ရုက္ခစိုးတွေလည်း မနေသာပြီ
ကာတွန်း-အဲမုခ
ကာတွန်း-အဲမုခ
COP 26 ညီလာခံကို တက်ရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ကီရှီဒါက လာမယ့် ၅နှစ်အတွင်းမှာ အာရှတိုက် ကာဗွန်လျှော့ချရေး အစီအစဉ်အတွက် ကန်ဒေါ်လာ သန်းပေါင်း ၁ သောင်း ကို အသုံးပြု မယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ ညီလာခံမှာ ကီရှီဒါက ဂျပန်နိုင်င့အနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ၂၀၁၃ ခုနှစ်ကို အခြေခံနှစ်အဖြစ်ထားပြီး လျှော့ချမှုတွေကိုစလုပ်မယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် ၂၀၃၀ မှာ ဂျပန်နိုင်ငံကနေ ထုတ်လွှင့်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့ကို တစ်ဝက်လျှော့ပေးနိုင်အောင်လို့ လုပ်ပေးပါမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ ၂၀၅၀ မှာတော့ ကာဗွန်သုည အဆင့်ဖြစ်အောင် လုပ်ပေးပါမယ်လည်း ဆိုပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပုဂ္ဂလိဂ္ဂ နဲ့ ပြည်သူ့ပိုင် တီထွင်မှုတွေ ၊ သုတေသနတွေ […]
တူရကီနိုင်ငံက မာဒင်မြို့ပေါ်ကို မနက်ခင်းရဲ့ နေရောင်ခြည် ဖြာကျပြီဆိုရင် နို့နှစ်ရောင်အဆင်းရှိတဲ့ မြည်းတွေက သူတို့ရဲ့ လုပ်ငန်းခွင် ကို ဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ တောင်နံရံကိုကပ်ပြီး ဆောက်ထားတဲ့ မြို့ဖြစ်လို့ အတက်အဆင်း လှေကားတွေ နဲ့ ကျဉ်းမြောင်တဲ့ လမ်းတွေကို နှစ်ရာနဲ့ချီပြီး သန့်ရှင်းရေးလုပ်ပေးနေတဲ့ မြည်းတွေက သူတို့ရဲ့ တာဝန်ကို အသက်မသေမချင်း မျိုးဆက်လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလာခဲ့ကြပါတယ်။ မိသားစုနေအိမ်တွေ တစ်နေ့ နဲ့ တစ်ည သုံးထားတဲ့ အမှိုက်တွေကို အိတ်တွေထဲကို လူသားအလုပ်သမား တွေက ထည့်ပေးလိုက်ပါတယ်။ အဲ့ဒိအမှိုက်တွေက ထမ်းပိုးပြီး မြို့ပြင်ကို သွားစွန့်ပေးတဲ့ တာဝန်ကို မြည်းတွေက တာဝန်ယူထားပါတယ်။ နေ့စဉ် မပျင်းမရိလုပ်ဆောင်ပေးတဲ့ အမှိုက်စွန့်ဟီရိုးတွေကို မြို့သူမြို့သားတွေက လေးစားကြပါတယ်။ သူတို့ထဲက အချိုကဆိုရင် အဖော် လူသားတောင်မပါပါဘူး ။ […]
အီဂျစ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ရေကြီး ရေလွှမ်းမိုး မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် အိမ်ကြိုအိမ်ကြားမှာခိုအောင်းနေကြတဲ့ ကင်းမြီးကောက်တွေ အုပ်စုလိုက်တွေ ထွက်လာကြပြီး အိမ်တွေပေါ်ကို တက်လာကာ လူတွေကို တိုက်ခိုက်လို့ လူ၅၀၀ကျော် ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။ ကင်းမြီးကောက်အထိုးခံရလို့ လူပေါင်း ၅၀၃ ဦးဆေးရုံကိုရောက်ရှိခဲ့တယ်လို့ ဒေသခံ ဆေးရုံအုပ်က ဆိုပါတယ်။ ဆေးရုံရောက်လာသူ အများစုက အဆိပ်တက်တဲ့ လက္ခဏါတွေဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်း ၊ အဖျားတက်ခြင်း၊ ချွေးထွက်လွန်ခြင်း ၊ အော့အန်ခြင်း ၊ ဝမ်းသွားခြင်း ၊ အပိန့်တွေပေါ်လာခြင်း နဲ့ ခေါင်းမထူနိုင်အောင်မူးခြင်းဝေဒနာတွေကို ခံစားခဲ့ကြရပါတယ်။ ကံကောင်းတဲ့အချက်တစ်ခုကတော့ အားလုံး အဆိပ်ပြေဆေးရတဲ့အတွက် သေဆုံးခြင်း မရှိဘဲ တစ်ရက်အတွင်းမှာပဲ ဆေးရုံက ဆင်းခွင့်ရခဲ့ကြပါတယ်။ အက်ဝမ်ပြည်နယ်မြေနိမ့်ပိုင်းမှာ ဖြစ်ခဲ့တာပါ။ မိုးလည်းကြီး ၊ ရေတွေလည်းတက်ခဲ့ပါတယ်။ […]
