Author Posts

လျှပ်စစ်ကား ( EV )တွေ အတွက် အားဖြည့်တိုင် လုပ်ငန်းသစ် အင်္ဂလန်မှာတွင်ကျယ်လာပြီ

EV ( electrical vehicle ) လို့ ခေါ်တဲ့ လျှပ်စစ်ကားထုတ်လုပ်မှု ၊ တင်သွင်းမှု နဲ့ သုံးစွဲမှုတွေကို အင်္ဂလန်နိုင်ငံမှာ အကျယ်တဝင့် ခွင့်ပြုလာပြီ ဖြစ်လို့ လျှပ်စစ်ကားတွေကို အားဖြည့်ဖို့အတွက် တိုင် ( သို့ ) ခုံ လုပ်ငန်းတွေက အင်္ဂလန်ရဲ့ စီပွားရေး လုပ်ငန်းတစ်ခုအဖြစ် တွင်ကျယ်လာပါပြီ။ လာမယ့်နှစ်မှာ အင်္ဂလန်နိုင်ငံက အဆောက်အအုံတော်တော်များများ မှာ အားဖြည့်ခုံတွေ တပ်ဆင်ဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို ဝန်ကြီးဘောရစ်ဂျွန်ဆင်က တွေ့ဆုံဆွေးနွေးပြီး ညွှန်ကြာချက်တွေ ပေးခဲ့ပါတယ်။ ပြီးရင် အစိုးရပိုင်း က ပေးရမယ့် အကူအညီတွေကိုလည်း လုပ်ငန်းလည်ပတ်ရင်း တောင်းခံခွင့် ကို ပေးလိုက်ပါတယ်။ လာမယ်နှစ်ကနေစပြီး တည်ဆောက်တဲ့ အိမ်တိုင်းမှာ လျှပ်စစ်ကားတွေအတွက် အားဖြည့်ခုံတွေ ပါဝင်ရမယ် […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၉)

#မန်တာဇာမြစ်(Mantaza-Riachuelo River) —————————————- တောင်အမေရိကတိုက်၏ အညစ်ညမ်းဆုံးမြစ်ဖြစ်သော အာဂျင်တီးနား၏ အရေးပါသောမြစ်သည် လွန်ခဲ့သောနှစ်များကတည်းက နိုင်ငံတော်အဆင့် စီမံကိန်းရေးဆွဲကာ မြစ်ဝှမ်းနှင့် မြစ်ကြောင်းတလျှောက် ပြန်လည်သန့်ရှင်းရေးလုပ်ငန်းများကို တစိုက်မတ်မတ်ပြုလုပ်ခဲ့သည့် ယခင်ကလောက် မညစ်ညမ်းတော့သော်လည်း ၂၀၂၀ ခုနှစ် စစ်တမ်းများအရ မြစ်သည် ကမ်ဘာ့အညစ်ညမ်းဆုံးမြစ်များစာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်။ မြစ်တစ်ဝိုက်တွင် တည်ရှိနေသော စက်ရုံများစွာက မြစ်အတွင်း အမှိုက်နှင့် အညစ်အကြေး တန်ချိန် သန်းပေါင်းများစွာကို မြစ်အတွင်း နေ့စဉ်နီးပါး စွန့်ပစ်နေကြသည်။ တာဝန်ရှိသူများက မြစ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေသော စက်ရုံများကို ပိတ်ပင်ခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်မှုများရှိသော်လည်း အခြေအနေကို ထိန်းချုပ်၍မရသေးပေ။ မြစ်ဘေးရှိ ဓာတုဗေဒစက်ရုံများမှ ထုတ်လွှတ်သော ဓာတုအဆိပ်ငွေ့များ၊ အဆိုပါစက်ရုံများမှလာသော သတ္တုဓာတ်များဖြစ်သည့် ပြဒါးနှင့် ခဲမ်ား ရေထဲတွင် စိမ့်ဝင်စီးမျောနေခြင်းကလည်း မြစ်ကိုမှီခိုနေရသည့် […]

ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်အောင်မလုပ်တဲ့ အစိုးရကို အိုင်ယာလန်လယ်သမားတွေ ဆန္ဒပြ

အိုင်ယာလန်အစိုးရက COP 26 ညီလာခံမှာ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်အောင် ကတိမပေးဘဲ တွေ့ကရာတွေ လက်မှတ်ထိုးလိုက်လို့ ဆိုပြီး အိုင်ယာလန်လယ်သမားအဖွဲ့ချုပ် ( IFA )က မြို့တော်ဒက်ပလင် ဆီကို လယ်ထွန်စက်တွေ မောင်း ပြီး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။   လယ်ထွန်စက်အစီး ၁၀၀ ကျော်ပါဝင်တဲ့ ယာဉ်တန်းကြီးက မြို့တော်က အစိုးရရုံးတွေရှိတဲ့ မာရီရွန် စကွဲယား မှာ ရပ်နားပြီး ဆန္ဒပြခဲ့ကြပါတယ်။   အိုင်ယာလန်နိုင်ငံရဲ့ လယ်ယာလုပ်ငန်းတွေက နေထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မွေးမြူရေးလုပ်ငန်းတွေ ကနေထွက်ရှိနေတဲ့ မီသိန်းဓာတ်ငွေ့တွေကို ၂၀၃၀ မတိုင်မီ ၃၀ % အထိ လျှော့ချပေးမယ် ဆိုတဲ့ ကတိစကားကို အိုင်ယာလန် အစိုးရကိုယ်စားလှယ်တွေက ဂလက်စကိုညီလာခံမှာ လက်မှတ်ထိုးခဲ့ပါတယ်။   […]

ယူကရိန်းက ၃နှစ်အတွင်း သစ်ပင် သန်း ၁ထောင် စိုက်မယ်လို့ ဆို

ဂလက်စကို COP26 ညီလာခံပြီးသွားပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီယီက ၃နှစ်အတွင်း တိုင်းပြည်နဲ့ အနှံ့ သစ်ပင်မျိုးစိတ်အစုံ သန်း ၁ထောင် စိုက်ပျိုးပြုစုပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ကမ္ဘာကြီးရဲ့ အဆုတ်လို့ ခေါ်တဲ့ သစ်ပင်တွေက ဥရောပ၂၇နိုင်ငံမှာ ၁၀စုနှစ်အတွင်း သစ်ပင် သန်း ၃ထောင် စိုက်ပျိုးဖို့အတွက် ယူကရိန်းအစိုးရက ဦးဆောင်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကိုလည်း ဆိုပါတယ်။ ယူကရိန်းက သစ်ပင်တွေကို မျိုးဖောက်ပြီး အစေ့ထုတ်မယ့် စင်တာတွေ တည်ဆောက်နေပါတယ်။ ယူကရိန်နိုင်ငံ မြောက်ပိုင်း ဇိုင်တိုမာဒေသမှာ အပင်တွေ မျိုးဖောက်တဲ့လုပ်ငန်းတွေကို လုပ်သားအင်အား အများအပြား သုံးပြီး လုပ်ဆောင်မှု စတင်နေပါပြီ။ “ ဥရောပသမဂ္ဂက အပင်သန်း၃ထောင် စိုက်မယ်ဆိုတဲ့ အစီအစဉ်ထဲကနေ သီးသန့်ခွဲထွက်ပြီး သစ်ပင်သန်း၁ထောင်စိုက်မယ့်ကိစ္စကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျနော်တို့က […]

တစ်ရက်ကို ကျောက်မီးသွေးတန်ချိန် ၁၄သန်း ထုတ်လုပ်နေတဲ့ တရုတ်နဲ့ အိန္ဒိယက ကျောက်မီးသွေးလောင်စာကိုစွဲလမ်းနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်

