဝန်ယူဆောင်ရွက်တာ ဖြစ်တယ်။ ၃၂ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ၆.၉.၂၀၁၉ နေ့က ရန်ကုန်တက္ကသိုလ်ကြီးရဲ့ သိပ္ပံဆောင်အနီးမှာရှိတဲ့ သစ်ပုပ်ပင်ကြီးကို တပ်ဆင်ခဲ့တယ်လို့ သိရတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့တာဆိုတော့ […]
နိုဝင်ဘာလ ၂၆ ရက်နေ့ က ကျင်းပခဲ့တဲ့ COP၂၆ ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ ဝင်ငွေမြင့်တဲ့ နိုင်ငံတွေ စုပေါင်းပြီး ရာသီပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်မယ်ဆိုတာ စတင် အကောင်အထည်ပေါ်လာပါပြီ။ ပထမအဆင့်အနေနဲ့ ၂၀၂၃ အတွက် ဘတ်ဂျက်စီမံခန့်ခွဲမှုကို စတင်ရေးနေပါပြီ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကတော့ ညီလာခံ ဆုံးဖြတ်ချက်ချထားတဲ့ ကန်ဒေါ်လာ သန်းထောင်ပေါင်း ၁ သိန်း( ၁၀၀ ဘီလီယံ ) ကိုဘယ်လို ခွဲမယ်ဆိုတာကို စိတ်ဝင်စားနေကြပါတယ်။ ဂလက်စကို ညီလာခံ ရဲ့ ပွဲစီစဉ်သူ ယူကေက ရီရှီဆူနက်ကတော့ “ ကျနော်တို့ ဆီကို ရန်ပုံငွေတွေ စတင် ဝင်နေပါပြီ ။ ကျနော်တို့ အဲ့ဒိပိုက်ဆံတွေကို သုံးဖို့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက […]
အမေရိကားက လူဦးရေ အထူးထပ်ဆုံး ဆိုတဲ့ မြို့တွေထဲက တစ်မြို့ ဖြစ်တဲ့ နယူယောက်မြို့က မြေမျက်နှာအသွင်အပြင် အခြေအနေအရ ၂၀ ၅၀ ခုနှစ်ဆိုရင် မြို့ရဲ့ အစိတ်အပိုင်းတော်တော်များများ ရေအောက်ကို ရောက်သွားနိုင်တဲ့အတွက်ကြောင့် မြို့ စည်ပင်က ဒေါ်လာ သန်းထောင်းပေါင်းများစွာ သုံးပြီး ပြင်ဆင်မှုတွေကို လုပ်နေရပါတယ်။ ကမ်းခြေအရှည် ၈၃၆ ကီလိုမီတာရှိတဲ့ နယူယောက်မြို့က ၂၀၅၀ ကိုရောက်လျှင် အနည်းဆုံး ၈ လက်မကနေ အများဆုံး ၂ပေခွဲကျော်အထိ ပင်လယ်ရေမျက်နှာပြင် မြှင့်တက်မှု ကို တွေ့ကြုံရမယ်လို့ ပညာရှင်တွေက ခန့်မှန်း တွက်ချက်ပြထားပါတယ်။ သေချာတာက နယူယောက်မြို့ က သဘာဝဘေးအန္တရာယ် ကို ရင်ဆိုင်နေရတဲ့ မြို့ ထဲက တစ်မြို့ဖြစ်နေတာပါပဲ။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ ကမ္ဘာကြီး ပူနွေးလာမှုကို […]
နယူးယောက်ခ် က ဘရွန့်စ် တိရစ္ဆာန်ဥယှာဉ်မှာ ကမ္ဘာ့အကြီးဆုံး ဖွတ်မျိုးဖြစ်တဲ့ ကိုမိုဒို ဒရဂွန် ၆ကောင် ဥပေါက်လို့ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေ ဝမ်းသာအားရ ပွဲခံကြပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်ပြီးဖြစ်တဲ့ အဲ့ဒိတိရိစ္ဆာန် ဥယျာဉ်မှာ ပထမဆုံး ကိုမိုဒိုဒရဂွန်တွေကို သားဖောက်နိုင်ပြီး ဖြစ်လို့ အထိမ်းအမှတ် ပွဲလုပ်ခဲ့ကြတာပါ။ ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ကိုမိုဒို ဒရဂွန် အကောင်ရေ က ၂၅၀၀ ပဲ ရှိတော့တာပါ။ အဲ့ဒိအထဲမှာ အမကောင်ရေက ၃၅၀ ပဲ ရှိပါတယ်။ အခုလို သားဖောက်နိုင်ပြီးဆိုရင် မျိုးတုံးတော့မယ့် အဲ့ဒိဖွတ်ကြီး မျိုးတွေ ကို ထိန်းသိမ်းနိုင်တော့မှာ ဖြစ်လို့ ဝမ်းသာနေကြတာပါ။ ကိုမိုဒိုတွေက အင်ဒိုနီးရှား မျိုးရင်းတွေ ဖြစ်ပါတယ်။ တစ်ကောင်နဲ့ တစ်ကောင်ရန်လိုတဲ့ အကောင်တွေဖြစ်ပြီး […]