ဗိုလကို (ပန်းတနော်)- ရေးသည်၊ ———————————- ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီဝင်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်းလမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ထိုလမ်းကိုဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ထူးခြားသည့်အချက်တစ်ခုမှာ ရွာအမည်၊မြို့အမည်များမှာ အသံတစ်သံသာထွက်ရတဲ့ အမည်နာမတွေသာ ဖြစ်သည်။ ကျော၊ စော၊ ယော စသည့်အလွယ်တကူ အမှတ်ရခေါ်ဆိုရလွယ်သည့် နာမည်တွေသာဖြစ်သည်။ တောင်စဉ်တောင်တန်းများကြားက ကျေးရွာများ၊ မြို့များကို ဖြတ်ကာသွားခဲ့ရခြင်းဖြစ်သည်။ ထိုသို့ တောတောင်ရေမြေအရ အမှတ်တမဲ့ကြည့်ပါက အပူအအေးမျှတမည်ဟု ထင်မှတ်ရသော်လည်း ရာသီဥတုက ပူပြင်းသည့်ရာသီမျိုးကိုသာ ခံစားရမည်ဖြစ်ည်။ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင် လူတို့စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းများကို တွေ့ရမည်ဖြစ်သည်။ ထိုသစ်တောစိုက်ခင်းများအားလွန်၍ မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်မည်ဆိုပါက တောင်ကတုံးများကို မြင်ရမည်ဖြစ်သည်။ […]
ကမ္ဘာ့သိပ္ပံပညာရှင်အများစုရဲ့ တွက်ချက်မှုအရ ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေက သန်းပေါင်း၁သောင်းအထိ ဖြစ်လာမှာရယ် ၊ ရာသီဥတုပြောင်းလဲ လာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှု ရှိလာတာရယ်တို့ကြောင့် စားနတ်ရိက္ခာ ရှားပါးမှုကြုံတွေ့လာနိုင်ဖွယ်ရာရှိနေပါတယ်။ အဲ့ဒိကိစ္စကိုဖြေရှင်းဖို့ ဂရင်းဝှစ်တက္ကသိုလ်က အဏ္ဏဝါဗေဒပညာရှင် ပါမောက္ခ ပက်ထရစ်ရှာ ဟာဗေးတို့ အုပ်စုက ပင်လယ်သမုဒ္ဒရာတွေ အောက်က အဏ္ဏဝါသဘာဝပေါက်ပင်တွေကိုလေ့လာမှု လုပ်နေပါတယ်။ ရေနေသဘာဝပေါက်ပင်တွေရဲ့ ဇီဝဖွဲ့စည်းပုံကို အဆင်မြင့်နည်းပညာသုံး သုတေသနလုပ်ငန်းတွေ လုပ်နေပါတယ်။ ပထမအဆင့်အနေနဲ့ ရေတိမ်ပိုင်း ပင်လယ်အောက် ရေညှိရေမှော်တွေရဲ့ အာဟာရတန်ဖိုး ကို တွက်ချက် နေပါတယ်။ သူမတို့ရဲ့ သုတေသနလုပ်ငန်းက ကမ္ဘာပထမဆုံး လုပ်ငန်းဖြစ်ပြီး လုပ်ငန်း အောင်မြင်နိုင်ချေ က ၈၀% လောက်ရှိနေပါတယ်။ ကမ္ဘာကြီးရဲ့ ၃ ပုံ ၂ပုံက ရေဖုံးလွှမ်းနေတဲ့ အတွက်ကြောင့်ရေအောက်က သဘာဝပေါက်ပင်တွေကို […]