COP ၂၆ ညီလာခံ မှာ သမိုင်းဝင် သဘောတူညီချက်တစ်ခုဖြစ်တဲ့ ကျောက်မီးသွေး သုံးစွဲမှု ပိတ်သိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး အကြီး အကျယ် ဆန့်ကျင်ခဲ့တဲ့နိုင်ငံတွေထဲမှာ တရုတ်နဲ့ အိန္ဒိယ က ထိပ်ဆုံးက ပါခဲ့ပါတယ်။ သူတို့က ကျောက်မီးသွေးသုံးစွဲမှု နဲ့ ပတ်သက်ပြီး နည်းမျိုးစုံ ကာကွယ်ခဲ့ပါတယ်။ ညီလာခံ ပြီးဆုံးဖို့ နောက်ဆုံးနေ့ ၊ နောက်ဆုံး နာရီ ၊ နောက်ဆုံးမိနစ်ကျမှ ကျော်မီးသွေးကို လျှော့သုံးမယ် ဆိုတဲ့ သဘောတူညီချက် ကို အိန္ဒိယနိုင်ငံက လက်မှတ်ထိုးပေးလိုက်တာပါ။ ကျောက်မီးသွေး သုံးစွဲမှုက ကမ္ဘာလေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထုတ်လွှတ်တဲ့ အဓိကကျတဲ့ ဖြစ်စဉ်တစ်ရပ်ဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ် ၂နိုင်ငံပေါင်းပြီး ကျောက်မီးသွေးထုတ်လုပ်မှု ပမာဏက တရက်ကို တန်ချိန် ၁၄ သန်းရှိပါတယ်။ […]

ကုက္ကိုလ်တန်း အလှ

ဂွေးပင်ရွာအနီးက အရိပ်ကောင်းလှသည့် ကုက္ကိုလ်တန်း အလှ   (ရေနံချောင်း- ချောက် ရေနံချောင်း – ကျောက်ပန်းတောင်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။   Photo Credit ဆရာဌေးဝင်း(စလေ)   #သစ်ပင်လူသား Tree Man

ဧရာဝတီမြစ်ဆုံဒေသ ထာဝရဘေးကင်းပါစေ

အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်ဆုံဒေသမှာ ပြုလုပ်တဲ့ မြန်မာ အစိမ်းရောင်ကွန်ရက်ရဲ့ ငါးကြိမ်မြောက်တွေ့ဆုံပွဲကြောင့် မြစ်ဆုံဒေသကို ဒုတိယအကြိမ်ရောက်ဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ရက် ငါးကြိမ်မြောက်တွေ့ဆုံပွဲ ပထမနေ့ကို မြစ်ကြီးနားမြို့ မြို့တော် ခန်းမမှာ ပြုလုပ်ပြီး ဒုတိယနေ့(အောက်တိုဘာ ၂၉ ရက်)ကို မြစ်ဆုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က မြန်မာအစိမ်းရောင်ကွန်ရက်တွေ့ဆုံပွဲတွေတိုင်း မီဒီယာတာဝန်ခံအဖြစ်တာဝန်ယူရသလို တွေ့ဆုံပွဲနဲ့ပတ်သက်တဲ့ News Letter ကိုလည်း နှစ်စဉ်တာဝန်ယူ ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနှစ်လည်း တွေ့ဆုံပွဲပထမနေ့အတွက် အစိမ်းရောင်သတင်းလွှာလို့ အမည်ပေးထားတဲ့ News Letterလေး ထွက်နိုင်အောင် ကြိုးစားနေရတာကြောင့် အောက်တိုဘာ ၂၈ ရက်တစ်ညလုံး တစ်ရေးမှ မအိပ်လိုက်ရပါဘူး။ ဒါကြောင့် ကျွန်တော်ရယ်၊ ဓာတ်ပုံဆရာ ဒီဇိုင်နာ ကိုလင်းအောင်ပြည့်ရယ်၊ ပြည်မြို့ […]