ဒီဇင်ဘာဆောင်းဆိုတော့ အေးစိမ့်လာတတ်တဲ့ ညတွေကို ဘယ်လိုမှ ငြင်းလို့မရဘူး။ရေနွေးပူပူ တစ်ခွက်ပြီးတစ်ခွက် သောက်ရင်းသာ အအေးဒဏ်ကို ရနိုင်သမျှ တွန်းလှန်နေခဲ့မိတယ်။ ဒါပေမဲ့လည်း ခဏပဲ နွေးသလို ခံစားလိုက်ရတယ်။ အေးစိမ့်လာတဲ့ ညအစိုင်အခဲကိုတော့ ဖျော်ချမပစ်နိုင်ခဲ့ဘူး။ ညဦးပိုင်းလောက်ကတည်းက အေးလာတဲ့ အအေးဓာတ်က ညနက်လာလေလေ အေးလာလေလေဆိုတော့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့အတွက် မလွယ်ကူတော့။ဖျာကလည်း အေးစက်။ကိုယ့်ခန္ဓာက အသားတွေကလည်း အေးစက်။ဖတ်လက်စစာအုပ် ကိုင်ကြည့်တော့လည်း အေးစက်လို့နေတယ်။ဒီလိုနဲ့ပဲ အိပ်စက်ခြင်းဆိုတာထက် စာဖတ်ခြင်းဆီကိုသာ စိတ်က အမြဲ ရောက်နေခဲ့တယ်။စာအုပ်ရဲ့ မျက်နှာဖုံးနဲ့ နောက်ကျောဖုံး အေးစက်နေတာကိုတော့ သည်းခံနိုင်ပါတယ်။စာအုပ်ကိုင်ထားရင်းနဲ့ တစ်ခါတစ်ရံမှာ လက်တွေအေးစက်ထုံကျင်လာသလား ထင်မှတ်ရတယ်။စာအုပ်ကို ရင်ဘတ်ပေါ် ခဏတင်ပြီး လက်ဖဝါးနှစ်ဖက်ကို ဆုပ်လိုက်ဖြန့်လိုက်နဲ့ လက်ပူတိုက်ရပြန်တယ်။ဒါပဲ တက်နိုင်တယ်လေ။အတော်လေး နွေးလာတယ်ထင်တော့မှ စာအုပ်ကို ပြန်ကိုင်ဖတ်ဖြစ်တော့တယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပူလောင်အိုက်စပ်ခဲ့တဲ့ ညတွေကို […]
တောင်ကိုရီးယားသည် တောင်ကုန်းတောင်တန်း ပေါများသည့် နိုင်ငံဖြစ်ကာမြေပြန့်လွင်ပြင် ရှားပါး သည်။ ဆိုးလ်မြို့အတွင်း၌ပင် အတော်အတန်မြင့်သည့် တောင်များကိုတွေ့ရသည်။ သစ်တောသစ်ပင် ပေါက်ရောက် ရန် ခက်ခဲသောကျောက်တောင်များလည်းပါဝင်သည်။ သို့သော် ရောက်ရှိခဲ့သည့်နေရာတော်တော်များများတွင် သစ်တောသစ်ပင်များကိုအလေးပေးထိန်းသိမ်းထားကြောင်းတွေ့ခဲ့ရသည်။ တည်းခိုခဲ့ရသည့် ဟိုတယ် ပေါ်မှ ကြည့်ပါကနေရာတိုင်းတွင် သစ်ပင်များဖြင့် စိမ်းစိုနေသောမြင်ကွင်းများကိုသာ မြင်ခဲ့ရသည်။ လူသွားလမ်းများပေါ်၌ပင် ပေါက်ရောက်နေသောသစ်ပင်များကိုပင် အလေးပေးထိန်းသိမ်းထားကြောင်းတွေ့ရသည်။ အဝေးပြေးလမ်းများတွင်သာမက မြို့တွင်းလမ်းများဖောက်လုပ်ရာတွင်လည်းတောင်များကို ဖြိုချခြင်းမျိုးမလုပ် ဘဲတောင်အောက်မှ လိုဏ်ခေါင်းတည်ဆောက်ပြီးဖောက်လုပ်ထားသည်။ ပြန်လည်ရရှိရန်မလွယ်ကူသောသဘာဝပတ်ဝန်းကျင်ကိုဖွံ့ဖြိုးတိုးတက်မှု၏ တောင်းဆိုမှုကြောင့် မပျက်စီးအောင် နည်းလမ်းရှာဖြေရှင်းခြင်းဟုဆိုရမည် ထင်သည်။ လူနေအိမ်များတည်ဆောက်ရာတွင်လည်းတောင်များကိုမဖြိုဘဲတောင်စောင်းများတွင် အဆင်ပြေအောင် ဆောက်လုပ်ထားကြသည်။ နေရာအချို့ဆိုလျှင် တောင်စောင်းအတိုင်းကားဖြင့်တက်သွားရပြီးလမ်းကိုလည်းအုတ်ကြွပ်များဖြင့် ခင်းထားသည်ကိုတွေ့ရသည်။ ဥရောပမြို့တစ်မြို့သို့ ရောက်သွားသည့်အလားခံစားခဲ့ရသည်။ တက်ရောက်ခဲ့ရသည့်မီဒီယာဖိုရမ်သို့ လာရောက်ဟောပြောခဲ့သည့် ဆိုးလ်မြို့ရှိတက္ကသိုလ်မှ ပါမောက္ခတစ်ဦးကတောင်ကိုရီးယား၏ ဦးစားပေးရည်မှန်းချက်များထဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကာဗွန်ထုတ်လွှတ်မှုလျော့ကျရေးများပါဝင်ကြောင်းပြောပြသည်။ သစ်ပင်ပေါက်ရန် ခက်ခဲသောကျောက်တောင်များ၌ပင် မြေဆီလွှာဖြစ်ပေါ်လာအောင် ဖန်တီးကာသစ်ပင်စိုက်ကြကြောင်းရှင်းပြသည်။ ၄င်းက […]