မြန်မာပြည်တွင် မြစ် ချောင်း အင်း အိုင်များသည် လှပစွာ သွယ်ယှက်စီးဆင်းနေသောကြောင့် ရေချိုနှင့် ရေထွက်သယံဇာတများ အလွန်ပေါကြွယ်ဝပါသည်။ မြန်မာပြည်သူများသည် မြို့ ရွာများကို မြစ် ချောင်းများ အနီးတွင် တည်ထောင်ခဲ့ကြပြီး ကူးသန်းသွားလာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် သောက်သုံးရေရရှိရေးအတွက် မြစ် ချောင်းများကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် မြစ် ချောင်းများအနီးတွင် စက်ရုံအလုပ်ရုံများ တည်ဆောက် ခဲ့ကြသည်။ မြန်မာလူမျိုးအများစုသည် မြစ် ချောင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် အသုုံးချကာ အသက်ရှင်သန် နေထိုင်ခဲ့ကြသော်လည်း မြစ် ချောင်းများကို တန်ဖိုးထားရကောင်းမှန်းမသိခဲ့ပေ။ မြစ် ချောင်းများကို အမှိုက်ပုံး သဖွယ် သဘောထားကာ အမှိုက်သရိုက်နှင့် အညစ်အကြေးများ၊ အခြားစွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခဲ့ကြသည်။ အဆိုးဆုံးကတော့ စက်ရုံ အလုပ်ရုံများမှ သက်ရှိသတ္တဝါများကို အန္တရာယ်ဖြစ်စေနိုင်သော အညစ်အကြေး၊ အမှိုက်နှင့် […]
ပြင်သစ်နိုင်ငံပါရီမြို့ က လစဉ်လတိုင်း ရဲ့ပထမ တနင်္ဂနွေနေ့ ကို ကားကင်းစင်နေ့ အဖြစ် သက်မှတ်ပြီး အဲ့ဒိနေ့ မနက် ၈ နာရီကနေ ည ၈ နာရီအထိ သက်မှတ်နေရာတွေကို ကားတွေဝင်ရောက်မောင်းနှင်ခြင်း မလုပ်ခဲ့ပါဘူး ။ ဥရောပက မြို့ကြီးတော်တော်များ များ မှာ အဲ့ဒိအလေ့အထကို ပုံတူပွားဖို့ အတွက် ကြိုး စားနေကြပါပြီ ။ အစိမ်းရောင်မြို့တွေကို ဖန်တီးနိုင်ဖို့အတွက် သစ်ပင်တွေ စိုက်ရုံတင်မကပါဘူး ။ မြို့တွင်းသယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုနေတဲ့ ရုပ်ကြွင်းလောင်စာသုံး ယာဉ်တွေရဲ့ အသွားအလာကိုလည်း ခြုံ့ဖို့ လိုပါတယ်။ အဲ့ဒိအတွက် ပါရီက မော်တော်ကား ကင်းမဲ့ဇုံတွေ၊ မော်တော်ကားမစီးရေးနေ့ တွေကို သက်မှတ်ပြီး လှုတ်ရှားမှုတွေ ကို စတင်ခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှုကြောင့် ရောဂါပြန့်နှံ့မှု […]
ပန်းချီ-ကြည်ခိုင်မင်း
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာတိတ်စက်ဝိုင်း နဲ့ အန္တာတိကတိုက်က ရေခဲတွေ အရည်ပျော်မှုဖြစ်စဉ် တိုးလာပြီး ပင်လယ်ရေမြင့်တက်မှုများဖြစ်ပေါ်နေပါတယ်။ လက်ရှိအနေအထားအရ အာတိတ်စက်ဝိုင်းမှာ ရေခဲတောင်တွေ ပြိုကျနေသလို အာတိတ်စက်ဝိုင်းအတွင်း က ဂရင်းလန်းကျွန်မှာလည်း ကုန်းမြေမျာ းပေါ်လာ တဲ့ အထိဖြစ်ပေါ်နေပါတယ်။ ဥရောပက အကျယ်ဆုံး ရေဝပ်မြေဖြစ်တဲ့ ပြင်သစ်နိုင်ငံက ကာမာဂူးဒေသမှာ ရေမျက်နှာပြင် မြင့်တက်လာမှု ကြောင့် ကြိုးကြာ ငှက်တွေအပါအဝင် ရေဝပ်ဒေသ နဲ့ စိမ့်မြေဒေသမှာ နေထိုင် ကျက်စားတဲ့ တိရစ္ဆာန်တွေ ၊ သဘာဝပေါက်ပင် နဲ့ ဂေဟစနစ်တွေ ထိခိုက်လာနေပါပြီ။ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ စတုရန်း ကီလိုမီတာ ၁၀၀၀ လောက်ရှိတဲ့ ဒေသတစ်ခုကို ယူနက်စကိုက သဘာ၀ တောရိုင်းသုခဘုံ အဖြစ်နဲ့ သက်မှတ်ပေးပြီး ကမ္ဘာအမွေအနှစ်စာရင်းထဲထည့်ထားပါတယ်။ အဲ့ဒိဒေသ ကို […]