ဆိုလာပါဝါကို အိန္ဒိယက နိုင်သွားပြီလား

မြန်မာစာမှာ ပြဒါးသေ တစ်ဆွေ၀ ၊ သံသေတစ်ပြည် ၀ ဆိုတဲ့ စကားရှိပါတယ်။ ဆိုလိုချင်တာက ပြဒါးကို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဖန်တီးလာနိုင်ပြီဆိုရင် သောက် ဆေးဖော်တာတွေ သုတ်ဆေး ဖော်တာတွေ ကိုလုပ်နိုင်ပြီဖြစ်လို့ တစ်ဆွေတစ်မျိုး လုံးကို ဝအောင်တင်ကျွေးထားနိုင်တဲ့အပြင် ကိုယ်မျိုးဆက်ကိုလည်း ဆက်ပြီးကျွေးထားနိုင်တယ်လို့ ပြောချင်ပုံရပါတယ်။ အဲ့လိုပဲ သံကို ပုံစံအမျိုးမျိုး နဲ့ သွန်းလောင်း နိုင်ခဲ့ကြတဲ့ အင်္ဂလိပ်တွေ ၊ ဂျာမန်တွေ သူတို့ နိုင်ငံတွေ ကြွယ်ဝချမ်းသာအောင် လုပ်နိုင်တယ်လို့ပြောချင်ပုံရပါတယ်။ အခု အိန္ဒိယနိုင်ငံရဲ့ရထားပို့ဆောင်ရေး လုပ်ငန်းမှာ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်အား ထုတ်လုပ်မှု ဆိုလာပါဝါ စနစ်ကို အစားထိုးသုံးစွဲလိုက်ပြီလို့ သိရပါတယ်။ မနေ့က ဒေလီမက်ထရိုမီးရထားလုပ်ငန် က သူတို့ရဲ့ ရထားပိုကဆောင်ရေးကို ဆိုလာစနစ်နဲ့ ပဲ […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၈)

ဂျော်ဒန်မြစ်(Jordan River) —————————- ဂျော်ဒန်မြစ်သည် ပါလက်စတိုင်း၊ ဆီးရီးယား၊ အစ္စရေးလူမျိုးများမှီခိုနေရသော ဂျော်ဒန်၏ မြစ်တစ်စင်းဖြစ်သည်။ သို့သော် မြစ်ကို မှီခိုနေရသူများကပင် မြစ်ကို ညစ်ညမ်းစေကာ မြစ်အတွင်း အညစ်အကြေးမျိုးစုံကို စွန့်ပစ်နေကြသည်။ ထိုအရာက ရေ၏ ဆားငန်ဓာတ်ကိုတိုးလာစေသည်။ ထိုသို့ ဖြစ်ရသည်မှာ မြစ်ကြောင်းတစ်လျှောက်တွင် ဒုက္ခသည်များနှင့် လူဦးရေတိုးပွားလာခြင့်လည်း သက်ဆိုင်သည်။ Friends Of Earth East Middle East ၏ အဆိုအရ မြစ်၏ ညစ်ညမ်းမှုသည် မိလ္လာအညစ်အကြေးများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သော ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ဟော်မုန်းအများအပြားပါဝင်သော စွန့်ပစ်အညစ်အကြေးများကြောင့်ဟု ဆိုသည်။ မြစ်ရေညစ်ညမ်းမှုကြောင့် ခရစ်ယာန်ဘာသာဝင်များနှင့် ဘုရားဖူးမ်ားကို မြစ်အတွင်း အပြစ်ဆေးကြောခြင်းနှင့် နှစ်ခြင်းခံယူမှုများမပြုလုပ်ကြရန် အစ္စရေး ကျန်းမာရေးဝန်ကြီးဌနက တောင်းဆိုခဲ့ဖူးသည်။ #ကေဇက်အေ-ရေးသည် #Greenness […]